Premier League

ဟာရီကိန်း လွှမ်းမိုးထားနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီစာ စွမ်းဆောင်မှုဆုများ

ဂိုးသွင်းအများဆုံးစာရင်း

၁။ ဟာရီကိန်း-၂၃ ဂိုး
စပါးစ်ရဲ့ပြည်တန်ပတ္တမြားလို့ဆိုရမယ့် ကိန်းက ၂၀၁၆-၁၇ ရာသီက ၂၉ ဂိုးသွင်းခဲ့တဲ့ ရွှေဖိနပ်ဆုအပြီးမှာ ၃ ကြိမ်မြောက်ဆုရှင်ဖြစ်လာခဲ့တာဖြစ်သလို လုပ်နိုင်သမျှ အကောင်းဆုံးအလုပ်တွေကို ရွေးလုပ်နေတဲ့ ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးအဖြစ် ထပ်ပြီးသက်သေပြခဲ့တာပါ။

၂။ မိုဆာလား-၂၂ ဂိုး
နောက်ဆုံးပွဲစဥ်အထိ သွင်းဂိုးတူ ၂၂ ဂိုးအနေအထားကနေ ကိန်းနဲ့ အားပြိုင်နေခဲ့တဲ့ ရွှေဖိနပ်ဆုလုပွဲမှာ မိုဆာလားက ကိန်းရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပေမယ့် လီဗာပူးလ်ရုန်းကန်ရချိန်မှာ သွင်းခဲ့တဲ့ ၂၂ ဂိုးက သူ့အတွက်လည်း ဒီဆုက အတော်လေးထိုက်တန်ခဲ့ပါတယ်။

၃။ ဘရူနို ဖာနန်ဒက်စ်-၁၈ ဂိုး
၂၀၁၂-၁၃ ရာသီက ဗန်ပါစီပြီးရင် ပရီးမီးယားလိဂ်တရာသီအတွင်း ယူနိုက်တက်ရဲ့ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တဲ့ ဖာနန်ဒက်စ်က တိုက်စစ်မှူးစစ်စစ်တဦးလို အသင်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းခဲ့လို့ တတိယနေရာမှာ တကယ့်တိုက်စစ်မှူးတွေနဲ့အပြိုင် ရပ်တည်နိုင်ခဲ့ပါတယ်။

ဂိုးဖန်တီးမှုအများဆုံးစာရင်း

၁။ ဟာရီကိန်း-၁၄ ကြိမ်
ရွှေဖိနပ်ဆုရှင်ဖြစ်တဲ့ ကိန်းကပဲ ဂိုးဖန်တီးမှုအများဆုံး Playmaker Award ကို ထပ်ဆောင်းရရှိသွားခဲ့သလို ဒါက တော်ရုံတန်ရုံ လက်ချိုးရေတွက်လို့ရတဲ့ ပူးတွဲမှတ်တမ်းမျိုးနဲ့ ဆွတ်ခူးခဲ့တဲ့ အင်္ဂလန်ကစားသမားဖြစ်လာခဲ့တာပါ။

၂။ ဘရူနို ဖာနန်ဒက်စ်-၁၂ ကြိမ်
ယူနိုက်တက်ကွင်းလယ် ကစားကွက်ဖန်တီးရှင်လို့ ဆိုရမယ့် ဘရူနိုက ပရီးမီးယားလိဂ်အပိတ်ပွဲစဥ်ကို လွဲချော်ခဲ့ပေမယ့် ဒီစာရင်းမှာတော့ ဂိုးဖန်တီးမှုအများဆုံးနေရာမှာ မြို့ခံပြိုင်ဘက်အသင်းက ဒီဘရိုင်းနားနဲ့အတူ ပူးတွဲဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တောက်ပခဲ့တယ်။

၃။ ဒီဘရိုင်းနား-၁၂ ကြိမ်
​ပြီးခဲ့တဲ့ ရာသီက Playmaker ဆုရှင်ဖြစ်ခဲ့တဲ့ ဒီဘရိုင်းနားက ဒီရာသီမှာတော့ ကိန်းရဲ့လက်ထဲကို ဂိုးအများဆုံးဖန်တီးသူအဖြစ် လွှဲအပ်ခဲ့ရပေမယ့် သူ့ရဲ့အသင်းက ဒီနှစ်မှာ ချန်ပီယံဖြစ်ခဲ့သလို Assist အများဆုံးစာရင်းမှာ ထိပ်တန်းက ပါဝင်လာခဲ့တာပါ။

