Premier League

Top4 ဖိုင်နယ်တက်သွားတဲ့ လီဗာပူးလ်- ဘန်လေ 0:3 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7 ချက်

လီဗာပူးလ် ဖိုင်နယ်တက်ပြီ
ပွဲအပြီးမှာ နည်းပြကလော့ပ်ကြီးက လီဗာပူးလ်ဟာ ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ တင်စားပြောဆိုခဲ့တဲ့အတိုင်းပဲ အန်ဖီးလ်မြေက နောက်ဆုံးတပွဲကို ဖိုင်နယ်ပွဲအဖြစ် ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာအတွက် အဆင့် ၃ သို့ အဆင့် ၄ ကို သေချာပေါက် သိမ်းပိုက်နိုင်ဖို့သာ ကျန်ရှိတော့တာပါ။ ပဲလေ့စ်ကို အနိုင်ကစားပြီး အဆင့် ၄ အတွင်းဝင်ခဲ့ရင်တော့ ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ ဒီရာသီရဲ့ခက်ခဲမှုနောက်ကွယ်မှာ ကလော့ပ်ကို ချွေးသိပ်နိုင်မှာလည်းဖြစ်တယ်။

လာဘ်ပွင့်တေးကို သီဆိုတဲ့ ဘော်ဘီ
ဘော်ဘီဆိုတဲ့တေးနဲ့အတူ ရော်ဘန်ဆန်ရဲ့ အနိမ့်ဘောဖြတ်တင်ပေးမှုကတဆင့် ဘရာဇီးလ်သားက လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ဖာမီနိုအနေနဲ့ သူဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ လီဗာပူးလ်က တပွဲမှ မရှူံးနိမ့်ခဲ့တာကို တွေ့ရသလို ဒါက အဝေးကွင်းမှာ လာဘ်ပွင့်တေးကို သီကျူးခဲ့တာလာဖြစ်ပြီး သူဦးဆောင်ဂိုးသွင်းယူတိုင်း လီဗာပူးလ်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက်အနိုင်ရတဲ့ပွဲလည်း ဖြစ်ခဲ့တယ်။

ပတ္တမြားမှန်လို့ နွံမနစ်သူ သီယာဂို
သီယာဂို အယ်လ်ကန်တာရာက ဘိုင်ယန်မှာ ကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်ခဲ့ပြီးနောက်မှာ လီဗာပူးလ်အသင်းရဲ့ မျှော်လင့်ချက်တကြီး ဝယ်ယူခံရပြီးမှ ဒဏ်ရာကြောင့် ကောင်းကောင်း ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ကိုယ့်နေရာမှန်ကို ပြန်လည်ရှာတွေ့ခဲ့ပြီလို့ ဆိုရပါမယ်။

နတ်ဖီးလစ်ကို အစွံထုတ်တဲ့ည
လီဗာပူးလ်ရဲ့ခံစစ်မှူး နတ်ဖီးလစ်အတွက် ဒီနေ့ပွဲက အထူးပျော်ရွှင်ဝမ်းသာစရာညဖြစ်သလို အသင်းအတွက် ပေးဂိုးမရှိ Clean Sheet ကို စွမ်းဆောင်ခဲ့တဲ့တပြိုင်နက် ခေါင်းတိုက်ဂိုးကို သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို ရယူပေးခဲ့တဲ့အပြင် ဒီပွဲမှာ ပြစ်ချက်ပြောစရာမရှိအောင်ကို ပြီးပြည့်စုံအောင် ကစားသွားခဲ့တဲ့ ခြေစွမ်းက အထင်ကြီးစရာဖြစ်ခဲ့ရတယ်။

ရှေ့တိုးမယ့်ဆင် နောက်တလှမ်းဆုတ်တာလား
ရွှေဖိနပ်ဆုအတွက် မဖြစ်မနေ ဂိုးလိုအပ်နေတဲ့ မိုဆာလားက လီဗာပူးလ်အသင်းနိုင်ပွဲရချိန်မှာ ကိုယ်ပိုင်သွင်းဂိုးကို ရှာဖွေနိုင်ခြင်းမရှိခဲ့ဘဲ ဟာရီကိန်းကို ကျော်ဖြတ်ဖို့ ​ခြေတလှမ်းနောက်ကျခဲ့တာလား၊ ခြေတလှမ်းဆုတ်သလို ဖြစ်ခဲ့တာလားလို့ မေးရမယ့်အဖြစ်က EPL ရဲ့ နောက်ဆုံး ၄ နှစ်အတွင်း ၃ ကြိမ်မြောက် ရွှေဖိနပ်ဆုရရှင်ဖြစ်လာမယ့် အီဂျစ်ဖာရိုးရဲ့အလားအလာကလည်း အတော့်ကို နီးစပ်နေမှု ရှိနေတာကြောင့်ပါ။

