Premier League

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီ

၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီကြီးဟာတော့ စပါးစ်၊ အဲဗာတန်၊ လက်စတာ၊ ဝက်စ်ဟမ်း၊ ​ဗီလာတို့အပါအဝင် မတူညီတဲ့ အသင်း ၉ သင်းက ဇယားထိပ်ကို ဦးဆောင်ခဲ့ပြီး ပုံမှန်ထက် အချိုးအကွေ့များလွန်းတဲ့ ရာသီတခုအဖြစ် အသုံးတော်ခံအပြီးမှာ မန်စီးတီးက ချန်ပီယံအဖြစ်ရပ်တည်ခဲ့တယ်။

ပရီးမီးယားလိဂ်သရဖူဆောင်းခဲ့တဲ့ မန်စီးတီးဟာ ဒီဇင်ဘာကနေ မတ်လအထိ ၂၁ ပွဲဆက်အနိိုင်ကစားခဲ့တာက ဆုဖလားနဲ့ ထိုက်တန်မှုတရပ်ဖြစ်ခဲ့သလို ဝက်စ်ဘရွမ်း၊ ဖူလ်ဟမ်၊ နဲ့ ရှက်ဖီးလ်အသင်းတို့ကတော့ တန်းဆင်းသွားခဲ့ရတဲ့နောကိကန့်လန်ကာချအပြီးမှာတော့ စိတ်လှုပ်ရှားစရာ ရာသီသစ်က အသင့်စောင့်ကြိုနေပါတယ်။

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီ ဘယ်နေ့ပြန်စမလဲ?

လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ ပရီးမီးယားလိဂ် ရာသီသစ်ကို ပြန်လည်စတင်ကျင်းပမှာဖြစ်ပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအပြီး တလကျော်အတွင်း ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်တွေကို ပြန်လည်ယှဥ်ပြိုင်ကစားကြမှာမို့ လက်ရွေးစင်ကစားသမားတွေအတွက်ကတော့ အပြည့်အဝနားရက်တွေ နည်းပါးနေဦးမှာပါ။

ပွဲစဥ်ဇယားသစ်ကို ဘယ်တော့ကြေငြာသွားမလဲ?

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ ပွဲစဥ်ဇယားကို လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ တရားဝင်ထုတ်ပြန်မှာဖြစ်တယ်။ ရင်ခုန်စိတ်လှုပ်ရှားရဖို့ အသင်းကြီးချင်း ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ဒါဘီပွဲစဥ်တွေရဲ့ နေ့စွဲတွေကလည်း ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ။

နွေအပြောင်းအရွှေ့စျေးကွက် ဘယ်တော့ဖွင့်ပြီး ဘယ်တော့ ပိတ်မလဲ?

ပရီးမီးယားလိဂ်ရဲ့ တရားဝင်ထုတ်ပြန်ကြေငြာချက်အရ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ဇွန်လ ၉ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်လို့ ကစားသမား အဝယ်အရောင်းကိစ္စတွေကို လှုပ်ရှားတော့မှာဖြစ်ပြီး ၁၂ ပတ်တာကာလအပြီး သြဂုတ် ၃၁ နေ့အကုန်မှာတော့ စျေးကွက်ပိတ်မှာ ဖြစ်ပါတယ်။

ရာသီသစ်မှာ ဘယ်အသင်းတွေ တန်းတက်လာပြီလဲ?

ပရီးမီးယားလိဂ်ကနေ တရာသီပျောက်သွားခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူးတီမူ ပွတ်ကီရဲ့ နော်ဝစ်ချ်ကို ဒီနှစ်ပြန်တွေ့ရဖို့ သေချာသွားခဲ့သလို ဝက်ဖို့ဒ်အသင်းကလည်း ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာခဲ့ပြီဖြစ်တယ်။ နောက်တသင်းစာနေရာအတွက် မေ ၂၉ မှာ Play-off ဗိုလ်လုပွဲကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ ဆွမ်ဆီးတို့ထဲက တသင်းက ရောက်ရှိလာမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.