ရွှေလက်အိတ်ဆုရှင်စာရင်း

၁။ အီဒါဆန်-၁၉ ပွဲ
၁၉ ပွဲ Clean Sheet ရခဲ့တဲ့ မန်စီးတီးဂိုးသမားအီဒါဆန်က ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ထိုက်တန်စွာ ရရှိခဲ့ပြီး ချန်ပီယံမန်စီးတီးရဲ့ ပေးဂိုးအနည်းဆုံးမှတ်တမ်းမှာ ရူဘင်ဒီယာ့စ်တို့အုပ်စုရဲ့ အနောက်မှာ ဂိုးတံတိုင်းကြီးဖြစ်ခဲ့တာပါ။

၂။ မန်ဒီ-၁၆ ပွဲ
ပရီးမီးယားလိဂ်ကြင်စဦးရာသီမှာပဲ ၁၆ Clean Sheet ရခဲ့တဲ့ မန်ဒီရဲ့လက်စွမ်းက ပြောလောက်စရာ စွမ်းဆောင်ရည်ဖြစ်ခဲ့သလို အီဒါဆန်သာ အခုလောက် လက်စွမ်းမပြနိုင်ခဲ့ရင် ဒီဆုက သူ့အတွက်ဖြစ်လာဖို့အထိ ပြောင်မြောက်ခဲ့တဲ့ အာဖရိကန်ဂိုးသမားက ဗီလာနဲ့ပွဲမှာတော့ ဒဏ်ရာနဲ့ လူစားလဲခဲ့ရပါတယ်။

၃။ မာတီနက်ဇ်-၁၅ ပွဲ
၁၅ ပွဲ Clean Sheet ရခဲ့တဲ့ မာတီနက်ဇ်က ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုတခုအဖြစ် ဗီလာအတွက် နှစ်သက်စရာဖြစ်ခဲ့ပြီး ထိုက်တန်တဲ့ လက်စွမ်းရဲ့နောက်မှာ အာဆင်နယ်အတွက် လွမ်းစရာဂိုးသမားအဖြစ်ပါ သက်သေပြခဲ့တယ်။

ပရီးမီးယားလိဂ်ရဲ့ရသကလည်း ရာသီအသိမ်းမှာ ထူးထူးခြားခြားတွေ ရှိနေခဲ့ပြီး ဘရိုက်တန်ကို ၂ ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးအဂွယ်ရိုက ဝိန်းရွန်နီရဲ့ ယူနိုက်တက်အတွက် ဂိုးအများဆုံးသွင်းထားတဲ့ ၁၈၃ ဂိုးစံချန်ကို ရိုက်ချိုးပြီး ၁၈၄ ဂိုးနဲ့ ကျော်ဖြတ်သွားခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းရဲ့ စတုတ္ထမြောက် ဂိုးအများဆုံးသွင်းသူအဖြစ် သမိုင်းဝင်သွားခဲ့တယ်။

ဝုဗ်ကို အနိုင်ကစားခဲ့တဲ့ ယူနိိက်တက်အသင်းဟာ အဝေးကွင်းရှုံးပွဲမရှိတဲ့ ပရီးမီးယားလိဂ်ရာသီတခုအဖြစ် ဖြတ်သန်းပြီး ဆိုးလ်ရှားအနေနဲ့ အောင်မြင်ခဲ့သလို ရော့ဂျားစ်ရဲ့မြေခွေးကြီးတွေကတော့ အဆင့် ၄ အတွင်း ရက်ပေါင်း နှစ်ရာကျော် ရပ်တည်ခဲ့ပြီး ဘယ်အသင်းရဲ့ရပ်တည်မှုထက်မဆို အချိန်ပိုများခဲ့ပေမယ့် ရာသီအပိတ်မှာတော့ ချယ်လ်ဆီးရဲ့ ရှုံးပွဲတွေ့မှုကို အခွင့်ကောင်းမယူတိုင်ခဲ့ဘဲ အဆင့် ၅ နဲ့ ယူရိုပါလိဂ်သာ ဝင်ခဲ့ရလို့ မနှစ်ကရာသီအတိုင်း ထပ်တူစိတ်ပျက်စရာသာ ဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂိုးသြင္းအမ်ားဆုံးစာရင္း

