Premier League UCL&UEL

တူဟယ်လ်အနေနဲ့ ဖိုင်နယ်မှာ ဗာနာအစား ၁၈သန်းတန် တိုက်စစ်မှူးကို နေရာပေးရင် မှားလိမ့်မယ်လို့ ဟားဂရေ့ဗ်စ် သတိပေးသွား

ချယ်လ်ဆီးအသင်းအနေနဲ့ တီမို ဗာနာကိုသာ အားမကိုးခဲ့ရင် အခုလိုမျိုး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်လာနိုင်မှာ မဟုတ်ဘူးလို့ ယူနိုက်တက်ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်က သုံးသပ်သွားခဲ့ပြီး ဂျရူးကိုခေါက်ထားပြီး ဗာနာကို ယုံကြည်ခဲ့တာက နည်းပြတူဟယ်လ်ရဲ့ မှန်ကန်တဲ့အမြင်ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

ဗာနာဟာ ဒီရာသီမှာ ချယ်ဆီးအတွက် ၁၂ ဂိုးသွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တမ်မီ အေဘရာဟမ်နဲ့ ပူးတွဲရပ်တည်နေသလို အရန်ခုံမှာ ၂ လကြာ ခေါက်ထားခံထားရတဲ့ တိုက်စစ်မှူးဂျရူးကတော့ ၁၁ ဂိုးသွင်းယူထားတာဖြစ်တဲ့နောက် အသင်းရဲ့တိုက်စစ်ကို ဘယ်သူက ပိုအကျိုးပြုနေသလဲဆိုတဲ့ မေးခွန်းတွေက ရှိလာခဲ့တယ်။

ဒီအချိန်မှာ တြခါးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂျရူးအနေနဲ့ ဒီရာသီ ဥရောပပြိုင်ပွဲ ၈ ပွဲကစားခွင့်ရချိန်မှာ ၆ ဂိုးသွင်းယူထားတာဖြစ်ပြီး ဆီဗီလားနဲ့ အုပ်စုပွဲမှာ တပွဲတည်း ၄ ဂိုးသွင်းသလို တီကိုနဲ့ ကစားခဲ့တဲ့ ရှုံးထွက်အဆင့် Bicycle Kick နဲ့ အဆုံးသတ်နိိုင်မှုလည်း ရှိခဲ့ချိန်မှာ ဗာနာကတော့ ၁၁ ပွဲ မှာ ၄ ဂိုးသွင်းထားသူ ဖြစ်ပေမယ့် ရီးရဲလ်နဲ့ ဆီမီးပွဲစဥ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အဖွင့်ဂိုးကို သွင်းယူပြီး အကျိုးပြုနိုင်ခဲ့တယ်။

တဦးချင်းစွမ်းရည်အရ ဗာနာနဲ့ ဂျရူးတို့နှစ်ဦးစလုံးမှာ ကိုယ်ပိုင်ဟန်တွေကို မြင်တွေ့ရပေမယ့် တူဟယ်လ်ရဲ့ Pressing အသားပေးတဲ့ ကစားကွက်မှာတော့ ဗာနာရဲ့ကစားဟန်က ဂျရူးထက်ပိုပြီး အံဝင်နေခဲ့တာဖြစ်သလို ပြင်သစ်သားကြီးကလည်း ဒါကို ကျေနပ်စွာ ရှိနေတယ်လို့ သိရပါတယ်။

” ဂျရူးက ပိုကောင်းတဲ့ အဆုံးသတ်သူဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် သူ့ကိုသာ ချန်ပီယံလိဂ်ပွဲတိုင်းမှာ အရဲစွန့်အားကိုးပြီး ထုတ်သုံးခဲ့ရင် ချယ်လ်ဆီး ဖိုင်နယ်ရောက်မယ်လို့ ထင်သလား။ ကျွန်တော်ကတော့ မထင်မိဘူး။ ဗာနာက ဂျရူးထက်ပိုပြီး စွယ်စုံရတယ်။ ”

“တူဟယ်လ်အားပြုပြီး ကစားတဲ့ Pressing ကစားဟန်မှာ ဘောလုံးကို မြန်မြန်ပြန်လုယူနိုင်ဖို့ သူက အဓိကအကျိုးပြုနိုင်တယ်။ တိုက်စစ်မှာလည်း ဘယ်ခြမ်းကနေ မွှေနှောက်ကစားနိုင်တယ်။ အလယ်အတွင်းထဲကို ဝင်ချိုးပြေးနိုင်တယ်။ Channels တွေကို ဝင်တိုးနိုင်တယ် ”

