Premier League Transfer News

23 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လီဗာပူးလ်အသင်းကို ရောင်းချထားတဲ့ ကွင်းလယ်လူ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်ရဲ့ အနေအထားကို စောင့်ကြည့်နေပြီး နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေသလို ပေါင် ၃၅ သန်းနဲ့ အမ်းမရိတ်က ထွက်ခွာသွားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်သားကို ပေါင်သန်း ၂၀ နဲ့ ပြန်ခေါ်နိုင်မယ်လို့ ဆိုနေကြ။

– အသင်းမှာ သောမတ်စ် ပါတေး ရှိလျက်သားနဲ့ ဘရိုက်တန်ရဲ့ အိဗ်စ် ဘီဆူးမားကို ခေါ်ယူရမယ်ဆိုတာက အာဆင်နယ်အသင်းအတွက် ငွေအပိုဖြုန်းတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်နိုင်တာကြောင့် ဒီကစားသမားအနေနဲ့ လီဗာပူးလ်အသင်းကိုပဲ ရောက်သွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြ။

– ဒေးဗစ် လူးဝစ်ဇ်ကို လာမယ့်ရာသီမှာ အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းရေတွက်ဖို့ မရှိတော့ဘဲ ဝီလီယမ် ဆာလီဘာကိုလည်း ပရီးမီးယားလိဂ်မှာ ပြန်လည်စမ်းသပ်သုံးစွဲရဦးမှာဖြစ်တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဘလက်ပူးလ်အသင်းကို အငှားချထားခဲ့တဲ့ မြောက်အိုင်ယာလန်လက်ရွေးစင် ဒန်နီယယ်လ် ဘောလာ့ဒ်ကို အခွင့်အရေးပေးဖို့ ပရိသတ်တွေ အလိုရှိနေကြ။

– နော့ဝစ်ချ်အသင်းအနေနဲ့ အာဆင်နယ်အသင်းကနေ မာတင် အော်ဒီဂွါဒ်ရဲ့ အရန်အစီအစဉ်အဖြစ် အလိုရှိနေခဲ့တဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင် အီမီလီယာနို ဘွင်ဒီယာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၅ သန်း သတ်မှတ်လိုက်ပြီး ထိပ်တန်းအဆင့်မှာ ပရီးမီးယားလိဂ် ၃၆ ပွဲနဲ့ လာလီဂါ ၁၇ ပွဲသာ ကစားထားဖူးတဲ့ အာဂျင်တီးနားသားအတွက်တော့ စဉ်းစားစရာဖြစ်နေ။

– ခရိုယန်ကီတွေအနေနဲ့ သူတို့ရဲ့ သိက္ခာကို ထိန်းသိမ်းသွားဖို့ စီစဉ်နေပြီး ဥရောပရဲ့ ဒုတိယတန်းစား ပြိုင်ပွဲဖြစ်တဲ့ ကွန်ဖရင့်လိဂ်ကိုတောင် မသေချာတဲ့ အနေအထားမှာ အသင်းကို ရောင်းချပြီး နာမည်ပျက်နဲ့ ထွက်ခွာဖို့ထက် ဒီရာသီမှာ သူတို့ရဲ့ ပရိသတ်တွေ နှစ်သိမ့်ပြီး ရည်မှန်းချက်ပြသမှုကို မြင်ရနိုင်တယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် ခန့်မှန်း။

– အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး ဝီလ်ဖရီးဒ် ဇာဟာကို ခေါ်ယူဖို့ စိတ်ဝင်တစား စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ဆဲလ်ဟာ့စ်ပါ့ခ်မှာ နှစ်နှစ်စာချုပ် ကျန်ရှိနေသေးတဲ့ အိုင်ဗရီကို့စ်သားကို အချိုအချောင်နဲ့ ခေါ်ယူဖို့ကတော့ မလွယ်ကူနိုင်ကြောင်းသိရ။

– အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားနဲ့ သောမတ်စ် ပါတေးတို့ရဲ့ အတွဲအဖက်သစ်ကို လာမယ့်ရာသီ အာဆင်နယ်အသင်းမှာ ရှုမြင်ချင်တယ်လို့ ပရိသတ်တွေ ဆန္ဒပြုခဲ့ကြပြီး ဒီရာသီ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ ဂါနာသားအတွက်တော့ စိတ်မကောင်းကြောင်းဆိုနေကြ။

