Premier League

ဟာလန်းနဲ့ အမ်ဘာပေ ဘယ်သူပိုကောင်းလဲဆိုတာ ရွေးချယ်လိုက်တဲ့ ရော်နယ်လ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်လ်ဒိုဟာ သူနဲ့မက်ဆီတို့ရဲ့ တိုက်ပွဲဟာ နေဝင်ချိန်ရောက်လာခဲ့တဲ့နောက် ဒီအဖြစ်ကို ကြည်ကြည်ဖြူဖြူလက်ခံပြီး ဘောလုံးအမွေကို ဆက်ခံမယ့် အနာဂတ်မျိုးဆက်သစ်တွေကို ရွေးချယ်​ပေးသွားခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီသားအနေနဲ့ ဟာလန်းနဲ့ အမ်ဘာပေတို့နှစ်ဦးဟာ ဘောလုံးလောကမှာ ရွက်သစ်ဝေရမယ့် လူငယ်သွေးသစ်တွေဖြစ်တယ်လို့ သေချာပေါက် အတပ်ဟောခဲ့သလို သူတို့နှစ်ဦးမှာ ဘယ်သူကပိုကောင်းသလဲဆိုတာကိုတော့ သမ္ဘာရင့်ဘောလုံးသမားပီပီ ဘက်မလိုက်ဘဲ ရပ်တည်သွားခဲ့တာကို တွေ့ရတယ်။

သူ့အနေနဲ့ ကိုယ်တိုင်ဖြတ်သန်းလာခဲ့ရတဲ့ ဘောလုံးအတွေ့အကြုံအရဆိုရင် ကမ္ဘာ့အဆင့်မှာ ၁ နှစ်၊ ၂ နှစ်လောက် ရပ်တည်နိုင်ပြီး ကောက်ရိုးမီးလို ဟုန်းခနဲထတောက်ဖို့ထက် ကမ္ဘာ့အဆင့် ထိပ်တန်းလွှာဘောလုံးသမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ဖို့ကိုသာ ပိုမိုတိုက်တွန်းအားပေးလိုကြောင်း အကြံပြုသွားခဲ့ပါသေးတယ်။

“တကယ်ကြီးမြတ်တဲ့ ဘောလုံးသမားတွေဆိုတာ တနှစ်ပြီးတနှစ် ပိုကောင်းလာပြီး တရာသီထက်တရာသီ ပိုတောက်ပလာကြတာမျိုးပါ။ ဒီလိုဖြစ်လာဖို့ လွယ်လွယ်တော့ မရပါဘူး။ အလုပ်ကို ပြင်းပြင်းထန်ထန်ကို ​ကြိုးစားဖို့လိုပါတယ်။ အများကြီးပေးဆပ်သွားဖို့ လိုအပ်ပါတယ် ”

“ကျွန်တော့်အတွက်ကတော့ ဟာလန်းနဲ့ အမ်ဘာပေတို့လို မျိုးဆက်သစ်တွေကို မြင်တွေ့ရတာ သိပ်ကို စိတ်လှုပ်ရှားပါတယ်။ သူတို့နှစ်ဦးထဲက အကောင်းဆုံးတယောက်ကိုပဲ ရွေးပါဆိုရင်တော့ ခင်ဗျား ရက်စက်လွန်းရာကျပါတယ်။ သူတို့​က အနာဂတ်ကို ဖောက်ထွင်းလာမယ့် ကစားနှစ်ဦးလို့ ကျွန်တော်ရဲရဲပြောပါမယ်”လို့ ရော်နယ်လ်ဒိုက အနာဂတ်မျိုးဆက်အတွက် သူ့ရဲ့အ​မြင်ကို ပြောသွားခဲ့တာပါ။

