Premier League

ေပေပကို ခ်ီးက်ဴးလိုက္ၿပီး ေအာင္ျမင္တဲ့ ကစားသမားတစ္ဦးျဖစ္လာမယ့္လို႔ အာရွာဗင္ ခန္႔မွန္း

အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴးေဟာင္း အန္ဒေရ အာရွာဗင္က သူ႕အေနနဲ႔ ေတာင္ပံကစားသမား နီကုိလတ္စ္ ေပေပရဲ႕ အရည္အေသြးေတြကို ဒီရာသီမွာ ေတြ႕ျမင္ခဲ့ရၿပီး အခ်ိန္အနည္းငယ္ေစာင့္လုိက္တာနဲ႔ အသင္းနဲ႔အတူ ေအာင္ျမင္တဲ့ ကစားသမားႀကီးတစ္ေယာက္ျဖစ္လာမယ္လို႔ ခန္႔မွန္းလုိက္ပါတယ္။

ဒီအသက္ ၂၄ ႏွစ္အရြယ္ အုိင္ဗရီကို႔စ္ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္က ျပင္သစ္လီဂူးဝမ္းမွာ ဥေရာပမွာ ႏွစ္ေယာက္တည္းရွိတဲ့ စံခ်ိန္ကို ဘာစီလိုနာတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီနဲ႔အတူ တင္ရွိႏုိင္ခဲ့သူျဖစ္ၿပီး ဂိုးနဲ႔ ဖန္တီးမွဳ ၁၀ ႀကိမ္ထက္ ေက်ာ္လြန္သူအျဖစ္ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဖန္တီးမွဳ ၁၁ ႀကိမ္ျပဳလုပ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

နည္းျပေဟာင္း အူႏုိင္း အမ္မရီရဲ႕ ကစားကြက္မွာ ေျခစြမ္းမျပႏုိင္ခဲ့တဲ့ ေပေပဟာ နည္းျပသစ္ျဖစ္လာတဲ့ မုိက္ကယ္ အာတီတာလက္ထက္မွာေတာ့ ေျခစြမ္းတုိးတက္လာခဲ့ၿပီး သူဟာ ဒီစပိန္သားရဲ႕ ကစားသမားေတြကို ကိုင္တြယ္တတ္မွဳအရည္အခ်င္းကို သက္ေသျပမွတ္ေက်ာက္တင္ႏုိင္စရာ တစ္ခုလည္းျဖစ္ေနခဲ့ပါတယ္။

“ေပေပက တကယ့္ကၽြမ္းက်င္မွဳျပည့္ဝတဲ့သူပါ။ သူက လ်င္ျမန္ၿပီး ဂိုးသြင္းေကာင္းသူလည္းျဖစ္ပါတယ္။ ေမွ်ာ္လင့္ထားတဲ့ စြမ္းေဆာင္ရည္မ်ဳိး အျပည့္အဝ မရရွိေသးေပမယ့္လည္း အသင္းအတြက္ သူ႕ရဲ႕ အခန္းက႑ကိုလည္း ျပသၿပီးၿပီျဖစ္လို႔ လာမယ့္ရာသီေတြမွာ ပရီးမီးယားလိဂ္ရဲ႕ အႀကီးဆုံး ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာမယ္လို႔ ယုံၾကည္ေနပါတယ္”လို႔ အာရွာဗင္က ေျပာပါတယ္။

ေတာင္ပံတိုက္စစ္မွဴး ေပေပဟာ အာဆင္နယ္အသင္းအတြက္ ဒီရာသီမွာ စုစုေပါင္း ၃၂ ပြဲ ကစားထားခဲ့ရာမွာ ၆ ဂိုးသြင္း ၈ ဂိုးဖန္တီးေပးထားခဲ့ၿပီး နည္းျပ အာတီတာနဲ႔ အသင္းဂႏၴဝင္ေဟာင္း သီယာရီ အြန္နရီတုိ႔ရဲ႕ ေထာက္ခံမွဳကို ရရွိထားၿပီး ဆက္လက္ႀကဳိးစားဖို႔ တုိက္တြန္းခံထားရေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အန်ဒရေ အာရှာဗင်က သူ့အနေနဲ့ တောင်ပံကစားသမား နီကိုလတ်စ် ပေပေရဲ့ အရည်အသွေးတွေကို ဒီရာသီမှာ တွေ့မြင်ခဲ့ရပြီး အချိန်အနည်းငယ်စောင့်လိုက်တာနဲ့ အသင်းနဲ့အတူ အောင်မြင်တဲ့ ကစားသမားကြီးတစ်ယောက်ဖြစ်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဒီအသက် ၂၄ နှစ်အရွယ် အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နှစ်က ပြင်သစ်လီဂူးဝမ်းမှာ ဥရောပမှာ နှစ်ယောက်တည်းရှိတဲ့ စံချိန်ကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့အတူ တင်ရှိနိုင်ခဲ့သူဖြစ်ပြီး ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်ထက် ကျော်လွန်သူအဖြစ် သွင်းဂိုး ၂၂ ဂိုးနဲ့ ဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ကစားကွက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပေပေဟာ နည်းပြသစ်ဖြစ်လာတဲ့ မိုက်ကယ် အာတီတာလက်ထက်မှာတော့ ခြေစွမ်းတိုးတက်လာခဲ့ပြီး သူဟာ ဒီစပိန်သားရဲ့ ကစားသမားတွေကို ကိုင်တွယ်တတ်မှုအရည်အချင်းကို သက်သေပြမှတ်ကျောက်တင်နိုင်စရာ တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

“ပေပေက တကယ့်ကျွမ်းကျင်မှုပြည့်ဝတဲ့သူပါ။ သူက လျင်မြန်ပြီး ဂိုးသွင်းကောင်းသူလည်းဖြစ်ပါတယ်။ မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်မျိုး အပြည့်အဝ မရရှိသေးပေမယ့်လည်း အသင်းအတွက် သူ့ရဲ့ အခန်းကဏ္ဍကိုလည်း ပြသပြီးပြီဖြစ်လို့ လာမယ့်ရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ အကြီးဆုံး ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်”လို့ အာရှာဗင်က ပြောပါတယ်။

တောင်ပံတိုက်စစ်မှူး ပေပေဟာ အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ စုစုပေါင်း ၃၂ ပွဲ ကစားထားခဲ့ရာမှာ ၆ ဂိုးသွင်း ၈ ဂိုးဖန်တီးပေးထားခဲ့ပြီး နည်းပြ အာတီတာနဲ့ အသင်းဂန္ထဝင်ဟောင်း သီယာရီ အွန်နရီတို့ရဲ့ ထောက်ခံမှုကို ရရှိထားပြီး ဆက်လက်ကြိုးစားဖို့ တိုက်တွန်းခံထားရကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.