Premier League

ပဲလေ့စ်နဲ့ပွဲကို ဗိုလ်လုပွဲအဖြစ် တင်စားခဲ့တဲ့ ကလော့ပ်ကို ဖားလားငါးလားအဖြေထုတ်ပေးမယ်လို့ သတိပေးလိုက်တဲ့ ရော့ဂျားစ်

လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဥ် ၃၈ အဖြစ် ကစားကြမယ့် လီဗာပူးလ်နဲ့ ပဲလေ့စ်ပွဲစဥ် ရာသီအပိတ်ပွဲဖြစ်တာနဲ့အညီ မိမိတို့အသင်းအတွက် ဗိုလ်လုပွဲဖြစ်တယ်လို့ ဖြစ်တယ်လို့ တင်စားခဲ့တဲ့ ကလော့ပ်ကို မနက်ဖြန်မှာ ဖားလားငါးလား အဖြေထုတ်ပေးသွားမယ်လို့ လက်စတာနည်းပြရော့ဂျားစ်က သတိပေးလိုက်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ဘန်လေကို အနိုင်ကန်ပြီးတဲ့နောက်မှာ အဆင့် ၄ နေရာကို တက်လှမ်းလာတာဖြစ်ပြီး ချန်ပီယံလိဂ် တနေရာစာအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပေမယ့် အဆင့် ၅ နေရာက ရော့ဂျားစ်ကတော့ ရာသီကုန်ပွဲအပြီးမှာ လီဗာပူးလ်ကို ကျော်တက်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေတာပါ။

အဆင့် ၄ တိုက်ပွဲက မပြီးဆုံးသေးဘူးလို့ သူက လီဗာပူးလ်ကို အသိပေးခဲ့သလို နှစ်သင်းစလုံး အမှတ်တူ ၆၆ မှတ် အနေအထားနဲ့ လက်စတာက စပါးစ်ကို ပွဲကျပ်ကစားဖို့ ရှိနေချိန်မှာ ကလော့ပ်ရဲ့အသင်းကတော့ ပဲလေ့စ်ကို အနိုင်ကစားရုံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် အပိုင်နိုင်ဆုံးအကွက်ကို မိထားတာဖြစ်ပါတယ်။

လက်စတာနည်းပြဘရန်ဒန် ရော့ဂျားစ်အနေနဲ့ ၆၉ မှတ်ဖြစ်အောင် ရုန်းကန်သွားမှာဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပြီး လီဗာပူးလ်နဲ့ ဂိုးကွာခြားချက်ရှိနေပြီး ချယ်လ်ဆီးထက် တမှတ်လျော့နည်းနေသော်ငြား စိတ်ဓာတ်မကျဘူးလို့ ဆိုခဲ့သလို ကလော့ပ်ကတော့ လက်ရှိလီဗာပူးလ်ရဲ့ တဆစ်ချိုးအဖြစ်ဟာ ရူးချင်စရာကောင်းလွန်းတယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

” လွန်ခဲ့တဲ့ ၂ လက ကျွန်တော်တို့ ဥရောပဝင်ခွင့်ရမယ်လို့ ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ နောက်ဆုံး ၉ ပွဲမှာ ကျွန်တော်တို့ ၂၃ မှတ်ယူပြီး အခုလို တဆစ်ချိုးပြောင်းလဲသွားတာက ရူးချင်စရာကောင်းတဲ့ အဖြစ်ပါ။ လာမယ့်တနင်္ဂနွေနေ့မှာ ကျွန်တော်တို့နိုင်ရင် ချန်ပီယံလိဂ်ဝင်ဖို့ သေချာသွားပါပြီ။ ”

” ဒီပွဲက ဗိုလ်လုပွဲပါ။ ကျွန်တော်တို့ ဆီမီးဖိုင်နယ်ဖြစ်တဲ့ ဘန်လေကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ ပဲလေ့စ်နဲ့ပွဲကို အနိုင်ကန်ဖို့ကလွဲပြီး ကျွန်တော်တို့ ရွေးချယ်စရာ မရှိပါဘူး။ အခုထက်ပိုပြီး ကျေနပ်စရာကောင်းတဲ့ အချိန်အခါကောင်းလည်း မရှိတော့ပါဘူး ” လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

လက်စတာနည်းပြရော့ဂျားစ်ကတော့ ” ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပါမယ်။ ဖွင့်ထားတဲ့ တံခါးတွေကို ကျော်ဖြတ်ပါမယ်။ နိုင်ပွဲယူမယ်။ FA ဖလားရခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်တော့ စိတ်ပျက်စရာကြီးပါ။ ၆၉ မှတ်ဖြစ်အောင် ကန်မယ်။ ကျွန်တော်တို့ နိုင်ရမယ်။ တိုက်ပွဲကို အဆုံးထိတိုက်မယ် လီဗာပူးလ်နဲ့ ချယ်လ်ဆီးကို ဖားလားငါးလားအဖြေထုတ်ပေးပါမယ် ” လို့ ပြောသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လာမယ့္တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၈ အျဖစ္ ကစားၾကမယ့္ လီဗာပူးလ္နဲ႔ ပဲေလ့စ္ပြဲစဥ္ ရာသီအပိတ္ပြဲျဖစ္တာနဲ႔အညီ မိမိတို႔အသင္းအတြက္ ဗိုလ္လုပြဲျဖစ္တယ္လို႔ ျဖစ္တယ္လို႔ တင္စားခဲ့တဲ့ ကေလာ့ပ္ကို မနက္ျဖန္မွာ ဖားလားငါးလား အေျဖထုတ္ေပးသြားမယ္လို႔ လက္စတာနည္းျပေရာ့ဂ်ားစ္က သတိေပးလိုက္ေၾကာင္း သိရပါတယ္။

