Analysis Premier League

ရွန်နီကို ကျော်တက်နိုင်ခဲ့တဲ့ အဂွေရို အပါအဝင် ပရီးမီးယားလိဂ် အပိတ်ပွဲစဉ်အတွင်း ထူးခြားချက်များ

နှစ်ဆုစလုံးသိမ်း ဟာရီကိန်း
ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ ဂိုးသွင်းဘုရင်ဆု ရွှေဖိနပ်ကိုရော ဖန်တီးမှုအများဆုံး ပလေးမိတ်ကာဆုကိုပါ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက သိမ်းပိုက်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၃-၉၄ ရာသီမှာ နှစ်ဖက်စလုံးမှာ ဦးဆောင်နိုင်ခဲ့တဲ့ အန်ဒီ ကိုးလ်နောက်ပိုင်း နှစ် ၃၀ နီးပါးကြာမှ ထပ်မံမြင်တွေ့ခဲ့ရတဲ့ ထူးခြားမှုလည်းဖြစ်ပါတယ်။ (ပလေးမိတ်ကာဆုကို စတင်ချီးမြှင့်သည်မှာ ၄ နှစ်သာ ရှိသေး) ဒါ့အပြင် အင်္ဂလန်သားတွေအတွက် တုံ့ပြန်နိုင်မှုဖြစ်သလို ပြီးခဲ့တဲ့ သုံးကြိမ်စလုံးမှာ ကြီးစိုးထားခဲ့တဲ့ ဘယ်လ်ဂျီယမ်သားတွေကို နောက်ကောက်ချပစ်ခဲ့တာလည်းဖြစ်ပါတယ်။

ရွန်နီကို ကျော်တက်နိုင်ခဲ့ပြီး တစ်သင်းတည်းအတွက် ဂိုးအများဆုံးဖြစ်ခဲ့တဲ့ အဂွေရို
အဲဗာတန်နဲ့ပွဲမှာ လူစားမဝင်ခင်အထိ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဂိုး ၁၈၂ ဂိုး သွင်းယူပေးထားခဲ့တဲ့ ဆာဂျီယို အဂွေရိုဟာ မြို့ခံပြိုင်ဘက် အသင်းမှာ သွင်းယူပြထားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီထက် တစ်ဂိုးနည်းနေခဲ့တာပါ။ သွင်းဂိုးစုစုပေါင်းမှာ အဲဗာတန်နဲ့ပါ ကစားထားခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်းကို မယှဉ်နိုင်ခဲ့ပေမယ့် လူစားဝင်ပြီး နှစ်ဂိုးသွင်းခဲ့တဲ့ အာဂျင်တိုင်းဟာ တစ်သင်းတည်းမှာ သွင်းယူတဲ့ ဂိုးပေါင် ၁၈၄ ဂိုးအထိ ရရှိခဲ့ပြီး ဒါဟာ ဘယ်ကစားသမားထက်မဆို ပိုမိုများပြားခဲ့တာလည်းဖြစ်ပါတယ်။

လူငယ်တွေ ကောင်းကြောင်း ကြွားပေးတဲ့ အီလန်ဂါ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တောင်ပံကစားသမား အန်တိုနီ အီလန်ဂါဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းတဲ့ ၁၉ ယောက်မြောက် ယူနိုက်တက် ဆယ်ကျော်သက်ဖြစ်လာခဲ့ပါတယ်။ အကယ်ဒမီလူငယ်တွေ ကောင်းကြောင်းကို ကြွားခဲ့တဲ့ အီလန်ဂါတို့ရဲ့ အသင်းထက်ပိုပြီး လူများများဂိုးသွင်းထားနိုင်တာက စမစ်ရိုးနဲ့ ဆာကာတို့ရဲ့ အာဆင်နယ်(၂၀)ပဲ ရှိပါတော့တယ်။

အပြင်ကနေမှ အစွမ်းပြတတ်တဲ့ ဒီဘရိုင်းနား
မန်ချက်စတာစီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလကနေစပြီး ကီဗင် ဒီဘရိုင်းနားဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုး ၄၂ ဂိုးထဲက ၁၈ ဂိုးကို ဂိုးဧရိယာအပြင်ကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ တူညီတဲ့ ကာလအတွင်းမှာ သူထက်ပိုပြီး သာလွန်သူကတော့ တစ်ယောက်ပဲရှိပြီး စပါးစ်ရဲ့ ဟာရီကိန်းက ၁၉ ဂိုး ရရှိထားပါတယ်။

