Premier League Serie A

ေရာ္နယ္လ္ဒိုနဲ႔ ကစားသမားတခ်ဳိ႕ကို ဂ်ဴဗင္တပ္စ္ ေရာင္းခ်ရေတာ့မွာလား

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဘဏၰာေရးဆုံးရွဳံးမွဳအေျခအေနက ေတာ္ေတာ္ေလး ဆိုးရြားခဲ့တယ္လုိ႔ သိရၿပီး ကြင္းဝင္ေၾကးနဲ႔ ႐ုပ္သံကို အဓိက မွီခိုေနရတဲ့ ဝင္ေငြေတြ ေလ်ာ့က်လာခဲ့မွဳေၾကာင့္ အသင္းအေနနဲ႔ COVID-19 ရဲ႕ တုိက္ခိုက္မွဳဒဏ္ကို ေတာ္ေတာ္ေလးခံလုိက္ရတဲ့ ေနာက္မွာ လစာျမင့္မားတဲ့ ကစားသမားေတြကို ေရာင္းခ်ရဖို႔ ရွိလာခဲ့ပါတယ္။

ဒီထဲမွာ အျမင့္မားဆုံးကစားသမားေတြျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို (ေပါင္ ၄၉၆၀၀)၊ အာရြန္ ရမ္ေဆး (ေပါင္ ၄၀၀၀၀၀)နဲ႔ မက္သစ္ ဒီလစ္ခ်္ (ေပါင္ ၂၆၅၀၀၀)တို႔ ပါဝင္ေနႏုိင္ၿပီး လိုခ်င္သူေပါမ်ားတဲ့ ဒီလစ္ခ်္ကလြဲရင္ က်န္တဲ့ ကစားသမားေတြကိုေတာ့ ေရာင္းထုတ္ရလည္း ခက္ခဲႏုိင္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႕ရဲ႕လစာ ၄ လစာ ေပါင္ ၉ သန္းေက်ာ္ကို ဆုိင္းငံ့ထားဖို႔ သေဘာတူညီထားခဲ့ေပမယ့္ လက္ရွိအေျခအေနနဲ႔ ေရွ႕လာမယ့္ လအနည္းငယ္အတြင္းမွာ တုိးတက္လာႏိုင္ေျခအရေတာ့ အသင္းဥကၠဌ အန္ဒရီးယား အဂၢနယ္လီအေနနဲ႔ ျပန္လည္ေပးေခ်ႏုိင္ဖို႔ ခက္ခဲေနဦးမွာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဂ်ဴဗင္တပ္စ္တာဝန္ရွိသူေတြအေနနဲ႔ သူ႕ကို ေရြးခ်ယ္စရာတစ္ခုေတာ့ ေပးအပ္သြားႏုိင္ၿပီး လစာေလွ်ာ့ယူၿပီး သက္တမ္းတုိးမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆုိသြားဖို႔ အဆုိျပဳေနသလို ဆုိင္းငံ့ထားတဲ့ လစာကိုေတာ့ က်န္ကာလအတြင္းမွာ ထပ္မံေပးေခ်သြားဖို႔ ရွိတယ္လုိ႔ဆုိၿပီး ဒါကို လက္မခံရင္ေတာ့ အသင္းကေန ေရာင္းခ်သြားမယ္လို႔လည္း အီတလီက သတင္းေတြက ဆုိပါတယ္။

