Premier League

နောက်ဆုံးသွေးတစက်ကျန်တဲ့အထိ တိုက်ပွဲဝင်ခဲ့တဲ့ ဂန်းနားများ- ပဲလေ့စ် 1:3 အာဆင်နယ်ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

အာတီတာတည်ဆောက်နေတဲ့ ခရီးပေါက်ပြီလား
အာဆင်နယ်ရဲ့ ပထမပိုင်းက ဦးဆောင်ဂိုးကို ပေပေက တီယာနေးရဲ့ ဖြတ်တင်ဘောကို Volley ဆွဲပြီး ကန်သွင်းယူခဲ့သလို အာတီတာရဲ့အသင်းအတွက် အရည်အသွေးမြင့်ဂိုးအဖြစ် ဘူကာယို ဆာကာ၊ တီယာနေးတို့ရဲ့ တွဲလုံးတွေက အတော်လေးလှပခဲ့ပြီး ပေပေကလည်း တည်ငြိမ်သပ်ရပ်စွာနဲ့ အဆုံးသတ်နိုင်ခဲ့လို့ ဒီကစားဟန်ဟာ အာတီတာတည်ဆောက်နေတဲ့ ခရီးပေါက်ပြီလားလို့ မျှော်လင့်စရာတွေ ရှိလာစေခဲ့တယ်။

လေးတွဲ့ပြီး ထွင်ဥာဏ်မရှိတော့တဲ့ အူဘာ
အာတီတာက ဒီပွဲမှာ အသင်းခေါင်းဆောင်အူဘာမီယန်းကို ဗဟိုတိုက်စစ်မှူးနေရာမှာ ထားပြီး တိုက်စစ်လိုင်းကို ဦးဆောင်ကစားစေခဲ့ပေမယ့် အားမရှိတော့သလို ကစားနေတာကို တွေ့ခဲ့ရသလို ခြေစွမ်းပျောက်ဆုံးပြီး အမောဖောက်နေသလား၊ ငှက်ဖျားကနေပဲ နာလန်မထသေးဘူးလားလို့ မေးစရာဖြစ်စေခဲ့ပြီး တာဝန်မကျေခဲ့ပေမယ့် အသင်းကတော့ နိူင်ပွဲရခဲ့လို့ စိတ်သက်သာရာရခဲ့တာပါ။

သက်ဆိုးရှည်နည်းပြကြီးရဲ့ နှုတ်ဆက်ပွဲ
ပဲလေ့စ်အသင်းနည်းပြရွိုင်းဟော့ဒ်ဆန်အတွက် ပရီးမီးယားလိဂ် ၁၂၁၂ ပွဲပြည့်မြောက်ခဲ့တာဖြစ်ပြီး သူက ဒီရာသီအကုန်မှာတော့ နည်းပြဘဝက​နေ အနားယူမှာဖြစ်လို့ ပဲလေ့စ်ပရိသတ်တွေက ဝါရင့်နည်းပြကြီးကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပြီး လာမယ့် ပဲလေ့စ်နဲ့ လီဗာပူးလ်ပွဲမှာလည်း အန်ဖီးလ်မြေက ပရိသတ်တွေက နည်းပြဟောင်းကြီးကို ကြိုဆိုဂုဏ်ပြုကြဦးမှာပါ။

အဆင့် ၇ မျှော်လင့်ချက်နဲ့ အသက်ဆက်မယ်
ဒီနေ့မှာ အာတီတာရဲ့အသင်းက တဂိုးစီသရေနဲ့သာ ပွဲပြီးတော့မလားလို့ ယူဆစရာရှိခဲ့ပေမယ့် လူငယ်တိုက်စစ်မှူးမာတီနယ်လီရဲ့ နာကျင်အချိန်ပိုက အနိုင်ဂိုးက အာဆင်နယ်ရဲ့ အဆင့် ၇ မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ ပွဲစဥ် ၃၈ အထိ ဆက်လက်အသက်ဆက်နိုင်တော့မှာပါ။