ဒီဘရိုင်းနားကို ခြေရာတိုင်းလိုက်တဲ့ ရော်ဘတ်ဆန်
၂၀၁၇-၁၈ ရာသီကစလို့ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှု ၄၉ ကြိမ်ပြုလုပ်အောင်မြင်ထားတဲ့ ဒီဘရိုင်းနားရဲ့ နောက်မှာ ဒုတိယနေရာက ကပ်လိုက်လာခဲ့တာကတော့ အန်ဒီ ရော်ဘတ်ဆန်ပါ။ သူက ဒီနေ့ပွဲမှာ ၂ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၅ ကြိမ်အဖြစ် ၄ နှစ်အတွင်းမှာ ဘယ်သူမှလိုက်မမီတဲ့ စံချိန်အနေနဲ့ ဒီဘရိုင်းနားကို ​ခြေရာတိုင်းသွားခဲ့တာပါ။

ရှောင်ဒိုက်သိပ်စမတ်ကျတယ်လို့ ချီးကျူးတဲ့ ကလော့ပ်
တန်းဆင်းဇုန်ရုန်းအားနဲ့ ပွဲထွက်လာခဲ့တဲ့ ဘန်လေရဲ့ ကစားအားက လီဗာပူးလ်ကို ကောင်းကောင်းခက်ခဲစေခဲ့ပြီး ဘန်လေရဲ့ ကစားပုံက ခုခံရခက်ခဲလောက်အောင် ပါးနပ်ခဲ့သလို ဘန်လေနဲ့ ကစားတိုင်း ဒုက္ခများစေတဲ့ အစဥ်အလာအရ ကလော့ပ်အနေနဲ့ ဘန်လေနဲ့တွေ့တိုင်း ဘာတခုမှ လွယ်လွယ်ရလေ့ မရှိဘူးလို့ ထုတ်ဖော်သွားခဲ့သလို ဘန်လေနည်းပြ ရှောင်ဒိုက်သိပ်စမတ်ကျတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ ဖိုင္နယ္တက္ၿပီ
ပြဲအၿပီးမွာ နည္းျပကေလာ့ပ္ႀကီးက လီဗာပူးလ္ဟာ ဆီမီးဖိုင္နယ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီလို႔ တင္စားေျပာဆိုခဲ့တဲ့အတိုင္းပဲ အန္ဖီးလ္ေျမက ေနာက္ဆုံးတပြဲကို ဖိုင္နယ္ပြဲအျဖစ္ ကစားၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တေနရာစာအတြက္ အဆင့္ ၃ သို႔ အဆင့္ ၄ ကို ေသခ်ာေပါက္ သိမ္းပိုက္ႏိုင္ဖို႔သာ က်န္ရွိေတာ့တာပါ။ ပဲေလ့စ္ကို အႏိုင္ကစားၿပီး အဆင့္ ၄ အတြင္းဝင္ခဲ့ရင္ေတာ့ ဒဏ္ရာေတြနဲ႔ လုံးပန္းေနရတဲ့ ဒီရာသီရဲ႕ခက္ခဲမႈေနာက္ကြယ္မွာ ကေလာ့ပ္ကို ေခြၽးသိပ္ႏိုင္မွာလည္းျဖစ္တယ္။

လာဘ္ပြင့္ေတးကို သီဆိုတဲ့ ေဘာ္ဘီ
ေဘာ္ဘီဆိုတဲ့ေတးနဲ႔အတူ ေရာ္ဘန္ဆန္ရဲ႕ အနိမ့္ေဘာျဖတ္တင္ေပးမႈကတဆင့္ ဘရာဇီးလ္သားက လီဗာပူးလ္ရဲ႕ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး ဖာမီႏိုအေနနဲ႔ သူဦးေဆာင္ဂိုးသြင္းယူခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၄ ပြဲမွာ လီဗာပူးလ္က တပြဲမွ မရႉံးနိမ့္ခဲ့တာကို ေတြ႕ရသလို ဒါက အေဝးကြင္းမွာ လာဘ္ပြင့္ေတးကို သီက်ဴးခဲ့တာလာျဖစ္ၿပီး သူဦးေဆာင္ဂိုးသြင္းယူတိုင္း လီဗာပူးလ္က ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၁ ပြဲဆက္အႏိုင္ရတဲ့ပြဲလည္း ျဖစ္ခဲ့တယ္။

ပတၱျမားမွန္လို႔ ႏြံမနစ္သူ သီယာဂို
သီယာဂို အယ္လ္ကန္တာရာက ဘိုင္ယန္မွာ ကမာၻ႔အဆင့္ေျခစြမ္းနဲ႔ ခ်န္ပီယံလိဂ္ဖလားကို သိမ္းပိုက္ခဲ့ၿပီးေနာက္မွာ လီဗာပူးလ္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္တႀကီး ဝယ္ယူခံရၿပီးမွ ဒဏ္ရာေၾကာင့္ ေကာင္းေကာင္း ေျခစြမ္းမျပႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ကိုယ့္ေနရာမွန္ကို ျပန္လည္ရွာေတြ႕ခဲ့ၿပီလို႔ ဆိုရပါမယ္။

