Match Report Premier League

ကစားရခက်တဲ့ ဘန်လေကို အနိုင်ယူပြီး အဆင့်လေးကို သိမ်းပိုက်တဲ့ နိုင်ပွဲဆက် လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ချဲလ်ဆီးနဲ့ လက်စတာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကနေ အဆင့် ၄ နေရာအတွက် အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပြီး ဒီနေ့ပွဲမှာတော့ တာ့ဖ်မိုးရ်က ဘာရည်မှန်းချက်နဲ့မှ မပတ်သက်သူ ဘန်လေကို သုံးဂိုးနဲ့ ချေမှုန်းပြီး သုံးမှတ်ရယူခဲ့သလို ပွဲစဉ် ၃၇ မှာ အသင်းရဲ့ ပစ်မှတ် ချန်ပီယံလိဂ်ဝင်ခွင့်ကို နေရာဦးလိုက်နိုင်ပြီဖြစ်ပါတယ်။

အမှားမခံနိုင်တဲ့ ချဲလ်ဆီးတို့ လက်စတာကို အနိုင်ယူပြီး အဆင့် ၄ မရောက်ဖို့ ထွက်ပြေးချိန်မှာ ခြင်္သေ့နင်းခံရတဲ့ မြေခွေးတွေ မထနိုင်တုန်း အဆင့် ၄ ဆီကို ဝင်ရောက်ဖို့က ကြိုးကြာတို့ တာဝန်ဖြစ်ခဲ့သလို နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းရဲ့ အကောင်းဆုံး လူစာရင်းကိုပဲ ထုတ်သုံးပြီး နိုင်ပွဲရဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲအစ ၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရခဲ့ပေမယ့် ဆာလား လောကြီးနေလို့ ဘန်လေခံစစ်က ပိတ်ဆို့သွားခဲ့သလို စက္ကန့်ဝက်အတွင်းမှာပဲ မာနေးက အခွင့်အရေးထပ်ရပေမယ့်လည်း ဘေးကိုပဲ ချော်ကန်ခဲ့လို့ စောစောစီးစီး ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေနဲ့ ဝေးနေခဲ့ပါတယ်။

Direct Attacking နဲ့ ကြံ့ခိုင်မှုကောင်းတဲ့ ဘန်လေတိုက်စစ်မှာ အတွေ့အကြုံနုတဲ့ လီဗာပူးလ်ရဲ့ ဗဟိုခံစစ်အတွဲ ရုန်းကန်ခဲ့ရပြီး ဖာမီနိုနဲ့ ခရစ္စ ဝုဒ်တို့ အပြန်အလှန် ဂိုးရှေ့မှာ လွဲချော်ခဲ့ကြသလို ဆာလားနဲ့ ဝမ်းတူးကိုလည်း သီယာဂိုက အသုံးမချနိုင်ခဲ့ဘဲ ကန်ချက်က တိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။

