Analysis Match Report Premier League

ယူရိုပါကို နှစ်သင်း၊ ကွန်ဖရင့်ကို သုံးသင်း ရုန်းကန်ရဦးမယ့် ပွဲစဉ် ၃၇ မှ ၃၈ ကို မျှော်ကြည့်ခြင်း

ဗုဒ္ဓဟူးနေ့ညမှာတော့ ချဲလ်ဆီးကို အင်္ဂါနေ့ညက ရှုံးထားခဲ့တဲ့ လက်စတာကို လီဗာပူးလ်က ကျော်ဖြတ်သွားနိုင်ခဲ့ချိန်မှာ အစောဆုံးကစားတဲ့ အဲဗာတန်က ဝုလ်ဗ်စ်အပေါ် တစ်ဂိုး-ဂိုးမရှိနိုင်ပွဲနဲ့ သုံးမှတ်ရခဲ့ပြီး ရမှတ် ၅၉ မှတ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့် လက်ကျန်တစ်နေရာကို မျှော်လင့်ခွင့်ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီမျှော်လင့်ချက်တွေက နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်စ်ဘရွန်းနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ်အပြီးမှာ ပျောက်ဆုံးခဲ့ရသလောက်ဖြစ်ခဲ့ပြီး လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၆ နဲ့ အဆင့် ၇ တွေမှာ အသီးသီး ရပ်တည်နေခဲ့ကြတဲ့ ဝက်စ်ဟမ်းနဲ့ စပါးစ်တို့ရဲ့ သွင်းဂိုးအသာရမှုတွေကြောင့် အဲဗာတန်တို့ မျှော်လင့်ချင်သေးရင် လာမယ့် ပွဲစဉ် ၃၈ မှာ အစ်တီဟတ်က ပြိုင်ဘက် မန်စီးတီးကို ကိုးဂိုးနဲ့အထက်သွင်းဖို့ ကြိုးစားရတော့မှာပါ။

အစောပိုင်း အဲဗာတန်နဲ့ တူတူကစားခဲ့တဲ့ စပါးစ်အသင်းဟာ အက်စတန်ဗီလာကို အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ အဆင့် ၆ ကို ရယူဖို့ အမှားခံလို့ မရတဲ့ အနေအထားဆီ ကျရောက်သွားခဲ့ပြီး ဝက်စ်ဘရွန်းကို နောက်ပိုင်းပွဲမှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ ဝက်စ်ဟမ်းက ကျော်တက်တာကို ခံခဲ့ရပါတယ်။

အိမ်ကွင်းမှာ ဘာ့ဂ်ဗိန်းရဲ့ ပွဲချိန် ၈ မိနစ်က သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တဲ့ စပါးစ်ဟာ မိနစ် ၂၀ မှာ နောက်ခံလူ ရက်ဂီလွန်တဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ချေပဂိုး ပြန်ပေးခဲ့ရပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ အိုလီ ဝပ်ကင်းစ်က ဗီလာတို့အတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာပါ။ ရိုင်ယန် မေဆန်ရဲ့ နုနယ်သေးတဲ့ ကိုင်တွယ်မှုမှာ ရွှေဖိနပ်အတွက် ဆာလားနဲ့အပြိုင်ဖြစ်တဲ့ ဟာရီကိန်းလည်း ဂိုးပေါက်ပျောက်ခဲ့ပြီး ဘာမျှော်လင့်ချက်မှ မရှိတဲ့ အသင်းဆီ အိမ်ကွင်းမှာ အမှတ်လက်မဲ့ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အဝေးကွင်း ဟောသွန်းမှာ တန်းဆင်း ဝက်စ်ဘရွန်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းကတော့ ပွဲချိန် ၂ မိနစ်မှာ ရတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် နိုဘယ်လ် မပါဝင်ချိန်မှာ ကန်ခွင့်ရခဲ့တဲ့ လက်ထောက် ဒက်ကလန်ရိုက်စ်က တိုင်ထိအောင်ကန်ပြီး လွဲချော်ခဲ့လို့ ပွဲက ခက်ခဲ့ရပြီး ၂၇ မိနစ်မှာတော့ မားသီးယပ်စ် ပါရဲရားက ထောင့်ကန်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ဦးဆောင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ကွင်းလယ်လူ ဆိုးချက်ခ်က ဘန်ရာမာရဲ့ အနိမ့်ဘောဖြတ်တင်မှုကို ပိတ်သွင်းပြီး ချေပခဲ့သလို ဒုတိယပိုင်း ပွဲချိန် ၈၂ မိနစ်မှာတော့ ခရက်စ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကနေ အော့ဘွန်က ပြေးဝင်ခေါင်းတိုက်ပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့သလို ၈၈ မိနစ်မှာတော့ တိုက်စစ်မှူး အန်တိုနီယိုက တန်ပြန်တိုက်စစ်ကနေ လင်ဂတ်ခင်းပေးတာကို ကန်သွင်းပြီး အနိုင်သေချာစေခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ဝက်စ်ဟမ်းတို့ ရမှတ် ၆၂ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေခဲ့ပြီး လက်စတာနဲ့ လီဗာပူးလ်တို့ကို လိုက်မမီတော့ပေမယ့် ယူရိုပါလိဂ် လက်ကျန်တစ်နေရာကို လာမယ့် ပွဲစဉ် ၃၈ မှာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သရေကျရုံနဲ့ ရယူနိုင်မှာဖြစ်ပြီး စပါးစ်တို့ကတော့ ဟမ်းမားတွေ ရှုံးမှ ဒီနေရာကို မျှော်လင့်နိုင်တော့မှာလည်းဖြစ်ပါတယ်။

