Premier League

23 May နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

၆ ရက်သာခွာပြီး ကစားရမယ့် ဖိအားများလွန်းတဲ့ ဗီလာ၊ မန်စီးတီးတို့နဲ့ပွဲစဥ်တွေမှာ ချယ်လ်ဆီးရဲ့အစွမ်းကို မြင်တွေ့ရလိမ့်မယ်လို့ တူဟယ်လ်က ကြုံးဝါးသွားခဲ့ပြီး ဖိအားရှိလေ ​ဒီမောင်တွေရဲ့အကြိုက်ဖြစ်လေပဲလို့ ချယ်လ်ဆီးအသင်းသားတွေအတွက်ပါ အပြည့်အဝ ယုံကြည်နေ။

လက်စတာကို အလဲထိုးခဲ့တဲ့ပွဲစဥ်မှာ အသင်းသားတွေရဲ့ ရန်စောင်မှုကို မထိန်းချုပ်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အမှတ်လျှော့ပြစ်ဒဏ်ကျခံရဖွယ် ရှိနေတယ်လို့ သိရပြီး ၂၀၁၆ ခုနှစ်က စပါးစ်အသင်းနဲ့ ပြဿနာတက်ခဲ့တဲ့ ဖြစ်ရပ်တုန်းကလို စည်းကမ်းမလိုက်နာမှုကြောင့် ဒဏ်ကြေးပါ ပေးဆောင်ရဖွယ်ရှိနေသလို အင်္ဂါနေ့အထိ အယူခံဝင်ခွင့်ရထား။

ဒီနေ့ည ၉ နာရီခွဲမှာ တပြိုင်တည်းကစားကြမယ့် ပရီးမီးယားလိဂ်ရာသီအပိတ် ပွဲစဥ် ၃၈ အပြီးမှာ ထင်မှတ်မထားတဲ့ ဇာတ်လမ်းမျိုးစုံနဲ့ ကြိုးခုန်တော့မယ်လို့ ပေါလ်မာဆန်က မှတ်ချက်ပေးသွားခဲ့ပြီး ချယ်လ်ဆီးနဲ့ လက်စတာကသာ အဆင့် ၄ တိုက်ပွဲအတွက် အဆင့်မီပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရသင့်ကာ လီဗာပူးလ်အသင်းရဲ့ခြေစွမ်းဟာ ဥရောပတန်းဝင်ဖို့ မထိုက်တန်ဘူးလို့ဆို။

ဒီနေ့ည ဗီလာပါ့ခ်မှာကစားမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ အက်စတန် ဗီလာရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ် ဝင်ကစားနိုင်မယ်လို့ သိရပြီး မက်တီကက်ရှ်၊ မော်ဂန် ဆန်ဆန်၊ ထရာဇီဂေးနဲ့အတူ စာချုပ်အရ ဝင်ကစားခွင့်မရှိတဲ့ ချယ်လ်ဆီးက အငှားကစားသမား ရော့စ်ဘာကလေတို့ လွဲချော်မယ်လို့ ဗီလာနည်းပြဒင်းန်စမစ်သ်အတည်ပြု။

ဗီလာကွင်းမှာ အိမ်ကွင်းပရိသတ်အားနဲ့ ရင်ဆိုင်ကစားရမှာဟာ မိမိတို့အသင်းအတွက် ထိုးနှက်မှုဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြတူဟယ်လ်က ဝန်ခံသွားခဲ့ပြီး မဖြစ်မနေ အနိုင်ကန်ရမယ့်ပွဲဟာ ဗီလာပရိသတ်ကြောင့် ပိုမိုခက်ခဲသွားဖွယ် ရှိနေပေမယ့် အဆင့် ၄ ဝင်ရေးအတွက်တော့ လန်ဒန်ပရိသတ်တွေ စိတ်ချထားဖို့ အာမခံသွားခဲ့။

ဗီလာနဲ့ပွဲကို ဗဟိုခံစစ်မှူး ခရစ္စတန်ဆန်လိုက်ပါနိုင်မယ်လို့ တူဟယ်လ်က အတည်ပြုသွားခဲ့ပြီး အန်ဂိုလို ကွန်တေရဲ့ တံကောက်ကြောဒဏ်ရာက ဒီပွဲအတွက် ဝင်ကစားနိုင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်းနဲ့ ဒဏ်ရာစစ်ဆေးမှုမှာ အဖြေမရေရာသေးတဲ့ ခိုင်ဟာဗတ်ဇ်ဟာလည်း အမှတ်မထင်လွဲချော်ဖို့ ရှိနေကြောင်းပြောသွားခဲ့။

