Premier League Transfer News

23 May နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ပြိုင်ဘက်အဖြစ် တွေ့ဆုံနေတဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပေါ်တောရက်စ်ကို ခေါ်ယူချင်တယ်ဆိုရင် လာမယ့် မေလမကုန်ခင်မှာ ခေါ်ယူသင့်ပြီး နွေရာသီဈေးကွက်မှာ ပေါင် ၁၄ သန်း ထပ်မံ မြင့်တက်သွားဖို့ ရှိနေတဲ့ စာချုပ်ဖျက်သိမ်းကြေးအရ အလျင်အမြန် ကမ်းလှမ်းရဖို့ရှိနေ။

– ဂျေဒန် ဆန်ချိုအနေနဲ့ တခြားပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ပုဂ္ဂိုလ်ရေး သဘောတူညီပြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကိုပဲ ပြောင်းရွှေ့လိုနေပြီး ဒေါ့မွန်ရဲ့ နောက်ဆုံးဈေး ပေါင် ၇၇ သန်းကိုတော့ အိုးလ်ထရက်ဖို့ဒ်ဘက်က ပေးချေမလားပဲ စောင့်ကြည့်ရဖို့ရှိနေ။

– ပိုလန်နိုင်ငံ ဂဒန့်စ်က ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် ယူနိုက်တက်အသင်းခေါင်းဆောင်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားအနေနဲ့ လွဲချော်ဖို့ သတင်းတွေပဲ ကြားနေရချိန်မှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ သူ့ရဲ့ ပြိုင်ဘက်ဧရိယာထဲမှာရော မိမိဧရိယာထဲမှာပါ ကြီးကြီးမားမား အကျိုးသက်ရောက်နိုင်မှုကို ဆုံးရှုံးရတာကို စိတ်မသက်သာဘူးလို့ ဝန်ခံသွား။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ စကော့ မက်တော်မီနေးက သူဟာ အသင်းအတွက် လုံလောက်မှု မရှိဘူးဆိုတဲ့ ရွိုင်းကီးန်ရဲ့ ဝေဖန်မှုကို ဂရုမစိုက်ကြောင်းနဲ့ သူ့မှာလည်း ထင်ရာပြောခွင့်ရှိကြောင်း တုံ့ပြန်လိုက်ပြီး မိမိရဲ့ နာမည်ကို ဆာအဲလက်စ်ဖာဂူဆန်လို လူမျိုးက စကားထဲ ထည့်ပြောတာကိုပဲ တလေးတစား နားထောင်ရမှာဖြစ်တယ်လို့ တန်ပြန်ထိုးနှက်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ တိုက်စစ်မှူး ဒန်နီအင်းစ်က ဆောက်သမ်တန်အသင်းနဲ့အတူ ရာသီကုန်မှာ လှလှပပ ပိတ်သိမ်းနိုင်ဖို့ပဲ အာရုံစိုက်နေတယ်လို့ ဆိုလိုက်ပြီး အပြောင်းအရွှေ့သတင်းတွေကို ပြီးမှ စဉ်းစားမယ်လို့ ပြောကြားသွား။

– ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို ကျေနပ်ပြီး လက်ရှိကစားဟန်နဲ့ တင်းတိမ်မနေသင့်ဘဲ ဖာနန်ဒက်စ်လို ဂိုးသွင်းမလား၊ ဒီဘရိုင်းနားလို ဖန်တီးပေးမလား၊ ကွန်တေလို အဖျက်တစ်ပေါက် လျှမ်းလျှမ်းတောက်လုပ်မလားဆိုတာ ပြတ်သားသင့်ပြီဖြစ်ပြီး တစ်ရာသီသွင်းဂိုး ၂၀ မသွင်းနိုင်ရင် ဖန်တီးမှုအကြိမ် ၂၀ လုပ်ဖို့ အိုဝင် ဟားဂရိဗ်စ် တိုက်တွန်း။

