Premier League

အာဆင်နယ်ကြယ်ပွင့် ဦးဆောင်နေတဲ့ ယခုနှစ် ပရီးမီးယားရာသီရဲ့ တန်ကြေးအတက်ဆုံး ကစားသမား ၁၀ဦး

ဒီရာသီ ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီးကပဲ ဆက်လက်ကြီးစိုးနေတယ်ဆိုတဲ့ အဆိုကို လက်စတာအသင်းက ချေဖျက်ခဲ့ပြီး မန်ချက်စတာမြို့ခံနှစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကျိန်းသေပေါက်သေချာခဲ့သလို ကျန်ရှိတဲ့ ၂ နေရာစာအတွက် လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ မြေခွေးကြီးတို့က ရေကုန်ရေကမ်းတိုက်ပွဲဝင်ရတော့မှာပါ။

အခြေအနေတရပ်မှာတော့ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေရဲ့ တန်​ကြေးတွေက တဟုန်ထိုးခုန်တက်သွားခဲ့ပြီး ဒါဟာလည်း ပရီးမီးယားလိဂ်လို ကမ္ဘာ့အဆင့် ၁ စျေးကွက်အကောင်းဆုံးလိဂ်လို့ သတ်မှတ်ခံထားရမှုကို ထင်းခနဲဖြစ်စေခဲ့တာပါ။

ဒီရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းပြခဲ့ပြီး ကိုယ်ပိုင်အင်အားနဲ့ အသင်းကိုဆွဲတင်ခဲ့တဲ့ အင်္ဂလန်လူငယ်လေးဘူကာယို ဆာကာရဲ့ တန်ဖိုး​က ပေါင် ၅၄ သန်းအထိ မြင့်တက်သွားခဲ့တယ်လို့ Transfermakt ရဲ့ဖော်ပြမှုအရ သိရပြီး အမှတ်ပေးဇယားအလယ်ပိုင်းမှာ ရပ်တည်နေရတဲ့ အာဆင်နယ်အတွက်တော့ အဆိုးထဲကအကောင်းလို့ ဆိုရမှာပါ။

အာဆင်နယ်ကို အကျိုးပြုနေတဲ့ ဆာကာက အသင်းရဲ့အနာဂတ်ကြယ်ပွင့်အဖြစ် ရေရှည်ရပ်တည်သွားမယ့် အလားအလာကောင်းတွေကိုလည်း မြင်တွေ့နေရပြီး သူ့ရဲ့တန်ဖိုးက ပေါင် ၃၆ သန်းကနေ ၁၈ သန်း ထပ်မံခုန်တက်သွားခဲ့သလို ဒါက ဒီရာသီရဲ့ ချယ်လ်ဆီးရဲ့ဝိဇ္ဇာဒိုရ်ဖြစ်လာတဲ့ မေဆန်မောင့်ထက်တောင် သာလွန်ခဲ့တာဖြစ်တယ်။

မောင့်ကတော့ ပေါင် ၄၀.၅ သန်းတန်ကြေးကနေ လက်ရှိတန်ကြေး ပေါင် ၅၄ သန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပြီး ဒါက ကန်ဆယ်လို၊ ကားတစ်ဂျူံးစ်၊ စမစ်သ်ရိုး၊ ဖီးလ်ဖိုဒင်နဲ့ ရူဘင် ဒီယာ့စ်တို့ကိုပါ ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ​တဦးချင်းခြေစွမ်းအလိုက်တန်ကြေးအဖြစ် အသင်းကို ဆွဲတင်နိုင်မှုမှာ အခြေခံထားတယ်လို့ ဆိုရမှာပါ။

