Premier League

အသင်းဖော်မှ ကမ္ဘာ့ရန်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ ဘောလုံးလောကရဲ့ တစောင်းစေးနဲ့ မျက်ချေး 5 တွဲ

အန်ဒီကိုးလ်နဲ့ တက်ဒီ ရှရင်ဂမ်
ယူနိုက်တက်ရဲ့ဂန္ထဝင်တိုက်စစ်မှူးဟောင်းနှစ်ဦးလို့ ဆိုရမယ့် ကိုးလ်နဲ့ ရှရင်ဂမ်တို့ဟာလည်း ၁၉၉၉ ခုနှစ် ဖလားသုံးထပ်ကွမ်းချန်ပီယံအသင်းရဲ့ အဓိကဝင်ရိုးနှစ်ခုဖြစ်ခဲ့ပေမယ့် သူတို့အချင်းချင်းတော့ မတည့်ခဲ့ကြပါဘူး။

နှစ်ဦးစလုံးက အင်္ဂလန်လက်ရွေးစင်မှာလည်း အတူတကွကစားခဲ့ကြပေမယ့် သူတို့ကြားက ဆက်ဆံရေးက အေးစက်လွန်းသလို ကိုးလ်ရဲ့ အင်္ဂလန်ပွဲဦးထွက်မှာ လက်ဆွဲနှုတ်ဆက်မှုကို ရှရင်ဂမ်က အဖက်မတန်သလို ပြုမူခဲ့ရာကစလို့ တဦးနဲ့တဦးမုန်းတီးပြီး စကားတခွန်းတောင် မပြောဖြစ်ကြကြောင်း ကိုးလ်ကဝန်ခံခဲ့ပါတယ်။

ဂျေမီ ကာရေဂါနဲ့ အယ်လ်ဟာ့ဒ်ဂျီဂျု့ဖ်
ပရီးမီးယားလိဂ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘော်လ်တန်နဲ့ လီဗာပူးလ်ကစားသမားဟောင်းဂျူ့ဖ်ကတော့ မိတ်ဆက်ပေးစရာမလိုလောက်အောင်ကို ဘောလုံးပွဲတိုင်းမှာ ငပွကြီးဖြစ်ခဲ့တဲ့ သူ့ထုံးစံအတိုင်း အသင်းခေါင်းဆောင် ကာရေဂါနဲ့လည်း မတည့်တာတော့ အသေအချာပါ။

ကာရေဂါဟာ ဘယ်ခြေနှစ်ချောင်း ပိုင်ဆိုင်ထားတဲ့ ညာသန်ကစားသမားလို့ ဂျု့ဖ်က လူသိရှင်ကြား လှောင်ပြောင်ခဲ့ဖူးသလို ကာရေဂါကလည်း မြင်ဖူးသမျှထဲမှာ အမှိုက်ပုံးလို ကစားသမားလို့ စွပ်စွဲပြစ်တင်ခဲ့ပြီး လီဗာပူးလ်ဂျာစီကို ဝတ်ခဲ့ရတာဟာ နောင်တအရဆုံးပဲလို့ ငပွကြီးကလည်း ပြန်ပက်ခဲ့ဖူးတာပါ။

ယန်းလေမန်းနဲ့ မန်နျူယယ်လ် အယ်လ်မူနီယာ
အာဆင်နယ်ရဲ့ ၂၀၀၄ ခုနှစ် ရွှေဖလားဆုရှင်အသင်းရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တဲ့ ဂိုးသမားယန်းလေမန်းဟာ စပိန်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် လက်စွမ်းအတက်အကျကြမ်းလွန်းတဲ့ လေမန်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို အပိုင်သိမ်းခွင့်ရခဲ့တယ်။

