Premier League

အာတီတာရဲ့ မမျှမတ အပယ်ခံဖြစ်ခဲ့ရတဲ့ အာဆင်နယ်ကစားသမား ၄ ဦး

ဂါဘရီယယ်လ် မာတီနယ်လီ
ပဲ့လေ့စ်နဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့ပြီး ၃ မှတ်ယူပေးခဲ့တဲ့ အာဆင်နယ်ရဲ့ တက်သစ်စလူငယ်ကြယ်ပွင့် မာတီနယ်လီဟာ ဒီရာသီမှာ ၂၁ ပွဲသာ ကစားခွင့်ရပြီး ၁၂ ပွဲက လူစားဝင်ကစားခဲ့ရတာပါ။ အာတီတာက သူ့ကို မျက်ကွယ်ပြုလွန်းခဲ့တယ်လို့ ဆိုရမယ်။

စမစ်သ်ရိုးနဲ့ ဘူကာယို ဆာကာတို့အတွက် အခွင့်အရေးတွေ ရသလောက် မာတီနယ်လီအတွက်တော့ အရန်ခုံမှာသာ သက်ပြင်းချနေရသလို ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြချင်နေတဲ့ ဆယ်ကျော်သက်လေးဟာ ရာသီဝက်နားခဲ့ရတဲ့ ဒဏ်ရာကနေ ထူထူထောင်ထောင်ဖြစ်လာချိန်မှာ အသင်းရဲ့ အပယ်ခံဘဝကနေ ဒေါသတွေကို မျိုချနေရတာဖြစ်ပါတယ်။

ဝီလီယံ ဆာလီဘာ
၂၀၁၉ နွေမှာ ပေါင် ၂၇ သန်းနဲ့ အမ်းမရိတ်စ်ကို ရောက်ရှိလာခဲ့သူ ဆာလီဘာကို အာဆင်နယ်ရဲ့ ခံစစ်ယိုပေါက်တွေအတွက် အကောင်းဆုံးဖြေရှင်းမှု ဖြစ်လာမယ်လို့ ထင်ကြေးတွေ ပေးခဲ့ကြပေမယ့် သူ့ကို ဒီနှစ်ဇန်နဝါရီမှာ အာတီတာက အငှားပြန်ချခဲ့တယ်။

အာဆင်နယ်ခံစစ်က အဖာအထေးမရှိ အပေါက်အပြဲတွေ များလွန်းသလို လက်ရှိမှာ နိုက်စ်မှာ ခြေစွမ်းပြနေတဲ့ ဆာလီဘာကိုသာ အာတီတာ သေချာသုံးတတ်ခဲ့ရင် အခုလိုရာသီဆိုးနဲ့ ကြုံတွေရမှာ မဟုတ်ဘူးလို့ အပြစ်တင်ခံနေရပြီး အာဆင်နယ်ပရိသတ်တွေကလည်း ပြင်သစ်လူငယ်လေးကို နေရာမပေးခဲ့တဲ့ ဒီအဖြစ်မှာ မချင့်မရဲရှိလွန်းခဲ့တာပါ။

ပျယ်-အမ်မရိခ် အူဘာမီယန်း
ဒီရာသီမှာ ၁၅ ဂိုးသွင်းထားတဲ့ လက်ရှိအာဆင်နယ်အသင်းခေါင်းဆောင်ဟာ အာတီတာရဲ့ အပြည့်အဝယုံကြည်မှုကို မရခဲ့သလို ဆက်ဆံရေးကျိုးပျက်ပြီး စည်းကမ်းမသေဝပ်မှုကြောင့် စပိန်သားရဲ့ မျက်မုန်းကျိုးမှုကို ခံခဲ့ရတယ်လို့ သတင်းမီဒီယာတွေမှာ ဝေဖန်ခံခဲ့ရတယ်။