ဒီရာသီမှာ တန်ဖိုးခုန်တက်သွားတဲ့ ပရီးမီးယားလိဂ် လူငယ်ကစားသမားသမားစာရင်းမှာတော့ တန်ဖိုးခုန်တက်မှု ၁၈ သန်းရှိတဲ့ ဆာကာက ၅၄ သန်း၊ တန်ဖိုးခုန်တက်မှု ၁၃.၅ သန်းရှိတဲ့ မောင့်က ၅၄ သန်း၊ တန်ဖိုးခုန်တက်မှု ၁၂.၆ သန်းရှိတဲ့ ကန်ဆယ်လိုက ၄၅ သန်းအဖြစ် ထိပ်သီး ၃ ဦးအဖြစ်ရပ်တည်နေပြီး ကားတစ်ဂျုံးစ် ၂၇ သန်းနဲ့ စမစ်ရိုး ၁၁.၇ သန်းတို့က နောက်ကလိုက်လာခဲ့တာပါ။

သူတို့နောက်မှာတော့ တန်ဖိုးခုန်တက်မှု ၉ သန်းသာ ရှိခဲ့တဲ့ ဖီးလ်ဖိုဒင်နဲ့ ရူဘင် ဒီယာ့စ် ၆၃ သန်းတို့က လက်ရှိတူညီတန်ဖိုးနဲ့ အဆင့် ၅ နဲ့ ၆ မှာ အသီးသီးရပ်တည်နေပြီး လက်ရှိမှာ ဒဏ်ရာရထားတဲ့ ဗီလာကွင်းလယ်တိုက်စစ်မှူး ဂျက်ဂရီးလစ်ရှ်၊ ဝက်စ်ဟမ်းကွင်းလယ်လူ တောမက််စ် ဆိုးချက်ခ်နဲ့ ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့က လက်ရှိတန်ဖိုးအရ ထိပ်သီးအဆင့် ၁၀ အတွင်း ရပ်တည်နေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီရာသီ ပရီးမီးယားလိဂ္မွာ ႀကီး ၆ ႀကီးကပဲ ဆက္လက္ႀကီးစိုးေနတယ္ဆိုတဲ့ အဆိုကို လက္စတာအသင္းက ေခ်ဖ်က္ခဲ့ၿပီး မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ က်ိန္းေသေပါက္ေသခ်ာခဲ့သလို က်န္ရွိတဲ့ ၂ ေနရာစာအတြက္ လီဗာပူးလ္၊ ခ်ယ္လ္ဆီးနဲ႔ ေျမေခြးႀကီးတို႔က ေရကုန္ေရကမ္းတိုက္ပြဲဝင္ရေတာ့မွာပါ။

အေျခအေနတရပ္မွာေတာ့ အာဆင္နယ္၊ လီဗာပူးလ္၊ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမားေတြရဲ႕ တန္​ေၾကးေတြက တဟုန္ထိုးခုန္တက္သြားခဲ့ၿပီး ဒါဟာလည္း ပရီးမီးယားလိဂ္လို ကမာၻ႔အဆင့္ ၁ ေစ်းကြက္အေကာင္းဆုံးလိဂ္လို႔ သတ္မွတ္ခံထားရမႈကို ထင္းခနဲျဖစ္ေစခဲ့တာပါ။

ဒီရာသီမွာ အာဆင္နယ္အတြက္ ေျခစြမ္းျပခဲ့ၿပီး ကိုယ္ပိုင္အင္အားနဲ႔ အသင္းကိုဆြဲတင္ခဲ့တဲ့ အဂၤလန္လူငယ္ေလးဘူကာယို ဆာကာရဲ႕ တန္ဖိုး​က ေပါင္ ၅၄ သန္းအထိ ျမင့္တက္သြားခဲ့တယ္လို႔ Transfermakt ရဲ႕ေဖာ္ျပမႈအရ သိရၿပီး အမွတ္ေပးဇယားအလယ္ပိုင္းမွာ ရပ္တည္ေနရတဲ့ အာဆင္နယ္အတြက္ေတာ့ အဆိုးထဲကအေကာင္းလို႔ ဆိုရမွာပါ။

