Premier League Transfer News

21 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကာလကြာရှည်ပစ်မှတ်ဖြစ်တဲ့ တန်းတက် နော့ဝစ်ချ်အသင်းရဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူဖို့ ဈေးဖွင့်ကမ်းလှမ်းဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်က အငှားခေါ်ထားတဲ့ ကွင်းလယ်လူနှစ်ဦးစလုံးကို ပြန်ပို့သွားဖို့ သတင်းတွေ ထွက်နေ။

– အာဆင်နယ်အသင်းကို ဒန်နီယယ်လ် အီယက်ခ်နဲ့အတူ လွှဲပြောင်းဝယ်ယူဖို့ အစီအစဉ်ကို မိမိတို့ဂန္ထဝင်တွေအနေနဲ့ လက်လျှော့သွားမှာ မဟုတ်ကြောင်းနဲ့ ခရိုယန်ကီရဲ့ အသင်းနဲ့ ရည်မှန်းချက်တွေကို စိတ်မဝင်စားကြောင်း ဒင်းနစ္စ ဘားကမ့်က ပြောကြားလိုက်ပြီး ပိုပြီး စိတ်အားထက်သန်တဲ့ ကမ်းလှမ်းမှုမျိုး မကြာခင်လုပ်ဆောင်သွားမယ်လို့ဆို။

– ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ တတိယ လစာအမြင့်ဆုံး ကစားသမား ဝီလီယန်အနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှ အသင်းက ထွက်ခွာဖို့ သေချာနေပြီး ကမ်းလှမ်းမှုတွေကို စောင့်မျှော် နေတယ်လို့ ဖာဘရီဇီယို ရိုမာနို ပြောကြား။

– ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်လူ ဂျူလီယန် ဘရန့်ဒ်ကို ခေါ်ယူမယ်ဆိုရင် နော့ဝစ်ချ်ရဲ့ ဘွင်ဒီယာနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အော်ဒီဂွါဒ်တို့ကို ခေါ်ယူတာထက် အနည်းဆုံး ပေါင်သန်း ၂၀ ကနေ စတင်သက်သာမှာဖြစ်ကြောင်း Football London က အာဆင်နယ်အသင်းဆီ အကြံပြုသွား။

– ဗဟိုနောက်ခံလူ ရှကိုဒရန် မူစတာဖီကို အသင်းကနေ ထွက်ခိုင်းလိုက်တဲ့ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာအသင်းအနေနဲ့ အာဆင်နယ် အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကိုတော့ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း သိရပြီး ဇန်နဝါရီက အသင်းကို ပြန်ရောက်လာခဲ့တဲ့ ဘော့စနီးယားသားအနေနဲ့ အသင်းကပ္ပတိန်တာဝန်ကိုလည်း ရယူထား။

– ဒေးဗစ် လူးဝစ်ဇ် ထွက်ခွာသွားဖို့ သေချာနေတဲ့ အသင်းရဲ့ နောက်တန်းကို Ball Playing Defender တစ်ဦးနဲ့ ပြန်လည်အားဖြည့်ဖို့ စီစဉ်နေရာမှာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဖူလ်ဟမ်က လီယွန်အငှားကစားသမား ဂျိုအာခင်မ် အန်ဒါဆန်ကို စပါးစ်အသင်းနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခေါ်ယူရဖွယ်ရှိနေပြီး ပထမတစ်ကြိမ် ဆမ်ဒိုးရီးယားတုန်းကလည်း လက်လွှတ်ထားခဲ့ရ။

– အာဆင်နယ်တောင်ပံကစားသမား နီကိုလာ ပေပေအနေနဲ့ သူ့ရဲ့ ပေါင် ၇၂ သန်းဆိုတဲ့ ဈေးနှုန်းဖိအားကို ဖယ်ချနိုင်ခဲ့ပြီဖြစ်ပြီး အသင်းအနေနဲ့ သူ့ကို ပုံမှန်နေရာပေးခြင်းနဲ့ ယုံကြည်မှု ပိုမိုမြင့်မားလာအောင် လုပ်ဆောင်ပြီး အနာဂတ်မှာလည်း ဂိုးတွေ ပိုမိုမြင်တွေ့ရလိမ့်မယ်လို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက သုံးသပ်သွား။

– အာဆင်နယ်အသင်းအနေနဲ့ ဆောက်သမ်တန်အသင်းရဲ့ လူကြိုက်များနေတဲ့ Homegrown ဘယ်နောက်ခံလူ အသက် ၃၂ နှစ်အရွယ် ရိုင်ယန် ဘာထရန်အစား တူရကီကလပ် ဘက်ရှီးတပ်စ်အသင်းရဲ့ ၁၉ နှစ်သား ရစ်ဒ်ဗန် ယီလ်မက်ဇ်ကိုပဲ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ခေါ်ယူသွားဖို့ ချိတ်ဆက်နေ။

