Premier League Transfer News

ဆန်ချို၊ဟားလန်း၊ကိန်းနဲ့ရော်နယ်လ်ဒိုတို့ မန်ချက်စတာယူနိုက်တက်နဲ့ ဘယ်လိုအခြေအနေရှိလဲ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ တောင်ပံနဲ့ တိုက်စစ်တွေကို အားဖြည့်သွားဖို့ ရှိနေရာမှာ ဘယ်ကစားသမားတွေက တကယ်တမ်း ရောက်ရှိလာပြီး အသင်းအတွက် နောက်တစ်ဆင့်မြင့်အောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာက ပရိသတ်တွေအတွက် ရင်အခုန်ရဆုံးကိစ္စလည်းဖြစ်ပါတယ်။

ဒေးလီးမေးလ်သတင်းဌာနကတော့ လက်ရှိမှာ အသင်းနဲ့ အသံထွက်နေကြတဲ့ ဂျေဆန် ဆန်ချို၊ အာလင်း ဟားလန်း၊ ဟာရီကိန်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ရောက်လာနိုင်ခြေအတွက် ကြိုတင်ခန့်မှန်းဟောကိန်းထုတ်လိုက်ပြီး အက်သလက်တစ်သတင်းဌာနရဲ့ ထုတ်ဖော်မှုတွေနဲ့ အိုးလ်ထရက်ဖို့ဒ်က တာဝန်ရှိသူတွေရဲ့ အရိပ်အမြွက်နဲ့ စကားတွေပေါ်လည်း အခြေခံထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ ယူရိုပါလိဂ်ဗိုလ်ရင် ရလာနိုင်မယ့် အကျိုးအမြတ်နဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသုံးပြုနိုင်မယ့် ဘတ်ဂျက်ကို ထည့်သွင်းမတွက်ချက်ခင် ယူနိုက်တက်တို့အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းဖို့ပဲ စိတ်ကူးနေတယ်လို့ သိရပြီး ပေါင်သန်းရာကျော် သုံးနိုင်မယ့် အခြေအနေမျိုး မရှိဘူးလို့ ဆိုနေကြတာပါ။

ဟားလန်းကို ဒေါ့မွန်ကနေ ခေါ်ယူဖို့ဆိုတာက ပေါင်သန်း ၁၃၀ အနည်းဆုံး ကျသင့်မှာဖြစ်ပြီး စပါးစ်ကနေ ထွက်ခွာလာမယ့် ဟာရီကိန်းက ပေါင်သန်း ၁၂၀ ကျနိုင်ချိန်မှာ အထောင်တိုက်စစ်မှူးတစ်ဦးအတွက် ကာဗာနီကို သက်တမ်းတိုးထားချိန်မှာ ချွေတာပြီး ဈေးနှုန်းသက်သာတဲ့သူတွေဆီ အက်ဒ် ဝုဒ်ဝဒ်တစ်ယောက် မျက်နှာလှည့်သွားနိုင်ပါတယ်။

ဒီအချိန်မှာ ပေါင်သန်းဆယ်ဂဏန်းအနည်းငယ်သာ ကျသင့်မှာဖြစ်ပြီး ဂိုးသွင်းခြေ ကောင်းမွန်နေဆဲဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းအတွက် ပုံရိပ်နဲ့ ငွေကြေးအကျိုးအမြတ် ရှာဖွေနိုင်မှုအရပါ စံထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်နေခဲ့ပြီး ဘယ်တောင်ပံတိုက်စစ်မှာရော အထောင်မှာပါ အသုံးပြုနိုင်မယ့်သူအဖြစ် နှစ်ပေါင်းတစ်ဒါဇင်အကြာမှာ တစ်ကျော့ပြန် ပေါင်းထုပ်ဖို့ ဖြစ်လာနိုင်တာပါ။

တူရင်ကနေ ချန်ပီယံလိဂ်မဝင်ဖို့ တော်တော်လေးသေချာနေတဲ့ ဂျူဗင်တပ်စ်အသင်းကတော့ လစာနှုန်းထားများသလို အသင်းရဲ့ ဘဏ္ဏာရေးနဲ့ မကိုက်ညီနိုင်တော့တဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးကို ရောင်းချသွားဖို့ ရာနှုန်းပြည့်နီးပါးရှိနေပြီး အိုးလ်ထရက်ဖို့ဒ်မှာတော့ အသက်အကြီးဆုံးကစားသမားဖြစ်လာနိုင်တဲ့ ရော်နယ်လ်ဒိုဟာ လစာအမြင့်ဆုံးကစားသမားအဖြစ်နဲ့ အင်္ကျီများများရောင်းဖို့ ကူညီပေးနိုင်မှာတော့ မြေကြီးလက်ခတ်မလွဲဖြစ်နေပါတယ်။