ဒါ့အပြင် သူ့အနေနဲ့ အသက် ၃၆ နှစ်အရွယ်မှာ ကမ္ဘာ့ထိပ်သီးအဆင့်အဖြစ် ခိုင်ခိုင်မြဲမြဲနဲ့ ထိုက်ထိုက်တန်တန် ရပ်တည်နေနိုင်ဆဲဖြစ်တာက သူ့ကို အသက် ၄၀ အရွယ်အထိ အဆင့်မီတိုက်စစ်မှူးအဖြစ် မြင်တွေ့ရဦးမှာဖြစ်တယ်လို့ သတ်မှတ်ထားကြချိန်မှာ ဂျူဗစ်တပ်စ်အသင်းအတွက် အမြန်ဆုံး ဂိုးရာပြည့်မှတ်တိုင်ရောက်ခဲ့တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

“ကျွန်တော့်ကို ကမ္ဘာ့အကြီးမြတ်ဆုံးကစားသမားတွေထဲ တယောက်အဖြစ် လူတွေ မှတ်မိနေမယ်လို့ မျှော်လင့်နေထားပါတယ်။ ပြင်းပြင်ထန်ထန်ကို ကြိုးစားအားထုတ်ခဲ့တယ်။ သူ့အသင်းကို အောင်နိုင််ဖို့ ကောင်းကောင်းကူညီပေးခဲ့တယ်။ ”

“ဒီလိုကစားသမားမျိုးအဖြစ်ပေါ့လေ။ လူတွေမှတ်မိနေကြမှာပါ။ ဘောလုံးလောကရဲ့ သမိုင်းမှာ ကျွန်တော်လည်း လှပချင်ပါတယ် ” လို့ ဝါရင့်တိုက်စစ်မှူးကြီးက သူ့ရဲ့ဘောလုံးခံယူချက်ကိုလည်း ပြောပြသွားပြီး လူငယ်တွေကို လက်ဆင့်ကမ်းပေးခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးေရာ္နယ္လ္ဒိုဟာ သူနဲ႔မက္ဆီတို႔ရဲ႕ တိုက္ပြဲဟာ ေနဝင္ခ်ိန္ေရာက္လာခဲ့တဲ့ေနာက္ ဒီအျဖစ္ကို ၾကည္ၾကည္ျဖဴျဖဴလက္ခံၿပီး ေဘာလုံးအေမြကို ဆက္ခံမယ့္ အနာဂတ္မ်ိဳးဆက္သစ္ေတြကို ေ႐ြးခ်ယ္​ေပးသြားခဲ့တယ္လို႔ သိရပါတယ္။

ေပၚတူဂီသားအေနနဲ႔ ဟာလန္းနဲ႔ အမ္ဘာေပတို႔ႏွစ္ဦးဟာ ေဘာလုံးေလာကမွာ ႐ြက္သစ္ေဝရမယ့္ လူငယ္ေသြးသစ္ေတြျဖစ္တယ္လို႔ ေသခ်ာေပါက္ အတပ္ေဟာခဲ့သလို သူတို႔ႏွစ္ဦးမွာ ဘယ္သူကပိုေကာင္းသလဲဆိုတာကိုေတာ့ သမာၻရင့္ေဘာလုံးသမားပီပီ ဘက္မလိုက္ဘဲ ရပ္တည္သြားခဲ့တာကို ေတြ႕ရတယ္။

သူ႔အေနနဲ႔ ကိုယ္တိုင္ျဖတ္သန္းလာခဲ့ရတဲ့ ေဘာလုံးအေတြ႕အႀကဳံအရဆိုရင္ ကမာၻ႔အဆင့္မွာ ၁ ႏွစ္၊ ၂ ႏွစ္ေလာက္ ရပ္တည္ႏိုင္ၿပီး ေကာက္႐ိုးမီးလို ဟုန္းခနဲထေတာက္ဖို႔ထက္ ကမာၻ႔အဆင့္ ထိပ္တန္းလႊာေဘာလုံးသမားအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ႏိုင္ဖို႔ကိုသာ ပိုမိုတိုက္တြန္းအားေပးလိုေၾကာင္း အႀကံျပဳသြားခဲ့ပါေသးတယ္။

