Premier League

အသက် ၃၀ ကျော်မှာ မီးစာကုန်ဆီခမ်းမဖြစ်ပဲ နှစ်ချို့ဝိုင်ဖြစ်လာတဲ့ ကမ္ဘာ့ထိပ်သီးကစားသမား ၅ဦး

အန်ဂိုလို ကွန်တေ
ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်ကစားသမားအဖြစ် မက်ခေလေလေနဲ့ နှိုင်းယှဥ်ခံထားရတဲ့ ကွန်တေဟာ တူဟယ်လ်လက်အောက်က ချယ်လ်ဆီးရဲ့ အလင်းခေတ်မှာ အတောက်ပဆုံး လင်းလက်နေတာကို တွေ့ရမှာပါ။

အသက် ၃၀ အရွယ်မှာ မခိုမကပ်ဘဲ မာန်အပြည့်၊ ပေါက်ကွဲအားအပြည့်နဲ့ တကွင်းလုံး နေရာအနှံ့ ပြေးလွှားနေတဲ့ “ကြွက်ကလေး” ရဲ့ စိတ်ဓာတ်ခွန်အား၊ ဇွဲသန်မှု၊ သက်လုံအား၊ စိတ်ပိုင်းဖြတ်နိုင်မှုတွေက ဘယ်ကစားသမားမှ လိုက်မမီနိုင်တာ ဖြစ်သလို လာမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ပပ်ရဲ့မန်စီးတီးကို ဒုက္ခအပေးနိုင်ဆုံးလူက ကွန်တေလို့ သတ်မှတ်ခံထားရပါတယ်။

ကာရင်မ် ဘန်ဇီမာ
ရီးရဲလ်အတွက် ခက်ခဲတဲ့ရာသီမှာ ပခုံးထမ်းတင်ခဲ့တဲ့ ဘန်ဇီမာက အသက် ၃၃ နှစ်အရွယ်နဲ့မလိုက်အောင် ဒီနှစ်ရဲ့ ကစားပုံက ဖျတ်လတ်တက်ကြွနေပြီး လူငယ်တဦးလို အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်နေတယ်။

ရီးရဲလ်ကို နောက်ဆုံးမိနစ်အထိ လာလီဂါဖလားကို မျှော်လင့်ခွင့်ပေးခဲ့သူလည်း ဖြစ်သလို အသင်းရဲ့ ဖလားလက်မဲ့ရာသီကို ဖြတ်ရချိန်မှာ ပြင်သစ်တိုက်စစ်မှူးဟာ ၂၉ ဂိုးအထိ သွင်းယူထားတာကို သေချာပေါက်ချီးကျူးရမှာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒို
ကစားသမားဘဝ ၇၇၇ ဂိုးပြည့်မြောက်ခဲ့တဲ့ စီဒိုက သာမန်ထက် ထူးခြားမှုကို ဖော်ဆောင်ခဲ့တာက မတူညီတဲ့ အသင်း ၃ သင်းနဲ့အတူ ရာပြည့်ဂိုးမှတ်တိုင်ကို စိုက်ထူခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းရဲ့ သွင်းဂိုး ၁၀၃ အထိ စွမ်းဆောင်ထားတာပါ။

မက်ဆီနဲ့ အားပြိုင်မှုမှာ ဘလွန်ဒေါ ၅ ဆုရှင်ဖြစ်ခဲ့ပြီး အင်ဂျင်မကျသေးတဲ့ ဂိုးသွင်းစက်တလုံးအဖြစ် ရပ်တည်နေသလို ဒီရာသီ စီးရီးအေရွှေဖိနပ်ဆုနဲ့ အတော်ဆုံးသူအဖြစ် ဆွတ်ခူးနိုင်တော့မယ့်နောက် လာမယ့်ရာသီမှာတော့ သူ့ရဲ့အသင်းသစ်က ဘယ်အသင်းဖြစ်မလဲလို့ စိတ်ဝင်စားဖို့ကောင်းနေတယ်။

လီယွန်နယ် မက်ဆီ
၃၃ နှစ်အရွယ် မက်ဆီကတော့ ထူးပြီးပြောနေစရာကို မလိုအောင် ထာဝရအကောင်းဆုံးအဖြစ် သတ်မှတ်ချက်အရ ဘလွန်ဒေါ ၆ ဆုရှင်ဖြစ်သလို ဒီရာသီ ဘာစီလိုနာရဲ့ လာလီဂါအိပ်မက်ကို အသက်သွင်းပေးခဲ့ပေမယ့် တေ့လွဲလွဲချော်ခဲ့ရတယ်။

