Premier League

အမြင့်ဆုံးခံစားမှုနဲ့ တိမ်ပေါ်ရောက်တဲ့ ကလော့ပ်- လီဗာပူးလ် 2:0 ပဲလေ့စ် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7ချက်

အဆင့် ၃ နဲ့ ကျားကန်နိုင်ခဲ့တဲ့ ဒရာမာဆန်ဆန် လီဗာပူးလ်
မုန်တိုင်းတွေပြီးတော့ လေပြေတွေရောက်လာတတဲ့နည်းတူပဲ ကလော့ပ်ရဲ့ အဆိုးရွားဆုံးနှစ်အဖြစ် ညည်းညူခဲ့ရတဲ့နောက်မှာတော့ အဆိုးထဲက အကောင်းအဖြစ် လီဗာပူးလ်အသင်းဟာ အဆင့် ၄ နဲ့ ကျားကန်နိုင်ခဲ့ပြီး နောက်ရာသီမှာ ဥရောပတန်းဝင်အသင်းဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ကာ ရှုံးပွဲတွေ့ခဲ့တဲ့ မြေခွေးကြီးတွေကို အဆင့် ၄ အပြင်ကို ကန်ထုတ်နိုင်ခဲ့တယ်။

ငါ့ကိုယုံစမ်းပါဆိုတဲ့ မာနေး
လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ဖိုင်နယ်ပွဲအဖြစ် တင်စားခံထားရတဲ့ အရေးပါဆုံးပွဲစဥ်မှာမှ ဒီတရာသီလုံး ဘုတ်ဖြစ်နေခဲ့တဲ့ ဆာဒီယို မာနေးက အနိုင်ဂိုး ၂ ဂိုးစလုံးကို တကိုယ်တော်သွင်းယူသွားခဲ့ပြီး လီဗာပူးလ်က သူ့ကို အလိုအပ်ဆုံးအချိန်မှာ ရှင်ပြန်ထမြောက်လာခဲ့သလို မာနေးတ​ယောက်လည်း စိတ်ရှင်းသွားခဲ့မှာပါ။ သူဟာ ပရီးမီးယားလိဂ် ၇ ရာသီဆက် ၁၀ ဂိုးနဲ့အထက် ပုံမှန်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။

သွေးသောက်ညီအကိုနှစ်ဦးရဲ့ စိတ်ချင်းဆက်နွယ်မှု
လီဗာပူးလ်ရဲ့ ခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ရီးစ်ဝီလီယမ်းစ်နဲ့ နတ်ဖီးလစ်တို့ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ အခြေအနေကနေ အသင်းကို ဇာတ်သိမ်းလှပပြီး ရုပ်ပျက်မသွားအောင် ထိန်းကျောင်းပေးနိုင်ခဲ့သူတွေအဖြစ် လီဗာပူးလ်ပရိသတ်တွေရဲ့ သူကောင်းပြုခံထားရတာဖြစ်ပြီး အတွေ့အကြုံနုလှတဲ့ သွေးသောက်ညီအစ်ကိုနှစ်ကို စွမ်းဆောင်ရည်တွေဟာ မြင်းကောင်းခွာလိပ်ဖြစ်ခဲ့တဲ့ အသင်းကို လမ်းပြန်တည့်ပေးခဲ့တယ်လို့လည်း ဆိုရမှာပါ။

ရွှေဖိနပ်ဆုနဲ့ မတော်ခဲ့တဲ့ မိုဆာလား
မိုဆလားနဲ့ ဟာရီကိန်းတို့ရဲ့ ရွှေဖိနပ်ဆုလုပွဲဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်တနေရာစာအတွက် အမြတ်ထွက်လာဖွယ် ရှိနေတယ်လို့ သုံးသပ်ခံကတဲ့အတိုင်းပဲ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ၃ ​ဆုရှင်ဖြစ်လာဖို့ အီဂျစ်သားကို အားပြိိုင်မယ့် ကိန်းက နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး လက်စတာကို ဂိုးသွင်းသွားခဲ့တာကြောင့် မိုဆာလားကတော့ အသင်းရဲ့အကျိုးမှာ တကိုယ်စာအောင်မြင်မှုကို စတေးခဲ့ရလည်း ကျေနပ်နေစရာဖြစ်နေမှာပါ။