“တကယ္ႀကီးျမတ္တဲ့ ေဘာလုံးသမားေတြဆိုတာ တႏွစ္ၿပီးတႏွစ္ ပိုေကာင္းလာၿပီး တရာသီထက္တရာသီ ပိုေတာက္ပလာၾကတာမ်ိဳးပါ။ ဒီလိုျဖစ္လာဖို႔ လြယ္လြယ္ေတာ့ မရပါဘူး။ အလုပ္ကို ျပင္းျပင္းထန္ထန္ကို ​ႀကိဳးစားဖို႔လိုပါတယ္။ အမ်ားႀကီးေပးဆပ္သြားဖို႔ လိုအပ္ပါတယ္”

“ကြၽန္ေတာ့္အတြက္ကေတာ့ ဟာလန္းနဲ႔ အမ္ဘာေပတို႔လို မ်ိဳးဆက္သစ္ေတြကို ျမင္ေတြ႕ရတာ သိပ္ကို စိတ္လႈပ္ရွားပါတယ္။ သူတို႔ႏွစ္ဦးထဲက အေကာင္းဆုံးတေယာက္ကိုပဲ ေ႐ြးပါဆိုရင္ေတာ့ ခင္ဗ်ား ရက္စက္လြန္းရာက်ပါတယ္။ သူတို႔​က အနာဂတ္ကို ေဖာက္ထြင္းလာမယ့္ ကစားႏွစ္ဦးလို႔ ကြၽန္ေတာ္ရဲရဲေျပာပါမယ္”လို႔ ေရာ္နယ္လ္ဒိုက အနာဂတ္မ်ိဳးဆက္အတြက္ သူ႔ရဲ႕အ​ျမင္ကို ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ သူ႔အေနနဲ႔ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ ကမာၻ႔ထိပ္သီးအဆင့္အျဖစ္ ခိုင္ခိုင္ၿမဲၿမဲနဲ႔ ထိုက္ထိုက္တန္တန္ ရပ္တည္ေနႏိုင္ဆဲျဖစ္တာက သူ႔ကို အသက္ ၄၀ အ႐ြယ္အထိ အဆင့္မီတိုက္စစ္မႉးအျဖစ္ ျမင္ေတြ႕ရဦးမွာျဖစ္တယ္လို႔ သတ္မွတ္ထားၾကခ်ိန္မွာ ဂ်ဴဗစ္တပ္စ္အသင္းအတြက္ အျမန္ဆုံး ဂိုးရာျပည့္မွတ္တိုင္ေရာက္ခဲ့တဲ့ ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

“ကြၽန္ေတာ့္ကို ကမာၻ႔အႀကီးျမတ္ဆုံးကစားသမားေတြထဲ တေယာက္အျဖစ္ လူေတြ မွတ္မိေနမယ္လို႔ ေမွ်ာ္လင့္ေနထားပါတယ္။ ျပင္းျပင္ထန္ထန္ကို ႀကိဳးစားအားထုတ္ခဲ့တယ္။ သူ႔အသင္းကို ေအာင္ႏိုင္္ဖို႔ ေကာင္းေကာင္းကူညီေပးခဲ့တယ္။ ဒီလိုကစားသမားမ်ိဳးအျဖစ္ေပါ့ေလ။ လူေတြမွတ္မိေနၾကမွာပါ။ ေဘာလုံးေလာကရဲ႕ သမိုင္းမွာ ကြၽန္ေတာ္လည္း လွပခ်င္ပါတယ္”လို႔ ဝါရင့္တိုက္စစ္မႉးႀကီးက သူ႔ရဲ႕ေဘာလုံးခံယူခ်က္ကိုလည္း ေျပာျပသြားၿပီး လူငယ္ေတြကို လက္ဆင့္ကမ္းေပးခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.