အာဆင်ဝင်းဂါးရဲ့ ဆုံးဖြတ်ချက်ကို လေမန်းက စိတ်ပျက်ခဲ့သလို အယ်လ်မူနီယာကိုပါ အမြင်မကြည်မလင်ဖြစ်ခဲ့ပြီး စပိန်ဂိုးသမားအနေနဲ့ သူ့လို လက်ရွေးစင်ဂျာမဏီဂိုးသမားကြီးက မိမိလို ဂိုးသမားပေါက်စကို အမြင်စောင်းခဲ့တာက အတော်လေး သေးသိမ်တဲ့လူဖြစ်ကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။

ဇလာတန် အီဘရာဟီမိုဗစ်ချ်နဲ့ ရာဖေးလ် ဗန်ဒါဗတ်
အိုင်းယတ်စ်က အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ မိုဗစ်ချ်နဲ့ ဗန်ဒါဗတ်တို့ရဲ့ ဆက်ဆံရေးကလည်း အမည်းစက်တွေ ရှိခဲ့တာပါ။ ဆွီဒင်နဲ့ နယ်သာလန်တို့ ကစားကြတဲ့ပွဲစဥ်မှာ ဗန်ဒါဗတ်က မိုဗစ်ချ်ကြောင့် ဒဏ်ရာရခဲ့သလို ဒါဟာ သူ့ကို အ​ငြှိုးပြင်းပြင်းနဲ့ ကျူးလွန်ခဲ့တာလို့ နယ်သာလန်သားက စွပ်စွဲခဲ့ပါတယ်။

မိုဗစ်ချ်ကတော့ ဒါကို ငြင်းဆန်ခဲ့ပြီး နောက်တခေါက် ငါ့ကို ဒီလိုထပ်စွပ်စွဲရင် မင်းခြေထောက်နှစ်ချောင်းကို ငါတကယ်ရိုက်ချိုးပစ်တော့မှာလို့ ခြိမ်းခြောက်ခဲ့ပြီး အဲဒီအချိန်မှ ငါရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာကို မင်းခံစားဖူးလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ဖူးတဲ့နောက် ဆွီဒင်သားကြီးက ရက်သတ္တပတ်ပိုင်းအနည်းငယ်အတွင်းမှာပဲ အိုင်းယတ်စ်ကနေ ရောင်းထုတ်ခံခဲ့ရပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဘေးလ်
ရီးရဲလ်ကစားသမားဘဝမှာ အသင်းရဲ့တိုက်စစ်ကို BBC တိုက်စစ်အတွဲအဖြစ် ကမ္ဘာကျော် နာမည်တလုံး တည်ဆောက်ခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့ ဘေးလ်တို့က ကွင်းထဲမှာ ဂိုးတွေအပြိုင်သွင်းယူကြရင်း အားပြိုင်မှု အဖုအကြိတ်လေးတွေ ရှိခဲ့သေးတာပါ။

ရော်နယ်လ်ဒိုက သူ့ကို လူမပေးဘဲ ကိုယ်တိုင်သွင်းယူခဲ့တဲ့ ဘေးလ်ရဲ့ လီဗန်တေးနဲ့ပွဲက သွင်းဂိုးကို စိတ်ပျက်ခဲ့ဖူးကာ ဒေါသပေါက်ကွဲခဲ့ဖူးသလို ဘေးလ်ကလည်း ရော်နယ်လ်ဒိုရဲ့ လောင်းရိပ်အောက်ကနေ အသင်းကို ဖြည့်ဆည်းဖို့ မာနတွေနဲ့ တင်းခံနေခဲ့တာကြောင့် အပြင်ပန်းအရ အတွဲညီခဲ့ပေမယ့် အတွင်းရေးမှာ အက်ကွဲနေပြီး နွေးထွေးမှုပျောက်ဆုံးခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အန္ဒီကိုးလ္နဲ႔ တက္ဒီ ရွရင္ဂမ္
ယူႏိုက္တက္ရဲ႕ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႏွစ္ဦးလို႔ ဆိုရမယ့္ ကိုးလ္နဲ႔ ရွရင္ဂမ္တို႔ဟာလည္း ၁၉၉၉ ခုႏွစ္ ဖလားသုံးထပ္ကြမ္းခ်န္ပီယံအသင္းရဲ႕ အဓိကဝင္႐ိုးႏွစ္ခုျဖစ္ခဲ့ေပမယ့္ သူတို႔အခ်င္းခ်င္းေတာ့ မတည့္ခဲ့ၾကပါဘူး။