ဆန်ချိုကတော့ သူ့ကိုမှ မခေါ်ရင် ပရိသတ်တွေနဲ့ မျက်နှာပျက်ရမှာဖြစ်တဲ့အတွက် နာမည်ကြီး ထမင်းငတ်လို့ အပြောမခံရခင်မှာ လာမယ့်ရာသီအတွက် လျော့ကျသွားနိုင်တဲ့ ပေါင်သန်း ၈၀ လောက်နဲ့ တောင်ပံနှစ်ဖက်စလုံးမှာ အသုံးပြုနိုင်ဖို့ ခေါ်ယူသွားမှာဖြစ်ပြီး အရန်အစီအစဉ်အဖြစ်တော့ ပေါ့ဘာကိုပါ ရောင်းဖြစ်ခဲ့ရင် တောင်ပံရော ကွင်းလယ်မှာပါ ကစားပေမယ့် ဗီလာရဲ့ ဂရီးလစ်ရှ်ကိုလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကျန်တဲ့ ရာသီသစ် စီမံကိန်းမှာတော့ ညာနောက်ခံအတွက် အက်သလက်တီကိုရဲ့ ဝါရင့်နောက်ခံလူ ထရစ်ပီယာ၊ ဘယ်သန်ခံစစ်အတွင်းလူ ပေါ်တောရက်စ်နဲ့ ဒေါင်ဒေါင်မြည် မဟုတ်တဲ့ ကွင်းလယ်ခံစစ်အတွက် ဒက်ကလန် ရိုက်စ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဆာဂျီယို ရာမို့စ်ကိုတော့ ကံသေကံမ မပြောနိုင်သေးသလို မန်ချက်စတာယူနိုက်တက်တို့ ဘယ်သူတွေကို ရောင်းချပြီး ဒီလူတွေကို ပြန်ခေါ်မယ်ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ေတာင္ပံနဲ႔ တိုက္စစ္ေတြကို အားျဖည့္သြားဖို႔ ရွိေနရာမွာ ဘယ္ကစားသမားေတြက တကယ္တမ္း ေရာက္ရွိလာၿပီး အသင္းအတြက္ ေနာက္တစ္ဆင့္ျမင့္ေအာင္ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာက ပရိသတ္ေတြအတြက္ ရင္အခုန္ရဆုံးကိစၥလည္းျဖစ္ပါတယ္။

ေဒးလီးေမးလ္သတင္းဌာနကေတာ့ လက္ရွိမွာ အသင္းနဲ႔ အသံထြက္ေနၾကတဲ့ ေဂ်ဆန္ ဆန္ခ်ိဳ၊ အာလင္း ဟားလန္း၊ ဟာရီကိန္းနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ ေရာက္လာႏိုင္ေျခအတြက္ ႀကိဳတင္ခန႔္မွန္းေဟာကိန္းထုတ္လိုက္ၿပီး အက္သလက္တစ္သတင္းဌာနရဲ႕ ထုတ္ေဖာ္မႈေတြနဲ႔ အိုးလ္ထရက္ဖို႔ဒ္က တာဝန္ရွိသူေတြရဲ႕ အရိပ္အႁမြက္နဲ႔ စကားေတြေပၚလည္း အေျခခံထားတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ယူ႐ိုပါလိဂ္ဗိုလ္ရင္ ရလာႏိုင္မယ့္ အက်ိဳးအျမတ္နဲ႔ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အသုံးျပဳႏိုင္မယ့္ ဘတ္ဂ်က္ကို ထည့္သြင္းမတြက္ခ်က္ခင္ ယူႏိုက္တက္တို႔အေနနဲ႔ နည္းနည္းနဲ႔ က်ဲက်ဲဝိုင္းဖို႔ပဲ စိတ္ကူးေနတယ္လို႔ သိရၿပီး ေပါင္သန္းရာေက်ာ္ သုံးႏိုင္မယ့္ အေျခအေနမ်ိဳး မရွိဘူးလို႔ ဆိုေနၾကတာပါ။