ဂါဘွန်သားဟာ ရာသီအစ ၁၅ ပွဲနောက်ပိုင်း အရန်ခုံမှာသာ အချိန်ဖြုန်းခဲ့ရပြီး လာကာဇက်ကို နေရာဖယ်ပေးခဲ့ရသလို အာတီတာရဲ့ ကာကွယ်ပေးမှုကိုပါ မရခဲ့ဘဲ အသင်းမှာ မျက်နှာပျက်ခဲ့ရတဲ့အပြင် သူ့ရဲ့ညံ့ကွက်ရှိနေတဲ့ ခြေကျမှုတွေကလည်း အပြစ်ပြောစရာရှိနေတာပါ။

မီဆွတ် အိုဇေးလ်
အာဆင်နယ်ရဲ့ လစာအမြင့်ဆုံးကစားသမားဖြစ်ခဲ့တဲ့ အိုဇေးလ်က နည်းပြလည်းဖြစ်သလို အာဆင်နယ်မှာ အသင်းဖော်ဟောင်းလည်း ဖြစ်ခဲ့တဲ့ အာတီတာရဲ့ မျက်နှာလွှဲမှုကို ခံစားခဲ့ရပြီး အရန်ခုံမှာသာ ချောင်ထိုးခံရတာကတဆင့် အသင်းလူစာရင်းကနေပါ တနှစ်ကျော် အပယ်ခံခဲ့ရတယ်။

အာတီတာလက်အောက်မှာ ၁၂ ပွဲသာ ကစားခဲ့ရတဲ့ ဂျာမန်ကမ္ဘာ့ဖလားချန်ပီယံတယောက်ဟာ ကစားကွက်မှာ ခိုပြီးကစားသလို ခံစစ်ကိုလည်း ဝင်မကူဘဲ ပျင်းရိပြီး ရေသာခိုခဲ့တယ်လို့ မှတ်ချက်ပေးခံခဲ့ရတဲ့နောက်မှာတော့ ၈ နှစ်ကြာ အမ်းမရိတ်စ်သံယောဇဥ်ကို အဆုံးသတ်ပြီး တူရကီကို ပြောင်းရွှေ့သွားခဲ့ရတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါဘရီယယ္လ္ မာတီနယ္လီ
ပဲ့ေလ့စ္နဲ႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့ၿပီး ၃ မွတ္ယူေပးခဲ့တဲ့ အာဆင္နယ္ရဲ႕ တက္သစ္စလူငယ္ၾကယ္ပြင့္ မာတီနယ္လီဟာ ဒီရာသီမွာ ၂၁ ပြဲသာ ကစားခြင့္ရၿပီး ၁၂ ပြဲက လူစားဝင္ကစားခဲ့ရတာပါ။ အာတီတာက သူ႔ကို မ်က္ကြယ္ျပဳလြန္းခဲ့တယ္လို႔ ဆိုရမယ္။

စမစ္သ္႐ိုးနဲ႔ ဘူကာယို ဆာကာတို႔အတြက္ အခြင့္အေရးေတြ ရသေလာက္ မာတီနယ္လီအတြက္ေတာ့ အရန္ခုံမွာသာ သက္ျပင္းခ်ေနရသလို ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခ်င္ေနတဲ့ ဆယ္ေက်ာ္သက္ေလးဟာ ရာသီဝက္နားခဲ့ရတဲ့ ဒဏ္ရာကေန ထူထူေထာင္ေထာင္ျဖစ္လာခ်ိန္မွာ အသင္းရဲ႕ အပယ္ခံဘဝကေန ေဒါသေတြကို မ်ိဳခ်ေနရတာျဖစ္ပါတယ္။

ဝီလီယံ ဆာလီဘာ
၂၀၁၉ ေႏြမွာ ေပါင္ ၂၇ သန္းနဲ႔ အမ္းမရိတ္စ္ကို ေရာက္ရွိလာခဲ့သူ ဆာလီဘာကို အာဆင္နယ္ရဲ႕ ခံစစ္ယိုေပါက္ေတြအတြက္ အေကာင္းဆုံးေျဖရွင္းမႈ ျဖစ္လာမယ္လို႔ ထင္ေၾကးေတြ ေပးခဲ့ၾကေပမယ့္ သူ႔ကို ဒီႏွစ္ဇန္နဝါရီမွာ အာတီတာက အငွားျပန္ခ်ခဲ့တယ္။

