Premier League

စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်အရ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ၁၀ ဦး

၁၀။ ဆွန်ဟောင်မင်
Whoscored.com ရဲ့ သတ်မှတ်ချက်အရ စပါးစ်တိုက်စစ်မှူးဆွန်နီရဲ့ စွမ်းဆောင်ရည်ဟာ Rating မှာ ၁၀ မှာ ၇.၂၉ အမှတ်ပေးခံခဲ့ရပြီး ဒီရာသီမှာ ၁၇ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးပေးထားမှုက စပါးစ်သာ ​ခြေမကျခဲ့ရင် အခုထက်ပိုရခဲ့ဦးမှာပါ။

၉။ ဂန်ဒိုဝမ်
ဆွန်နီနဲ့ Rating အတူတူသတ်မှတ်ခံထားရတဲ့ ဂန်ဒိုဝမ်က ဒီရာသီမှာ ချန်ပီယံသရဖူဆောင်းခဲ့တဲ့ မန်စီးတီးရဲ့ မျှော်လင့်မထားတဲ့ ဝှက်ဖဲတချက်ဖြစ်ခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ ဒဏ်ရာအကျပ်အတည်းမှာ သူက False 9 အဆင့်အထိ တက်ကစားပြီး ပပ်ကိုပြေလည်စေခဲ့သလို ၁၃ ဂိုးသွင်းယူထားပါတယ်။

၈။ ကန်ဆယ်လို
ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ ပပ်ရဲ့အသုံးပြုမှုအောက်မှာ တောက်ပခဲ့တဲ့ ကန်ဆယ်လိုက ကွင်းလယ်ရော တောင်ပံအစွန်နေရာမှာ စွယ်စုံရကစားနိုင်ခဲ့ပြီး Whoscored ရဲ့ Rating ၇.၃၁ ကို ရရှိခဲ့တယ်။

၇။ မာရက်ဇ်
ချန်ပီယံမန်စီးတီးရဲ့ ကစားသမားတွေက ဒီစာရင်းမှာ သေချာပေါက် ခပ်များများပါဝင်လာခဲ့သလို မာရက်ဇ်ကလည်း ဘယ်နည်းနဲ့မှ ချန်ထားမရသူဖြစ်ပြီး သူ့ရဲ့ Rating က ကန်ဆယ်လိုနဲ့ တူညီခဲ့ကာ ဒီရာသီ EPL ၂၆ ပွဲကစား၊ ၉ ဂိုးသွင်းထားပါတယ်။

၆။ ဆော့ချက်ခ်
မန်စီးတီးကစားသမားတချို့ကို နောက်ကောက်ချခဲ့တဲ့အထိ ဝက်စ်ဟမ်းရဲ့ကွင်းလယ်လူ တောမတ်စ် ဆော့ချက်ခ်က ပြောင်မြောက်ခဲ့သလို သူ့ရဲ့ အမြင့်ဘောစွမ်းဆောင်ရည်၊ ဂိုးသွင်းအားနဲ့ ခံစစ်ထိနိးသိမ်းနိုင်မှုတွေကြောင့် ၇.၃၅ ရခဲ့ပါတယ်။

၅။ မေဆန်မောင့်
ဒီရာသီချယ်လ်ဆီးရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုရှင် မောင့်က Rating အရ ၇.၃၆ ရခဲ့ပြီး ဒီသတ်မှတ်မှုမှာ သူ့ရဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ အချိန်တိုအတွင်း ကမ္ဘာ့အဆင့်အထိ ဝင်တိုးနိင်အောင် ခြေစွမ်းခြေစ ထိုးတက်လာခဲ့ခြင်းက မဖြစ်မနေထည့်ပြောစရာပါ။

၄။ ဘရူနို ဖာနန်ဒက်စ်
ယူနိုက်တက်ရဲ့စစ်သူကြီးအဖြစ် တင်စားခံထားရတဲ့ ဖာနန်ဒက်စ်က ၇.၄၃ ရခဲ့ပြီး တကယ်လည်း သရဲနီတို့ရဲ့ ကယ်တင်ရှင်ဖြစ်ခဲ့သလို ကန်တိုနာနဲ့ နှိူင်းယှဥ်ခံရပြီးနောက် ဒီစာရင်းမှာ ပါဝင်လာတဲ့ တဦးတည်းသော ယူနိုက်တက်ကစားသမားဖြစ်လာခဲ့ပါတယ်။

၃။ ဒီဘရိုင်းနား
မန်စီးတီးရဲ့ မရှိမဖြစ် အသက်သွေးကြော၊ ပပ်ဂွာဒီယိုလာရဲ့ ညာလက်ရုံးဖြစ်တဲ့ ဘယ်လ်ဂျီယံသားရဲ့ Rating က ၇.၅၆ ဖြစ်ပြီး အပြာရောင်မန်ချက်စတာမြို့မှာ ဖော်ဆောင်နေတဲ့ သမိုင်းဝင် ချန်ပီယံလိဂ်အိပ်မက်ရဲ့ ပဲ့ကိုင်ရှင်တဦးအဖြစ် ထည့်သွင်းသတ်မှတ်ခံဖို့လည်း ရှိနေတယ်။