နတ္ဖီးလစ္ကို အစြံထုတ္တဲ့ည
လီဗာပူးလ္ရဲ႕ခံစစ္မႉး နတ္ဖီးလစ္အတြက္ ဒီေန႔ပြဲက အထူးေပ်ာ္႐ႊင္ဝမ္းသာစရာညျဖစ္သလို အသင္းအတြက္ ေပးဂိုးမရွိ Clean Sheet ကို စြမ္းေဆာင္ခဲ့တဲ့တၿပိဳင္နက္ ေခါင္းတိုက္ဂိုးကို သြင္းယူၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရယူေပးခဲ့တဲ့အျပင္ ဒီပြဲမွာ ျပစ္ခ်က္ေျပာစရာမရွိေအာင္ကို ၿပီးျပည့္စုံေအာင္ ကစားသြားခဲ့တဲ့ ေျခစြမ္းက အထင္ႀကီးစရာျဖစ္ခဲ့ရတယ္။

ေရွ႕တိုးမယ့္ဆင္ ေနာက္တလွမ္းဆုတ္တာလား
ေ႐ႊဖိနပ္ဆုအတြက္ မျဖစ္မေန ဂိုးလိုအပ္ေနတဲ့ မိုဆာလားက လီဗာပူးလ္အသင္းႏိုင္ပြဲရခ်ိန္မွာ ကိုယ္ပိုင္သြင္းဂိုးကို ရွာေဖြႏိုင္ျခင္းမရွိခဲ့ဘဲ ဟာရီကိန္းကို ေက်ာ္ျဖတ္ဖို႔ ​ေျခတလွမ္းေနာက္က်ခဲ့တာလား၊ ေျခတလွမ္းဆုတ္သလို ျဖစ္ခဲ့တာလားလို႔ ေမးရမယ့္အျဖစ္က EPL ရဲ႕ ေနာက္ဆုံး ၄ ႏွစ္အတြင္း ၃ ႀကိမ္ေျမာက္ ေ႐ႊဖိနပ္ဆုရရွင္ျဖစ္လာမယ့္ အီဂ်စ္ဖာ႐ိုးရဲ႕အလားအလာကလည္း အေတာ့္ကို နီးစပ္ေနမႈ ရွိေနတာေၾကာင့္ပါ။

ဒီဘ႐ိုင္းနားကို ေျခရာတိုင္းလိုက္တဲ့ ေရာ္ဘတ္ဆန္
၂၀၁၇-၁၈ ရာသီကစလို႔ ပရီးမီးယားလိဂ္ဂိုးဖန္တီးမႈ ၄၉ ႀကိမ္ျပဳလုပ္ေအာင္ျမင္ထားတဲ့ ဒီဘ႐ိုင္းနားရဲ႕ ေနာက္မွာ ဒုတိယေနရာက ကပ္လိုက္လာခဲ့တာကေတာ့ အန္ဒီ ေရာ္ဘတ္ဆန္ပါ။ သူက ဒီေန႔ပြဲမွာ ၂ ႀကိမ္ဂိုးဖန္တီးမႈ ျပဳလုပ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၃၅ ႀကိမ္အျဖစ္ ၄ ႏွစ္အတြင္းမွာ ဘယ္သူမွလိုက္မမီတဲ့ စံခ်ိန္အေနနဲ႔ ဒီဘ႐ိုင္းနားကို ​ေျခရာတိုင္းသြားခဲ့တာပါ။

ေရွာင္ဒိုက္သိပ္စမတ္က်တယ္လို႔ ခ်ီးက်ဴးတဲ့ ကေလာ့ပ္
တန္းဆင္းဇုန္႐ုန္းအားနဲ႔ ပြဲထြက္လာခဲ့တဲ့ ဘန္ေလရဲ႕ ကစားအားက လီဗာပူးလ္ကို ေကာင္းေကာင္းခက္ခဲေစခဲ့ၿပီး ဘန္ေလရဲ႕ ကစားပုံက ခုခံရခက္ခဲေလာက္ေအာင္ ပါးနပ္ခဲ့သလို ဘန္ေလနဲ႔ ကစားတိုင္း ဒုကၡမ်ားေစတဲ့ အစဥ္အလာအရ ကေလာ့ပ္အေနနဲ႔ ဘန္ေလနဲ႔ေတြ႕တိုင္း ဘာတခုမွ လြယ္လြယ္ရေလ့ မရွိဘူးလို႔ ထုတ္ေဖာ္သြားခဲ့သလို ဘန္ေလနည္းျပ ေရွာင္ဒိုက္သိပ္စမတ္က်တယ္လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.