၁။ ဟာရီကိန္း-၂၃ ဂိုး
စပါးစ္ရဲ႕ျပည္တန္ပတၱျမားလို႔ဆိုရမယ့္ ကိန္းက ၂၀၁၆-၁၇ ရာသီက ၂၉ ဂိုးသြင္းခဲ့တဲ့ ေ႐ႊဖိနပ္ဆုအၿပီးမွာ ၃ ႀကိမ္ေျမာက္ဆုရွင္ျဖစ္လာခဲ့တာျဖစ္သလို လုပ္ႏိုင္သမွ် အေကာင္းဆုံးအလုပ္ေတြကို ေ႐ြးလုပ္ေနတဲ့ ကမာၻ႔အဆင့္မီ တိုက္စစ္မႉးအျဖစ္ ထပ္ၿပီးသက္ေသျပခဲ့တာပါ။

၂။ မိုဆာလား-၂၂ ဂိုး
ေနာက္ဆုံးပြဲစဥ္အထိ သြင္းဂိုးတူ ၂၂ ဂိုးအေနအထားကေန ကိန္းနဲ႔ အားၿပိဳင္ေနခဲ့တဲ့ ေ႐ႊဖိနပ္ဆုလုပြဲမွာ မိုဆာလားက ကိန္းရဲ႕ ေနာက္ေကာက္ခ်ျခင္းကို ခံခဲ့ရေပမယ့္ လီဗာပူးလ္႐ုန္းကန္ရခ်ိန္မွာ သြင္းခဲ့တဲ့ ၂၂ ဂိုးက သူ႔အတြက္လည္း ဒီဆုက အေတာ္ေလးထိုက္တန္ခဲ့ပါတယ္။

၃။ ဘ႐ူႏို ဖာနန္ဒက္စ္-၁၈ ဂိုး
၂၀၁၂-၁၃ ရာသီက ဗန္ပါစီၿပီးရင္ ပရီးမီးယားလိဂ္တရာသီအတြင္း ယူႏိုက္တက္ရဲ႕ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့တဲ့ ဖာနန္ဒက္စ္က တိုက္စစ္မႉးစစ္စစ္တဦးလို အသင္းရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းခဲ့လို႔ တတိယေနရာမွာ တကယ့္တိုက္စစ္မႉးေတြနဲ႔အၿပိဳင္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဂိုးဖန္တီးမႈအမ်ားဆုံးစာရင္း

၁။ ဟာရီကိန္း-၁၄ ႀကိမ္
ေ႐ႊဖိနပ္ဆုရွင္ျဖစ္တဲ့ ကိန္းကပဲ ဂိုးဖန္တီးမႈအမ်ားဆုံး Playmaker Award ကို ထပ္ေဆာင္းရရွိသြားခဲ့သလို ဒါက ေတာ္႐ုံတန္႐ုံ လက္ခ်ိဳးေရတြက္လို႔ရတဲ့ ပူးတြဲမွတ္တမ္းမ်ိဳးနဲ႔ ဆြတ္ခူးခဲ့တဲ့ အဂၤလန္ကစားသမားျဖစ္လာခဲ့တာပါ။

၂။ ဘ႐ူႏို ဖာနန္ဒက္စ္-၁၂ ႀကိမ္
ယူႏိုက္တက္ကြင္းလယ္ ကစားကြက္ဖန္တီးရွင္လို႔ ဆိုရမယ့္ ဘ႐ူႏိုက ပရီးမီးယားလိဂ္အပိတ္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ေပမယ့္ ဒီစာရင္းမွာေတာ့ ဂိုးဖန္တီးမႈအမ်ားဆုံးေနရာမွာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းက ဒီဘ႐ိုင္းနားနဲ႔အတူ ပူးတြဲဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ေတာက္ပခဲ့တယ္။

၃။ ဒီဘ႐ိုင္းနား-၁၂ ႀကိမ္
​ၿပီးခဲ့တဲ့ ရာသီက Playmaker ဆုရွင္ျဖစ္ခဲ့တဲ့ ဒီဘ႐ိုင္းနားက ဒီရာသီမွာေတာ့ ကိန္းရဲ႕လက္ထဲကို ဂိုးအမ်ားဆုံးဖန္တီးသူအျဖစ္ လႊဲအပ္ခဲ့ရေပမယ့္ သူ႔ရဲ႕အသင္းက ဒီႏွစ္မွာ ခ်န္ပီယံျဖစ္ခဲ့သလို Assist အမ်ားဆုံးစာရင္းမွာ ထိပ္တန္းက ပါဝင္လာခဲ့တာပါ။