၂။ ဂျက်ဂရီးလစ်ရှ်
နောက်ပိုင်းမှာတော့ ဒဏ်ရာကြောင့် ဗီလာလူစာရင်းကနေ ပျောက်ကွယ်သွားခဲ့တဲ့ ဂရီးလစ်ရှ်ရဲ့ ဒီရာသီ Rating က ၇.၅၉ ဖြစ်ပြီး ကမ္ဘာ့အဆင့်​ခြေစွမ်းနဲ့အတူ ဗီလာအသင်းကို အသင်းခေါင်းဆောင်အဖြစ် ကောင်းကောင်းမောင်းနှင်ပြီး ထိန်းကျောင်းပေးခဲ့တာက သေချာပေါက် အသိအမှတ်ပြုချင်စရာပါ။

၁။ ဟာရီကိန်း
အင်္ဂလန်သားကြီးရဲ့ ပရီးမီးယားလိဂ်ခရီးမှာ ရာသီနှောင်းပိုင်းမှာ စပါးစ် မြင်းကောင်းခွာလိပ်ခဲ့ပေမယ့်လို့ သူ့ရဲ့ တကိုယ်ရည်စွမ်းဆောင်ရည်အရ ၂၂ ဂိုးသွင်းယူထားပြီး ရွှေဖိနပ်ဆုကို သိမ်းပိုက်ဖို့ ရှိနေသလို သူနဲ့အားပြိုင်နေတဲ့ မိုဆာလား ဒီစါရင်းမှာမပါဝင်ခဲ့တာကလည်း အနည်းငယ်ထူးဆန်းတယ်လို့ ဆိုရမှာပါ။ ကိန်းရဲ့ Rating က ၇.၇၆ ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၀။ ဆြန္ေဟာင္မင္
Whoscored.com ရဲ႕ သတ္မွတ္ခ်က္အရ စပါးစ္တိုက္စစ္မႉးဆြန္နီရဲ႕ စြမ္းေဆာင္ရည္ဟာ Rating မွာ ၁၀ မွာ ၇.၂၉ အမွတ္ေပးခံခဲ့ရၿပီး ဒီရာသီမွာ ၁၇ ဂိုးသြင္း၊ ၁၀ ဂိုးဖန္တီးေပးထားမႈက စပါးစ္သာ ​ေျခမက်ခဲ့ရင္ အခုထက္ပိုရခဲ့ဦးမွာပါ။

၉။ ဂန္ဒိုဝမ္
ဆြန္နီနဲ႔ Rating အတူတူသတ္မွတ္ခံထားရတဲ့ ဂန္ဒိုဝမ္က ဒီရာသီမွာ ခ်န္ပီယံသရဖူေဆာင္းခဲ့တဲ့ မန္စီးတီးရဲ႕ ေမွ်ာ္လင့္မထားတဲ့ ဝွက္ဖဲတခ်က္ျဖစ္ခဲ့ၿပီး တိုက္စစ္မႉးေတြရဲ႕ ဒဏ္ရာအက်ပ္အတည္းမွာ သူက False 9 အဆင့္အထိ တက္ကစားၿပီး ပပ္ကိုေျပလည္ေစခဲ့သလို ၁၃ ဂိုးသြင္းယူထားပါတယ္။

၈။ ကန္ဆယ္လို
ေဝဖန္သူေတြကို အသံတိတ္ေစခဲ့တဲ့ ပပ္ရဲ႕အသုံးျပဳမႈေအာက္မွာ ေတာက္ပခဲ့တဲ့ ကန္ဆယ္လိုက ကြင္းလယ္ေရာ ေတာင္ပံအစြန္ေနရာမွာ စြယ္စုံရကစားႏိုင္ခဲ့ၿပီး Whoscored ရဲ႕ Rating ၇.၃၁ ကို ရရွိခဲ့တယ္။

၇။ မာရက္ဇ္
ခ်န္ပီယံမန္စီးတီးရဲ႕ ကစားသမားေတြက ဒီစာရင္းမွာ ေသခ်ာေပါက္ ခပ္မ်ားမ်ားပါဝင္လာခဲ့သလို မာရက္ဇ္ကလည္း ဘယ္နည္းနဲ႔မွ ခ်န္ထားမရသူျဖစ္ၿပီး သူ႔ရဲ႕ Rating က ကန္ဆယ္လိုနဲ႔ တူညီခဲ့ကာ ဒီရာသီ EPL ၂၆ ပြဲကစား၊ ၉ ဂိုးသြင္းထားပါတယ္။