ပင်နယ်တီနဲ့ အောင်မြင်သူကြီး ဗာဒီနဲ့ လက်စတာ
ပရီးမီးယားလိဂ်မှာ လက်စတာစီးတီးဟာ ဒီရာသီမှာ ပင်နယ်တီ ၁၀ ကြိမ် သွင်းယူနိုင်ခဲ့ပြီး ပင်ချက်စတာယူနိုက်တက်လို့ လူတွေ လှောင်ပြောင်နေတဲ့ မန်ယူနိုက်တက်ထက် တစ်ဂိုးပိုများခဲ့တာလည်းဖြစ်ပါတယ်။ ဂျေမီ ဗာဒီကတော့ ဒီရာသီမှာ ပင်နယ်တီကနေ ၈ ဂိုး သွင်းယူခဲ့ရာမှာ တစ်ပွဲတည်းကို နှစ်ကြိမ်သွင်းယူနိုင်တဲ့ပွဲ သုံးပွဲအထိရှိခဲ့ပြီး ထူးခြားတဲ့ မှတ်တမ်းလည်းဖြစ်ခဲ့တာပါ။

ကစားသမားဟောင်းတွေ ပြန်နှက်တာကို သူများထက်ပိုခံရတဲ့ ချဲလ်ဆီး
ဗီလာတိုက်စစ်မှူး ဘာထရန် ထရာအိုရေးရဲ့ ပထမပိုင်းပြီးခါနီး သွင်းဂိုးက ချဲလ်ဆီးတို့ဟာ ကစားသမားဟောင်းတွေရဲ့ ထိုးနှက်ချက်ကို တခြားအသင်းတွေထက် ပိုခံရတယ်ဆိုတာကို သိသာစေခဲ့တာပါ။ သူတို့ရောင်းချလိုက်တဲ့ ကစားသမားတွေရဲ့ ဂိုးသွင်းမှုဒဏ်ကို ချဲလ်ဆီးတို့ ၂၅ ကြိမ်အထိ ခံစားသွားခဲ့ရတာဖြစ်ပြီး တစ်သင်းတည်းခံရတာတော့ မဟုတ်ဘဲ အဖော်အဖြစ် တူညီတဲ့ မှတ်တမ်းနဲ့ စပါးစ်တို့ ရှိနေသေးတယ်လို့ သိရပါတယ်။

၇ ဂိုးသွင်းခဲ့တဲ့ ဝီလော့ခ်ရဲ့ ရှီးရားကို လိုက်မီတဲ့ စံချိန်
နယူးကာဆယ်လ်အသင်းအတွက် နောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဝီလော့ခ်ဟာ အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး အလန် ရှီးရားရဲ့ ၁၉၉၆ က စံချိန်ကိုပါ လိုက်မီခဲ့တာပါ။ ဒါတောင် အာဆင်နယ်နဲ့ပွဲမှာ မိခင်အသင်းမို့လို့ ဝင်ကစားခွင့် မရခဲ့တာဖြစ်ပြီး တကယ်လို့များ ကစားခွင့်ရရင် ပိုကောင်းတဲ့ စံချိန် ရသွားမလားတော့ မသိနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ စံချိန်ကြောင့် ငို၍ ရယ်၍ မရသော မက်ဂိုးလ်ဒရစ်ခ်
ရှက်ဖီးလ်ဒ်ယူနိုက်တက်အတွက် ရာသီပိတ်ပွဲမှာ အနိုင်ရအောင် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဒေးဗစ် မက်ဂိုးလ်ဒရစ်ခ်ဟာ ပရီးမီးယားလိဂ်ရဲ့ ၂၀၂၀-၂၁ ရာသီ ၁၀၀၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး အသင်းရဲ့ ဆိုးရွားတဲ့ စံချိန်ဖြစ်တဲ့ ရှုံးပွဲ ၂၉ ပွဲကို ပရီးမီးယားလိဂ်မှာ စံချိန်မတင်အောင် တားဆီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘလိတ်ဒ်ဓားတွေဟာ အဆိုးရွားဆုံးစံချိန်ကို ပူးတွဲရယူသွားခဲ့ပြီး ၉၄-၉၅ ရာသီက အစ်ပ်ဆွစ်ချ်၊ ၀၅-၀၆ ရာသီက ဆန်ဒါးလန်းနဲ့ ၀၇-၀၈ ရာသီက ဒါဘီတို့ကို လိုက်မီသွားခဲ့ပါသေးတယ်။