– အာဆင်နယ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အလိုရှိနေတဲ့ ဆောက်သမ်တန်အသင်းရဲ့ ဝါရင့်ဘယ်နောက်ခံလူ ရိုင်ယန် ဘာထရန်အနေနဲ့ ဒီနေ့ (တနင်္ဂနွေနေ့)မှာ သူ့ရဲ့ အသင်းသစ်က ဘယ်အသင်းဖြစ်လာမယ်ဆိုတာ ဆုံးဖြတ်ချက် ချမှတ်မယ်လို့ သတင်းတွေ ဖော်ပြ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်ပြီး နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့ လက်ထောက်လည်းဖြစ်ခဲ့ဖူးတဲ့ ယူ-၂၃ အသင်းနည်းပြ စတိဗ် ဘိုးလ်ဒ်ကို အရန်အသင်းရဲ့ ပရီးမီးယားလိဂ်တူးမှာ တန်းဆင်းရဖို့ နီးစပ်ခဲ့တဲ့ ရလဒ်တွေကြာင့် ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကိုတော့ အကယ်ဒမီအကြီးအကဲ ပါမာတီဆက်ကာက ချမှတ်သွားခဲ့။

– ဂုဏ်သိက္ခာအရ မြင့်မားခြင်းမရှိတဲ့ လာမယ့်ရာသီမှာမှ အစပြုမယ့် ကွန်ဖရင့်လိဂ်ကို ဝင်ရောက်ကစားပြီး အုတ်ရောရော ကျောက်ရောရောနဲ့ ရာသီသစ်ကို စတင်တာမျိုးကို အလိုမရှိကြောင်းနဲ့ ပြုပြင်ပြောင်းလဲပြီး အသင်းကို ပြန်လည်တည်ဆောက်ရမယ့် အချိန်မှာ ဘရိုက်တန်ကို မနိုင်ဘဲ အဆင့် ၇ မဝင်တာကိုပဲ ပိုလိုချင်ကြောင်း အာဆင်နယ်ကွင်းလယ်လူဟောင်း ရေးပါလာ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ လီဗာပူးလ္အသင္းကို ေရာင္းခ်ထားတဲ့ ကြင္းလယ္လူ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနၿပီး ေႏြရာသီမွာ ေခၚယူဖို႔ စဥ္းစားေနသလို ေပါင္ ၃၅ သန္းနဲ႔ အမ္းမရိတ္က ထြက္ခြာသြားခဲ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္သားကို ေပါင္သန္း ၂၀ နဲ႔ ျပန္ေခၚႏိုင္မယ္လို႔ ဆိုေနၾက။

– အသင္းမွာ ေသာမတ္စ္ ပါေတး ရွိလ်က္သားနဲ႔ ဘ႐ိုက္တန္ရဲ႕ အိဗ္စ္ ဘီဆူးမားကို ေခၚယူရမယ္ဆိုတာက အာဆင္နယ္အသင္းအတြက္ ေငြအပိုျဖဳန္းတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးျဖစ္ႏိုင္တာေၾကာင့္ ဒီကစားသမားအေနနဲ႔ လီဗာပူးလ္အသင္းကိုပဲ ေရာက္သြားလိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြ ခန႔္မွန္းခဲ့ၾက။

– ေဒးဗစ္ လူးဝစ္ဇ္ကို လာမယ့္ရာသီမွာ အသင္းရဲ႕ လူစာရင္းထဲ ထည့္သြင္းေရတြက္ဖို႔ မရွိေတာ့ဘဲ ဝီလီယမ္ ဆာလီဘာကိုလည္း ပရီးမီးယားလိဂ္မွာ ျပန္လည္စမ္းသပ္သုံးစြဲရဦးမွာျဖစ္တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဘလက္ပူးလ္အသင္းကို အငွားခ်ထားခဲ့တဲ့ ေျမာက္အိုင္ယာလန္လက္ေ႐ြးစင္ ဒန္နီယယ္လ္ ေဘာလာ့ဒ္ကို အခြင့္အေရးေပးဖို႔ ပရိသတ္ေတြ အလိုရွိေနၾက။

– ေနာ့ဝစ္ခ်္အသင္းအေနနဲ႔ အာဆင္နယ္အသင္းကေန မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ အရန္အစီအစဥ္အျဖစ္ အလိုရွိေနခဲ့တဲ့ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ အီမီလီယာႏို ဘြင္ဒီယာအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ ၃၅ သန္း သတ္မွတ္လိုက္ၿပီး ထိပ္တန္းအဆင့္မွာ ပရီးမီးယားလိဂ္ ၃၆ ပြဲနဲ႔ လာလီဂါ ၁၇ ပြဲသာ ကစားထားဖူးတဲ့ အာဂ်င္တီးနားသားအတြက္ေတာ့ စဥ္းစားစရာျဖစ္ေန။

