Premier League Transfer News

20 May ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီတို့ ဇာတိမြို့ကနေ ပေါ်ထွက်လာတဲ့ ဥရုဂွေး ကွင်းလယ်လူ မော်ရို အာရမ်ဘာရီကို မူလသတ်မှတ်ဈေး ယူရို ၂၅ သန်းထက် ၂၈ ရာခိုင်နှုန်း လျော့နည်းတဲ့ ဈေးဖြစ်တဲ့ ပေါင် ၁၅ သန်းနဲ့ ဂီတာဖေးအသင်းကနေ ခေါ်ယူနိုင်ဖို့ နီးစပ်နေ။

– ယူရိုပါလိဂ်ဖိုင်နယ်အဖြစ် ပိုလန်နိုင်ငံ ဂဒန့်စ်မှာ ကစားရမယ့် ဗီလာရီးရဲလ်နဲ့ ပွဲစဉ်အတွက် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဝါရင့်ဂိုးသမား ဒေးဗစ် ဒဟေးယားကို ပွဲထွက်သုံးစွဲဖို့ ရွေးချယ်ထားပြီး ဟန်ဒါဆန်အနေနဲ့တော့ ပရီးမီးယားလိဂ်ပိတ်ပွဲမှာ ကစားရုံနဲ့ ကျေနပ်ရဖွယ်ရှိနေ။

– ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးစားနေရာမှာ ချဲလ်ဆီးအသင်းရဲ့ ဝင်ရောက်နှောင့်ယှက်မှုနဲ့ ကြုံတွေ့နေရတာကြောင့် ယူနိုက်တက်တို့အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ လီရွိုင်း ဆာနေး၊ ဆာ့ဂျ် ဂနာဘရီတို့နဲ့ နေရာလုနေရတဲ့ ပြင်သစ်တောင်ပံကစားသမား ကင်းစလီ ကိုမွန်ကို အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေ။

– ယူနိုက်တက်တို့အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းရဲ့ ဂိုးသမားရာထူးအတွက် တစ်ဖန်ပြန်လည်စဉ်းစားဖွယ်ရှိနေပြီး ဒဟေးယားကို ဆက်လက်ထားရှိဖို့နဲ့ ဟန်ဒါဆန်ကို ရောင်းချဖို့ စဉ်းစားလာခဲ့ချိန်မှာ ချဲလ်ဆီးနဲ့ စပါးစ်အသင်းတွေ အပါအဝင် ဥရောပအသင်းကြီးတချို့ စိတ်ဝင်စားလာခဲ့။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို တိုက်စစ်ဘယ်ခြမ်းမှာ နေရာပေးနေမှုကြောင့် ခြေစွမ်းပြနိုင်မှု နည်းပါးနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဂယ်ရီ နဗီးလ်ရဲ့ ဝေဖန်မှုအပြီးမှာ တိုက်ဆိုင်စွာပဲ မူလနေရာကို ပြန်လည်ရရှိဖွယ်ရှိနေပြီး ဖရက်ဒ်ရဲ့ ပြောလို့မရသေးတဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ပေါ့ဘာကို ကွင်းလယ်ကို ပြန်သုံးပြီး သူ့ကို ဘယ်ခြမ်းမှာ ပြန်ထားရဖို့ရှိလာ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကစားရမယ့် မေလ ၂၆ ရက်နေ့အမီ ကြံ့ခိုင်ဖို့ လုပ်ဆောင်နေပေမယ့် ဒဏ်ရာအခြေအနေက ထင်သလောက် အားရစရာမရှိတာကြောင့် အရေးအပါဆုံးပွဲကို လွဲချော်ရဖို့ရှိနေ။

– စပို့တင်းလစ္စဘွန်းအသင်းရဲ့ နောက်ခံလူ နူနို မန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တို့ကိုယ်စား ဆွေးနွေးပေးနေတဲ့ အေးဂျင့် မီဂယ် ပင်ညိုအနေနဲ့ သူ့ရဲ့အဓိက ဖောက်သည်တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်အတွက် စာချုပ်သစ်ကို တောင်းဆိုဖို့ လာမယ့် ရက်ပိုင်းအတွင်း အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာဖွယ်ရှိနေ။

– တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် အသင်းအတွက် နံပါတ် ၉ တိုက်စစ်မှူးနေရာကို အပြည့်အဝ တာဝန်ယူပေးနိုင်မယ့်သူတစ်ဦးကို ခေါ်ယူဖို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ မငြင်းပယ်ခဲ့ဘဲ ဆောက်သမ်တန်ရဲ့ ဒန်နီအင်းစ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သတင်းတွေက ပိုမိုဆူညံလာခဲ့။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ အောင်မြင်မှုတွေအတွက် မန်စီးတီးအသင်းကို ပိုမိုစိတ်ဝင်စားနိုင်ပေမယ့် တကယ်တမ်း သူ့ရဲ့ ကစားဟန်နဲ့ ကိုက်ညီပြီး ထိထိရောက်ရောက် အသုံးချနိုင်မယ့် အသင်းက မန်ချက်စတာယူနိုက်တက်အသင်းပဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီတို႔ ဇာတိၿမိဳ႕ကေန ေပၚထြက္လာတဲ့ ဥ႐ုေဂြး ကြင္းလယ္လူ ေမာ္႐ို အာရမ္ဘာရီကို မူလသတ္မွတ္ေဈး ယူ႐ို ၂၅ သန္းထက္ ၂၈ ရာခိုင္ႏႈန္း ေလ်ာ့နည္းတဲ့ ေဈးျဖစ္တဲ့ ေပါင္ ၁၅ သန္းနဲ႔ ဂီတာေဖးအသင္းကေန ေခၚယူႏိုင္ဖို႔ နီးစပ္ေန။