စပိန်သားရဲ့အစွမ်းနဲ့ ပထမဆုံး ၄ ပွဲဆက်အနိုင်
အာဆင်နယ်က နည်းပြအာတီတာရဲ့လက်အောက်မှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၄ ပွဲဆက်အနိုင်ကို ရရှိခဲ့တာဖြစ်တယ်လို့ သိရပြီး ၁၉ နှစ်နဲ့ ၃၃၅ ရက်သား မာတီနယ်လီက EPL မှာ အာဆင်နယ်အတွက် နာကျင်အချိန်ပိုအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အငယ်ရွယ်ဆုံး ဂန်းနားတဦးအဖြစ်လည်း မှတ်တမ်းရေးထိုးခဲ့တယ်။

ကျားသားမိုးကြိုး ၂ ပွဲဆက်ဂိုးသွင်းသူ
အာဆင်နယ်တိုက်စစ်မှူးပေပေက ဂန်းနားကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး အရည်အသွေးမြင့်ဂိုးကို သွင်းယူခဲ့ပြီး ပေပေရဲ့ ဂိုးသွင်းစွမ်းရည်ကလည်း အပြစ်ဆိုစရာမရှိလောက်အောင် အမှန်တကယ် ကျေနပ်စရာကောင်းခဲ့တာပါ။

ဂန်းနားတွေရဲ့ နောက်ဆုံးသွေးတစက်
နည်းပြအာတီတာက နောက်ဆုံးမိနစ်မှာ နောက်ဆုံးသွေးတစက်ကျန်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဒီပွဲအပြီးမှာ ပြောကြားသွားခဲ့ပြီး အာဆင်နယ်ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက် လင်းရောင်ခြည်သန်းလာခဲ့တာကို အမိအရ အခွင့်အရေးယူသွားမယ်လို့ ဆိုခဲ့သလို မိမိတို့ရဲ့ နောက်ဆုံး ၆ လအတွင်းက ခြေစွမ်းဟာ ဥရောပတန်းဝင်ဖို့ ထိုက်တန်တယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာတီတာတည္ေဆာက္ေနတဲ့ ခရီးေပါက္ၿပီလား
အာဆင္နယ္ရဲ႕ ပထမပိုင္းက ဦးေဆာင္ဂိုးကို ေပေပက တီယာေနးရဲ႕ ျဖတ္တင္ေဘာကို Volley ဆြဲၿပီး ကန္သြင္းယူခဲ့သလို အာတီတာရဲ႕အသင္းအတြက္ အရည္အေသြးျမင့္ဂိုးအျဖစ္ ဘူကာယို ဆာကာ၊ တီယာေနးတို႔ရဲ႕ တြဲလုံးေတြက အေတာ္ေလးလွပခဲ့ၿပီး ေပေပကလည္း တည္ၿငိမ္သပ္ရပ္စြာနဲ႔ အဆုံးသတ္ႏိုင္ခဲ့လို႔ ဒီကစားဟန္ဟာ အာတီတာတည္ေဆာက္ေနတဲ့ ခရီးေပါက္ၿပီလားလို႔ ေမွ်ာ္လင့္စရာေတြ ရွိလာေစခဲ့တယ္။

ေလးတြဲ႕ၿပီး ထြင္ဥာဏ္မရွိေတာ့တဲ့ အူဘာ
အာတီတာက ဒီပြဲမွာ အသင္းေခါင္းေဆာင္အူဘာမီယန္းကို ဗဟိုတိုက္စစ္မႉးေနရာမွာ ထားၿပီး တိုက္စစ္လိုင္းကို ဦးေဆာင္ကစားေစခဲ့ေပမယ့္ အားမရွိေတာ့သလို ကစားေနတာကို ေတြ႕ခဲ့ရသလို ေျခစြမ္းေပ်ာက္ဆုံးၿပီး အေမာေဖာက္ေနသလား၊ ငွက္ဖ်ားကေနပဲ နာလန္မထေသးဘူးလားလို႔ ေမးစရာျဖစ္ေစခဲ့ၿပီး တာဝန္မေက်ခဲ့ေပမယ့္ အသင္းကေတာ့ ႏိူင္ပြဲရခဲ့လို႔ စိတ္သက္သာရာရခဲ့တာပါ။