ဝက်စ်ဟမ်းကွင်းလယ်လူ ဒေကလန်ရိုက်စ်အတွက် တိုက်စစ်မှူး တန်မီ အေဘရာဟမ်ကို အလိုက်ပေးသွားဖွယ်ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ ရိုက်စ်ကို မဖြစ်မနေ ခေါ်ယူပေးဖို့ တူဟယ်ရဲ့ တောင်းဆိုမှုအရ ရိုက်စ်ရဲ့ ပေါင်သန်း ၉၀ တန်​ကြေးကို အေဘရာဟမ်ကို ပေါင်သန်း ၄၀ သတ်မှတ်ပြီး ချိန်းတောင်းလုပ်သွားဖို့ရှိနေ။

ဒီနေ့ပွဲမှာ ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ လူစာရင်း အပြောင်းအလဲ ၄ နေရာအထိ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သိရပြီး ဂိုးသမားမန်ဒီ၊ ကွင်းလယ်တိုက်စစ်မှူး ဇီးယက်ရှ်နဲ့ ရီးစ်ဂျိမ်းစ်တို့ကို ပထမလူစာရင်းမှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေသလို ကွန်တေမပါတဲ့ ကွင်းလယ်မှာ ကိုဗာချစ်က ဂျော်ဂျင်ဟိုနဲ့ တွဲဖက်လာမှာဖြစ်။

ချယ်လ်ဆီးအသင်းကနေ ဗီလာအသင်းကို အငှားချထားတဲ့ ရော့စ်ဘာကလေဟာ လန်ဒန်ကဘားတခုမှာ ဘားဝန်ထမ်းတွေကို ပြဿနာရှာခဲ့လို့ မောင်းထုတ်ခံခဲ့ရတယ်လို့ သိရပြီး ချယ်လ်ဆီးနဲ့ ဗီလာကစားမယ့် ပရီးမီးယားလိဂ်အပိတ်ပွဲမှာ ဝင်ကစားခွင့်မရလို့ စိတ်အချဥ်ပေါက်နေခြင်းဖြစ်ကြောင်းလည်း မှတ်ချက်အပေးခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

၆ ရက္သာခြာၿပီး ကစားရမယ့္ ဖိအားမ်ားလြန္းတဲ့ ဗီလာ၊ မန္စီးတီးတို႔နဲ႔ပြဲစဥ္ေတြမွာ ခ်ယ္လ္ဆီးရဲ႕အစြမ္းကို ျမင္ေတြ႕ရလိမ့္မယ္လို႔ တူဟယ္လ္က ႀကဳံးဝါးသြားခဲ့ၿပီး ဖိအားရွိေလ ​ဒီေမာင္ေတြရဲ႕အႀကိဳက္ျဖစ္ေလပဲလို႔ ခ်ယ္လ္ဆီးအသင္းသားေတြအတြက္ပါ အျပည့္အဝ ယုံၾကည္ေန။

လက္စတာကို အလဲထိုးခဲ့တဲ့ပြဲစဥ္မွာ အသင္းသားေတြရဲ႕ ရန္ေစာင္မႈကို မထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ အမွတ္ေလွ်ာ့ျပစ္ဒဏ္က်ခံရဖြယ္ ရွိေနတယ္လို႔ သိရၿပီး ၂၀၁၆ ခုႏွစ္က စပါးစ္အသင္းနဲ႔ ျပႆနာတက္ခဲ့တဲ့ ျဖစ္ရပ္တုန္းကလို စည္းကမ္းမလိုက္နာမႈေၾကာင့္ ဒဏ္ေၾကးပါ ေပးေဆာင္ရဖြယ္ရွိေနသလို အဂၤါေန႔အထိ အယူခံဝင္ခြင့္ရထား။

ဒီေန႔ည ၉ နာရီခြဲမွာ တၿပိဳင္တည္းကစားၾကမယ့္ ပရီးမီးယားလိဂ္ရာသီအပိတ္ ပြဲစဥ္ ၃၈ အၿပီးမွာ ထင္မွတ္မထားတဲ့ ဇာတ္လမ္းမ်ိဳးစုံနဲ႔ ႀကိဳးခုန္ေတာ့မယ္လို႔ ေပါလ္မာဆန္က မွတ္ခ်က္ေပးသြားခဲ့ၿပီး ခ်ယ္လ္ဆီးနဲ႔ လက္စတာကသာ အဆင့္ ၄ တိုက္ပြဲအတြက္ အဆင့္မီၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရသင့္ကာ လီဗာပူးလ္အသင္းရဲ႕ေျခစြမ္းဟာ ဥေရာပတန္းဝင္ဖို႔ မထိုက္တန္ဘူးလို႔ဆို။