– လီဗာပူးလ်နဲ့ပွဲမှာ အမှားများခဲ့ပြီး နေရာဖယ်ပေးခဲ့ရတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်အစား ဒေးဗစ် ဒဟေးယားကိုပဲ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဆက်လက်သုံးစွဲသွားဖို့ဟာ အသင်းရဲ့ ခံစစ်တည်ငြိမ်မှုအတွက် အရေးပါပြီး မိမိအနေနဲ့ ခဏခဏ အပြောင်းအလဲလုပ်လို့မဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှား ဝန်ခံသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းထက် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းတို့ကို ပိုမိုလိုအပ်ပြီး ပေါင်သန်း ၁၅၀ ဘတ်ဂျက်ကို ပါးပါးနပ်နပ်သုံးစွဲနိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ရရှိနိုင်တယ်လို့ အင်္ဂလန်ကပ္ပတိန်ကို လက်လွှတ်ဖို့ ဟားဂရိဗ်စ် တိုက်တွန်း။

– ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူနဲ့ အူဒီးနီးစ်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ လက်ရှိ နာပိုလီ ကွင်းလယ်လူ ပျိုတာ ဇီလင်စကီးနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ထပ်ပြီးအတူကစားလိုကြောင်း ပြောကြားလိုက်ပြီး ပိုလန်သားဟာ သူ့ထက် နည်းစနစ်ပိုင်းအရ ပိုမိုကောင်းမွန်တယ်လို့ ချီးကျူးသွား။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကာလကြာရှည်ကစားဖို့လည်း ဖြစ်နိုင်ပေမယ့် နိုင်ငံရပ်ခြားကို ထွက်ခွာကစားပြီး အသင်းပြောင်းရွှေ့ဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးလို့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပြောကြားသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာပရိသတ်လို့ ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္မွာ ၿပိဳင္ဘက္အျဖစ္ ေတြ႕ဆုံေနတဲ့ ဗီလာရီးရဲလ္ေနာက္ခံလူ ေပၚေတာရက္စ္ကို ေခၚယူခ်င္တယ္ဆိုရင္ လာမယ့္ ေမလမကုန္ခင္မွာ ေခၚယူသင့္ၿပီး ေႏြရာသီေဈးကြက္မွာ ေပါင္ ၁၄ သန္း ထပ္မံ ျမင့္တက္သြားဖို႔ ရွိေနတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးအရ အလ်င္အျမန္ ကမ္းလွမ္းရဖို႔ရွိေန။

– ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ တျခားပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ကမ္းလွမ္းမႈေတြ ရွိေနေပမယ့္ ပုဂၢိဳလ္ေရး သေဘာတူညီၿပီးျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကိုပဲ ေျပာင္းေ႐ႊ႕လိုေနၿပီး ေဒါ့မြန္ရဲ႕ ေနာက္ဆုံးေဈး ေပါင္ ၇၇ သန္းကိုေတာ့ အိုးလ္ထရက္ဖို႔ဒ္ဘက္က ေပးေခ်မလားပဲ ေစာင့္ၾကည့္ရဖို႔ရွိေန။

– ပိုလန္ႏိုင္ငံ ဂဒန႔္စ္က ယူ႐ိုပါလိဂ္ဖိုင္နယ္ပြဲစဥ္အတြက္ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ လြဲေခ်ာ္ဖို႔ သတင္းေတြပဲ ၾကားေနရခ်ိန္မွာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကေတာ့ သူ႔ရဲ႕ ၿပိဳင္ဘက္ဧရိယာထဲမွာေရာ မိမိဧရိယာထဲမွာပါ ႀကီးႀကီးမားမား အက်ိဳးသက္ေရာက္ႏိုင္မႈကို ဆုံးရႈံးရတာကို စိတ္မသက္သာဘူးလို႔ ဝန္ခံသြား။

– မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးက သူဟာ အသင္းအတြက္ လုံေလာက္မႈ မရွိဘူးဆိုတဲ့ ႐ြိဳင္းကီးန္ရဲ႕ ေဝဖန္မႈကို ဂ႐ုမစိုက္ေၾကာင္းနဲ႔ သူ႔မွာလည္း ထင္ရာေျပာခြင့္ရွိေၾကာင္း တုံ႔ျပန္လိုက္ၿပီး မိမိရဲ႕ နာမည္ကို ဆာအဲလက္စ္ဖာဂူဆန္လို လူမ်ိဳးက စကားထဲ ထည့္ေျပာတာကိုပဲ တေလးတစား နားေထာင္ရမွာျဖစ္တယ္လို႔ တန္ျပန္ထိုးႏွက္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ တိုက္စစ္မႉး ဒန္နီအင္းစ္က ေဆာက္သမ္တန္အသင္းနဲ႔အတူ ရာသီကုန္မွာ လွလွပပ ပိတ္သိမ္းႏိုင္ဖို႔ပဲ အာ႐ုံစိုက္ေနတယ္လို႔ ဆိုလိုက္ၿပီး အေျပာင္းအေ႐ႊ႕သတင္းေတြကို ၿပီးမွ စဥ္းစားမယ္လို႔ ေျပာၾကားသြား။

– ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ ကမာၻ႔အဆင့္ကစားသမားတစ္ဦးဆိုတဲ့ ဂုဏ္ပုဒ္ကို ေက်နပ္ၿပီး လက္ရွိကစားဟန္နဲ႔ တင္းတိမ္မေနသင့္ဘဲ ဖာနန္ဒက္စ္လို ဂိုးသြင္းမလား၊ ဒီဘ႐ိုင္းနားလို ဖန္တီးေပးမလား၊ ကြန္ေတလို အဖ်က္တစ္ေပါက္ လွ်မ္းလွ်မ္းေတာက္လုပ္မလားဆိုတာ ျပတ္သားသင့္ၿပီျဖစ္ၿပီး တစ္ရာသီသြင္းဂိုး ၂၀ မသြင္းႏိုင္ရင္ ဖန္တီးမႈအႀကိမ္ ၂၀ လုပ္ဖို႔ အိုဝင္ ဟားဂရိဗ္စ္ တိုက္တြန္း။

– လီဗာပူးလ္နဲ႔ပြဲမွာ အမွားမ်ားခဲ့ၿပီး ေနရာဖယ္ေပးခဲ့ရတဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္အစား ေဒးဗစ္ ဒေဟးယားကိုပဲ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ဆက္လက္သုံးစြဲသြားဖို႔ဟာ အသင္းရဲ႕ ခံစစ္တည္ၿငိမ္မႈအတြက္ အေရးပါၿပီး မိမိအေနနဲ႔ ခဏခဏ အေျပာင္းအလဲလုပ္လို႔မျဖစ္ေၾကာင္း နည္းျပ ဆိုးလ္ရွား ဝန္ခံသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တိုက္စစ္မႉး ဟာရီကိန္းထက္ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းတို႔ကို ပိုမိုလိုအပ္ၿပီး ေပါင္သန္း ၁၅၀ ဘတ္ဂ်က္ကို ပါးပါးနပ္နပ္သုံးစြဲႏိုင္ရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုလည္း ရရွိႏိုင္တယ္လို႔ အဂၤလန္ကပၸတိန္ကို လက္လႊတ္ဖို႔ ဟားဂရိဗ္စ္ တိုက္တြန္း။

– ယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က သူနဲ႔ အူဒီးနီးစ္အသင္းမွာ တြဲဖက္ကစားခဲ့ဖူးတဲ့ လက္ရွိ နာပိုလီ ကြင္းလယ္လူ ပ်ိဳတာ ဇီလင္စကီးနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ထပ္ၿပီးအတူကစားလိုေၾကာင္း ေျပာၾကားလိုက္ၿပီး ပိုလန္သားဟာ သူ႔ထက္ နည္းစနစ္ပိုင္းအရ ပိုမိုေကာင္းမြန္တယ္လို႔ ခ်ီးက်ဴးသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ပရီးမီးယားလိဂ္မွာ ကာလၾကာရွည္ကစားဖို႔လည္း ျဖစ္ႏိုင္ေပမယ့္ ႏိုင္ငံရပ္ျခားကို ထြက္ခြာကစားၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔ဆိုတာကလည္း မျဖစ္ႏိုင္တဲ့ ကိစၥမ်ိဳးေတာ့ မဟုတ္ဘူးလို႔ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ေျပာၾကားသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာပရိသတ္လို႔ ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.