Premier League Transfer News

21 May နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းကသာ ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ ကစားဟန်နဲ့ အကိုက်ညီဆုံးဖြစ်လိမ့်မယ်လို့ အက်စ်တန်ဗီလာကွင်းလယ် ကစာသမားဟောင်း လီးဟင်ဒရီက ပြောကြားလိုက်ပြီး သူ့ကို စိတ်ဝင်စားနေကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်စတဲ့ အသင်းတွေကို မေ့ပစ်ဖို့ တိုက်တွန်းသွားခဲ့။

– မန်စီးတီးတို့အနေနဲ့ စပါးစ်အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဟာရီကိန်းအတွက် မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို နှာတစ်ဖျား အသာရနိုင်ပြီး ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲကြီးတွေအတွက် အင်အားတောင့်တင်းတဲ့ ပုံစံက အင်္ဂလန်ကပ္ပတိန်ကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ သုံးသပ်နေကြ။

– စီးတီးတို့ကို ပရီးမီးယားလိဂ်ကို ရောက်စ ပထမဆုံးရာသီမှာပဲ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်ကို ဘောလုံးကလောင်ရှင်များအစည်းအရုံးက တစ်ရာသီစာ အကောင်းဆုံးဆုကို ချီးမြှင့်လိုက်ပြီး တိုက်စစ်မှူး ဟာရီကိန်းနဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားတို့ နောက်ကောက်ကျသွားခဲ့။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ လာမယ့်ရာသီကနေ စတင်ပြီး တစ်နှစ်ကို ပေါင်လေးသန်းရရှိမယ့် နှစ်နှစ်စာချုပ်ကို ဘာစီလိုနာ အသင်းနဲ့အတူ ချုပ်ဆိုသွားမှာဖြစ်ပြီး အစ်တီဟတ်မှာ ရရှိနေတဲ့ လုပ်ခထက် သုံးပုံတစ်ပုံသာ ရှိခဲ့သလို အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့ အတူကစားမလား၊ အဝင်အထွက်လွဲမလားတော့ စောင့်ကြည့်ရဖွယ်ရှိနေ။

– အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အဂွေရို ထွက်ခွာသွားချိန်မှာ အခန်းကဏ္ဍ ပိုမိုမြင့်မားလာဖွယ်ရှိနေတဲ့ ဘယ်တောင်ပံ တိုက်စစ်မှူး ရာဟင်းမ် စတာလင်ကို နှစ်ရှည်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီးတီးတာဝန်ရှိသူတွေက စီစဉ်နေပြီး ၂၆ နှစ်သားကို လစာ တိုးမြှင့်ပေးသွားဖွယ်ရှိနေ။

– ရူဘင် ဒီယက်စ်ရဲ့ အားကစားကလောင်ရှင်အကောင်းဆုံးဆုအတွက် ပရိသတ်တွေ ငြင်းခုံနေခဲ့ကြပြီး ဘာကြောင့် ၂၁ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးထားတဲ့ ဟာရီကိန်းမဖြစ်ခဲ့တာလဲလို့ မေးခွန်းထုတ်နေကြချိန်မှာ မန်စီးတီးကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်ရဲ့ ဆက်တိုက်သွင်းဂိုးတွေနဲ့ ချန်ပီယံရမှတ်တွေကို ရယူခဲ့တာကရော အဓိက မကျဘူးလားလို့ ထောက်ပြနေကြ။

– မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူတို့အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ လီဗာပူးလ်အသင်းရဲ့ ကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး အကောင်းဆုံးပြင်ဆင်သွားရမှာဖြစ်ကြောင်းနဲ့ အာမခံချက်ဆိုတာ မရှိကြောင်း ပြောကြား။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အကယ်ဒမီထွက်ကစားသမား အက်ဒရီယန် ဘာနာဘီကို မန်ချက်စတာစီးတီးအရန်အသင်းကနေ ပြန်လည်ခေါ်ယူသွားလိုနေပြီး အသက် ၁၉ နှစ်အရွယ် စပိန်သားအနေနဲ့ ဂွါဒီယိုလာရဲ့ ပြုပြင်ပြောင်းလဲမှုအောက်မှာ ကွင်းလယ်ကနေ ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်တာကြောင့် နူးကမ့်မှာ အခွင့်အရေးကောင်း ရယူနိုင်ဖို့လည်းရှိနေ။

– ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရတဲ့ နာသန် အာကေနဲ့ အစ်တီဟတ်မှာ ကစားခွင့်နည်းနေလို့ ဥရောပအသင်းကြီးတွေဆီ ထွက်ခွာနိုင်တဲ့ အေးမရစ် လာပေါ့တ်တို့ နေရာတွေမှာ အစားထိုးဖို့ မန်စီးတီးအနေနဲ့ အင်တာမီလန်နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို စိတ်ဝင်စားနေတယ်လို့ အီတလီရုပ်သံ စပို့စ် မီဒီယာဆက် ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းကသာ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ ကစားဟန္နဲ႔ အကိုက္ညီဆုံးျဖစ္လိမ့္မယ္လို႔ အက္စ္တန္ဗီလာကြင္းလယ္ ကစာသမားေဟာင္း လီးဟင္ဒရီက ေျပာၾကားလိုက္ၿပီး သူ႔ကို စိတ္ဝင္စားေနၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္စတဲ့ အသင္းေတြကို ေမ့ပစ္ဖို႔ တိုက္တြန္းသြားခဲ့။