ဟာရီကိန်းနဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ၂၂ ဂိုးစီနဲ့ အပြိုင်ဖြစ်နေကြတဲ့ ဆာလားကတော့ ပွဲချိန် ၂၉ မိနစ်မှာလည်း အလောတကြီးနဲ့ ထပ်လွဲခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ မက်နီးလ်ရဲ့ ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်ခဲ့ရသလို ပထမပိုင်းမှာ ပက်ပက်စက်စက်လွဲခဲ့ကြတဲ့ လီဗာပူးလ်တို့အနေနဲ့ ဘန်လေဂိုးပေါက်ဆီကို ၄၃ မိနစ်မတိုင်ခင်အထိ တစ်လုံးမှ မတည့်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုဖြစ်တဲ့ ပွဲချိန် ၄၃ မိနစ်က ကန်ချက်မှာတော့ တိုက်စစ်မှူး ဖာမီနိုအနေနဲ့ အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ရောဘတ်ဆန်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘောကို အတွေးတွေနဲ့ တွေဝေနေတဲ့ ဂျက်ခ် ကော့ခ်နောက်ကနေ နံပါတ် ၉ တိုက်စစ်မှူးက ကန်သွင်းပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေနိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာ ဘန်လေတိုက်စစ်မှူး ခရစ္စ ဝုဒ်က အယ်လီဆန်တည့်တည့်ကို ချစ်ကြည်ရေးကန်ချက်နဲ့ စဖွင့်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဆာလားက မာနေး ပေးတာကို တိုင်ဘေးချော်ကန်ခဲ့သလို အီဂျစ်သားရဲ့ တည်ငြိမ်မှုနဲ့ အဆုံးသတ်ပိုင်းတွေကတော့ မေးခွန်းထုတ်စရာလည်း ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဘန်လေတို့ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို မာနေးက ဘယ်ခြမ်းကနေ ပြန်ရလာခဲ့ပြီး ဂတ်ဒ်မွန်ဆန်ကို ကျော်ပြီး တင်ပေးခဲ့ရာမှာ ရှင်းထုတ်ဖို့ ခြေတစ်လှမ်းနောက်ကျနေတဲ့ ဘန်မီးရဲ့ ရှေ့ကနေ လီဗာပူးလ်နောက်ခံလူ နာသန် ဖိလစ်က ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘန်လေတို့ ပြန်လည်နိုးထလာခဲ့သလို တိုက်စစ်ဆင်လာခဲ့ရာမှာ လီဗာပူးလ်နောက်တန်းက ပိတ်ဆို့ကာကွယ်နေခဲ့ရပြီး ဘရောင်းဟေးလ်ရဲ့ ကန်ချက်ကိုလည်း အယ်လီဆန် ဖမ်းခဲ့ရသလို တာကော့ဗ်စကီးရဲ့ ခေါင်းတိုက်ချက်ကိုလည်း နာသန် ဖိလစ်က ဂိုးစည်းပေါ်က ရှင်းခဲ့ရပြီး မိနစ် ၆၀ ကျော်အချိန်တွေကတော့ တော်တော်လေး ရင်ခုန်စရာကောင်းခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ ဖာမီနိုအစား ချိမ်ဘာလိန်ကို လူစားလဲခဲ့ပြီး ၈၈ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ရောဘတ်ဆန် ပေးတဲ့ ဘောလုံးကို ချိမ်ဘာလိန်က တစ်ကိုယ်တော်အစွမ်းနဲ့ ဘန်လေနောက်ခံလူနှစ်ဦးကို လိမ်ခေါက်ပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ တိုင်ခြေကို ဝင်သွားခဲ့လို့ လီဗာပူးလ်တို့ တတိယဂိုး ရရှိသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ ဆာလား အခွင့်အရေး ရခဲ့ပေမယ့် ဆုံးဖြတ်ချက်လွဲခဲ့လို ဘန်လေနောက်ခံလူ တေလာက ရှင်းထုတ်နိုင်ခဲ့သလို ဒီနေ့ပွဲမှာ လီဗာပူးလ်တို့ဟာ သွင်းဂိုးသုံးဂိုးကလွဲလို့ ကန်တဲ့ ကန်ချက်တွေမှာ လုံးဝဂိုးပေါက်မတည့်ခဲ့ဘဲ အခွင့်အရေးအကြိမ် ၂၀ မှာ ၁၇ ကြိမ်ကို ဖြုန်းတီးပစ်ပြီးမှ နိုင်ပွဲကို ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

သုံးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးရလဒ်ကြောင့် လီဗာပူးလ်တို့ ရမှတ် ၆၆ မှတ်နဲ့ လက်စတာအပေါ် ဂိုးကွာခြားမှုရော၊ Head to Head ရလဒ်နဲ့ပါ အသာစီးနဲ့ အဆင့် ၄ နေရာကို ရမှတ်တူချိန်မှာ သိမ်းပိုက်သွားနိုင်ခဲ့သလို လာမယ့် ရာသီပိတ်ပွဲစဉ် ၃၈ မှာတော့ ခရစ္စတယ်လ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ကစားပြီး အမှားအယွင်းမလုပ်ဘဲ အနိုင်ယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်ကစားခွင့်နဲ့ မြေကြီးလက်ခတ်မလွဲပဲဖြစ်တော့မယ်ဆိုတာကို သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ လက္စတာတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကေန အဆင့္ ၄ ေနရာအတြက္ အေကာင္းဆုံးအေနအထားမွာ ရွိေနခဲ့ၿပီး ဒီေန႔ပြဲမွာေတာ့ တာ့ဖ္မိုးရ္က ဘာရည္မွန္းခ်က္နဲ႔မွ မပတ္သက္သူ ဘန္ေလကို သုံးဂိုးနဲ႔ ေခ်မႈန္းၿပီး သုံးမွတ္ရယူခဲ့သလို ပြဲစဥ္ ၃၇ မွာ အသင္းရဲ႕ ပစ္မွတ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေနရာဦးလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

