Premier League

တယ်ရီရဲ့ အပြာရောင်အချစ် ၊ထရာအိုရေးရဲ့လေးစားမှုနှင့် မန်ဒီရဲ့ နံရိုးအကြောင်းတို့ပြောပြသွားတဲ့ တူဟယ်လ်

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ညက ဗီလာအသင်းကို အဝေးကွင်းမှာ ၂ ဂိုး တဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် လက်စတာကို စပါးစ်အသင်းက အနိုင်ကစားသွားတာကြောင့် ပရီးမီးယားလိဂ်ရာသီအသိမ်းမှာ အဆင့် ၄ နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အတူ နည်းပြတူဟယ်လ်မျက်နှာပွင့်ခဲ့ပါတယ်။

တူဟယ်လ်ဟာ ဗီလာအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေတဲ့ ချယ်လ်ဆီးရဲ့ဂန္ထဝင်ကစားသမားကြီးဂျွန်တယ်ရီနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲအပေါ် ထားရှိတဲ့ စိတ်ထားက ပရိသတ်တွေအတွက် အတော်လေးစိတ်ဝင်စားစရာကောင်းခဲ့ပြီး ဒါက သူ့ရဲ့စကားပြောဆိုမှုတွေမှာ ထင်းခနဲမြင်ခဲ့ရတယ်။

ဗီလာနဲ့ပွဲကြိုမှာ တူဟယ်လ်က ” တယ်ရီနဲ့ လမ်းပတ်ဆိုတာ ချယ်လ်ဆီးနဲ့ ခွဲထားလို့ကို မရတဲ့သူတွေပါ။ သူတို့နှစ်ယောက်ကို ထားရှိတဲ့ ကျွန်တော့်ရဲ့ ရှိရင်းစွဲလေးစားချစ်ခင်မှုက ပြောမပြမတတ်လောက်အောင်ပါပဲ။ ပီတာချက်၊ ဒရော့ဘာတို့ဟာလည်း အလားတူပါပဲ။ ”

“ချယ်လ်ဆီးအကြောင်း တွေးမိတိုင်း သူတို့ကိုပဲ တန်းခနဲ ပြေးမြင်မိတာပါ။ အခု တယ်ရီနဲ့ လူချင်းဆုံတွေ့ခွင့်ရမှာက ဒါ ပထမဆုံးအကြိမ်ပေါ့ဗျာ။ ချယ်ဆီးကို ကိုယ်စားပြုနေတဲ့ ကမ္ဘာ့ပုံရိပ်ကို သူတို့က ထူထောင်ခဲ့တာပါ။ ကျွန်တော်ဘယ်လောက်လေးစားမိတယ်ဆိုတဲ့အကြောင်း ပြောပြမတတ်တော့ပါဘူး” လို့ ဆိုထားခဲ့တာပါ။

ဗီလာပါ့ခရီးရဲ့ ပွဲချိန်အတွင်း ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဂျွန်တယ်ရီဟာ ချယ်လ်ဆီးအသင်းသားတွေကို လွှမ်းမိုးထားနိုင်စွမ်းရှိဆဲဆိုတာကို မြင်ခဲ့ရသလို အပြာရောင်အသင်းရဲ့လေးစားမှုကို အပြည့်အဝရရှိခဲ့ပြီး ချစ်ချစ်ခင်ခင်ပွေ့ဖက်မှုတွေ ပြုလုပ်ခဲ့တာက တခဲနက်နွေးထွေးမှုတွေကို မြင်တွေ့ခဲ့ရလို့ ချယ်လ်ဆီးပရိသတ်တွေ ကျေနပ်ခဲ့ရတယ်။

သီယာဂို ဆေးလ်ဗားဟာလည်း ပွဲမစခင်မှာ တယ်ရီကို အရေးတယူနဲ့ အပြေးအလွှားလာရောက် ပွေ့ဖက်နှုတ်ဆက်ခဲ့သလို ကမ္ဘာ့အဆင့်ခံစစ်မှူးကြီးနှစ်ဦးရဲ့ အပြန်အလှန်လေးစားမှုတွေကိုလည်း လက္ခဏာတခုအဖြစ်မြင်ခဲ့ရတဲ့အပြင် ဗီလာအတွက် ဂိုးသွင်းသွားခဲ့တဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဘာထရန် ထရာအိုရေးဟာလည်း အသင်းဟောင်းကို လေးစားမှုအပြည့်ထားပြီး အောင်ပွဲမခံခဲ့တာကို တွေ့ခဲ့ရတယ်။

ချယ်လ်ဆီးဂိုးသမားမန်ဒီဟာ ဒီပွဲမှာ ဂိုးတိုင်နဲ့ မတော်မဆခိုက်မိခဲ့ပြီး နံရိုးတွေနာသွားခဲ့လို့ လူစားလဲခဲ့ရကြောင်း တူဟယ်လ်က ပွဲအပြီးမှာ ပြောသွားခဲ့သလို လာမယ့်စနေနေ့မှာကစားမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပါဝင်ကစားနိုင်ခြင်းရှိမလားဆိုတာကိုတော့ နံရိုးကျိုးသွားခြင်းရှိမရှိ မနက်ဖြန်စစ်ဆေးမှုအပြီးမှ သိရမယ်လို့ အသိပေးသွားခဲ့ပြီး မန်ဒီရဲ့ကြံ့ခိုင်မှုဟာ ၅ ရက်အတွင်းပြန်ကောင်းလာဖို့လည်း မျှော်လင့်ခံထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ညက ဗီလာအသင္းကို အေဝးကြင္းမွာ ၂ ဂိုး တဂိုးနဲ႔ အေရးနိမ့္ခဲ့ေပမယ့္ လက္စတာကို စပါးစ္အသင္းက အႏိုင္ကစားသြားတာေၾကာင့္ ပရီးမီးယားလိဂ္ရာသီအသိမ္းမွာ အဆင့္ ၄ ေနရာကေန ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔အတူ နည္းျပတူဟယ္လ္မ်က္ႏွာပြင့္ခဲ့ပါတယ္။