အာဆင္နယ္ကို အက်ိဳးျပဳေနတဲ့ ဆာကာက အသင္းရဲ႕အနာဂတ္ၾကယ္ပြင့္အျဖစ္ ေရရွည္ရပ္တည္သြားမယ့္ အလားအလာေကာင္းေတြကိုလည္း ျမင္ေတြ႕ေနရၿပီး သူ႔ရဲ႕တန္ဖိုးက ေပါင္ ၃၆ သန္းကေန ၁၈ သန္း ထပ္မံခုန္တက္သြားခဲ့သလို ဒါက ဒီရာသီရဲ႕ ခ်ယ္လ္ဆီးရဲ႕ဝိဇၨာဒိုရ္ျဖစ္လာတဲ့ ေမဆန္ေမာင့္ထက္ေတာင္ သာလြန္ခဲ့တာျဖစ္တယ္။

ေမာင့္ကေတာ့ ေပါင္ ၄၀.၅ သန္းတန္ေၾကးကေန လက္ရွိတန္ေၾကး ေပါင္ ၅၄ သန္းအထိ ျမင့္တက္လာခဲ့တာျဖစ္ၿပီး ဒါက ကန္ဆယ္လို၊ ကားတစ္ဂ်ဴံးစ္၊ စမစ္သ္႐ိုး၊ ဖီးလ္ဖိုဒင္နဲ႔ ႐ူဘင္ ဒီယာ့စ္တို႔ကိုပါ ေက်ာ္ျဖတ္ၿပီး ရပ္တည္ႏိုင္ခဲ့တာျဖစ္ၿပီး ​တဦးခ်င္းေျခစြမ္းအလိုက္တန္ေၾကးအျဖစ္ အသင္းကို ဆြဲတင္ႏိုင္မႈမွာ အေျခခံထားတယ္လို႔ ဆိုရမွာပါ။

ဒီရာသီမွာ တန္ဖိုးခုန္တက္သြားတဲ့ ပရီးမီးယားလိဂ္ လူငယ္ကစားသမားသမားစာရင္းမွာေတာ့ တန္ဖိုးခုန္တက္မႈ ၁၈ သန္းရွိတဲ့ ဆာကာက ၅၄ သန္း၊ တန္ဖိုးခုန္တက္မႈ ၁၃.၅ သန္းရွိတဲ့ ေမာင့္က ၅၄ သန္း၊ တန္ဖိုးခုန္တက္မႈ ၁၂.၆ သန္းရွိတဲ့ ကန္ဆယ္လိုက ၄၅ သန္းအျဖစ္ ထိပ္သီး ၃ ဦးအျဖစ္ရပ္တည္ေနၿပီး ကားတစ္ဂ်ဳံးစ္ ၂၇ သန္းနဲ႔ စမစ္႐ိုး ၁၁.၇ သန္းတို႔က ေနာက္ကလိုက္လာခဲ့တာပါ။

သူတို႔ေနာက္မွာေတာ့ တန္ဖိုးခုန္တက္မႈ ၉ သန္းသာ ရွိခဲ့တဲ့ ဖီးလ္ဖိုဒင္နဲ႔ ႐ူဘင္ ဒီယာ့စ္ ၆၃ သန္းတို႔က လက္ရွိတူညီတန္ဖိုးနဲ႔ အဆင့္ ၅ နဲ႔ ၆ မွာ အသီးသီးရပ္တည္ေနၿပီး လက္ရွိမွာ ဒဏ္ရာရထားတဲ့ ဗီလာကြင္းလယ္တိုက္စစ္မႉး ဂ်က္ဂရီးလစ္ရွ္၊ ဝက္စ္ဟမ္းကြင္းလယ္လူ ေတာမက္္စ္ ဆိုးခ်က္ခ္နဲ႔ ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔က လက္ရွိတန္ဖိုးအရ ထိပ္သီးအဆင့္ ၁၀ အတြင္း ရပ္တည္ေနေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.