ႏွစ္ဦးစလုံးက အဂၤလန္လက္ေ႐ြးစင္မွာလည္း အတူတကြကစားခဲ့ၾကေပမယ့္ သူတို႔ၾကားက ဆက္ဆံေရးက ေအးစက္လြန္းသလို ကိုးလ္ရဲ႕ အဂၤလန္ပြဲဦးထြက္မွာ လက္ဆြဲႏႈတ္ဆက္မႈကို ရွရင္ဂမ္က အဖက္မတန္သလို ျပဳမူခဲ့ရာကစလို႔ တဦးနဲ႔တဦးမုန္းတီးၿပီး စကားတခြန္းေတာင္ မေျပာျဖစ္ၾကေၾကာင္း ကိုးလ္ကဝန္ခံခဲ့ပါတယ္။

ေဂ်မီ ကာေရဂါနဲ႔ အယ္လ္ဟာ့ဒ္ဂ်ီဂ်ဳ႕ဖ္
ပရီးမီးယားလိဂ္မွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ ေဘာ္လ္တန္နဲ႔ လီဗာပူးလ္ကစားသမားေဟာင္းဂ်ဴ႕ဖ္ကေတာ့ မိတ္ဆက္ေပးစရာမလိုေလာက္ေအာင္ကို ေဘာလုံးပြဲတိုင္းမွာ ငပြႀကီးျဖစ္ခဲ့တဲ့ သူ႔ထုံးစံအတိုင္း အသင္းေခါင္းေဆာင္ ကာေရဂါနဲ႔လည္း မတည့္တာေတာ့ အေသအခ်ာပါ။

ကာေရဂါဟာ ဘယ္ေျခႏွစ္ေခ်ာင္း ပိုင္ဆိုင္ထားတဲ့ ညာသန္ကစားသမားလို႔ ဂ်ဳ႕ဖ္က လူသိရွင္ၾကား ေလွာင္ေျပာင္ခဲ့ဖူးသလို ကာေရဂါကလည္း ျမင္ဖူးသမွ်ထဲမွာ အမႈိက္ပုံးလို ကစားသမားလို႔ စြပ္စြဲျပစ္တင္ခဲ့ၿပီး လီဗာပူးလ္ဂ်ာစီကို ဝတ္ခဲ့ရတာဟာ ေနာင္တအရဆုံးပဲလို႔ ငပြႀကီးကလည္း ျပန္ပက္ခဲ့ဖူးတာပါ။

ယန္းေလမန္းနဲ႔ မန္န်ဴယယ္လ္ အယ္လ္မူနီယာ
အာဆင္နယ္ရဲ႕ ၂၀၀၄ ခုႏွစ္ ေ႐ႊဖလားဆုရွင္အသင္းရဲ႕ တစိတ္တပိုင္းျဖစ္ခဲ့တဲ့ ဂိုးသမားယန္းေလမန္းဟာ စပိန္ကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ လက္စြမ္းအတက္အက်ၾကမ္းလြန္းတဲ့ ေလမန္းရဲ႕ နံပါတ္ ၁ ဂိုးသမားေနရာကို အပိုင္သိမ္းခြင့္ရခဲ့တယ္။

အာဆင္ဝင္းဂါးရဲ႕ ဆုံးျဖတ္ခ်က္ကို ေလမန္းက စိတ္ပ်က္ခဲ့သလို အယ္လ္မူနီယာကိုပါ အျမင္မၾကည္မလင္ျဖစ္ခဲ့ၿပီး စပိန္ဂိုးသမားအေနနဲ႔ သူ႔လို လက္ေ႐ြးစင္ဂ်ာမဏီဂိုးသမားႀကီးက မိမိလို ဂိုးသမားေပါက္စကို အျမင္ေစာင္းခဲ့တာက အေတာ္ေလး ေသးသိမ္တဲ့လူျဖစ္ေၾကာင္း ေဝဖန္ခဲ့ဖူးပါတယ္။