သက္ဆိုးရွည္နည္းျပႀကီးရဲ႕ ႏႈတ္ဆက္ပြဲ
ပဲေလ့စ္အသင္းနည္းျပ႐ြိဳင္းေဟာ့ဒ္ဆန္အတြက္ ပရီးမီးယားလိဂ္ ၁၂၁၂ ပြဲျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး သူက ဒီရာသီအကုန္မွာေတာ့ နည္းျပဘဝက​ေန အနားယူမွာျဖစ္လို႔ ပဲေလ့စ္ပရိသတ္ေတြက ဝါရင့္နည္းျပႀကီးကို ဂုဏ္ျပဳႏႈတ္ဆက္ခဲ့ၾကၿပီး လာမယ့္ ပဲေလ့စ္နဲ႔ လီဗာပူးလ္ပြဲမွာလည္း အန္ဖီးလ္ေျမက ပရိသတ္ေတြက နည္းျပေဟာင္းႀကီးကို ႀကိဳဆိုဂုဏ္ျပဳၾကဦးမွာပါ။

အဆင့္ ၇ ေမွ်ာ္လင့္ခ်က္နဲ႔ အသက္ဆက္မယ္
ဒီေန႔မွာ အာတီတာရဲ႕အသင္းက တဂိုးစီသေရနဲ႔သာ ပြဲၿပီးေတာ့မလားလို႔ ယူဆစရာရွိခဲ့ေပမယ့္ လူငယ္တိုက္စစ္မႉးမာတီနယ္လီရဲ႕ နာက်င္အခ်ိန္ပိုက အႏိုင္ဂိုးက အာဆင္နယ္ရဲ႕ အဆင့္ ၇ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္ရွင္သန္ေစခဲ့ၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္ရဖို႔ ပြဲစဥ္ ၃၈ အထိ ဆက္လက္အသက္ဆက္ႏိုင္ေတာ့မွာပါ။

စပိန္သားရဲ႕အစြမ္းနဲ႔ ပထမဆုံး ၄ ပြဲဆက္အႏိုင္
အာဆင္နယ္က နည္းျပအာတီတာရဲ႕လက္ေအာက္မွာ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္ ၄ ပြဲဆက္အႏိုင္ကို ရရွိခဲ့တာျဖစ္တယ္လို႔ သိရၿပီး ၁၉ ႏွစ္နဲ႔ ၃၃၅ ရက္သား မာတီနယ္လီက EPL မွာ အာဆင္နယ္အတြက္ နာက်င္အခ်ိန္ပိုအႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ အငယ္႐ြယ္ဆုံး ဂန္းနားတဦးအျဖစ္လည္း မွတ္တမ္းေရးထိုးခဲ့တယ္။

က်ားသားမိုးႀကိဳး ၂ ပြဲဆက္ဂိုးသြင္းသူ
အာဆင္နယ္တိုက္စစ္မႉးေပေပက ဂန္းနားကစားသမားဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္ ၂ ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့ျခင္းျဖစ္တယ္လို႔ သိရၿပီး အရည္အေသြးျမင့္ဂိုးကို သြင္းယူခဲ့ၿပီး ေပေပရဲ႕ ဂိုးသြင္းစြမ္းရည္ကလည္း အျပစ္ဆိုစရာမရွိေလာက္ေအာင္ အမွန္တကယ္ ေက်နပ္စရာေကာင္းခဲ့တာပါ။

ဂန္းနားေတြရဲ႕ ေနာက္ဆုံးေသြးတစက္
နည္းျပအာတီတာက ေနာက္ဆုံးမိနစ္မွာ ေနာက္ဆုံးေသြးတစက္က်န္တဲ့အထိ တိုက္ပြဲဝင္သြားမယ္လို႔ ဒီပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ၿပီး အာဆင္နယ္ရဲ႕ ဥေရာပဝင္ခြင့္ေမွ်ာ္လင့္ခ်က္ လင္းေရာင္ျခည္သန္းလာခဲ့တာကို အမိအရ အခြင့္အေရးယူသြားမယ္လို႔ ဆိုခဲ့သလို မိမိတို႔ရဲ႕ ေနာက္ဆုံး ၆ လအတြင္းက ေျခစြမ္းဟာ ဥေရာပတန္းဝင္ဖို႔ ထိုက္တန္တယ္လို႔ ေႂကြးေၾကာ္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.