– နယူးကာဆယ်လ်အသင်းက အလိုရှိနေခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက် ဂိုးသွင်းရှင် ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို အာဆင်နယ်အသင်းအနေနဲ့ ဆက်လက်ဈေးကိုင်ဖို့ထက် လက်ရှိပေါက်ဈေး ပေါင်သန်း ၂၀ နဲ့ပဲ ရောင်းချသွားမှာဖြစ်ပြီး အော်ဒီဂွါဒ်နဲ့ ဘွင်ဒီယာတို့လို ကွင်းလယ်ဖန်တီးရှင်တွေကို ခေါ်ယူနိုင်ဖို့ ငွေရှာသွားဖွယ်ရှိနေ။

– လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ငါးနှစ်စာချုပ်နဲ့ အသင်းမှာ ဆက်လက်ရှိနေစေဖို့ ကမ်းလှမ်းထားတယ်ဆိုတဲ့ ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းထုတ်ပြန်မှုအတွက် သူ့အနေနဲ့ ပျော်ရွှင်မိကြောင်း အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်ပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ တိုက်စစ်ကို အူဘာမီယန်းနဲ့ပဲ ပွဲထွက်လာဖို့ ရှိနေပြီး ပေပေနဲ့ ဆာကာတို့ကို ဘယ်ညာတောင်ပံတွေမှာ အလျဉ်းသင့်သလို အသုံးပြုသွားနိုင်သလို ကွင်းလယ်မှာတော့ ချာကာနဲ့ ပါတေးကို တွဲဖက်ပေးသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကာလၾကာရွည္ပစ္မွတ္ျဖစ္တဲ့ တန္းတက္ ေနာ့ဝစ္ခ်္အသင္းရဲ႕ ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာကို ေခၚယူဖို႔ ေဈးဖြင့္ကမ္းလွမ္းဖြယ္ရွိေနၿပီး ရီးရဲလ္မက္ဒရစ္က အငွားေခၚထားတဲ့ ကြင္းလယ္လူႏွစ္ဦးစလုံးကို ျပန္ပို႔သြားဖို႔ သတင္းေတြ ထြက္ေန။

– အာဆင္နယ္အသင္းကို ဒန္နီယယ္လ္ အီယက္ခ္နဲ႔အတူ လႊဲေျပာင္းဝယ္ယူဖို႔ အစီအစဥ္ကို မိမိတို႔ဂႏၴဝင္ေတြအေနနဲ႔ လက္ေလွ်ာ့သြားမွာ မဟုတ္ေၾကာင္းနဲ႔ ခ႐ိုယန္ကီရဲ႕ အသင္းနဲ႔ ရည္မွန္းခ်က္ေတြကို စိတ္မဝင္စားေၾကာင္း ဒင္းနစၥ ဘားကမ့္က ေျပာၾကားလိုက္ၿပီး ပိုၿပီး စိတ္အားထက္သန္တဲ့ ကမ္းလွမ္းမႈမ်ိဳး မၾကာခင္လုပ္ေဆာင္သြားမယ္လို႔ဆို။

– ၿပီးခဲ့တဲ့ ေႏြရာသီက ခ်ဲလ္ဆီးအသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ တတိယ လစာအျမင့္ဆုံး ကစားသမား ဝီလီယန္အေနနဲ႔ လာမယ့္အေျပာင္းအေ႐ႊ႕ကာလမွ အသင္းက ထြက္ခြာဖို႔ ေသခ်ာေနၿပီး ကမ္းလွမ္းမႈေတြကို ေစာင့္ေမွ်ာ္ ေနတယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ေျပာၾကား။

– ေဒါ့မြန္အသင္းရဲ႕ ကြင္းလယ္လူ ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေခၚယူမယ္ဆိုရင္ ေနာ့ဝစ္ခ်္ရဲ႕ ဘြင္ဒီယာနဲ႔ ရီးရဲလ္မက္ဒရစ္ရဲ႕ ေအာ္ဒီဂြါဒ္တို႔ကို ေခၚယူတာထက္ အနည္းဆုံး ေပါင္သန္း ၂၀ ကေန စတင္သက္သာမွာျဖစ္ေၾကာင္း Football London က အာဆင္နယ္အသင္းဆီ အႀကံျပဳသြား။

– ဗဟိုေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကို အသင္းကေန ထြက္ခိုင္းလိုက္တဲ့ ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာအသင္းအေနနဲ႔ အာဆင္နယ္ အသင္းကေန အငွားနဲ႔ ေခၚယူထားတဲ့ ဘယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကိုေတာ့ ဆက္လက္ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း သိရၿပီး ဇန္နဝါရီက အသင္းကို ျပန္ေရာက္လာခဲ့တဲ့ ေဘာ့စနီးယားသားအေနနဲ႔ အသင္းကပၸတိန္တာဝန္ကိုလည္း ရယူထား။

– ေဒးဗစ္ လူးဝစ္ဇ္ ထြက္ခြာသြားဖို႔ ေသခ်ာေနတဲ့ အသင္းရဲ႕ ေနာက္တန္းကို Ball Playing Defender တစ္ဦးနဲ႔ ျပန္လည္အားျဖည့္ဖို႔ စီစဥ္ေနရာမွာ အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ဖူလ္ဟမ္က လီယြန္အငွားကစားသမား ဂ်ိဳအာခင္မ္ အန္ဒါဆန္ကို စပါးစ္အသင္းနဲ႔ ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ေခၚယူရဖြယ္ရွိေနၿပီး ပထမတစ္ႀကိမ္ ဆမ္ဒိုးရီးယားတုန္းကလည္း လက္လႊတ္ထားခဲ့ရ။

– အာဆင္နယ္ေတာင္ပံကစားသမား နီကိုလာ ေပေပအေနနဲ႔ သူ႔ရဲ႕ ေပါင္ ၇၂ သန္းဆိုတဲ့ ေဈးႏႈန္းဖိအားကို ဖယ္ခ်ႏိုင္ခဲ့ၿပီျဖစ္ၿပီး အသင္းအေနနဲ႔ သူ႔ကို ပုံမွန္ေနရာေပးျခင္းနဲ႔ ယုံၾကည္မႈ ပိုမိုျမင့္မားလာေအာင္ လုပ္ေဆာင္ၿပီး အနာဂတ္မွာလည္း ဂိုးေတြ ပိုမိုျမင္ေတြ႕ရလိမ့္မယ္လို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက သုံးသပ္သြား။

– အာဆင္နယ္အသင္းအေနနဲ႔ ေဆာက္သမ္တန္အသင္းရဲ႕ လူႀကိဳက္မ်ားေနတဲ့ Homegrown ဘယ္ေနာက္ခံလူ အသက္ ၃၂ ႏွစ္အ႐ြယ္ ႐ိုင္ယန္ ဘာထရန္အစား တူရကီကလပ္ ဘက္ရွီးတပ္စ္အသင္းရဲ႕ ၁၉ ႏွစ္သား ရစ္ဒ္ဗန္ ယီလ္မက္ဇ္ကိုပဲ သင့္ေတာ္တဲ့ ေဈးႏႈန္းနဲ႔ ေခၚယူသြားဖို႔ ခ်ိတ္ဆက္ေန။

– နယူးကာဆယ္လ္အသင္းက အလိုရွိေနခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ ပြဲဆက္ ဂိုးသြင္းရွင္ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို အာဆင္နယ္အသင္းအေနနဲ႔ ဆက္လက္ေဈးကိုင္ဖို႔ထက္ လက္ရွိေပါက္ေဈး ေပါင္သန္း ၂၀ နဲ႔ပဲ ေရာင္းခ်သြားမွာျဖစ္ၿပီး ေအာ္ဒီဂြါဒ္နဲ႔ ဘြင္ဒီယာတို႔လို ကြင္းလယ္ဖန္တီးရွင္ေတြကို ေခၚယူႏိုင္ဖို႔ ေငြရွာသြားဖြယ္ရွိေန။

– လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို ငါးႏွစ္စာခ်ဳပ္နဲ႔ အသင္းမွာ ဆက္လက္ရွိေနေစဖို႔ ကမ္းလွမ္းထားတယ္ဆိုတဲ့ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ သတင္းထုတ္ျပန္မႈအတြက္ သူ႔အေနနဲ႔ ေပ်ာ္႐ႊင္မိေၾကာင္း အာဆင္နယ္တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္ေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ဘ႐ိုက္တန္နဲ႔ပြဲမွာ တိုက္စစ္ကို အူဘာမီယန္းနဲ႔ပဲ ပြဲထြက္လာဖို႔ ရွိေနၿပီး ေပေပနဲ႔ ဆာကာတို႔ကို ဘယ္ညာေတာင္ပံေတြမွာ အလ်ဥ္းသင့္သလို အသုံးျပဳသြားႏိုင္သလို ကြင္းလယ္မွာေတာ့ ခ်ာကာနဲ႔ ပါေတးကို တြဲဖက္ေပးသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.