လီဗာပူးလ္အသင္းဟာ ဘန္ေလကို အႏိုင္ကန္ၿပီးတဲ့ေနာက္မွာ အဆင့္ ၄ ေနရာကို တက္လွမ္းလာတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ တေနရာစာအတြက္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ကို ပိုင္ဆိုင္သြားခဲ့ၿပီ ျဖစ္ေပမယ့္ အဆင့္ ၅ ေနရာက ေရာ့ဂ်ားစ္ကေတာ့ ရာသီကုန္ပြဲအၿပီးမွာ လီဗာပူးလ္ကို ေက်ာ္တက္ႏိုင္မယ္လို႔ အခိုင္အမာ ယုံၾကည္ေနတာပါ။

အဆင့္ ၄ တိုက္ပြဲက မၿပီးဆုံးေသးဘူးလို႔ သူက လီဗာပူးလ္ကို အသိေပးခဲ့သလို ႏွစ္သင္းစလုံး အမွတ္တူ ၆၆ မွတ္ အေနအထားနဲ႔ လက္စတာက စပါးစ္ကို ပြဲက်ပ္ကစားဖို႔ ရွိေနခ်ိန္မွာ ကေလာ့ပ္ရဲ႕အသင္းကေတာ့ ပဲေလ့စ္ကို အႏိုင္ကစား႐ုံနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာအတြက္ အပိုင္ႏိုင္ဆုံးအကြက္ကို မိထားတာျဖစ္ပါတယ္။

လက္စတာနည္းျပဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ၆၉ မွတ္ျဖစ္ေအာင္ ႐ုန္းကန္သြားမွာျဖစ္တယ္လို႔ ေႂကြးေၾကာ္ခဲ့ၿပီး လီဗာပူးလ္နဲ႔ ဂိုးကြာျခားခ်က္ရွိေနၿပီး ခ်ယ္လ္ဆီးထက္ တမွတ္ေလ်ာ့နည္းေနေသာ္ျငား စိတ္ဓာတ္မက်ဘူးလို႔ ဆိုခဲ့သလို ကေလာ့ပ္ကေတာ့ လက္ရွိလီဗာပူးလ္ရဲ႕ တဆစ္ခ်ိဳးအျဖစ္ဟာ ႐ူးခ်င္စရာေကာင္းလြန္းတယ္လို႔လည္း ဆိုသြားခဲ့ပါတယ္။

” လြန္ခဲ့တဲ့ ၂ လက ကြၽန္ေတာ္တို႔ ဥေရာပဝင္ခြင့္ရမယ္လို႔ ေျပာရင္ ဘယ္သူမွ ယုံမွာမဟုတ္ဘူး။ ေနာက္ဆုံး ၉ ပြဲမွာ ကြၽန္ေတာ္တို႔ ၂၃ မွတ္ယူၿပီး အခုလို တဆစ္ခ်ိဳးေျပာင္းလဲသြားတာက ႐ူးခ်င္စရာေကာင္းတဲ့ အျဖစ္ပါ။ လာမယ့္တနဂၤေႏြေန႔မွာ ကြၽန္ေတာ္တို႔ႏိုင္ရင္ ခ်န္ပီယံလိဂ္ဝင္ဖို႔ ေသခ်ာသြားပါၿပီ။ ”

” ဒီပြဲက ဗိုလ္လုပြဲပါ။ ကြၽန္ေတာ္တို႔ ဆီမီးဖိုင္နယ္ျဖစ္တဲ့ ဘန္ေလကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီ။ ပဲေလ့စ္နဲ႔ပြဲကို အႏိုင္ကန္ဖို႔ကလြဲၿပီး ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္စရာ မရွိပါဘူး။ အခုထက္ပိုၿပီး ေက်နပ္စရာေကာင္းတဲ့ အခ်ိန္အခါေကာင္းလည္း မရွိေတာ့ပါဘူး ” လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။

လက္စတာနည္းျပေရာ့ဂ်ားစ္ကေတာ့ ” ကြၽန္ေတာ္တို႔ ကိုယ့္အလုပ္ကိုယ္လုပ္ပါမယ္။ ဖြင့္ထားတဲ့ တံခါးေတြကို ေက်ာ္ျဖတ္ပါမယ္။ ႏိုင္ပြဲယူမယ္။ FA ဖလားရခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့ရင္ေတာ့ စိတ္ပ်က္စရာႀကီးပါ။ ၆၉ မွတ္ျဖစ္ေအာင္ ကန္မယ္။ ကြၽန္ေတာ္တို႔ ႏိုင္ရမယ္။ တိုက္ပြဲကို အဆုံးထိတိုက္မယ္ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးကို ဖားလားငါးလားအေျဖထုတ္ေပးပါမယ္ ” လို႔ ေျပာသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.