တူဟယ္လ္ဟာ ဗီလာအသင္းရဲ႕ နည္းျပအဖြဲ႕ဝင္အျဖစ္ လုပ္ကိုင္ေနတဲ့ ခ်ယ္လ္ဆီးရဲ႕ဂႏၴဝင္ကစားသမားႀကီးဂြၽန္တယ္ရီနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ပြဲအေပၚ ထားရွိတဲ့ စိတ္ထားက ပရိသတ္ေတြအတြက္ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းခဲ့ၿပီး ဒါက သူ႔ရဲ႕စကားေျပာဆိုမႈေတြမွာ ထင္းခနဲျမင္ခဲ့ရတယ္။

ဗီလာနဲ႔ပြဲႀကိဳမွာ တူဟယ္လ္က ” တယ္ရီနဲ႔ လမ္းပတ္ဆိုတာ ခ်ယ္လ္ဆီးနဲ႔ ခြဲထားလို႔ကို မရတဲ့သူေတြပါ။ သူတို႔ႏွစ္ေယာက္ကို ထားရွိတဲ့ ကြၽန္ေတာ့္ရဲ႕ ရွိရင္းစြဲေလးစားခ်စ္ခင္မႈက ေျပာမျပမတတ္ေလာက္ေအာင္ပါပဲ။ ပီတာခ်က္၊ ဒေရာ့ဘာတို႔ဟာလည္း အလားတူပါပဲ။ ”

“ခ်ယ္လ္ဆီးအေၾကာင္း ေတြးမိတိုင္း သူတို႔ကိုပဲ တန္းခနဲ ေျပးျမင္မိတာပါ။ အခု တယ္ရီနဲ႔ လူခ်င္းဆုံေတြ႕ခြင့္ရမွာက ဒါ ပထမဆုံးအႀကိမ္ေပါ့ဗ်ာ။ ခ်ယ္ဆီးကို ကိုယ္စားျပဳေနတဲ့ ကမာၻ႔ပုံရိပ္ကို သူတို႔က ထူေထာင္ခဲ့တာပါ။ ကြၽန္ေတာ္ဘယ္ေလာက္ေလးစားမိတယ္ဆိုတဲ့အေၾကာင္း ေျပာျပမတတ္ေတာ့ပါဘူး” လို႔ ဆိုထားခဲ့တာပါ။

ဗီလာပါ့ခရီးရဲ႕ ပြဲခ်ိန္အတြင္း ထိပ္တိုက္ေတြ႕ဆုံမႈမွာေတာ့ ဂြၽန္တယ္ရီဟာ ခ်ယ္လ္ဆီးအသင္းသားေတြကို လႊမ္းမိုးထားႏိုင္စြမ္းရွိဆဲဆိုတာကို ျမင္ခဲ့ရသလို အျပာေရာင္အသင္းရဲ႕ေလးစားမႈကို အျပည့္အဝရရွိခဲ့ၿပီး ခ်စ္ခ်စ္ခင္ခင္ေပြ႕ဖက္မႈေတြ ျပဳလုပ္ခဲ့တာက တခဲနက္ေႏြးေထြးမႈေတြကို ျမင္ေတြ႕ခဲ့ရလို႔ ခ်ယ္လ္ဆီးပရိသတ္ေတြ ေက်နပ္ခဲ့ရတယ္။

သီယာဂို ေဆးလ္ဗားဟာလည္း ပြဲမစခင္မွာ တယ္ရီကို အေရးတယူနဲ႔ အေျပးအလႊားလာေရာက္ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့သလို ကမာၻ႔အဆင့္ခံစစ္မႉးႀကီးႏွစ္ဦးရဲ႕ အျပန္အလွန္ေလးစားမႈေတြကိုလည္း လကၡဏာတခုအျဖစ္ျမင္ခဲ့ရတဲ့အျပင္ ဗီလာအတြက္ ဂိုးသြင္းသြားခဲ့တဲ့ ခ်ယ္လ္ဆီးကစားသမားေဟာင္း ဘာထရန္ ထရာအိုေရးဟာလည္း အသင္းေဟာင္းကို ေလးစားမႈအျပည့္ထားၿပီး ေအာင္ပြဲမခံခဲ့တာကို ေတြ႕ခဲ့ရတယ္။

ခ်ယ္လ္ဆီးဂိုးသမားမန္ဒီဟာ ဒီပြဲမွာ ဂိုးတိုင္နဲ႔ မေတာ္မဆခိုက္မိခဲ့ၿပီး နံ႐ိုးေတြနာသြားခဲ့လို႔ လူစားလဲခဲ့ရေၾကာင္း တူဟယ္လ္က ပြဲအၿပီးမွာ ေျပာသြားခဲ့သလို လာမယ့္စေနေန႔မွာကစားမယ့္ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ပါဝင္ကစားႏိုင္ျခင္းရွိမလားဆိုတာကိုေတာ့ နံ႐ိုးက်ိဳးသြားျခင္းရွိမရွိ မနက္ျဖန္စစ္ေဆးမႈအၿပီးမွ သိရမယ္လို႔ အသိေပးသြားခဲ့ၿပီး မန္ဒီရဲ႕ႀကံ့ခိုင္မႈဟာ ၅ ရက္အတြင္းျပန္ေကာင္းလာဖို႔လည္း ေမွ်ာ္လင့္ခံထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.