အမွားမခံႏိုင္တဲ့ ခ်ဲလ္ဆီးတို႔ လက္စတာကို အႏိုင္ယူၿပီး အဆင့္ ၄ မေရာက္ဖို႔ ထြက္ေျပးခ်ိန္မွာ ျခေသၤ့နင္းခံရတဲ့ ေျမေခြးေတြ မထႏိုင္တုန္း အဆင့္ ၄ ဆီကို ဝင္ေရာက္ဖို႔က ႀကိဳးၾကာတို႔ တာဝန္ျဖစ္ခဲ့သလို နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသင္းရဲ႕ အေကာင္းဆုံး လူစာရင္းကိုပဲ ထုတ္သုံးၿပီး ႏိုင္ပြဲရဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲအစ ၂ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန အခြင့္အေရးရခဲ့ေပမယ့္ ဆာလား ေလာႀကီးေနလို႔ ဘန္ေလခံစစ္က ပိတ္ဆို႔သြားခဲ့သလို စကၠန႔္ဝက္အတြင္းမွာပဲ မာေနးက အခြင့္အေရးထပ္ရေပမယ့္လည္း ေဘးကိုပဲ ေခ်ာ္ကန္ခဲ့လို႔ ေစာေစာစီးစီး ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးေတြနဲ႔ ေဝးေနခဲ့ပါတယ္။

Direct Attacking နဲ႔ ႀကံ့ခိုင္မႈေကာင္းတဲ့ ဘန္ေလတိုက္စစ္မွာ အေတြ႕အႀကဳံႏုတဲ့ လီဗာပူးလ္ရဲ႕ ဗဟိုခံစစ္အတြဲ ႐ုန္းကန္ခဲ့ရၿပီး ဖာမီႏိုနဲ႔ ခရစၥ ဝုဒ္တို႔ အျပန္အလွန္ ဂိုးေရွ႕မွာ လြဲေခ်ာ္ခဲ့ၾကသလို ဆာလားနဲ႔ ဝမ္းတူးကိုလည္း သီယာဂိုက အသုံးမခ်ႏိုင္ခဲ့ဘဲ ကန္ခ်က္က တိုင္ေဘးက ကပ္ထြက္သြားခဲ့ပါတယ္။