ဗိုင်နယ်လ်ဒမ်ကို နှုတ်ဆက်တဲ့ပွဲ
ဒီပွဲဟာ နယ်သာလန်ကွင်းလယ်လူရဲ် လီဗာပူးလ်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လာခဲ့ပြီး တဖက်မှာလည်း ပဲ့လေ့စ်နည်းပြရွိုင်းဟော့ဒ်ဆန်ကို နှုတ်ဆက်ပွဲဖြစ်ခဲ့သလို ဒရာမာဆန်ဆန် စိတ်ထိခိုက်ရတဲ့ ခွဲခွာမှု အမှတ်တရလို့လည်း ဆိုရမှာပါ။ ဗိုင်နယ်ဒမ်ကို ကလော့ပ်က လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်အဖြစ် တင်စားသွားခဲ့ပြီး အသင်းနဲ့စာချုပ်ကုန်မယ့် နောက်လမှာ အသင်းသစ်ရှာမှာပါ။

အမြင့်ဆုံးခံစားမှုနဲ့ တိမ်ပေါ်ရောက်တဲ့ ကလော့ပ်
အလွဲတွေ အမှားတွေ အများကြီးနဲ့ ဖရိုဖရဲဖြစ်ခဲ့ရတဲ့ ရာသီမှာ အလှည့်အပြောင်းတွေကြားမှာ ကသောင်းကနင်းနဲ့ ခရောင်းလမ်းကို လျှောက်ခဲ့ရတဲ့ လီဗာပူးလ်နည်းပြကလော့ပ်က ဒီရာသီမှာ အဆင့် ၃ နဲ့ လှလှပပ ရာသီသိမ်းနိုင်ခဲ့တာဟာ သူ့နည်းပြသက်တမ်းတလျှောက် အမြင့်မာဆုံး စိတ်ခံစားချက်ကို ရခဲ့ပြီး တိမ်တွေပေါ်ရောက်နေသလို ကျေနပ်နေရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဖာဂူဆန်ကြောက်အားပိုရတဲ့ အန်ဖီးလ်ပေါက်ကွဲအား
အန်ဖီးလ်ပရိသတ်တွေနဲ့ အန်ဖီးကွင်းရဲ့ ပေါက်ကွဲအားဟာ ဆာအဲလက်စ ဖာဂူဆန်ကို ကြောက်အားပိုစေခဲ့တဲ့အထိ လွှမ်းမိုးနိုင်စွမ်းရှိခဲ့တဲ့ ထုံးစံအတိုင်းပဲ ဒီနေ့ပွဲမှာ အန်ဖီးလ်မှာ တကျော့ပြန်ဝင်ရောက်လာခဲ့တဲ့ လီဗာပူးလ်ပရိသတ် ၁ သောင်းအတွက် အားပေးရကျိုးနပ်ပြီး ကျေနပ်စရာကောင်းတဲ့ ပွဲပြီးခရာမှုတ်ချိန်ကို ၁ သောင်းထက် မကတဲ့ အလုံးအရင်းအားပေးမှုနဲ့အတူ ထိုက်တန်အောင် အကျိုးခံစားခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဆင့္ ၃ နဲ႔ က်ားကန္ႏိုင္ခဲ့တဲ့ ဒရာမာဆန္ဆန္ လီဗာပူးလ္
မုန္တိုင္းေတြၿပီးေတာ့ ေလေျပေတြေရာက္လာတတဲ့နည္းတူပဲ ကေလာ့ပ္ရဲ႕ အဆိုး႐ြားဆုံးႏွစ္အျဖစ္ ညည္းညဴခဲ့ရတဲ့ေနာက္မွာေတာ့ အဆိုးထဲက အေကာင္းအျဖစ္ လီဗာပူးလ္အသင္းဟာ အဆင့္ ၄ နဲ႔ က်ားကန္ႏိုင္ခဲ့ၿပီး ေနာက္ရာသီမွာ ဥေရာပတန္းဝင္အသင္းျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ကာ ရႈံးပြဲေတြ႕ခဲ့တဲ့ ေျမေခြးႀကီးေတြကို အဆင့္ ၄ အျပင္ကို ကန္ထုတ္ႏိုင္ခဲ့တယ္။