သူရဲ့ ငယ်မူငယ်သွေးကိုအခုနှစ်မှာ ပြန်မြင်ရတာဟာ ဘာစီလိုနာပရိသတ်တွေအတွက် အားရစရာကြီးပါ။ ကိုပါဒယ်ရေးဖလားကို ကိုင်​​မြှောက်ခဲ့သလို မက်ဆီက ၃၅ ပွဲကစားရာမှာ ဂိုး ၃၀ အထိသွင်းပြီး ၉ ဂိုးဖန်တီးထားခဲ့တယ်။

ရောဘတ် လီဝန်ဒေါစကီး
အသက် ၃၂ နှစ်သားဟာ လက်ရှိအနေအထားမှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ညွှန်းဆိုခံထားရသလို ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်မြူးနစ်အတွက် ဖလား ၃ လုံးချန်ပီယံဖြစ်စေခဲ့သလို ဒီရာသီမှာလည်း ဘွန်ဒက်လီဂါ ၂၈ ပွဲကစား၊ ဂိုး ၄၀ အထိသွင်းထားတာက ဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်နေတာပါ။

ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ဖို့ တဂိုးသာလိုတော့သလို ဒီရာသီ သူမပါဝင်နိုင်ခဲ့တဲ့ ချန်​ပီယဲလိဂ်မှာ ဘိုင်ယန်က ကွာတားကို မကျော်နိုင်ခဲ့သလို ထိုးနှက်ချက်ဖြစ်ခဲ့ပေမယ့် တဦးချင်းအကောင်းဆုံးဆုတွေကို သိမ်းပိုက်ဖို့ လုံလောက်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္ဂိုလို ကြန္ေတ
ကမာၻ႔အေကာင္းဆုံး ကြင္းလယ္အဖ်က္ကစားသမားအျဖစ္ မက္ေခေလေလနဲ႔ ႏႈိင္းယွဥ္ခံထားရတဲ့ ကြန္ေတဟာ တူဟယ္လ္လက္ေအာက္က ခ်ယ္လ္ဆီးရဲ႕ အလင္းေခတ္မွာ အေတာက္ပဆုံး လင္းလက္ေနတာကို ေတြ႕ရမွာပါ။

အသက္ ၃၀ အ႐ြယ္မွာ မခိုမကပ္ဘဲ မာန္အျပည့္၊ ေပါက္ကြဲအားအျပည့္နဲ႔ တကြင္းလုံး ေနရာအႏွံ႔ ေျပးလႊားေနတဲ့ “ႂကြက္ကေလး” ရဲ႕ စိတ္ဓာတ္ခြန္အား၊ ဇြဲသန္မႈ၊ သက္လုံအား၊ စိတ္ပိုင္းျဖတ္ႏိုင္မႈေတြက ဘယ္ကစားသမားမွ လိုက္မမီႏိုင္တာ ျဖစ္သလို လာမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာလည္း ပပ္ရဲ႕မန္စီးတီးကို ဒုကၡအေပးႏိုင္ဆုံးလူက ကြန္ေတလို႔ သတ္မွတ္ခံထားရပါတယ္။

ကာရင္မ္ ဘန္ဇီမာ
ရီးရဲလ္အတြက္ ခက္ခဲတဲ့ရာသီမွာ ပခုံးထမ္းတင္ခဲ့တဲ့ ဘန္ဇီမာက အသက္ ၃၃ ႏွစ္အ႐ြယ္နဲ႔မလိုက္ေအာင္ ဒီႏွစ္ရဲ႕ ကစားပုံက ဖ်တ္လတ္တက္ႂကြေနၿပီး လူငယ္တဦးလို အသင္းတိုက္စစ္ပိုင္းကို ဦးေဆာင္ေနတယ္။