ဟားလန္းကို ေဒါ့မြန္ကေန ေခၚယူဖို႔ဆိုတာက ေပါင္သန္း ၁၃၀ အနည္းဆုံး က်သင့္မွာျဖစ္ၿပီး စပါးစ္ကေန ထြက္ခြာလာမယ့္ ဟာရီကိန္းက ေပါင္သန္း ၁၂၀ က်ႏိုင္ခ်ိန္မွာ အေထာင္တိုက္စစ္မႉးတစ္ဦးအတြက္ ကာဗာနီကို သက္တမ္းတိုးထားခ်ိန္မွာ ေခြၽတာၿပီး ေဈးႏႈန္းသက္သာတဲ့သူေတြဆီ အက္ဒ္ ဝုဒ္ဝဒ္တစ္ေယာက္ မ်က္ႏွာလွည့္သြားႏိုင္ပါတယ္။

ဒီအခ်ိန္မွာ ေပါင္သန္းဆယ္ဂဏန္းအနည္းငယ္သာ က်သင့္မွာျဖစ္ၿပီး ဂိုးသြင္းေျခ ေကာင္းမြန္ေနဆဲျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အသင္းအတြက္ ပုံရိပ္နဲ႔ ေငြေၾကးအက်ိဳးအျမတ္ ရွာေဖြႏိုင္မႈအရပါ စံထိုက္တဲ့ ပုဂၢိဳလ္ျဖစ္ေနခဲ့ၿပီး ဘယ္ေတာင္ပံတိုက္စစ္မွာေရာ အေထာင္မွာပါ အသုံးျပဳႏိုင္မယ့္သူအျဖစ္ ႏွစ္ေပါင္းတစ္ဒါဇင္အၾကာမွာ တစ္ေက်ာ့ျပန္ ေပါင္းထုပ္ဖို႔ ျဖစ္လာႏိုင္တာပါ။

တူရင္ကေန ခ်န္ပီယံလိဂ္မဝင္ဖို႔ ေတာ္ေတာ္ေလးေသခ်ာေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ လစာႏႈန္းထားမ်ားသလို အသင္းရဲ႕ ဘဏၰာေရးနဲ႔ မကိုက္ညီႏိုင္ေတာ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးကို ေရာင္းခ်သြားဖို႔ ရာႏႈန္းျပည့္နီးပါးရွိေနၿပီး အိုးလ္ထရက္ဖို႔ဒ္မွာေတာ့ အသက္အႀကီးဆုံးကစားသမားျဖစ္လာႏိုင္တဲ့ ေရာ္နယ္လ္ဒိုဟာ လစာအျမင့္ဆုံးကစားသမားအျဖစ္နဲ႔ အက်ႌမ်ားမ်ားေရာင္းဖို႔ ကူညီေပးႏိုင္မွာေတာ့ ေျမႀကီးလက္ခတ္မလြဲျဖစ္ေနပါတယ္။

ဆန္ခ်ိဳကေတာ့ သူ႔ကိုမွ မေခၚရင္ ပရိသတ္ေတြနဲ႔ မ်က္ႏွာပ်က္ရမွာျဖစ္တဲ့အတြက္ နာမည္ႀကီး ထမင္းငတ္လို႔ အေျပာမခံရခင္မွာ လာမယ့္ရာသီအတြက္ ေလ်ာ့က်သြားႏိုင္တဲ့ ေပါင္သန္း ၈၀ ေလာက္နဲ႔ ေတာင္ပံႏွစ္ဖက္စလုံးမွာ အသုံးျပဳႏိုင္ဖို႔ ေခၚယူသြားမွာျဖစ္ၿပီး အရန္အစီအစဥ္အျဖစ္ေတာ့ ေပါ့ဘာကိုပါ ေရာင္းျဖစ္ခဲ့ရင္ ေတာင္ပံေရာ ကြင္းလယ္မွာပါ ကစားေပမယ့္ ဗီလာရဲ႕ ဂရီးလစ္ရွ္ကိုလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။

က်န္တဲ့ ရာသီသစ္ စီမံကိန္းမွာေတာ့ ညာေနာက္ခံအတြက္ အက္သလက္တီကိုရဲ႕ ဝါရင့္ေနာက္ခံလူ ထရစ္ပီယာ၊ ဘယ္သန္ခံစစ္အတြင္းလူ ေပၚေတာရက္စ္နဲ႔ ေဒါင္ေဒါင္ျမည္ မဟုတ္တဲ့ ကြင္းလယ္ခံစစ္အတြက္ ဒက္ကလန္ ႐ိုက္စ္တို႔ကို ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး ဆာဂ်ီယို ရာမို႔စ္ကိုေတာ့ ကံေသကံမ မေျပာႏိုင္ေသးသလို မန္ခ်က္စတာယူႏိုက္တက္တို႔ ဘယ္သူေတြကို ေရာင္းခ်ၿပီး ဒီလူေတြကို ျပန္ေခၚမယ္ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.