ဒီေန႔ည ဗီလာပါ့ခ္မွာကစားမယ့္ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ အက္စတန္ ဗီလာရဲ႕ အသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္ ဝင္ကစားႏိုင္မယ္လို႔ သိရၿပီး မက္တီကက္ရွ္၊ ေမာ္ဂန္ ဆန္ဆန္၊ ထရာဇီေဂးနဲ႔အတူ စာခ်ဳပ္အရ ဝင္ကစားခြင့္မရွိတဲ့ ခ်ယ္လ္ဆီးက အငွားကစားသမား ေရာ့စ္ဘာကေလတို႔ လြဲေခ်ာ္မယ္လို႔ ဗီလာနည္းျပဒင္းန္စမစ္သ္အတည္ျပဳ။

ဗီလာကြင္းမွာ အိမ္ကြင္းပရိသတ္အားနဲ႔ ရင္ဆိုင္ကစားရမွာဟာ မိမိတို႔အသင္းအတြက္ ထိုးႏွက္မႈျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္က ဝန္ခံသြားခဲ့ၿပီး မျဖစ္မေန အႏိုင္ကန္ရမယ့္ပြဲဟာ ဗီလာပရိသတ္ေၾကာင့္ ပိုမိုခက္ခဲသြားဖြယ္ ရွိေနေပမယ့္ အဆင့္ ၄ ဝင္ေရးအတြက္ေတာ့ လန္ဒန္ပရိသတ္ေတြ စိတ္ခ်ထားဖို႔ အာမခံသြားခဲ့။

ဗီလာနဲ႔ပြဲကို ဗဟိုခံစစ္မႉး ခရစၥတန္ဆန္လိုက္ပါႏိုင္မယ္လို႔ တူဟယ္လ္က အတည္ျပဳသြားခဲ့ၿပီး အန္ဂိုလို ကြန္ေတရဲ႕ တံေကာက္ေၾကာဒဏ္ရာက ဒီပြဲအတြက္ ဝင္ကစားႏိုင္ဖို႔ အဆင္သင့္မျဖစ္ေသးေၾကာင္းနဲ႔ ဒဏ္ရာစစ္ေဆးမႈမွာ အေျဖမေရရာေသးတဲ့ ခိုင္ဟာဗတ္ဇ္ဟာလည္း အမွတ္မထင္လြဲေခ်ာ္ဖို႔ ရွိေနေၾကာင္းေျပာသြားခဲ့။

ဝက္စ္ဟမ္းကြင္းလယ္လူ ေဒကလန္႐ိုက္စ္အတြက္ တိုက္စစ္မႉး တန္မီ ေအဘရာဟမ္ကို အလိုက္ေပးသြားဖြယ္ရွိေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ ႐ိုက္စ္ကို မျဖစ္မေန ေခၚယူေပးဖို႔ တူဟယ္ရဲ႕ ေတာင္းဆိုမႈအရ ႐ိုက္စ္ရဲ႕ ေပါင္သန္း ၉၀ တန္​ေၾကးကို ေအဘရာဟမ္ကို ေပါင္သန္း ၄၀ သတ္မွတ္ၿပီး ခ်ိန္းေတာင္းလုပ္သြားဖို႔ရွိေန။

ဒီေန႔ပြဲမွာ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ဟာ လူစာရင္း အေျပာင္းအလဲ ၄ ေနရာအထိ ျပဳလုပ္သြားဖြယ္ ရွိေနတယ္လို႔ သိရၿပီး ဂိုးသမားမန္ဒီ၊ ကြင္းလယ္တိုက္စစ္မႉး ဇီးယက္ရွ္နဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ကို ပထမလူစာရင္းမွာ ျပန္လည္ျမင္ေတြ႕ရဖြယ္ရွိေနသလို ကြန္ေတမပါတဲ့ ကြင္းလယ္မွာ ကိုဗာခ်စ္က ေဂ်ာ္ဂ်င္ဟိုနဲ႔ တြဲဖက္လာမွာျဖစ္။

ခ်ယ္လ္ဆီးအသင္းကေန ဗီလာအသင္းကို အငွားခ်ထားတဲ့ ေရာ့စ္ဘာကေလဟာ လန္ဒန္ကဘားတခုမွာ ဘားဝန္ထမ္းေတြကို ျပႆနာရွာခဲ့လို႔ ေမာင္းထုတ္ခံခဲ့ရတယ္လို႔ သိရၿပီး ခ်ယ္လ္ဆီးနဲ႔ ဗီလာကစားမယ့္ ပရီးမီးယားလိဂ္အပိတ္ပြဲမွာ ဝင္ကစားခြင့္မရလို႔ စိတ္အခ်ဥ္ေပါက္ေနျခင္းျဖစ္ေၾကာင္းလည္း မွတ္ခ်က္အေပးခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.