ဟာရီကိန္းနဲ႔ ဂိုးသြင္းဘုရင္ဆုအတြက္ ၂၂ ဂိုးစီနဲ႔ အၿပိဳင္ျဖစ္ေနၾကတဲ့ ဆာလားကေတာ့ ပြဲခ်ိန္ ၂၉ မိနစ္မွာလည္း အေလာတႀကီးနဲ႔ ထပ္လြဲခဲ့ၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ မက္နီးလ္ရဲ႕ ကန္ခ်က္ကို အယ္လစ္ဆန္ ကာကြယ္ခဲ့ရသလို ပထမပိုင္းမွာ ပက္ပက္စက္စက္လြဲခဲ့ၾကတဲ့ လီဗာပူးလ္တို႔အေနနဲ႔ ဘန္ေလဂိုးေပါက္ဆီကို ၄၃ မိနစ္မတိုင္ခင္အထိ တစ္လုံးမွ မတည့္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔ရဲ႕ ပထမဆုံး ဂိုးေပါက္တည့္မႈျဖစ္တဲ့ ပြဲခ်ိန္ ၄၃ မိနစ္က ကန္ခ်က္မွာေတာ့ တိုက္စစ္မႉး ဖာမီႏိုအေနနဲ႔ အသင္းအတြက္ ဦးေဆာင္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ေရာဘတ္ဆန္ရဲ႕ ဘယ္ျခမ္းက ျဖတ္တင္ေဘာကို အေတြးေတြနဲ႔ ေတြေဝေနတဲ့ ဂ်က္ခ္ ေကာ့ခ္ေနာက္ကေန နံပါတ္ ၉ တိုက္စစ္မႉးက ကန္သြင္းၿပီး ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာ ဘန္ေလတိုက္စစ္မႉး ခရစၥ ဝုဒ္က အယ္လီဆန္တည့္တည့္ကို ခ်စ္ၾကည္ေရးကန္ခ်က္နဲ႔ စဖြင့္ခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဆာလားက မာေနး ေပးတာကို တိုင္ေဘးေခ်ာ္ကန္ခဲ့သလို အီဂ်စ္သားရဲ႕ တည္ၿငိမ္မႈနဲ႔ အဆုံးသတ္ပိုင္းေတြကေတာ့ ေမးခြန္းထုတ္စရာလည္း ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဘန္ေလတို႔ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို မာေနးက ဘယ္ျခမ္းကေန ျပန္ရလာခဲ့ၿပီး ဂတ္ဒ္မြန္ဆန္ကို ေက်ာ္ၿပီး တင္ေပးခဲ့ရာမွာ ရွင္းထုတ္ဖို႔ ေျခတစ္လွမ္းေနာက္က်ေနတဲ့ ဘန္မီးရဲ႕ ေရွ႕ကေန လီဗာပူးလ္ေနာက္ခံလူ နာသန္ ဖိလစ္က ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘန္ေလတို႔ ျပန္လည္ႏိုးထလာခဲ့သလို တိုက္စစ္ဆင္လာခဲ့ရာမွာ လီဗာပူးလ္ေနာက္တန္းက ပိတ္ဆို႔ကာကြယ္ေနခဲ့ရၿပီး ဘေရာင္းေဟးလ္ရဲ႕ ကန္ခ်က္ကိုလည္း အယ္လီဆန္ ဖမ္းခဲ့ရသလို တာေကာ့ဗ္စကီးရဲ႕ ေခါင္းတိုက္ခ်က္ကိုလည္း နာသန္ ဖိလစ္က ဂိုးစည္းေပၚက ရွင္းခဲ့ရၿပီး မိနစ္ ၆၀ ေက်ာ္အခ်ိန္ေတြကေတာ့ ေတာ္ေတာ္ေလး ရင္ခုန္စရာေကာင္းခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာ ဖာမီႏိုအစား ခ်ိမ္ဘာလိန္ကို လူစားလဲခဲ့ၿပီး ၈၈ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေရာဘတ္ဆန္ ေပးတဲ့ ေဘာလုံးကို ခ်ိမ္ဘာလိန္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဘန္ေလေနာက္ခံလူႏွစ္ဦးကို လိမ္ေခါက္ၿပီး ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ တိုင္ေျခကို ဝင္သြားခဲ့လို႔ လီဗာပူးလ္တို႔ တတိယဂိုး ရရွိသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ တန္ျပန္တိုက္စစ္ကေန ဆာလား အခြင့္အေရး ရခဲ့ေပမယ့္ ဆုံးျဖတ္ခ်က္လြဲခဲ့လို ဘန္ေလေနာက္ခံလူ ေတလာက ရွင္းထုတ္ႏိုင္ခဲ့သလို ဒီေန႔ပြဲမွာ လီဗာပူးလ္တို႔ဟာ သြင္းဂိုးသုံးဂိုးကလြဲလို႔ ကန္တဲ့ ကန္ခ်က္ေတြမွာ လုံးဝဂိုးေပါက္မတည့္ခဲ့ဘဲ အခြင့္အေရးအႀကိမ္ ၂၀ မွာ ၁၇ ႀကိမ္ကို ျဖဳန္းတီးပစ္ၿပီးမွ ႏိုင္ပြဲကို ရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

သုံးဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးရလဒ္ေၾကာင့္ လီဗာပူးလ္တို႔ ရမွတ္ ၆၆ မွတ္နဲ႔ လက္စတာအေပၚ ဂိုးကြာျခားမႈေရာ၊ Head to Head ရလဒ္နဲ႔ပါ အသာစီးနဲ႔ အဆင့္ ၄ ေနရာကို ရမွတ္တူခ်ိန္မွာ သိမ္းပိုက္သြားႏိုင္ခဲ့သလို လာမယ့္ ရာသီပိတ္ပြဲစဥ္ ၃၈ မွာေတာ့ ခရစၥတယ္လ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ကစားၿပီး အမွားအယြင္းမလုပ္ဘဲ အႏိုင္ယူႏိုင္ခဲ့ရင္ ခ်န္ပီယံလိဂ္ကစားခြင့္နဲ႔ ေျမႀကီးလက္ခတ္မလြဲပဲျဖစ္ေတာ့မယ္ဆိုတာကို သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.