” သူ့အတွက် ဂိုးတွေသာ မရတာရှိမယ်။ ကျွန်တော်ကတော့ သူ့ကို တကယ်နှစ်သက်တယ်။ သူ့ရဲ့ အကောင်းဆုံးအချိန်ကို ရောက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို ကောင်းကောင်းရင်ဆိုင်ပြီး တိုက်ပွဲဝင်နေလို့ပါ။ ဒါကိုမြင်နေရလို့ ကျွန်တော်ကတော့ ဝမ်းမြောက်မိတယ် ” လို့ အိုဝင် ဟားဂရေ့ဗ်စ်က ဆိုသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းအေနနဲ႔ တီမို ဗာနာကိုသာ အားမကိုးခဲ့ရင္ အခုလိုမ်ိဳး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္လာႏိုင္မွာ မဟုတ္ဘူးလို႔ ယူႏိုက္တက္ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂေရ႕ဗ္စ္က သုံးသပ္သြားခဲ့ၿပီး ဂ်႐ူးကိုေခါက္ထားၿပီး ဗာနာကို ယုံၾကည္ခဲ့တာက နည္းျပတူဟယ္လ္ရဲ႕ မွန္ကန္တဲ့အျမင္ျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဗာနာဟာ ဒီရာသီမွာ ခ်ယ္ဆီးအတြက္ ၁၂ ဂိုးသြင္းယူထားၿပီး အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ တမ္မီ ေအဘရာဟမ္နဲ႔ ပူးတြဲရပ္တည္ေနသလို အရန္ခုံမွာ ၂ လၾကာ ေခါက္ထားခံထားရတဲ့ တိုက္စစ္မႉးဂ်႐ူးကေတာ့ ၁၁ ဂိုးသြင္းယူထားတာျဖစ္တဲ့ေနာက္ အသင္းရဲ႕တိုက္စစ္ကို ဘယ္သူက ပိုအက်ိဳးျပဳေနသလဲဆိုတဲ့ ေမးခြန္းေတြက ရွိလာခဲ့တယ္။

ဒီအခ်ိန္မွာ ၾတခါးတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ဂ်႐ူးအေနနဲ႔ ဒီရာသီ ဥေရာပၿပိဳင္ပြဲ ၈ ပြဲကစားခြင့္ရခ်ိန္မွာ ၆ ဂိုးသြင္းယူထားတာျဖစ္ၿပီး ဆီဗီလားနဲ႔ အုပ္စုပြဲမွာ တပြဲတည္း ၄ ဂိုးသြင္းသလို တီကိုနဲ႔ ကစားခဲ့တဲ့ ရႈံးထြက္အဆင့္ Bicycle Kick နဲ႔ အဆုံးသတ္နိိုင္မႈလည္း ရွိခဲ့ခ်ိန္မွာ ဗာနာကေတာ့ ၁၁ ပြဲ မွာ ၄ ဂိုးသြင္းထားသူ ျဖစ္ေပမယ့္ ရီးရဲလ္နဲ႔ ဆီမီးပြဲစဥ္မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အဖြင့္ဂိုးကို သြင္းယူၿပီး အက်ိဳးျပဳႏိုင္ခဲ့တယ္။

တဦးခ်င္းစြမ္းရည္အရ ဗာနာနဲ႔ ဂ်႐ူးတို႔ႏွစ္ဦးစလုံးမွာ ကိုယ္ပိုင္ဟန္ေတြကို ျမင္ေတြ႕ရေပမယ့္ တူဟယ္လ္ရဲ႕ Pressing အသားေပးတဲ့ ကစားကြက္မွာေတာ့ ဗာနာရဲ႕ကစားဟန္က ဂ်႐ူးထက္ပိုၿပီး အံဝင္ေနခဲ့တာျဖစ္သလို ျပင္သစ္သားႀကီးကလည္း ဒါကို ေက်နပ္စြာ ရွိေနတယ္လို႔ သိရပါတယ္။

” ဂ်႐ူးက ပိုေကာင္းတဲ့ အဆုံးသတ္သူျဖစ္တယ္ဆိုတာ လူတိုင္းသိၿပီးသားပါ။ ဒါေပမယ့္ သူ႔ကိုသာ ခ်န္ပီယံလိဂ္ပြဲတိုင္းမွာ အရဲစြန္႔အားကိုးၿပီး ထုတ္သုံးခဲ့ရင္ ခ်ယ္လ္ဆီး ဖိုင္နယ္ေရာက္မယ္လို႔ ထင္သလား။ ကြၽန္ေတာ္ကေတာ့ မထင္မိဘူး။ ဗာနာက ဂ်႐ူးထက္ပိုၿပီး စြယ္စုံရတယ္။ ”

“တူဟယ္လ္အားျပဳၿပီး ကစားတဲ့ Pressing ကစားဟန္မွာ ေဘာလုံးကို ျမန္ျမန္ျပန္လုယူႏိုင္ဖို႔ သူက အဓိကအက်ိဳးျပဳႏိုင္တယ္။ တိုက္စစ္မွာလည္း ဘယ္ျခမ္းကေန ေမႊေႏွာက္ကစားႏိုင္တယ္။ အလယ္အတြင္းထဲကို ဝင္ခ်ိဳးေျပးႏိုင္တယ္။ Channels ေတြကို ဝင္တိုးႏိုင္တယ္ ”

” သူ႔အတြက္ ဂိုးေတြသာ မရတာရွိမယ္။ ကြၽန္ေတာ္ကေတာ့ သူ႔ကို တကယ္ႏွစ္သက္တယ္။ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ကို ေရာက္လာပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕အခက္ခဲဆုံးအခ်ိန္ေတြကို ေကာင္းေကာင္းရင္ဆိုင္ၿပီး တိုက္ပြဲဝင္ေနလို႔ပါ။ ဒါကိုျမင္ေနရလို႔ ကြၽန္ေတာ္ကေတာ့ ဝမ္းေျမာက္မိတယ္ ” လို႔ အိုဝင္ ဟားဂေရ႕ဗ္စ္က ဆိုသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.