နှစ်ပေါင်း ၁၁၀ စံချိန်ကို ရယူသွားခဲ့တဲ့ ချဲလ်ဆီး
ဂိုးသွင်းဆရာများတယ်ဆိုတာကတော့ သားသေတာကို ဆိုချင်တာပါ။ ဒီနှစ်မှာ ချဲလ်ဆီးအသင်းအတွက် ဂိုးသွင်းဘုရင် ပျောက်ဆုံးခဲ့တဲ့ နှစ်လည်းဖြစ်ပြီး တစ်ယောက်မှ Double Figure လို့ခေါ်တဲ့ ၁၀ ဂိုးပြည့်အောင် မသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။။ ဒီစံချိန်ကတော့ ထိပ်ဆုံးလေးသင်းထဲက အသင်းတစ်သင်းအနေနဲ့ ဒီလောက်ရုန်းကန်ခဲ့ရတာကို ၁၉၁၀-၁၁ ရာသီက အဲဗာတန်နောက်ပိုင်း နှစ်ပေါင်း ၁၁၀ မှာ ပထမဆုံး အဖြစ် မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏွစ္ဆုစလုံးသိမ္း ဟာရီကိန္း
ပရီးမီးယားလိဂ္ရဲ႕ ဒီရာသီ ဂိုးသြင္းဘုရင္ဆု ေ႐ႊဖိနပ္ကိုေရာ ဖန္တီးမႈအမ်ားဆုံး ပေလးမိတ္ကာဆုကိုပါ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းက သိမ္းပိုက္ခဲ့ပါတယ္။ ဒါဟာ ၁၉၉၃-၉၄ ရာသီမွာ ႏွစ္ဖက္စလုံးမွာ ဦးေဆာင္ႏိုင္ခဲ့တဲ့ အန္ဒီ ကိုးလ္ေနာက္ပိုင္း ႏွစ္ ၃၀ နီးပါးၾကာမွ ထပ္မံျမင္ေတြ႕ခဲ့ရတဲ့ ထူးျခားမႈလည္းျဖစ္ပါတယ္။ (ပေလးမိတ္ကာဆုကို စတင္ခ်ီးျမႇင့္သည္မွာ ၄ ႏွစ္သာ ရွိေသး) ဒါ့အျပင္ အဂၤလန္သားေတြအတြက္ တုံ႔ျပန္ႏိုင္မႈျဖစ္သလို ၿပီးခဲ့တဲ့ သုံးႀကိမ္စလုံးမွာ ႀကီးစိုးထားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားေတြကို ေနာက္ေကာက္ခ်ပစ္ခဲ့တာလည္းျဖစ္ပါတယ္။

႐ြန္နီကို ေက်ာ္တက္ႏိုင္ခဲ့ၿပီး တစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးျဖစ္ခဲ့တဲ့ အေဂြ႐ို
အဲဗာတန္နဲ႔ပြဲမွာ လူစားမဝင္ခင္အထိ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ဂိုး ၁၈၂ ဂိုး သြင္းယူေပးထားခဲ့တဲ့ ဆာဂ်ီယို အေဂြ႐ိုဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အသင္းမွာ သြင္းယူျပထားခဲ့တဲ့ တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီထက္ တစ္ဂိုးနည္းေနခဲ့တာပါ။ သြင္းဂိုးစုစုေပါင္းမွာ အဲဗာတန္နဲ႔ပါ ကစားထားခဲ့တဲ့ အဂၤလန္ လက္ေ႐ြးစင္ေဟာင္းကို မယွဥ္ႏိုင္ခဲ့ေပမယ့္ လူစားဝင္ၿပီး ႏွစ္ဂိုးသြင္းခဲ့တဲ့ အာဂ်င္တိုင္းဟာ တစ္သင္းတည္းမွာ သြင္းယူတဲ့ ဂိုးေပါင္ ၁၈၄ ဂိုးအထိ ရရွိခဲ့ၿပီး ဒါဟာ ဘယ္ကစားသမားထက္မဆို ပိုမိုမ်ားျပားခဲ့တာလည္းျဖစ္ပါတယ္။

