Premier League

ယူရိုပါဖိုင်နယ်အမီ အဓိက ပြိုင်ဘက်များကို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြံစည်လိုက်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင်ဟာရီ မက်ဂွိုင်းယားနဲ့တွဲဖက်ပေးဖို့ ကမ္ဘာ့အဆင့်ဗဟိုခံစစ်မှူးတဦးကို အလျင်အမြန်ရှာဖွေနေတမယ်လို့ သိရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကစားရမယ့် ဗီလာရီးရဲလ်အသင်းရဲ့ ပေါလ်တောရက်စ်ကို ပစ်မှတ်ထားလာပြီလို့ သိရပါတယ်။

မက်ဂွိုင်းယားနဲ့ ဒီရာသီတွဲကစားလာခဲ့တဲ့ လန်ဒလော့ဖ်ရဲ့ ​ယုံကြည်လောက်စရာမရှိတဲ့ ခြေစွမ်း၊ အဲရစ် ဘိုင်ယီရဲ့ ဒဏ်ရာ မကြာခဏရရာက ပုံမှန်လူအဖြစ် မသုံးစွဲနိုင်မှုတွေက နည်းပြဆိုးလ်ရှားကို စိတ်ပျက်စေတယ်လို့ သိရပြီး ဒီနွေမှာ ဗဟိုခံစစ်တဦး သေချာပေါက်ဝယ်ဖို့ မီးစိမ်းပြလိုက်တာပါ။

ယူနိုက်တက်အနေနဲ့ ရီးရဲလ်ရဲ့ ဗာရန်းကို မျက်စိကျနေပေမယ့် သူ့ရဲ့အနာဂတ်က ဘာနေဗျူးမှာ ဆက်ရှိဖို့ များနေလို့ ပေါလ်တောရက်စ်ဘက်ကို မြှားဦးလှည့်လာတာဖြစ်ပြီး သူ့အတွက် ပေါင် ၄၂ သန်း ပေးချေရဖို့လည်း ရှိနေတယ်။

စပိန်ကလာတဲ့သတင်းတွေအရ သရဲနီတို့ဟာ ကစားသမားရဲ့အေးဂျင့်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တာက ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ပြီလို့ သိရသလို ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင်မှာပဲ ၂၄ နှစ်အရွယ် စပိန်သားကို ခပ်မြန်မြန် အပြီးအပြတ် သဘောတူညီမှု ရယူထားလိုနေတာပါ။

သူ့ကို နွေစျေးကွက်အဖွင့်မှာပဲ စောစောစီးစီး ခေါ်ယူထားချင်နေတာဖြစ်တယ်လို့ သိရပြီး Gdansk က ယူရိုပါဖိုင်နယ်မှာ ဗီလာရီးရဲလ်ရဲ့ တည်​ငြိမ်မှု ပျက်ပြားစေဖို့လည်း ရည်ရွယ်ထားသလို သူ့ကို မရခဲ့ရင်တော့ ဆီဗီလားရဲ့ ဂျူးစ်ကောင်ဒေက ပစ်မှတ်ဖြစ်လာဖို့ ရှိနေပါတယ်။

ဒါ့အပြင် မန်ချက်စတာစီးတီးရဲ့ ဥရောပလွှမ်းမိုးမှုကို ချေဖျက်ဖို့ ပြင်းပြင်ထန်ထန် ဆန္ဒရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ အပြောင်းအလဲကြီးကြီးမားမားကို ဖော်ဆောင်သွားဖို့ ရှိနေပြီး တိုက်စစ်မှုးနေရာအတွက် မန်ချက်စတာစီးတီးဆီ အပါမခံနိုင်တဲ့ ဟာရီကိန်းကို ချိတ်ဆက်နေသလို တောင်ပံတိုက်စစ်အတွက် ဆန်ချိုနဲ့ ဇာတ်လမ်းကို လှလှပပလေး အဆုံးသတ်သွားဖို့ ရှိနေတယ်။

ဒီရာသီအကုန်မှာ အသင်းက ထွက်ခွာခွင့်ပေးဖို့ စပါးစ်ဥက္ကဌ လီဗိုင်းနဲ့ လူကြီးလူကောင်းဆန်တဲ့ နားလည်မှုရယူထားတဲ့ ဟာရီကန်းအတွက် ပေါင်သန်း ၁၅၀ ကုန်ကျသွားဖို့ ရှိနေပြီး ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေး အပြီးသတ်သဘောတူညီရထားပြီလို့ သိရတဲ့အခြေအနေမှာ ပေါင်သန်း ၈၀ ပေးချေရဖွယ် ရှိနေသလို ယူနိုက်တက်အနေနဲ့ သူတို့နှစ်ဦးထဲက အနည်းဆုံးတဦးကိုတော့ နွေမှာ မဖြစ်မနေသိမ်းပိုက်ဖို့ ​ခြေလှမ်း ခပ်ကျဲကျဲလှမ်းနေတယ်လို့ သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

ဒါ့အျပင္ မန္ခ်က္စတာစီးတီးရဲ႕ ဥေရာပလႊမ္းမိုးမႈကို ေခ်ဖ်က္ဖို႔ ျပင္းျပင္ထန္ထန္ ဆႏၵရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ အေျပာင္းအလဲႀကီးႀကီးမားမားကို ေဖာ္ေဆာင္သြားဖို႔ ရွိေနၿပီး တိုက္စစ္မႈးေနရာအတြက္ မန္ခ်က္စတာစီးတီးဆီ အပါမခံႏိုင္တဲ့ ဟာရီကိန္းကို ခ်ိတ္ဆက္ေနသလို ေတာင္ပံတိုက္စစ္အတြက္ ဆန္ခ်ိဳနဲ႔ ဇာတ္လမ္းကို လွလွပပေလး အဆုံးသတ္သြားဖို႔ ရွိေနတယ္။

ဒီရာသီအကုန္မွာ အသင္းက ထြက္ခြာခြင့္ေပးဖို႔ စပါးစ္ဥကၠဌ လီဗိုင္းနဲ႔ လူႀကီးလူေကာင္းဆန္တဲ့ နားလည္မႈရယူထားတဲ့ ဟာရီကန္းအတြက္ ေပါင္သန္း ၁၅၀ ကုန္က်သြားဖို႔ ရွိေနၿပီး ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရး အၿပီးသတ္သေဘာတူညီရထားၿပီလို႔ သိရတဲ့အေျခအေနမွာ ေပါင္သန္း ၈၀ ေပးေခ်ရဖြယ္ ရွိေနသလို ယူႏိုက္တက္အေနနဲ႔ သူတို႔ႏွစ္ဦးထဲက အနည္းဆုံးတဦးကိုေတာ့ ေႏြမွာ မျဖစ္မေနသိမ္းပိုက္ဖို႔ ​ေျခလွမ္း ခပ္က်ဲက်ဲလွမ္းေနတယ္လို႔ သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z