ဇလာတန္ အီဘရာဟီမိုဗစ္ခ်္နဲ႔ ရာေဖးလ္ ဗန္ဒါဗတ္
အိုင္းယတ္စ္က အသင္းေဖာ္ေဟာင္းေတြ ျဖစ္ခဲ့ၾကတဲ့ မိုဗစ္ခ်္နဲ႔ ဗန္ဒါဗတ္တို႔ရဲ႕ ဆက္ဆံေရးကလည္း အမည္းစက္ေတြ ရွိခဲ့တာပါ။ ဆြီဒင္နဲ႔ နယ္သာလန္တို႔ ကစားၾကတဲ့ပြဲစဥ္မွာ ဗန္ဒါဗတ္က မိုဗစ္ခ်္ေၾကာင့္ ဒဏ္ရာရခဲ့သလို ဒါဟာ သူ႔ကို အ​ျငႇိဳးျပင္းျပင္းနဲ႔ က်ဴးလြန္ခဲ့တာလို႔ နယ္သာလန္သားက စြပ္စြဲခဲ့ပါတယ္။

မိုဗစ္ခ်္ကေတာ့ ဒါကို ျငင္းဆန္ခဲ့ၿပီး ေနာက္တေခါက္ ငါ့ကို ဒီလိုထပ္စြပ္စြဲရင္ မင္းေျခေထာက္ႏွစ္ေခ်ာင္းကို ငါတကယ္႐ိုက္ခ်ိဳးပစ္ေတာ့မွာလို႔ ၿခိမ္းေျခာက္ခဲ့ၿပီး အဲဒီအခ်ိန္မွ ငါရည္႐ြယ္ခ်က္ရွိရွိ လုပ္တယ္ဆိုတာကို မင္းခံစားဖူးလိမ့္မယ္လို႔ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့ဖူးတဲ့ေနာက္ ဆြီဒင္သားႀကီးက ရက္သတၱပတ္ပိုင္းအနည္းငယ္အတြင္းမွာပဲ အိုင္းယတ္စ္ကေန ေရာင္းထုတ္ခံခဲ့ရပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ ေဘးလ္
ရီးရဲလ္ကစားသမားဘဝမွာ အသင္းရဲ႕တိုက္စစ္ကို BBC တိုက္စစ္အတြဲအျဖစ္ ကမာၻေက်ာ္ နာမည္တလုံး တည္ေဆာက္ခဲ့တဲ့ ေရာ္နယ္လ္ဒိုနဲ႔ ေဘးလ္တို႔က ကြင္းထဲမွာ ဂိုးေတြအၿပိဳင္သြင္းယူၾကရင္း အားၿပိဳင္မႈ အဖုအႀကိတ္ေလးေတြ ရွိခဲ့ေသးတာပါ။

ေရာ္နယ္လ္ဒိုက သူ႔ကို လူမေပးဘဲ ကိုယ္တိုင္သြင္းယူခဲ့တဲ့ ေဘးလ္ရဲ႕ လီဗန္ေတးနဲ႔ပြဲက သြင္းဂိုးကို စိတ္ပ်က္ခဲ့ဖူးကာ ေဒါသေပါက္ကြဲခဲ့ဖူးသလို ေဘးလ္ကလည္း ေရာ္နယ္လ္ဒိုရဲ႕ ေလာင္းရိပ္ေအာက္ကေန အသင္းကို ျဖည့္ဆည္းဖို႔ မာနေတြနဲ႔ တင္းခံေနခဲ့တာေၾကာင့္ အျပင္ပန္းအရ အတြဲညီခဲ့ေပမယ့္ အတြင္းေရးမွာ အက္ကြဲေနၿပီး ေႏြးေထြးမႈေပ်ာက္ဆုံးခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.