လူငယ္ေတြ ေကာင္းေၾကာင္း ႂကြားေပးတဲ့ အီလန္ဂါ
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား အန္တိုနီ အီလန္ဂါဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ အဖြင့္ဂိုးကို ေခါင္းတိုက္သြင္းယူၿပီး ပရီးမီးယားလိဂ္မွာ ဂိုးသြင္းတဲ့ ၁၉ ေယာက္ေျမာက္ ယူႏိုက္တက္ ဆယ္ေက်ာ္သက္ျဖစ္လာခဲ့ပါတယ္။ အကယ္ဒမီလူငယ္ေတြ ေကာင္းေၾကာင္းကို ႂကြားခဲ့တဲ့ အီလန္ဂါတို႔ရဲ႕ အသင္းထက္ပိုၿပီး လူမ်ားမ်ားဂိုးသြင္းထားႏိုင္တာက စမစ္႐ိုးနဲ႔ ဆာကာတို႔ရဲ႕ အာဆင္နယ္(၂၀)ပဲ ရွိပါေတာ့တယ္။

အျပင္ကေနမွ အစြမ္းျပတတ္တဲ့ ဒီဘ႐ိုင္းနား
မန္ခ်က္စတာစီးတီးအသင္းကို ေရာက္ရွိလာခဲ့တဲ့ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလကေနစၿပီး ကီဗင္ ဒီဘ႐ိုင္းနားဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ဂိုး ၄၂ ဂိုးထဲက ၁၈ ဂိုးကို ဂိုးဧရိယာအျပင္ကေန ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ တူညီတဲ့ ကာလအတြင္းမွာ သူထက္ပိုၿပီး သာလြန္သူကေတာ့ တစ္ေယာက္ပဲရွိၿပီး စပါးစ္ရဲ႕ ဟာရီကိန္းက ၁၉ ဂိုး ရရွိထားပါတယ္။

ပင္နယ္တီနဲ႔ ေအာင္ျမင္သူႀကီး ဗာဒီနဲ႔ လက္စတာ
ပရီးမီးယားလိဂ္မွာ လက္စတာစီးတီးဟာ ဒီရာသီမွာ ပင္နယ္တီ ၁၀ ႀကိမ္ သြင္းယူႏိုင္ခဲ့ၿပီး ပင္ခ်က္စတာယူႏိုက္တက္လို႔ လူေတြ ေလွာင္ေျပာင္ေနတဲ့ မန္ယူႏိုက္တက္ထက္ တစ္ဂိုးပိုမ်ားခဲ့တာလည္းျဖစ္ပါတယ္။ ေဂ်မီ ဗာဒီကေတာ့ ဒီရာသီမွာ ပင္နယ္တီကေန ၈ ဂိုး သြင္းယူခဲ့ရာမွာ တစ္ပြဲတည္းကို ႏွစ္ႀကိမ္သြင္းယူႏိုင္တဲ့ပြဲ သုံးပြဲအထိရွိခဲ့ၿပီး ထူးျခားတဲ့ မွတ္တမ္းလည္းျဖစ္ခဲ့တာပါ။

ကစားသမားေဟာင္းေတြ ျပန္ႏွက္တာကို သူမ်ားထက္ပိုခံရတဲ့ ခ်ဲလ္ဆီး
ဗီလာတိုက္စစ္မႉး ဘာထရန္ ထရာအိုေရးရဲ႕ ပထမပိုင္းၿပီးခါနီး သြင္းဂိုးက ခ်ဲလ္ဆီးတို႔ဟာ ကစားသမားေဟာင္းေတြရဲ႕ ထိုးႏွက္ခ်က္ကို တျခားအသင္းေတြထက္ ပိုခံရတယ္ဆိုတာကို သိသာေစခဲ့တာပါ။ သူတို႔ေရာင္းခ်လိုက္တဲ့ ကစားသမားေတြရဲ႕ ဂိုးသြင္းမႈဒဏ္ကို ခ်ဲလ္ဆီးတို႔ ၂၅ ႀကိမ္အထိ ခံစားသြားခဲ့ရတာျဖစ္ၿပီး တစ္သင္းတည္းခံရတာေတာ့ မဟုတ္ဘဲ အေဖာ္အျဖစ္ တူညီတဲ့ မွတ္တမ္းနဲ႔ စပါးစ္တို႔ ရွိေနေသးတယ္လို႔ သိရပါတယ္။