အာဆင္နယ္ခံစစ္က အဖာအေထးမရွိ အေပါက္အၿပဲေတြ မ်ားလြန္းသလို လက္ရွိမွာ ႏိုက္စ္မွာ ေျခစြမ္းျပေနတဲ့ ဆာလီဘာကိုသာ အာတီတာ ေသခ်ာသုံးတတ္ခဲ့ရင္ အခုလိုရာသီဆိုးနဲ႔ ႀကဳံေတြရမွာ မဟုတ္ဘူးလို႔ အျပစ္တင္ခံေနရၿပီး အာဆင္နယ္ပရိသတ္ေတြကလည္း ျပင္သစ္လူငယ္ေလးကို ေနရာမေပးခဲ့တဲ့ ဒီအျဖစ္မွာ မခ်င့္မရဲရွိလြန္းခဲ့တာပါ။

ပ်ယ္-အမ္မရိခ္ အူဘာမီယန္း

ဒီရာသီမွာ ၁၅ ဂိုးသြင္းထားတဲ့ လက္ရွိအာဆင္နယ္အသင္းေခါင္းေဆာင္ဟာ အာတီတာရဲ႕ အျပည့္အဝယုံၾကည္မႈကို မရခဲ့သလို ဆက္ဆံေရးက်ိဳးပ်က္ၿပီး စည္းကမ္းမေသဝပ္မႈေၾကာင့္ စပိန္သားရဲ႕ မ်က္မုန္းက်ိဳးမႈကို ခံခဲ့ရတယ္လို႔ သတင္းမီဒီယာေတြမွာ ေဝဖန္ခံခဲ့ရတယ္။

ဂါဘြန္သားဟာ ရာသီအစ ၁၅ ပြဲေနာက္ပိုင္း အရန္ခုံမွာသာ အခ်ိန္ျဖဳန္းခဲ့ရၿပီး လာကာဇက္ကို ေနရာဖယ္ေပးခဲ့ရသလို အာတီတာရဲ႕ ကာကြယ္ေပးမႈကိုပါ မရခဲ့ဘဲ အသင္းမွာ မ်က္ႏွာပ်က္ခဲ့ရတဲ့အျပင္ သူ႔ရဲ႕ညံ့ကြက္ရွိေနတဲ့ ေျခက်မႈေတြကလည္း အျပစ္ေျပာစရာရွိေနတာပါ။

မီဆြတ္ အိုေဇးလ္
အာဆင္နယ္ရဲ႕ လစာအျမင့္ဆုံးကစားသမားျဖစ္ခဲ့တဲ့ အိုေဇးလ္က နည္းျပလည္းျဖစ္သလို အာဆင္နယ္မွာ အသင္းေဖာ္ေဟာင္းလည္း ျဖစ္ခဲ့တဲ့ အာတီတာရဲ႕ မ်က္ႏွာလႊဲမႈကို ခံစားခဲ့ရၿပီး အရန္ခုံမွာသာ ေခ်ာင္ထိုးခံရတာကတဆင့္ အသင္းလူစာရင္းကေနပါ တႏွစ္ေက်ာ္ အပယ္ခံခဲ့ရတယ္။

အာတီတာလက္ေအာက္မွာ ၁၂ ပြဲသာ ကစားခဲ့ရတဲ့ ဂ်ာမန္ကမာၻ႔ဖလားခ်န္ပီယံတေယာက္ဟာ ကစားကြက္မွာ ခိုၿပီးကစားသလို ခံစစ္ကိုလည္း ဝင္မကူဘဲ ပ်င္းရိၿပီး ေရသာခိုခဲ့တယ္လို႔ မွတ္ခ်က္ေပးခံခဲ့ရတဲ့ေနာက္မွာေတာ့ ၈ ႏွစ္ၾကာ အမ္းမရိတ္စ္သံေယာဇဥ္ကို အဆုံးသတ္ၿပီး တူရကီကို ေျပာင္းေ႐ႊ႕သြားခဲ့ရတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.