၆။ ေဆာ့ခ်က္ခ္
မန္စီးတီးကစားသမားတခ်ိဳ႕ကို ေနာက္ေကာက္ခ်ခဲ့တဲ့အထိ ဝက္စ္ဟမ္းရဲ႕ကြင္းလယ္လူ ေတာမတ္စ္ ေဆာ့ခ်က္ခ္က ေျပာင္ေျမာက္ခဲ့သလို သူ႔ရဲ႕ အျမင့္ေဘာစြမ္းေဆာင္ရည္၊ ဂိုးသြင္းအားနဲ႔ ခံစစ္ထိနိးသိမ္းႏိုင္မႈေတြေၾကာင့္ ၇.၃၅ ရခဲ့ပါတယ္။

၅။ ေမဆန္ေမာင့္
ဒီရာသီခ်ယ္လ္ဆီးရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမားဆုရွင္ ေမာင့္က Rating အရ ၇.၃၆ ရခဲ့ၿပီး ဒီသတ္မွတ္မႈမွာ သူ႔ရဲ႕ မယုံၾကည္ႏိုင္စရာေကာင္းတဲ့ အခ်ိန္တိုအတြင္း ကမာၻ႔အဆင့္အထိ ဝင္တိုးနိင္ေအာင္ ေျခစြမ္းေျခစ ထိုးတက္လာခဲ့ျခင္းက မျဖစ္မေနထည့္ေျပာစရာပါ။

၄။ ဘ႐ူႏို ဖာနန္ဒက္စ္
ယူႏိုက္တက္ရဲ႕စစ္သူႀကီးအျဖစ္ တင္စားခံထားရတဲ့ ဖာနန္ဒက္စ္က ၇.၄၃ ရခဲ့ၿပီး တကယ္လည္း သရဲနီတို႔ရဲ႕ ကယ္တင္ရွင္ျဖစ္ခဲ့သလို ကန္တိုနာနဲ႔ ႏွိူင္းယွဥ္ခံရၿပီးေနာက္ ဒီစာရင္းမွာ ပါဝင္လာတဲ့ တဦးတည္းေသာ ယူႏိုက္တက္ကစားသမားျဖစ္လာခဲ့ပါတယ္။

၃။ ဒီဘ႐ိုင္းနား
မန္စီးတီးရဲ႕ မရွိမျဖစ္ အသက္ေသြးေၾကာ၊ ပပ္ဂြာဒီယိုလာရဲ႕ ညာလက္႐ုံးျဖစ္တဲ့ ဘယ္လ္ဂ်ီယံသားရဲ႕ Rating က ၇.၅၆ ျဖစ္ၿပီး အျပာေရာင္မန္ခ်က္စတာၿမိဳ႕မွာ ေဖာ္ေဆာင္ေနတဲ့ သမိုင္းဝင္ ခ်န္ပီယံလိဂ္အိပ္မက္ရဲ႕ ပဲ့ကိုင္ရွင္တဦးအျဖစ္ ထည့္သြင္းသတ္မွတ္ခံဖို႔လည္း ရွိေနတယ္။

၂။ ဂ်က္ဂရီးလစ္ရွ္
ေနာက္ပိုင္းမွာေတာ့ ဒဏ္ရာေၾကာင့္ ဗီလာလူစာရင္းကေန ေပ်ာက္ကြယ္သြားခဲ့တဲ့ ဂရီးလစ္ရွ္ရဲ႕ ဒီရာသီ Rating က ၇.၅၉ ျဖစ္ၿပီး ကမာၻ႔အဆင့္​ေျခစြမ္းနဲ႔အတူ ဗီလာအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ေကာင္းေကာင္းေမာင္းႏွင္ၿပီး ထိန္းေက်ာင္းေပးခဲ့တာက ေသခ်ာေပါက္ အသိအမွတ္ျပဳခ်င္စရာပါ။

၁။ ဟာရီကိန္း
အဂၤလန္သားႀကီးရဲ႕ ပရီးမီးယားလိဂ္ခရီးမွာ ရာသီေႏွာင္းပိုင္းမွာ စပါးစ္ ျမင္းေကာင္းခြာလိပ္ခဲ့ေပမယ့္လို႔ သူ႔ရဲ႕ တကိုယ္ရည္စြမ္းေဆာင္ရည္အရ ၂၂ ဂိုးသြင္းယူထားၿပီး ေ႐ႊဖိနပ္ဆုကို သိမ္းပိုက္ဖို႔ ရွိေနသလို သူနဲ႔အားၿပိဳင္ေနတဲ့ မိုဆာလား ဒီစါရင္းမွာမပါဝင္ခဲ့တာကလည္း အနည္းငယ္ထူးဆန္းတယ္လို႔ ဆိုရမွာပါ။ ကိန္းရဲ႕ Rating က ၇.၇၆ ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.