Premier League

ဘောလုံးရာသီ ကန့်လန့်ကာ ချခါနီးမှာမှ မက်ဆီအခက် ရော်နယ်လ်ဒိုအချက် ဖြစ်လာ

လာလီဂါအပိတ်ပွဲစဥ်ကို အီဘာအသင်းနဲ့ ယှဥ်ပြိုင်ကစားရမယ့် ဘာစီလိုနာအသင်းဟာ အဲဒီပွဲမှာ မက်ဆီကို ဝင်ကစားခိုင်းမှာ မဟုတ်တော့ဘဲ အနားပေးသွားမယ်လို့ သိရသလို အာဂျင်တိုင်းတိုက်စစ်မှူးဟာ အသင်းရဲ့လေကျင့်ရေးအစီအစဥ်ကိုလည်း မပူးပေါင်းခဲ့ဘူးလို့် သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ထုတ်ပြချက်အရ နည်းပြရော်နယ်လ် ကိုးမန်းရဲ့ ခွင့်ပြုမှုနဲ့အတူ မက်ဆီကို အနားပေးတော့မှာဖြစ်တယ်လို့ သိရပြီး သောကြာနေ့က ထရိန်နင်မှာ သူ့ကို ထည့်သွင်းခဲ့ခြင်း မရှိခဲ့တာက နောက်လမှာ ကျင်းပမယ့် ကိုပါအမေရိကန်ဖလားအတွက်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲအများဆုံးကစားထားတဲ့ လူစာရင်းမှာ မက်ဆီက ထိပ်တန်းက ပါဝင်နေပြီး လာမယ့်အီဘာနဲ့ပွဲဟာလည်း သိက္ခာဆယ်ပွဲသက်သက်သာ ဖြစ်လို့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး လာလီဂါဖလားနဲ့ လွဲချော်ခဲ့တဲ့ ကတ်တလန်အသင်းက အခုလိုဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အရ မက်ဆီအနားယူရနေချိန်မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုအတွက် အချက်ဖြစ်လာခဲ့ပြီး ပြိုင်ဘက်ကို အမြဲကျောဖို့ ကြံစည်နေတဲ့ ပေါ်တူဂီသားက သူ့ရဲ့ လက်ရှိသွင်းဂိုးအရေအတွက်ကို မက်ဆီထက် အသာစီးရအောင်လုပ်ဖို့ အခွင့်ကောင်းရသွားခဲ့တာလည်းဖြစ်တယ်။

ဘာစီလိုနာပရိသတ်တွေအတွက် မက်ဆီမပါဝင်လို့ ရာသီသိမ်းမှာ စိတ်ပျက်ရတဲ့အပြင် မက်ဆီရဲ့ အမာခံပရိသတ်တွေအတွက် ဒါက ထိုးနှက်ချက်ဖြစ်လာခဲ့သလို လာလီဂါဂိုး ၃၀ သွင်းထားပြီး စပိန် ရွှေဖိနပ်ရှင်ဖြစ်ဖို့ သေချာနေချိန်မှာ ရော်နယ်လ်ဒိုကရဲ့ စီးရီးအေ ၂၉ ဂိုးထက် တဂိုးအသာရထားခဲ့တဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးနိုင်ဖွယ်လည်း ရှိနေတာပါ။

ရော်နယ်လ်ဒိုသာ အဆင့် ၄ တိုက်ပွဲအတွက် ရုန်းကန်ရမယ့် တူရင်ကလပ်အတွက် ဘိုလော့နာနဲ့ပွဲမှာ ပေါက်ကွဲအားနဲ့အတူ ဂိုးခပ်များများသွင်းယူခဲ့ရင်တော့ ဒီရာသီရဲ့ GOAT နှစ်ဦးရဲ့ အားပြိုင်မှုဟာ ထင်သလောက်ကြီးတော့ မပေါက်ခဲ့ပေမယ့် ရော်နယ်လ်ဒိုက ပိုသာတဲ့နှစ်အဖြစ် မှတ်တမ်းဝင်သွားတော့မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီရော ရော်နယ်လ်ဒိုနှစ်ဦးစလုံးဟာ ဥရောပရွှေဖိနပ်ဆုရှင်စာရင်းမှာတော့ ဒီနှစ်မှာ လီဝန်ဒေါစကီးရဲ့ အမည်နာမကို ကျေကျေနပ်နပ်ကြီး လက်ခံကြရမှာဖြစ်ပြီး ဘွန်ဒက်လီဂါ ဂိုး ၄၀ သွင်းထားတဲ့ ပိုလန်သားက ရွှေဖိနပ်ဆုနဲ့ အတော်ဆုံးသူအဖြစ် GOAT နှစ်ဦးစလုံးကို ဒီနှစ်မှာ ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လာလီဂါအပိတ္ပြဲစဥ္ကို အီဘာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ဘာစီလိုနာအသင္းဟာ အဲဒီပြဲမွာ မက္ဆီကို ဝင္ကစားခိုင္းမွာ မဟုတ္ေတာ့ဘဲ အနားေပးသြားမယ္လို႔ သိရသလို အာဂ်င္တိုင္းတိုက္စစ္မႉးဟာ အသင္းရဲ႕ေလက်င့္ေရးအစီအစဥ္ကိုလည္း မပူးေပါင္းခဲ့ဘူးလို႔္ သိရပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပခ်က္အရ နည္းျပေရာ္နယ္လ္ ကိုးမန္းရဲ႕ ခြင့္ျပဳမႈနဲ႔အတူ မက္ဆီကို အနားေပးေတာ့မွာျဖစ္တယ္လို႔ သိရၿပီး ေသာၾကာေန႔က ထရိန္နင္မွာ သူ႔ကို ထည့္သြင္းခဲ့ျခင္း မရွိခဲ့တာက ေနာက္လမွာ က်င္းပမယ့္ ကိုပါအေမရိကန္ဖလားအတြက္လို႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။

ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ပြဲအမ်ားဆုံးကစားထားတဲ့ လူစာရင္းမွာ မက္ဆီက ထိပ္တန္းက ပါဝင္ေနၿပီး လာမယ့္အီဘာနဲ႔ပြဲဟာလည္း သိကၡာဆယ္ပြဲသက္သက္သာ ျဖစ္လို႔ ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရၿပီး လာလီဂါဖလားနဲ႔ လြဲေခ်ာ္ခဲ့တဲ့ ကတ္တလန္အသင္းက အခုလိုဆုံးျဖတ္ခဲ့တာပါ။

ဒီဆုံးျဖတ္ခ်က္အရ မက္ဆီအနားယူရေနခ်ိန္မွာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုအတြက္ အခ်က္ျဖစ္လာခဲ့ၿပီး ၿပိဳင္ဘက္ကို အၿမဲေက်ာဖို႔ ႀကံစည္ေနတဲ့ ေပၚတူဂီသားက သူ႔ရဲ႕ လက္ရွိသြင္းဂိုးအေရအတြက္ကို မက္ဆီထက္ အသာစီးရေအာင္လုပ္ဖို႔ အခြင့္ေကာင္းရသြားခဲ့တာလည္းျဖစ္တယ္။

ဘာစီလိုနာပရိသတ္ေတြအတြက္ မက္ဆီမပါဝင္လို႔ ရာသီသိမ္းမွာ စိတ္ပ်က္ရတဲ့အျပင္ မက္ဆီရဲ႕ အမာခံပရိသတ္ေတြအတြက္ ဒါက ထိုးႏွက္ခ်က္ျဖစ္လာခဲ့သလို လာလီဂါဂိုး ၃၀ သြင္းထားၿပီး စပိန္ ေ႐ႊဖိနပ္ရွင္ျဖစ္ဖို႔ ေသခ်ာေနခ်ိန္မွာ ေရာ္နယ္လ္ဒိုကရဲ႕ စီးရီးေအ ၂၉ ဂိုးထက္ တဂိုးအသာရထားခဲ့တဲ့ ေပ်ာ္႐ႊင္မႈကို ဖ်က္ဆီးႏိုင္ဖြယ္လည္း ရွိေနတာပါ။

ေရာ္နယ္လ္ဒိုသာ အဆင့္ ၄ တိုက္ပြဲအတြက္ ႐ုန္းကန္ရမယ့္ တူရင္ကလပ္အတြက္ ဘိုေလာ့နာနဲ႔ပြဲမွာ ေပါက္ကြဲအားနဲ႔အတူ ဂိုးခပ္မ်ားမ်ားသြင္းယူခဲ့ရင္ေတာ့ ဒီရာသီရဲ႕ GOAT ႏွစ္ဦးရဲ႕ အားၿပိဳင္မႈဟာ ထင္သေလာက္ႀကီးေတာ့ မေပါက္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုက ပိုသာတဲ့ႏွစ္အျဖစ္ မွတ္တမ္းဝင္သြားေတာ့မွာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ မက္ဆီေရာ ေရာ္နယ္လ္ဒိုႏွစ္ဦးစလုံးဟာ ဥေရာပေ႐ႊဖိနပ္ဆုရွင္စာရင္းမွာေတာ့ ဒီႏွစ္မွာ လီဝန္ေဒါစကီးရဲ႕ အမည္နာမကို ေက်ေက်နပ္နပ္ႀကီး လက္ခံၾကရမွာျဖစ္ၿပီး ဘြန္ဒက္လီဂါ ဂိုး ၄၀ သြင္းထားတဲ့ ပိုလန္သားက ေ႐ႊဖိနပ္ဆုနဲ႔ အေတာ္ဆုံးသူအျဖစ္ GOAT ႏွစ္ဦးစလုံးကို ဒီႏွစ္မွာ ေက်ာ္ျဖတ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.