လက်စတာနဲ့ နောက်ဆုံးပွဲမှာ တွေ့ဆုံနေတဲ့ စပါးစ်တို့ကတော့ အမှတ်ပါ ပျောက်ဖို့ များနေသလို နိုင်ရင်လဲ ကွန်ဖရင့်လိဂ်ကိုပဲ အများဆုံး မျှော်လင့်ရဖို့ပဲ ရှိနေပြီး ပွဲစဉ် ၃၈ မှာ နိုင်ခဲ့ရင် ၆၂ မှတ်နဲ့ ၆၁ မှတ် အသီးသီး ရနိုင်ဖွယ်ရှိနေကြတဲ့ အဲဗာတန်နဲ့ အာဆင်နယ်အသင်းတွေကလည်း UEFA ပြိုင်ပွဲသစ်အတွက် မျှော်လင့်နိုင်ကြသေးတာပါ။

လက်စတာကို စပါးစ် မနိုင်ခဲ့ရင်နဲ့ မန်စီးတီးကို အဲဗာတန်မနိုင်ခဲ့ရင် ဝက်စ်ဟမ်းတို့ ယူရိုပါလိဂ်နောက်ဆုံးနေရာအတွက် ရင်အေးနိုင်မှာဖြစ်ပြီး ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ကစားရမယ့် အာဆင်နယ်ကတော့ အဆင့် ၇ နဲ့ ကွန်ဖရင့်လိဂ်ကို ရယူနိုင်မှာဖြစ်တာကြောင့် ပွဲစဉ် ၃၈ အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို တိုက်ပွဲဝင်နေကြတဲ့ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ လက်စတာတို့ အမှားခံလို့ မရသလို ဒုတိယတန်းစားနဲ့ တတိယတန်းစား ပြိုင်ပွဲတွေအတွက်လည်း နောက်ဆုံးအချိန်အထိ ရုန်းကန်ကြရဦးမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ တစ်ပြိုင်တည်း ပွဲစဉ် ၁၀ ပွဲကို ကစားကြမယ့် ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၈ ကတော့ ၆ ပွဲလောက်ကို ရင်ခုန်စွာနဲ့ စောင့်စားကြည့်ရှုရဦးမှာဖြစ်ပြီး ရာသီသိမ်းချိန်မှာတော့ ဘယ်အသင်းတွေ ရည်မှန်းချက်ပြည့်၊ ဘယ်သင်းတွေ သိက္ခာဆည်ပြီး၊ ဘယ်အသင်းတွေကတော့ မျက်ရည်ဝဲရဦးမှာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေကြောင်း ဗုဒ္ဓဟူးနေ့ည ပွဲစဉ်တွေအပြီးမှာ သုံးသပ်တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗုဒၶဟူးေန႔ညမွာေတာ့ ခ်ဲလ္ဆီးကို အဂၤါေန႔ညက ရႈံးထားခဲ့တဲ့ လက္စတာကို လီဗာပူးလ္က ေက်ာ္ျဖတ္သြားႏိုင္ခဲ့ခ်ိန္မွာ အေစာဆုံးကစားတဲ့ အဲဗာတန္က ဝုလ္ဗ္စ္အေပၚ တစ္ဂိုး-ဂိုးမရွိႏိုင္ပြဲနဲ႔ သုံးမွတ္ရခဲ့ၿပီး ရမွတ္ ၅၉ မွတ္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္ လက္က်န္တစ္ေနရာကို ေမွ်ာ္လင့္ခြင့္ရွိခဲ့ပါတယ္။