ေ႐ႊလက္အိတ္ဆုရွင္စာရင္း

၁။ အီဒါဆန္-၁၉ ပြဲ
၁၉ ပြဲ Clean Sheet ရခဲ့တဲ့ မန္စီးတီးဂိုးသမားအီဒါဆန္က ဒီႏွစ္ပရီးမီးယားလိဂ္ရဲ႕ ေ႐ႊလက္အိတ္ဆုကို ထိုက္တန္စြာ ရရွိခဲ့ၿပီး ခ်န္ပီယံမန္စီးတီးရဲ႕ ေပးဂိုးအနည္းဆုံးမွတ္တမ္းမွာ ႐ူဘင္ဒီယာ့စ္တို႔အုပ္စုရဲ႕ အေနာက္မွာ ဂိုးတံတိုင္းႀကီးျဖစ္ခဲ့တာပါ။

၂။ မန္ဒီ-၁၆ ပြဲ
ပရီးမီးယားလိဂ္ၾကင္စဦးရာသီမွာပဲ ၁၆ Clean Sheet ရခဲ့တဲ့ မန္ဒီရဲ႕လက္စြမ္းက ေျပာေလာက္စရာ စြမ္းေဆာင္ရည္ျဖစ္ခဲ့သလို အီဒါဆန္သာ အခုေလာက္ လက္စြမ္းမျပႏိုင္ခဲ့ရင္ ဒီဆုက သူ႔အတြက္ျဖစ္လာဖို႔အထိ ေျပာင္ေျမာက္ခဲ့တဲ့ အာဖရိကန္ဂိုးသမားက ဗီလာနဲ႔ပြဲမွာေတာ့ ဒဏ္ရာနဲ႔ လူစားလဲခဲ့ရပါတယ္။

၃။ မာတီနက္ဇ္-၁၅ ပြဲ
၁၅ ပြဲ Clean Sheet ရခဲ့တဲ့ မာတီနက္ဇ္က ဒီႏွစ္ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေခၚယူမႈတခုအျဖစ္ ဗီလာအတြက္ ႏွစ္သက္စရာျဖစ္ခဲ့ၿပီး ထိုက္တန္တဲ့ လက္စြမ္းရဲ႕ေနာက္မွာ အာဆင္နယ္အတြက္ လြမ္းစရာဂိုးသမားအျဖစ္ပါ သက္ေသျပခဲ့တယ္။

ပရီးမီးယားလိဂ္ရဲ႕ရသကလည္း ရာသီအသိမ္းမွာ ထူးထူးျခားျခားေတြ ရွိေနခဲ့ၿပီး ဘ႐ိုက္တန္ကို ၂ ဂိုးသြင္းယူခဲ့တဲ့ မန္စီးတီးတိုက္စစ္မႉးအဂြယ္႐ိုက ဝိန္း႐ြန္နီရဲ႕ ယူႏိုက္တက္အတြက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ၁၈၃ ဂိုးစံခ်န္ကို ႐ိုက္ခ်ိဳးၿပီး ၁၈၄ ဂိုးနဲ႔ ေက်ာ္ျဖတ္သြားခဲ့ကာ ပရီးမီးယားလိဂ္သမိုင္းရဲ႕ စတုတၳေျမာက္ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ သမိုင္းဝင္သြားခဲ့တယ္။

ဝုဗ္ကို အႏိုင္ကစားခဲ့တဲ့ ယူနိိက္တက္အသင္းဟာ အေဝးကြင္းရႈံးပြဲမရွိတဲ့ ပရီးမီးယားလိဂ္ရာသီတခုအျဖစ္ ျဖတ္သန္းၿပီး ဆိုးလ္ရွားအေနနဲ႔ ေအာင္ျမင္ခဲ့သလို ေရာ့ဂ်ားစ္ရဲ႕ေျမေခြးႀကီးေတြကေတာ့ အဆင့္ ၄ အတြင္း ရက္ေပါင္း ႏွစ္ရာေက်ာ္ ရပ္တည္ခဲ့ၿပီး ဘယ္အသင္းရဲ႕ရပ္တည္မႈထက္မဆို အခ်ိန္ပိုမ်ားခဲ့ေပမယ့္ ရာသီအပိတ္မွာေတာ့ ခ်ယ္လ္ဆီးရဲ႕ ရႈံးပြဲေတြ႕မႈကို အခြင့္ေကာင္းမယူတိုင္ခဲ့ဘဲ အဆင့္ ၅ နဲ႔ ယူ႐ိုပါလိဂ္သာ ဝင္ခဲ့ရလို႔ မႏွစ္ကရာသီအတိုင္း ထပ္တူစိတ္ပ်က္စရာသာ ျဖစ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.