Premier League

၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ အကောင်းဆုံး ချယ်လ်ဆီးကစားသမားက ၅ ဦး

၅။ ရီးစ်ဂျိမ်းစ်
ဝီဂန်ကို အငှားချခံခဲ့ရပြီး ၂၀၁၉ မှာ ချယ်လ်ဆီးအသင်းကြီးပွဲထွက်ခွင့်ရတဲ့ လူငယ်လေးဟာ သူ့တာထွက်ရာသီမှာပဲ ၃၉ ပွဲအထိ ကစားခဲ့ရသလို ဒီရာသီမှာ ၄၅ ပွဲအထိ ကစားထားရာမှာ တူဟယ်လ်ရဲ့ ပွဲထွက်စေမှုက ၂၇ ပွဲဖြစ်ပြီး အပြာရောင်လန်ဒန်တို့ရဲ့ အတောက်ပဆုံးလူငယ်ကြယ်ပွင့်အဖြစ် ကမ္ဘာ့အဆင့်ညာနောက်ခံအစွန်လူဖြစ်လာဖို့ တာဆူနေပါတယ်။

၄။ အန်ဂိုလို ကွန်တေ
အဆုတ်နှစ်လုံးနဲ့လူလို့ တင်စားခံထားရတဲ့ ကွန်တေရဲ့ အလုပ်ကြိုးစားမှုက ချယ်လ်ဆီးကွင်းလယ်ကို ခိုင်မာသွားစေခဲ့သလို တပြိုင်နက်တည်းမှာ ခံစစ်ပိုင်း ကျစ်လစ်မာကျောမှုကိုပါ တူဟယ်လ်အတွက် လက်ဆောင်ပေးသွားနိိုင်ခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ်မှာ လာလီဂါဘီလူးကြီးနှစ်သင်းကို ရှိန်မနေခဲ့တဲ့ ပြင်သစ်သားရဲ့စွမ်းဆောင်ရည်က တီကိုနဲ့ ရီးရဲလ်တို့လို အသင်းတွေကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်လာခဲ့တဲ့ ချယ်လ်ဆီးရဲ့ အထင်ကြီးစရာအုတ်မြစ်လည်း ဖြစ်ခဲ့တယ်။

၃။ အန်တိုနီယို ရူဒီဂါ
လမ်းပတ်လက်အောက်မှာ ခေါက်ထားခံရပြီး နေရာပျောက်ခဲ့တဲ့ ရူဒီဂါက ၇ ပွဲသာ ကစားခွင့်ရခဲ့တဲ့ အဖြစ်ကနေ တူဟယ်လ်လက်ထဲမှာတော့ ၂၃ ပွဲကစားခွင့်ရပြီး ချယ်ဆီးရဲ့ အတောက်ပဆုံးကစားသမားစာရင်းထဲကို ဝင်လာခဲ့တယ်။

သူ့ခြေစွမ်းတွေက တကယ့်ကိုထိုက်တန်ခဲ့သလို တူဟယ်လ်ရဲ့ ကစားကွက်မှာ အံအဝင်ဆုံး အသုံးတော်ခံခဲ့တဲ့ ဂျာမန်သားက Clean Sheet ၁၁ ပွဲအထိ စွမ်းဆောင်ခဲ့သလို လမ်းပတ်မှားယွင်းကြောင်း သက်သေပြခဲ့တဲ့နောက်မှာ တူဟယ်လ်ရဲ့ ခံစစ်ယန္တရားကြီးတခုလုံးကို သူက နောက်ကွယ်ကနေ လည်ပတ်နေစေခဲ့တာပါ။

၂။ သီယာဂို ဆေးလ်ဗား
PSG ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာခဲ့သူ ဝါရင့်ခံစစ်ကျောက်ဆောင်ကြီးဟာ အသက်အရွယ်နဲ့မလိုက်အောင် ဒီရာသီမှာ ၃၂ ပွဲအထိ အမောမဖောက်စတမ်း ကစားခဲ့ပြီး ကမ္ဘာ့အဆင့်ခံစစ်ဦးဆောင်မှုက ချယ်လ်ဆီးကို ကောင်းကောင်းလုံခြုံစေခဲ့တယ်။