၇ ဂိုးသြင္းခဲ့တဲ့ ဝီေလာ့ခ္ရဲ႕ ရွီးရားကို လိုက္မီတဲ့ စံခ်ိန္
နယူးကာဆယ္လ္အသင္းအတြက္ ေနာက္ဆုံး ၇ ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဝီေလာ့ခ္ဟာ အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉး အလန္ ရွီးရားရဲ႕ ၁၉၉၆ က စံခ်ိန္ကိုပါ လိုက္မီခဲ့တာပါ။ ဒါေတာင္ အာဆင္နယ္နဲ႔ပြဲမွာ မိခင္အသင္းမို႔လို႔ ဝင္ကစားခြင့္ မရခဲ့တာျဖစ္ၿပီး တကယ္လို႔မ်ား ကစားခြင့္ရရင္ ပိုေကာင္းတဲ့ စံခ်ိန္ ရသြားမလားေတာ့ မသိႏိုင္ခဲ့တာျဖစ္ပါတယ္။

အသင္းရဲ႕ စံခ်ိန္ေၾကာင့္ ငို၍ ရယ္၍ မရေသာ မက္ဂိုးလ္ဒရစ္ခ္
ရွက္ဖီးလ္ဒ္ယူႏိုက္တက္အတြက္ ရာသီပိတ္ပြဲမွာ အႏိုင္ရေအာင္ တစ္လုံးတည္းေသာဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ေဒးဗစ္ မက္ဂိုးလ္ဒရစ္ခ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ၂၀၂၀-၂၁ ရာသီ ၁၀၀၀ ျပည့္ဂိုးကို သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး အသင္းရဲ႕ ဆိုး႐ြားတဲ့ စံခ်ိန္ျဖစ္တဲ့ ရႈံးပြဲ ၂၉ ပြဲကို ပရီးမီးယားလိဂ္မွာ စံခ်ိန္မတင္ေအာင္ တားဆီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဘလိတ္ဒ္ဓားေတြဟာ အဆိုး႐ြားဆုံးစံခ်ိန္ကို ပူးတြဲရယူသြားခဲ့ၿပီး ၉၄-၉၅ ရာသီက အစ္ပ္ဆြစ္ခ်္၊ ၀၅-၀၆ ရာသီက ဆန္ဒါးလန္းနဲ႔ ၀၇-၀၈ ရာသီက ဒါဘီတို႔ကို လိုက္မီသြားခဲ့ပါေသးတယ္။

ႏွစ္ေပါင္း ၁၁၀ စံခ်ိန္ကို ရယူသြားခဲ့တဲ့ ခ်ဲလ္ဆီး
ဂိုးသြင္းဆရာမ်ားတယ္ဆိုတာကေတာ့ သားေသတာကို ဆိုခ်င္တာပါ။ ဒီႏွစ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ ဂိုးသြင္းဘုရင္ ေပ်ာက္ဆုံးခဲ့တဲ့ ႏွစ္လည္းျဖစ္ၿပီး တစ္ေယာက္မွ Double Figure လို႔ေခၚတဲ့ ၁၀ ဂိုးျပည့္ေအာင္ မသြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။။ ဒီစံခ်ိန္ကေတာ့ ထိပ္ဆုံးေလးသင္းထဲက အသင္းတစ္သင္းအေနနဲ႔ ဒီေလာက္႐ုန္းကန္ခဲ့ရတာကို ၁၉၁၀-၁၁ ရာသီက အဲဗာတန္ေနာက္ပိုင္း ႏွစ္ေပါင္း ၁၁၀ မွာ ပထမဆုံး အျဖစ္ ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.