တျခားျဖစ္ႏုိင္ေျခအေနနဲ႔ကေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းက ကမ္းလွမ္းမွဳကို လက္မခံခဲ့ဘူးဆုိရင္ေတာ့ သူ႕ရဲ႕ ေအးဂ်င့္ ေဂ်ာ့ခ်္ မန္ဒက္စ္ကို အသင္းသစ္ ရွာေဖြခိုင္းဖို႔ ရွိေနၿပီး သူနဲ႔အတူ ကြင္းလယ္လူ ရမ္ေဆးနဲ႔ ေနာက္ခံလူ ဒီလစ္ခ်္တုိ႔ကိုလည္း မန္ခ်က္စတာယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္အသင္းေတြက စိတ္ဝင္စားဖြယ္ရွိေနတယ္လုိ႔လည္း ေဒးလီးေမးလ္က ေဖာ္ျပခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂျူဗင်တပ်စ်အသင်းရဲ့ ဘဏ္ဏာရေးဆုံးရှုံးမှုအခြေအနေက တော်တော်လေး ဆိုးရွားခဲ့တယ်လို့ သိရပြီး ကွင်းဝင်ကြေးနဲ့ ရုပ်သံကို အဓိက မှီခိုနေရတဲ့ ဝင်ငွေတွေ လျော့ကျလာခဲ့မှုကြောင့် အသင်းအနေနဲ့ COVID-19 ရဲ့ တိုက်ခိုက်မှုဒဏ်ကို တော်တော်လေးခံလိုက်ရတဲ့ နောက်မှာ လစာမြင့်မားတဲ့ ကစားသမားတွေကို ရောင်းချရဖို့ ရှိလာခဲ့ပါတယ်။

ဒီထဲမှာ အမြင့်မားဆုံးကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါင် ၄၉၆၀၀)၊ အာရွန် ရမ်ဆေး (ပေါင် ၄၀၀၀၀၀)နဲ့ မက်သစ် ဒီလစ်ချ် (ပေါင် ၂၆၅၀၀၀)တို့ ပါဝင်နေနိုင်ပြီး လိုချင်သူပေါများတဲ့ ဒီလစ်ချ်ကလွဲရင် ကျန်တဲ့ ကစားသမားတွေကိုတော့ ရောင်းထုတ်ရလည်း ခက်ခဲနိုင်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့လစာ ၄ လစာ ပေါင် ၉ သန်းကျော်ကို ဆိုင်းငံ့ထားဖို့ သဘောတူညီထားခဲ့ပေမယ့် လက်ရှိအခြေအနေနဲ့ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ တိုးတက်လာနိုင်ခြေအရတော့ အသင်းဥက္ကဌ အန်ဒရီးယား အဂ္ဂနယ်လီအနေနဲ့ ပြန်လည်ပေးချေနိုင်ဖို့ ခက်ခဲနေဦးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဂျူဗင်တပ်စ်တာဝန်ရှိသူတွေအနေနဲ့ သူ့ကို ရွေးချယ်စရာတစ်ခုတော့ ပေးအပ်သွားနိုင်ပြီး လစာလျှော့ယူပြီး သက်တမ်းတိုးမယ့် စာချုပ်သစ်ကို ချုပ်ဆိုသွားဖို့ အဆိုပြုနေသလို ဆိုင်းငံ့ထားတဲ့ လစာကိုတော့ ကျန်ကာလအတွင်းမှာ ထပ်မံပေးချေသွားဖို့ ရှိတယ်လို့ဆိုပြီး ဒါကို လက်မခံရင်တော့ အသင်းကနေ ရောင်းချသွားမယ်လို့လည်း အီတလီက သတင်းတွေက ဆိုပါတယ်။

တခြားဖြစ်နိုင်ခြေအနေနဲ့ကတော့ ရော်နယ်လ်ဒိုအနေနဲ့ အသင်းက ကမ်းလှမ်းမှုကို လက်မခံခဲ့ဘူးဆိုရင်တော့ သူ့ရဲ့ အေးဂျင့် ဂျော့ချ် မန်ဒက်စ်ကို အသင်းသစ် ရှာဖွေခိုင်းဖို့ ရှိနေပြီး သူနဲ့အတူ ကွင်းလယ်လူ ရမ်ဆေးနဲ့ နောက်ခံလူ ဒီလစ်ချ်တို့ကိုလည်း မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားဖွယ်ရှိနေတယ်လို့လည်း ဒေးလီးမေးလ်က ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.