Clean Sheet ၁၀ ပွဲ စွမ်း​ဆောင်နိုင်ခဲ့သလို တန်ကြေးကြီးလွန်းတဲ့ ဇီးယက်ရှ်၊ ဗာနာ၊ ခိုင်ဟာဗတ်ဇ်တို့အုပ်စုက ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရွာလည်နေချိန်မှာပဲ ဆေးလ်ဗားက ဆေးစက်ကျရာ အရုပ်ထင်ခဲ့တဲ့ သမ္ဘာ့ရင့်အတွေ့အကြုံက လက်ရှိချယ်လ်ဆီးရဲ့ အောင်မြင်မှုမှာ အတော်လေးစကားပြောခဲ့တယ်။

၁။ မေဆန်မောင့်
မောင့်က ဒီနှစ်ချယ်လ်ဆီးရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုရှင်ဖြစ်လာခဲ့တယ်။ အားလုံး တညီတညွတ်တည်း လက်ခံထားရတာက ဘောလုံးဦးနှောက်မြင့်တယ်၊ လုပ်အားနှုန်းကောင်းတယ်၊ မမောစတမ်းပြေးလွှားနိုင်တယ်၊ ဒါတွေက တူဟယ်လ်ကို အထင်ကြီးစေခဲ့ပြီး မပါမဖြစ်ကစားသမားဖြစ်လာခဲ့တယ်။

ပြိုင်ပွဲစုံ ၅၂ ပွဲအထိ ကစားခွင့်ရခဲ့တာက သူ့ကို ဘယ်လောက်ထိ အားကိုးလဲဆိုတာကို ပြသနေတဲ့ သက်သေဖြစ်ပြီး ၉ ဂိုးသွင်းယူပြီး ၈ ဂိုးဖန်တီးထားရာမှာ ၆ ဂိုးက တူဟယ်လ်ရောက်လာပြီးမှ သွင်းယူခဲ့တာပါ။ ချယ်လ်ဆီးရဲ့ EPL ပွဲချိန်မိနစ် ၈၄ ရာနှုန်းအထိ မောင့်က ပါဝင်ကစားထားရသူပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ ရီးစ္ဂ်ိမ္းစ္

ဝီဂန္ကို အငွားခ်ခံခဲ့ရၿပီး ၂၀၁၉ မွာ ခ်ယ္လ္ဆီးအသင္းႀကီးပြဲထြက္ခြင့္ရတဲ့ လူငယ္ေလးဟာ သူ႔တာထြက္ရာသီမွာပဲ ၃၉ ပြဲအထိ ကစားခဲ့ရသလို ဒီရာသီမွာ ၄၅ ပြဲအထိ ကစားထားရာမွာ တူဟယ္လ္ရဲ႕ ပြဲထြက္ေစမႈက ၂၇ ပြဲျဖစ္ၿပီး အျပာေရာင္လန္ဒန္တို႔ရဲ႕ အေတာက္ပဆုံးလူငယ္ၾကယ္ပြင့္အျဖစ္ ကမာၻ႔အဆင့္ညာေနာက္ခံအစြန္လူျဖစ္လာဖို႔ တာဆူေနပါတယ္။

၄။ အန္ဂိုလို ကြန္ေတ

အဆုတ္ႏွစ္လုံးနဲ႔လူလို႔ တင္စားခံထားရတဲ့ ကြန္ေတရဲ႕ အလုပ္ႀကိဳးစားမႈက ခ်ယ္လ္ဆီးကြင္းလယ္ကို ခိုင္မာသြားေစခဲ့သလို တၿပိဳင္နက္တည္းမွာ ခံစစ္ပိုင္း က်စ္လစ္မာေက်ာမႈကိုပါ တူဟယ္လ္အတြက္ လက္ေဆာင္ေပးသြားနိိုင္ခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္မွာ လာလီဂါဘီလူးႀကီးႏွစ္သင္းကို ရွိန္မေနခဲ့တဲ့ ျပင္သစ္သားရဲ႕စြမ္းေဆာင္ရည္က တီကိုနဲ႔ ရီးရဲလ္တို႔လို အသင္းေတြကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္လာခဲ့တဲ့ ခ်ယ္လ္ဆီးရဲ႕ အထင္ႀကီးစရာအုတ္ျမစ္လည္း ျဖစ္ခဲ့တယ္။