– ယူ႐ိုပါလိဂ္ဖိုင္နယ္အျဖစ္ ပိုလန္ႏိုင္ငံ ဂဒန႔္စ္မွာ ကစားရမယ့္ ဗီလာရီးရဲလ္နဲ႔ ပြဲစဥ္အတြက္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဝါရင့္ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ပြဲထြက္သုံးစြဲဖို႔ ေ႐ြးခ်ယ္ထားၿပီး ဟန္ဒါဆန္အေနနဲ႔ေတာ့ ပရီးမီးယားလိဂ္ပိတ္ပြဲမွာ ကစား႐ုံနဲ႔ ေက်နပ္ရဖြယ္ရွိေန။

– ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ႀကိဳးစားေနရာမွာ ခ်ဲလ္ဆီးအသင္းရဲ႕ ဝင္ေရာက္ေႏွာင့္ယွက္မႈနဲ႔ ႀကဳံေတြ႕ေနရတာေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းမွာ လီ႐ြိဳင္း ဆာေနး၊ ဆာ့ဂ်္ ဂနာဘရီတို႔နဲ႔ ေနရာလုေနရတဲ့ ျပင္သစ္ေတာင္ပံကစားသမား ကင္းစလီ ကိုမြန္ကို အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေန။

– ယူႏိုက္တက္တို႔အေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းရဲ႕ ဂိုးသမားရာထူးအတြက္ တစ္ဖန္ျပန္လည္စဥ္းစားဖြယ္ရွိေနၿပီး ဒေဟးယားကို ဆက္လက္ထားရွိဖို႔နဲ႔ ဟန္ဒါဆန္ကို ေရာင္းခ်ဖို႔ စဥ္းစားလာခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးနဲ႔ စပါးစ္အသင္းေတြ အပါအဝင္ ဥေရာပအသင္းႀကီးတခ်ိဳ႕ စိတ္ဝင္စားလာခဲ့။

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို တိုက္စစ္ဘယ္ျခမ္းမွာ ေနရာေပးေနမႈေၾကာင့္ ေျခစြမ္းျပႏိုင္မႈ နည္းပါးေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဂယ္ရီ နဗီးလ္ရဲ႕ ေဝဖန္မႈအၿပီးမွာ တိုက္ဆိုင္စြာပဲ မူလေနရာကို ျပန္လည္ရရွိဖြယ္ရွိေနၿပီး ဖရက္ဒ္ရဲ႕ ေျပာလို႔မရေသးတဲ့ ႀကံ့ခိုင္မႈ အေျခအေနေၾကာင့္ ေပါ့ဘာကို ကြင္းလယ္ကို ျပန္သုံးၿပီး သူ႔ကို ဘယ္ျခမ္းမွာ ျပန္ထားရဖို႔ရွိလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ ယူ႐ိုပါလိဂ္ဖိုင္နယ္ကစားရမယ့္ ေမလ ၂၆ ရက္ေန႔အမီ ႀကံ့ခိုင္ဖို႔ လုပ္ေဆာင္ေနေပမယ့္ ဒဏ္ရာအေျခအေနက ထင္သေလာက္ အားရစရာမရွိတာေၾကာင့္ အေရးအပါဆုံးပြဲကို လြဲေခ်ာ္ရဖို႔ရွိေန။

– စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္တို႔ကိုယ္စား ေဆြးေႏြးေပးေနတဲ့ ေအးဂ်င့္ မီဂယ္ ပင္ညိဳအေနနဲ႔ သူ႔ရဲ႕အဓိက ေဖာက္သည္တစ္ဦးျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ စာခ်ဳပ္သစ္ကို ေတာင္းဆိုဖို႔ လာမယ့္ ရက္ပိုင္းအတြင္း အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာဖြယ္ရွိေန။

– တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကို စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္ အသင္းအတြက္ နံပါတ္ ၉ တိုက္စစ္မႉးေနရာကို အျပည့္အဝ တာဝန္ယူေပးႏိုင္မယ့္သူတစ္ဦးကို ေခၚယူဖို႔ နည္းျပ ဆိုးလ္ရွားအေနနဲ႔ မျငင္းပယ္ခဲ့ဘဲ ေဆာက္သမ္တန္ရဲ႕ ဒန္နီအင္းစ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ သတင္းေတြက ပိုမိုဆူညံလာခဲ့။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး ဟာရီကိန္းအေနနဲ႔ ေအာင္ျမင္မႈေတြအတြက္ မန္စီးတီးအသင္းကို ပိုမိုစိတ္ဝင္စားႏိုင္ေပမယ့္ တကယ္တမ္း သူ႔ရဲ႕ ကစားဟန္နဲ႔ ကိုက္ညီၿပီး ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္မယ့္ အသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းပဲျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြ ေထာက္ျပသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.