– ခ႐ိုယန္ကီေတြအေနနဲ႔ သူတို႔ရဲ႕ သိကၡာကို ထိန္းသိမ္းသြားဖို႔ စီစဥ္ေနၿပီး ဥေရာပရဲ႕ ဒုတိယတန္းစား ၿပိဳင္ပြဲျဖစ္တဲ့ ကြန္ဖရင့္လိဂ္ကိုေတာင္ မေသခ်ာတဲ့ အေနအထားမွာ အသင္းကို ေရာင္းခ်ၿပီး နာမည္ပ်က္နဲ႔ ထြက္ခြာဖို႔ထက္ ဒီရာသီမွာ သူတို႔ရဲ႕ ပရိသတ္ေတြ ႏွစ္သိမ့္ၿပီး ရည္မွန္းခ်က္ျပသမႈကို ျမင္ရႏိုင္တယ္လို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္ ခန႔္မွန္း။

– အာဆင္နယ္အသင္းအေနနဲ႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းကေန ထြက္ခြာခ်င္ေနတဲ့ တိုက္စစ္မႉး ဝီလ္ဖရီးဒ္ ဇာဟာကို ေခၚယူဖို႔ စိတ္ဝင္တစား စုံစမ္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ဆဲလ္ဟာ့စ္ပါ့ခ္မွာ ႏွစ္ႏွစ္စာခ်ဳပ္ က်န္ရွိေနေသးတဲ့ အိုင္ဗရီကို႔စ္သားကို အခ်ိဳအေခ်ာင္နဲ႔ ေခၚယူဖို႔ကေတာ့ မလြယ္ကူႏိုင္ေၾကာင္းသိရ။

– အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ လာလီဂါခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားနဲ႔ ေသာမတ္စ္ ပါေတးတို႔ရဲ႕ အတြဲအဖက္သစ္ကို လာမယ့္ရာသီ အာဆင္နယ္အသင္းမွာ ရႈျမင္ခ်င္တယ္လို႔ ပရိသတ္ေတြ ဆႏၵျပဳခဲ့ၾကၿပီး ဒီရာသီ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့တဲ့ ဂါနာသားအတြက္ေတာ့ စိတ္မေကာင္းေၾကာင္းဆိုေနၾက။

– အာဆင္နယ္အသင္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ အလိုရွိေနတဲ့ ေဆာက္သမ္တန္အသင္းရဲ႕ ဝါရင့္ဘယ္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္အေနနဲ႔ ဒီေန႔ (တနဂၤေႏြေန႔)မွာ သူ႔ရဲ႕ အသင္းသစ္က ဘယ္အသင္းျဖစ္လာမယ္ဆိုတာ ဆုံးျဖတ္ခ်က္ ခ်မွတ္မယ္လို႔ သတင္းေတြ ေဖာ္ျပ။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္ကစားသမားေဟာင္းႀကီးတစ္ဦးျဖစ္ၿပီး နည္းျပေဟာင္း အာဆင္ဝင္းဂါးရဲ႕ လက္ေထာက္လည္းျဖစ္ခဲ့ဖူးတဲ့ ယူ-၂၃ အသင္းနည္းျပ စတိဗ္ ဘိုးလ္ဒ္ကို အရန္အသင္းရဲ႕ ပရီးမီးယားလိဂ္တူးမွာ တန္းဆင္းရဖို႔ နီးစပ္ခဲ့တဲ့ ရလဒ္ေတြေကာင့္ ရာထူးက ထုတ္ပယ္လိုက္ၿပီျဖစ္ၿပီး ဒီဆုံးျဖတ္ခ်က္ကိုေတာ့ အကယ္ဒမီအႀကီးအကဲ ပါမာတီဆက္ကာက ခ်မွတ္သြားခဲ့။

– ဂုဏ္သိကၡာအရ ျမင့္မားျခင္းမရွိတဲ့ လာမယ့္ရာသီမွာမွ အစျပဳမယ့္ ကြန္ဖရင့္လိဂ္ကို ဝင္ေရာက္ကစားၿပီး အုတ္ေရာေရာ ေက်ာက္ေရာေရာနဲ႔ ရာသီသစ္ကို စတင္တာမ်ိဳးကို အလိုမရွိေၾကာင္းနဲ႔ ျပဳျပင္ေျပာင္းလဲၿပီး အသင္းကို ျပန္လည္တည္ေဆာက္ရမယ့္ အခ်ိန္မွာ ဘ႐ိုက္တန္ကို မႏိုင္ဘဲ အဆင့္ ၇ မဝင္တာကိုပဲ ပိုလိုခ်င္ေၾကာင္း အာဆင္နယ္ကြင္းလယ္လူေဟာင္း ေရးပါလာ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.