၃။ အန္တိုနီယို ႐ူဒီဂါ

လမ္းပတ္လက္ေအာက္မွာ ေခါက္ထားခံရၿပီး ေနရာေပ်ာက္ခဲ့တဲ့ ႐ူဒီဂါက ၇ ပြဲသာ ကစားခြင့္ရခဲ့တဲ့ အျဖစ္ကေန တူဟယ္လ္လက္ထဲမွာေတာ့ ၂၃ ပြဲကစားခြင့္ရၿပီး ခ်ယ္ဆီးရဲ႕ အေတာက္ပဆုံးကစားသမားစာရင္းထဲကို ဝင္လာခဲ့တယ္။

သူ႔ေျခစြမ္းေတြက တကယ့္ကိုထိုက္တန္ခဲ့သလို တူဟယ္လ္ရဲ႕ ကစားကြက္မွာ အံအဝင္ဆုံး အသုံးေတာ္ခံခဲ့တဲ့ ဂ်ာမန္သားက Clean Sheet ၁၁ ပြဲအထိ စြမ္းေဆာင္ခဲ့သလို လမ္းပတ္မွားယြင္းေၾကာင္း သက္ေသျပခဲ့တဲ့ေနာက္မွာ တူဟယ္လ္ရဲ႕ ခံစစ္ယႏၲရားႀကီးတခုလုံးကို သူက ေနာက္ကြယ္ကေန လည္ပတ္ေနေစခဲ့တာပါ။

၂။ သီယာဂို ေဆးလ္ဗား

PSG ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာခဲ့သူ ဝါရင့္ခံစစ္ေက်ာက္ေဆာင္ႀကီးဟာ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ဒီရာသီမွာ ၃၂ ပြဲအထိ အေမာမေဖာက္စတမ္း ကစားခဲ့ၿပီး ကမာၻ႔အဆင့္ခံစစ္ဦးေဆာင္မႈက ခ်ယ္လ္ဆီးကို ေကာင္းေကာင္းလုံၿခဳံေစခဲ့တယ္။

Clean Sheet ၁၀ ပြဲ စြမ္း​ေဆာင္ႏိုင္ခဲ့သလို တန္ေၾကးႀကီးလြန္းတဲ့ ဇီးယက္ရွ္၊ ဗာနာ၊ ခိုင္ဟာဗတ္ဇ္တို႔အုပ္စုက ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ ႐ြာလည္ေနခ်ိန္မွာပဲ ေဆးလ္ဗားက ေဆးစက္က်ရာ အ႐ုပ္ထင္ခဲ့တဲ့ သမာၻ႔ရင့္အေတြ႕အႀကဳံက လက္ရွိခ်ယ္လ္ဆီးရဲ႕ ေအာင္ျမင္မႈမွာ အေတာ္ေလးစကားေျပာခဲ့တယ္။

၁။ ေမဆန္ေမာင့္

ေမာင့္က ဒီႏွစ္ခ်ယ္လ္ဆီးရဲ႕ တႏွစ္တာ အေကာင္းဆုံးကစားသမားဆုရွင္ျဖစ္လာခဲ့တယ္။ အားလုံး တညီတၫြတ္တည္း လက္ခံထားရတာက ေဘာလုံးဦးေႏွာက္ျမင့္တယ္၊ လုပ္အားႏႈန္းေကာင္းတယ္၊ မေမာစတမ္းေျပးလႊားႏိုင္တယ္၊ ဒါေတြက တူဟယ္လ္ကို အထင္ႀကီးေစခဲ့ၿပီး မပါမျဖစ္ကစားသမားျဖစ္လာခဲ့တယ္။

ၿပိဳင္ပြဲစုံ ၅၂ ပြဲအထိ ကစားခြင့္ရခဲ့တာက သူ႔ကို ဘယ္ေလာက္ထိ အားကိုးလဲဆိုတာကို ျပသေနတဲ့ သက္ေသျဖစ္ၿပီး ၉ ဂိုးသြင္းယူၿပီး ၈ ဂိုးဖန္တီးထားရာမွာ ၆ ဂိုးက တူဟယ္လ္ေရာက္လာၿပီးမွ သြင္းယူခဲ့တာပါ။ ခ်ယ္လ္ဆီးရဲ႕ EPL ပြဲခ်ိန္မိနစ္ ၈၄ ရာႏႈန္းအထိ ေမာင့္က ပါဝင္ကစားထားရသူပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.