ဒါေပမယ့္ ဒီေမွ်ာ္လင့္ခ်က္ေတြက ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ ပြဲစဥ္အၿပီးမွာ ေပ်ာက္ဆုံးခဲ့ရသေလာက္ျဖစ္ခဲ့ၿပီး လက္ရွိအမွတ္ေပးဇယားမွာ အဆင့္ ၆ နဲ႔ အဆင့္ ၇ ေတြမွာ အသီးသီး ရပ္တည္ေနခဲ့ၾကတဲ့ ဝက္စ္ဟမ္းနဲ႔ စပါးစ္တို႔ရဲ႕ သြင္းဂိုးအသာရမႈေတြေၾကာင့္ အဲဗာတန္တို႔ ေမွ်ာ္လင့္ခ်င္ေသးရင္ လာမယ့္ ပြဲစဥ္ ၃၈ မွာ အစ္တီဟတ္က ၿပိဳင္ဘက္ မန္စီးတီးကို ကိုးဂိုးနဲ႔အထက္သြင္းဖို႔ ႀကိဳးစားရေတာ့မွာပါ။

အေစာပိုင္း အဲဗာတန္နဲ႔ တူတူကစားခဲ့တဲ့ စပါးစ္အသင္းဟာ အက္စတန္ဗီလာကို အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့လို႔ အဆင့္ ၆ ကို ရယူဖို႔ အမွားခံလို႔ မရတဲ့ အေနအထားဆီ က်ေရာက္သြားခဲ့ၿပီး ဝက္စ္ဘ႐ြန္းကို ေနာက္ပိုင္းပြဲမွာ သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရတဲ့ ဝက္စ္ဟမ္းက ေက်ာ္တက္တာကို ခံခဲ့ရပါတယ္။

အိမ္ကြင္းမွာ ဘာ့ဂ္ဗိန္းရဲ႕ ပြဲခ်ိန္ ၈ မိနစ္က သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့တဲ့ စပါးစ္ဟာ မိနစ္ ၂၀ မွာ ေနာက္ခံလူ ရက္ဂီလြန္တဲ့ ကိုယ့္ဂိုးကိုယ္သြင္းမႈနဲ႔ ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အိုလီ ဝပ္ကင္းစ္က ဗီလာတို႔အတြက္ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာပါ။ ႐ိုင္ယန္ ေမဆန္ရဲ႕ ႏုနယ္ေသးတဲ့ ကိုင္တြယ္မႈမွာ ေ႐ႊဖိနပ္အတြက္ ဆာလားနဲ႔အၿပိဳင္ျဖစ္တဲ့ ဟာရီကိန္းလည္း ဂိုးေပါက္ေပ်ာက္ခဲ့ၿပီး ဘာေမွ်ာ္လင့္ခ်က္မွ မရွိတဲ့ အသင္းဆီ အိမ္ကြင္းမွာ အမွတ္လက္မဲ့ျဖစ္ခဲ့ရတာလည္းျဖစ္ပါတယ္။

အေဝးကြင္း ေဟာသြန္းမွာ တန္းဆင္း ဝက္စ္ဘ႐ြန္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ေဒးဗစ္ မြိဳက္စ္ရဲ႕ ဝက္စ္ဟမ္းကေတာ့ ပြဲခ်ိန္ ၂ မိနစ္မွာ ရတဲ့ ပင္နယ္တီကို အသင္းေခါင္းေဆာင္ ႏိုဘယ္လ္ မပါဝင္ခ်ိန္မွာ ကန္ခြင့္ရခဲ့တဲ့ လက္ေထာက္ ဒက္ကလန္႐ိုက္စ္က တိုင္ထိေအာင္ကန္ၿပီး လြဲေခ်ာ္ခဲ့လို႔ ပြဲက ခက္ခဲ့ရၿပီး ၂၇ မိနစ္မွာေတာ့ မားသီးယပ္စ္ ပါရဲရားက ေထာင့္ကန္ေဘာကို တိုက္႐ိုက္ကန္သြင္းၿပီး ဦးေဆာင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ ကြင္းလယ္လူ ဆိုးခ်က္ခ္က ဘန္ရာမာရဲ႕ အနိမ့္ေဘာျဖတ္တင္မႈကို ပိတ္သြင္းၿပီး ေခ်ပခဲ့သလို ဒုတိယပိုင္း ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ခရက္စ္ဝဲလ္ရဲ႕ ေထာင့္ကန္ေဘာကေန ေအာ့ဘြန္က ေျပးဝင္ေခါင္းတိုက္ၿပီး ျပန္လည္ဦးေဆာင္ႏိုင္ခဲ့သလို ၈၈ မိနစ္မွာေတာ့ တိုက္စစ္မႉး အန္တိုနီယိုက တန္ျပန္တိုက္စစ္ကေန လင္ဂတ္ခင္းေပးတာကို ကန္သြင္းၿပီး အႏိုင္ေသခ်ာေစခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ဝက္စ္ဟမ္းတို႔ ရမွတ္ ၆၂ မွတ္နဲ႔ အဆင့္ ၆ မွာ ရွိေနခဲ့ၿပီး လက္စတာနဲ႔ လီဗာပူးလ္တို႔ကို လိုက္မမီေတာ့ေပမယ့္ ယူ႐ိုပါလိဂ္ လက္က်န္တစ္ေနရာကို လာမယ့္ ပြဲစဥ္ ၃၈ မွာ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ သေရက်႐ုံနဲ႔ ရယူႏိုင္မွာျဖစ္ၿပီး စပါးစ္တို႔ကေတာ့ ဟမ္းမားေတြ ရႈံးမွ ဒီေနရာကို ေမွ်ာ္လင့္ႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။

