Premier League

ေဘာလုံးသမားဘဝကို ႏွစ္ႏွစ္ထပ္တုိးဖုိ႔ မိန္းမနဲ႔ တုိင္ပင္ခဲ့တဲ့ ဒီဘ႐ိုင္းနား

အိမ္မွာပဲ ေနထိုင္ေနရတဲ့ သီးျခားေနထိုင္ေရးကာလအတြင္းမွာ အရမ္းပဲ ပ်င္းရိညည္းေငြ႕ေနတဲ့ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက သူ႕အေနနဲ႔ မိန္းမျဖစ္သူနဲ႔ တုိင္ပင္ၿပီး ေဘာလုံးသမားဘဝကို ႏွစ္ႏွစ္ထပ္တုိးဖုိ႔ ဆုံးျဖတ္လုိက္ၿပီလို႔ လက္ေရြးစင္အသင္းေဖာ္ေတြကို အင္စတာဂရမ္ကေန ေျပာၾကားလိုက္ပါတယ္။

အင္စတာဂရမ္မွာ Live ျပဳလုပ္တဲ့ အေမးအေျဖမွာ ဒီဘ႐ိုင္းနားဟာ ေဒါ့မြန္ကြင္းလယ္လူ အိတ္ဇယ္ ဝစ္ဆယ္လ္၊ အင္တာမီလန္တုိက္စစ္မွဴး ႐ိုမီလူ လူကာကူးတုိ႔နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ေဘာလုံးမကစားရဘဲ အိမ္မွာ မိသားစုနဲ႔ပဲ အခ်ိန္ကုန္ေနခဲ့ရတာကို စိတ္ပ်က္ေနေၾကာင္းလည္း ညည္းတြားခဲ့ပါတယ္။

“ငါေတာ့ မိန္းမကို ေျပာလုိက္ၿပီ။ ဒီမွာ နည္းနည္းပုိၿပီး ဆက္ကစားဖို႔ေပါ့။ ခုလို အပိတ္ခံထားရတဲ့ ကာလၿပီးရင္ေတာ့ အိမ္မွာ ဆက္မေနႏုိင္ဘူး၊ ငါ သူ႕ကို ေဘာလုံး ႏွစ္ႏွစ္ပုိကစားမယ္လို႔ ေျပာလုိက္တယ္”လုိ႔ သူ႕ရဲ႕ ႏုိင္ငံအသင္းေဖာ္ေတြကို ဒီဘ႐ိုင္းနားက ေျပာၾကားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာ စီးတီးအသင္းနဲ႔လည္း စာခ်ဳပ္သက္တမ္းတိုးႏုိင္ေျခပါ ရွိလာခဲ့ပါတယ္။

ဒီဘ႐ိုင္းနားက သူ႕အေနနဲ႔ ေဘာလုံးျပန္ကစားလို႔ရမယ့္အခ်ိန္ကို သိပ္ေရာက္ခ်င္ေနၿပီး ဒီလိုေနေနရတာ အရမ္းခက္ခဲတယ္လို႔ ဆုိခဲ့သလို လူေတြ ေဘာလုံးကို ခ်စ္တာသိေပမယ့္ ေဘာလုံးဟာ လက္ရွိအခ်ိန္မွာေတာ့ အေရးမႀကီးဘူးျဖစ္ေနတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ခဲ့တဲ့ မတ္လ ၈ ရက္ေန႔မွာ ေနာက္ဆုံးေဘာလုံးပြဲကို ကစားထားတဲ့ ဒီဘ႐ိုင္းနားအေနနဲ႔ ေနာက္ထပ္ကစားဖို႔ ပရီးမီးယားလိဂ္ရဲ႕ ကန္႔သတ္ရက္ျဖစ္တဲ့ ဧၿပီလ ၃၀ အထိ အနည္းဆုံး တစ္လေစာင့္ဆုိင္းရဦးမွာလည္းျဖစ္ၿပီး လူေတြက ဘယ္လ္ဂ်ီယမ္ မျပန္ဘူးလားလို႔ ေမးေနတဲ့ အေပၚမွာလည္း အဂၤလန္မွာ မိသားစုနဲ႔ သီးျခားေနထိုင္ေနရလို႔ျဖစ္ေၾကာင္း ေျဖရွင္းသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အိမ်မှာပဲ နေထိုင်နေရတဲ့ သီးခြားနေထိုင်ရေးကာလအတွင်းမှာ အရမ်းပဲ ပျင်းရိညည်းငွေ့နေတဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက သူ့အနေနဲ့ မိန်းမဖြစ်သူနဲ့ တိုင်ပင်ပြီး ဘောလုံးသမားဘဝကို နှစ်နှစ်ထပ်တိုးဖို့ ဆုံးဖြတ်လိုက်ပြီလို့ လက်ရွေးစင်အသင်းဖော်တွေကို အင်စတာဂရမ်ကနေ ပြောကြားလိုက်ပါတယ်။

အင်စတာဂရမ်မှာ Live ပြုလုပ်တဲ့ အမေးအဖြေမှာ ဒီဘရိုင်းနားဟာ ဒေါ့မွန်ကွင်းလယ်လူ အိတ်ဇယ် ဝစ်ဆယ်လ်၊ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးတို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဘောလုံးမကစားရဘဲ အိမ်မှာ မိသားစုနဲ့ပဲ အချိန်ကုန်နေခဲ့ရတာကို စိတ်ပျက်နေကြောင်းလည်း ညည်းတွားခဲ့ပါတယ်။

“ငါတော့ မိန်းမကို ပြောလိုက်ပြီ။ ဒီမှာ နည်းနည်းပိုပြီး ဆက်ကစားဖို့ပေါ့။ ခုလို အပိတ်ခံထားရတဲ့ ကာလပြီးရင်တော့ အိမ်မှာ ဆက်မနေနိုင်ဘူး၊ ငါ သူ့ကို ဘောလုံး နှစ်နှစ်ပိုကစားမယ်လို့ ပြောလိုက်တယ်”လို့ သူ့ရဲ့ နိုင်ငံအသင်းဖော်တွေကို ဒီဘရိုင်းနားက ပြောကြားခဲ့တာဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့လည်း စာချုပ်သက်တမ်းတိုးနိုင်ခြေပါ ရှိလာခဲ့ပါတယ်။

ဒီဘရိုင်းနားက သူ့အနေနဲ့ ဘောလုံးပြန်ကစားလို့ရမယ့်အချိန်ကို သိပ်ရောက်ချင်နေပြီး ဒီလိုနေနေရတာ အရမ်းခက်ခဲတယ်လို့ ဆိုခဲ့သလို လူတွေ ဘောလုံးကို ချစ်တာသိပေမယ့် ဘောလုံးဟာ လက်ရှိအချိန်မှာတော့ အရေးမကြီးဘူးဖြစ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ နောက်ဆုံးဘောလုံးပွဲကို ကစားထားတဲ့ ဒီဘရိုင်းနားအနေနဲ့ နောက်ထပ်ကစားဖို့ ပရီးမီးယားလိဂ်ရဲ့ ကန့်သတ်ရက်ဖြစ်တဲ့ ဧပြီလ ၃၀ အထိ အနည်းဆုံး တစ်လစောင့်ဆိုင်းရဦးမှာလည်းဖြစ်ပြီး လူတွေက ဘယ်လ်ဂျီယမ် မပြန်ဘူးလားလို့ မေးနေတဲ့ အပေါ်မှာလည်း အင်္ဂလန်မှာ မိသားစုနဲ့ သီးခြားနေထိုင်နေရလို့ဖြစ်ကြောင်း ဖြေရှင်းသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.