ရီးရဲလ္ကို ေနာက္ဆုံးမိနစ္အထိ လာလီဂါဖလားကို ေမွ်ာ္လင့္ခြင့္ေပးခဲ့သူလည္း ျဖစ္သလို အသင္းရဲ႕ ဖလားလက္မဲ့ရာသီကို ျဖတ္ရခ်ိန္မွာ ျပင္သစ္တိုက္စစ္မႉးဟာ ၂၉ ဂိုးအထိ သြင္းယူထားတာကို ေသခ်ာေပါက္ခ်ီးက်ဴးရမွာပါ။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို
ကစားသမားဘဝ ၇၇၇ ဂိုးျပည့္ေျမာက္ခဲ့တဲ့ စီဒိုက သာမန္ထက္ ထူးျခားမႈကို ေဖာ္ေဆာင္ခဲ့တာက မတူညီတဲ့ အသင္း ၃ သင္းနဲ႔အတူ ရာျပည့္ဂိုးမွတ္တိုင္ကို စိုက္ထူခဲ့တာျဖစ္ၿပီး ေပၚတူဂီအသင္းရဲ႕ သြင္းဂိုး ၁၀၃ အထိ စြမ္းေဆာင္ထားတာပါ။

မက္ဆီနဲ႔ အားၿပိဳင္မႈမွာ ဘလြန္ေဒါ ၅ ဆုရွင္ျဖစ္ခဲ့ၿပီး အင္ဂ်င္မက်ေသးတဲ့ ဂိုးသြင္းစက္တလုံးအျဖစ္ ရပ္တည္ေနသလို ဒီရာသီ စီးရီးေအေ႐ႊဖိနပ္ဆုနဲ႔ အေတာ္ဆုံးသူအျဖစ္ ဆြတ္ခူးႏိုင္ေတာ့မယ့္ေနာက္ လာမယ့္ရာသီမွာေတာ့ သူ႔ရဲ႕အသင္းသစ္က ဘယ္အသင္းျဖစ္မလဲလို႔ စိတ္ဝင္စားဖို႔ေကာင္းေနတယ္။

လီယြန္နယ္ မက္ဆီ
၃၃ ႏွစ္အ႐ြယ္ မက္ဆီကေတာ့ ထူးၿပီးေျပာေနစရာကို မလိုေအာင္ ထာဝရအေကာင္းဆုံးအျဖစ္ သတ္မွတ္ခ်က္အရ ဘလြန္ေဒါ ၆ ဆုရွင္ျဖစ္သလို ဒီရာသီ ဘာစီလိုနာရဲ႕ လာလီဂါအိပ္မက္ကို အသက္သြင္းေပးခဲ့ေပမယ့္ ေတ့လြဲလြဲေခ်ာ္ခဲ့ရတယ္။

သူရဲ႕ ငယ္မူငယ္ေသြးကိုအခုႏွစ္မွာ ျပန္ျမင္ရတာဟာ ဘာစီလိုနာပရိသတ္ေတြအတြက္ အားရစရာႀကီးပါ။ ကိုပါဒယ္ေရးဖလားကို ကိုင္​​ေျမႇာက္ခဲ့သလို မက္ဆီက ၃၅ ပြဲကစားရာမွာ ဂိုး ၃၀ အထိသြင္းၿပီး ၉ ဂိုးဖန္တီးထားခဲ့တယ္။

ေရာဘတ္ လီဝန္ေဒါစကီး
အသက္ ၃၂ ႏွစ္သားဟာ လက္ရွိအေနအထားမွာ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္ ၫႊန္းဆိုခံထားရသလို ၿပီးခဲ့တဲ့ ရာသီက ဘိုင္ယန္ျမဴးနစ္အတြက္ ဖလား ၃ လုံးခ်န္ပီယံျဖစ္ေစခဲ့သလို ဒီရာသီမွာလည္း ဘြန္ဒက္လီဂါ ၂၈ ပြဲကစား၊ ဂိုး ၄၀ အထိသြင္းထားတာက ဒီဂုဏ္ပုဒ္နဲ႔ ထိုက္တန္ေနတာပါ။

ဂတ္မူလာရဲ႕ ဂိုးသြင္းစံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ တဂိုးသာလိုေတာ့သလို ဒီရာသီ သူမပါဝင္ႏိုင္ခဲ့တဲ့ ခ်န္​ပီယဲလိဂ္မွာ ဘိုင္ယန္က ကြာတားကို မေက်ာ္ႏိုင္ခဲ့သလို ထိုးႏွက္ခ်က္ျဖစ္ခဲ့ေပမယ့္ တဦးခ်င္းအေကာင္းဆုံးဆုေတြကို သိမ္းပိုက္ဖို႔ လုံေလာက္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.