လက္စတာနဲ႔ ေနာက္ဆုံးပြဲမွာ ေတြ႕ဆုံေနတဲ့ စပါးစ္တို႔ကေတာ့ အမွတ္ပါ ေပ်ာက္ဖို႔ မ်ားေနသလို ႏိုင္ရင္လဲ ကြန္ဖရင့္လိဂ္ကိုပဲ အမ်ားဆုံး ေမွ်ာ္လင့္ရဖို႔ပဲ ရွိေနၿပီး ပြဲစဥ္ ၃၈ မွာ ႏိုင္ခဲ့ရင္ ၆၂ မွတ္နဲ႔ ၆၁ မွတ္ အသီးသီး ရႏိုင္ဖြယ္ရွိေနၾကတဲ့ အဲဗာတန္နဲ႔ အာဆင္နယ္အသင္းေတြကလည္း UEFA ၿပိဳင္ပြဲသစ္အတြက္ ေမွ်ာ္လင့္ႏိုင္ၾကေသးတာပါ။

လက္စတာကို စပါးစ္ မႏိုင္ခဲ့ရင္နဲ႔ မန္စီးတီးကို အဲဗာတန္မႏိုင္ခဲ့ရင္ ဝက္စ္ဟမ္းတို႔ ယူ႐ိုပါလိဂ္ေနာက္ဆုံးေနရာအတြက္ ရင္ေအးႏိုင္မွာျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ အိမ္ကြင္းမွာ ကစားရမယ့္ အာဆင္နယ္ကေတာ့ အဆင့္ ၇ နဲ႔ ကြန္ဖရင့္လိဂ္ကို ရယူႏိုင္မွာျဖစ္တာေၾကာင့္ ပြဲစဥ္ ၃၈ အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို တိုက္ပြဲဝင္ေနၾကတဲ့ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ လက္စတာတို႔ အမွားခံလို႔ မရသလို ဒုတိယတန္းစားနဲ႔ တတိယတန္းစား ၿပိဳင္ပြဲေတြအတြက္လည္း ေနာက္ဆုံးအခ်ိန္အထိ ႐ုန္းကန္ၾကရဦးမွာျဖစ္ပါတယ္။

တနဂၤေႏြေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉ နာရီခြဲမွာ တစ္ၿပိဳင္တည္း ပြဲစဥ္ ၁၀ ပြဲကို ကစားၾကမယ့္ ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၃၈ ကေတာ့ ၆ ပြဲေလာက္ကို ရင္ခုန္စြာနဲ႔ ေစာင့္စားၾကည့္ရႈရဦးမွာျဖစ္ၿပီး ရာသီသိမ္းခ်ိန္မွာေတာ့ ဘယ္အသင္းေတြ ရည္မွန္းခ်က္ျပည့္၊ ဘယ္သင္းေတြ သိကၡာဆည္ၿပီး၊ ဘယ္အသင္းေတြကေတာ့ မ်က္ရည္ဝဲရဦးမွာလဲဆိုတာ စိတ္ဝင္စားစရာျဖစ္ေနေၾကာင္း ဗုဒၶဟူးေန႔ည ပြဲစဥ္ေတြအၿပီးမွာ သုံးသပ္တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.