ငါ့ကိုယုံစမ္းပါဆိုတဲ့ မာေနး
လီဗာပူးလ္ရဲ႕ ပရီးမီးယားလိဂ္ဖိုင္နယ္ပြဲအျဖစ္ တင္စားခံထားရတဲ့ အေရးပါဆုံးပြဲစဥ္မွာမွ ဒီတရာသီလုံး ဘုတ္ျဖစ္ေနခဲ့တဲ့ ဆာဒီယို မာေနးက အႏိုင္ဂိုး ၂ ဂိုးစလုံးကို တကိုယ္ေတာ္သြင္းယူသြားခဲ့ၿပီး လီဗာပူးလ္က သူ႔ကို အလိုအပ္ဆုံးအခ်ိန္မွာ ရွင္ျပန္ထေျမာက္လာခဲ့သလို မာေနးတ​ေယာက္လည္း စိတ္ရွင္းသြားခဲ့မွာပါ။ သူဟာ ပရီးမီးယားလိဂ္ ၇ ရာသီဆက္ ၁၀ ဂိုးနဲ႔အထက္ ပုံမွန္သြင္းယူႏိုင္ခဲ့တဲ့ တိုက္စစ္မႉးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တယ္။

ေသြးေသာက္ညီအကိုႏွစ္ဦးရဲ႕ စိတ္ခ်င္းဆက္ႏြယ္မႈ
လီဗာပူးလ္ရဲ႕ ခံစစ္မႉးႏွစ္ဦးျဖစ္တဲ့ ရီးစ္ဝီလီယမ္းစ္နဲ႔ နတ္ဖီးလစ္တို႔ဟာ ဘယ္သူမွ ထင္မွတ္မထားတဲ့ အေျခအေနကေန အသင္းကို ဇာတ္သိမ္းလွပၿပီး ႐ုပ္ပ်က္မသြားေအာင္ ထိန္းေက်ာင္းေပးႏိုင္ခဲ့သူေတြအျဖစ္ လီဗာပူးလ္ပရိသတ္ေတြရဲ႕ သူေကာင္းျပဳခံထားရတာျဖစ္ၿပီး အေတြ႕အႀကဳံႏုလွတဲ့ ေသြးေသာက္ညီအစ္ကိုႏွစ္ကို စြမ္းေဆာင္ရည္ေတြဟာ ျမင္းေကာင္းခြာလိပ္ျဖစ္ခဲ့တဲ့ အသင္းကို လမ္းျပန္တည့္ေပးခဲ့တယ္လို႔လည္း ဆိုရမွာပါ။

ေ႐ႊဖိနပ္ဆုနဲ႔ မေတာ္ခဲ့တဲ့ မိုဆာလား
မိုဆလားနဲ႔ ဟာရီကိန္းတို႔ရဲ႕ ေ႐ႊဖိနပ္ဆုလုပြဲဟာ လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္တေနရာစာအတြက္ အျမတ္ထြက္လာဖြယ္ ရွိေနတယ္လို႔ သုံးသပ္ခံကတဲ့အတိုင္းပဲ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု ၃ ​ဆုရွင္ျဖစ္လာဖို႔ အီဂ်စ္သားကို အားၿပိိုင္မယ့္ ကိန္းက ေနာက္ဆုံးပိတ္ အိတ္နဲ႔လြယ္ၿပီး လက္စတာကို ဂိုးသြင္းသြားခဲ့တာေၾကာင့္ မိုဆာလားကေတာ့ အသင္းရဲ႕အက်ိဳးမွာ တကိုယ္စာေအာင္ျမင္မႈကို စေတးခဲ့ရလည္း ေက်နပ္ေနစရာျဖစ္ေနမွာပါ။