– မန္စီးတီးတို႔အေနနဲ႔ စပါးစ္အသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ဟာရီကိန္းအတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ကို ႏွာတစ္ဖ်ား အသာရႏိုင္ၿပီး ပရီးမီးယားလိဂ္နဲ႔ ၿပိဳင္ပြဲႀကီးေတြအတြက္ အင္အားေတာင့္တင္းတဲ့ ပုံစံက အဂၤလန္ကပၸတိန္ကို ပိုမိုဆြဲေဆာင္ႏိုင္မယ္လို႔ သုံးသပ္ေနၾက။

– စီးတီးတို႔ကို ပရီးမီးယားလိဂ္ကို ေရာက္စ ပထမဆုံးရာသီမွာပဲ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ကို ေဘာလုံးကေလာင္ရွင္မ်ားအစည္းအ႐ုံးက တစ္ရာသီစာ အေကာင္းဆုံးဆုကို ခ်ီးျမႇင့္လိုက္ၿပီး တိုက္စစ္မႉး ဟာရီကိန္းနဲ႔ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားတို႔ ေနာက္ေကာက္က်သြားခဲ့။

– တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ လာမယ့္ရာသီကေန စတင္ၿပီး တစ္ႏွစ္ကို ေပါင္ေလးသန္းရရွိမယ့္ ႏွစ္ႏွစ္စာခ်ဳပ္ကို ဘာစီလိုနာ အသင္းနဲ႔အတူ ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး အစ္တီဟတ္မွာ ရရွိေနတဲ့ လုပ္ခထက္ သုံးပုံတစ္ပုံသာ ရွိခဲ့သလို အာဂ်င္တီးနားအသင္းေဖာ္ မက္ဆီနဲ႔ အတူကစားမလား၊ အဝင္အထြက္လြဲမလားေတာ့ ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္ၿပီး အေဂြ႐ို ထြက္ခြာသြားခ်ိန္မွာ အခန္းက႑ ပိုမိုျမင့္မားလာဖြယ္ရွိေနတဲ့ ဘယ္ေတာင္ပံ တိုက္စစ္မႉး ရာဟင္းမ္ စတာလင္ကို ႏွစ္ရွည္စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုသြားဖို႔ စီးတီးတာဝန္ရွိသူေတြက စီစဥ္ေနၿပီး ၂၆ ႏွစ္သားကို လစာ တိုးျမႇင့္ေပးသြားဖြယ္ရွိေန။

– ႐ူဘင္ ဒီယက္စ္ရဲ႕ အားကစားကေလာင္ရွင္အေကာင္းဆုံးဆုအတြက္ ပရိသတ္ေတြ ျငင္းခုံေနခဲ့ၾကၿပီး ဘာေၾကာင့္ ၂၁ ဂိုးသြင္းၿပီး ၁၃ ဂိုး ဖန္တီးထားတဲ့ ဟာရီကိန္းမျဖစ္ခဲ့တာလဲလို႔ ေမးခြန္းထုတ္ေနၾကခ်ိန္မွာ မန္စီးတီးကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ရဲ႕ ဆက္တိုက္သြင္းဂိုးေတြနဲ႔ ခ်န္ပီယံရမွတ္ေတြကို ရယူခဲ့တာကေရာ အဓိက မက်ဘူးလားလို႔ ေထာက္ျပေနၾက။

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ဂြါဒီယိုလာက သူတို႔အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ဖို႔ လီဗာပူးလ္အသင္းရဲ႕ က်ရႈံးမႈေတြကေန သင္ခန္းစာယူၿပီး အေကာင္းဆုံးျပင္ဆင္သြားရမွာျဖစ္ေၾကာင္းနဲ႔ အာမခံခ်က္ဆိုတာ မရွိေၾကာင္း ေျပာၾကား။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ အကယ္ဒမီထြက္ကစားသမား အက္ဒရီယန္ ဘာနာဘီကို မန္ခ်က္စတာစီးတီးအရန္အသင္းကေန ျပန္လည္ေခၚယူသြားလိုေနၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ စပိန္သားအေနနဲ႔ ဂြါဒီယိုလာရဲ႕ ျပဳျပင္ေျပာင္းလဲမႈေအာက္မွာ ကြင္းလယ္ကေန ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားႏိုင္တာေၾကာင့္ ႏူးကမ့္မွာ အခြင့္အေရးေကာင္း ရယူႏိုင္ဖို႔လည္းရွိေန။

– ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနခဲ့ရတဲ့ နာသန္ အာေကနဲ႔ အစ္တီဟတ္မွာ ကစားခြင့္နည္းေနလို႔ ဥေရာပအသင္းႀကီးေတြဆီ ထြက္ခြာႏိုင္တဲ့ ေအးမရစ္ လာေပါ့တ္တို႔ ေနရာေတြမွာ အစားထိုးဖို႔ မန္စီးတီးအေနနဲ႔ အင္တာမီလန္ေနာက္ခံလူ အလက္ဆန္ဒ႐ို ဘက္စတိုနီကို စိတ္ဝင္စားေနတယ္လို႔ အီတလီ႐ုပ္သံ စပို႔စ္ မီဒီယာဆက္ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.