ဗိုင္နယ္လ္ဒမ္ကို ႏႈတ္ဆက္တဲ့ပြဲ
ဒီပြဲဟာ နယ္သာလန္ကြင္းလယ္လူရဲ္ လီဗာပူးလ္ကစားသမားဘဝ ေနာက္ဆုံးပြဲျဖစ္လာခဲ့ၿပီး တဖက္မွာလည္း ပဲ့ေလ့စ္နည္းျပ႐ြိဳင္းေဟာ့ဒ္ဆန္ကို ႏႈတ္ဆက္ပြဲျဖစ္ခဲ့သလို ဒရာမာဆန္ဆန္ စိတ္ထိခိုက္ရတဲ့ ခြဲခြာမႈ အမွတ္တရလို႔လည္း ဆိုရမွာပါ။ ဗိုင္နယ္ဒမ္ကို ကေလာ့ပ္က လီဗာပူးလ္အသင္းရဲ႕ဂႏၴဝင္အျဖစ္ တင္စားသြားခဲ့ၿပီး အသင္းနဲ႔စာခ်ဳပ္ကုန္မယ့္ ေနာက္လမွာ အသင္းသစ္ရွာမွာပါ။

အျမင့္ဆုံးခံစားမႈနဲ႔ တိမ္ေပၚေရာက္တဲ့ ကေလာ့ပ္
အလြဲေတြ အမွားေတြ အမ်ားႀကီးနဲ႔ ဖ႐ိုဖရဲျဖစ္ခဲ့ရတဲ့ ရာသီမွာ အလွည့္အေျပာင္းေတြၾကားမွာ ကေသာင္းကနင္းနဲ႔ ခေရာင္းလမ္းကို ေလွ်ာက္ခဲ့ရတဲ့ လီဗာပူးလ္နည္းျပကေလာ့ပ္က ဒီရာသီမွာ အဆင့္ ၃ နဲ႔ လွလွပပ ရာသီသိမ္းႏိုင္ခဲ့တာဟာ သူ႔နည္းျပသက္တမ္းတေလွ်ာက္ အျမင့္မာဆုံး စိတ္ခံစားခ်က္ကို ရခဲ့ၿပီး တိမ္ေတြေပၚေရာက္ေနသလို ေက်နပ္ေနရေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

ဖာဂူဆန္ေၾကာက္အားပိုရတဲ့ အန္ဖီးလ္ေပါက္ကြဲအား
အန္ဖီးလ္ပရိသတ္ေတြနဲ႔ အန္ဖီးကြင္းရဲ႕ ေပါက္ကြဲအားဟာ ဆာအဲလက္စ ဖာဂူဆန္ကို ေၾကာက္အားပိုေစခဲ့တဲ့အထိ လႊမ္းမိုးႏိုင္စြမ္းရွိခဲ့တဲ့ ထုံးစံအတိုင္းပဲ ဒီေန႔ပြဲမွာ အန္ဖီးလ္မွာ တ်ေက်ာ့ျပန္ဝင္ေရာက္လာခဲ့တဲ့ လီဗာပူးလ္ပရိသတ္ ၁ ေသာင္းအတြက္ အားေပးရက်ိဳးနပ္ၿပီး ေက်နပ္စရာေကာင္းတဲ့ ပြဲၿပီးခရာမႈတ္ခ်ိန္ကို ၁ ေသာင္းထက္ မကတဲ့ အလုံးအရင္းအားေပးမႈနဲ႔အတူ ထိုက္တန္ေအာင္ အက်ိဳးခံစားခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.