Match Report Premier League

နာကျင်အချိန်ပိုအနိုင်ဂိုးတွေနဲ့ ကွန်ဖရင့်လိဂ်အတွက် မျှော်လင့်ချက်ရှိလာခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို လန်ဒန်ဒါဘီမှာ မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ပြီး ပွဲပြီးခါနီးသွင်းဂိုးတွေက သူတို့ရဲ့ မျှော်လင့်ချက်မဲ့ အနေအထားကနေ အတိုင်းအတာတစ်ခုအထိ ပြန်လည်ရှင်သန်ခွင့်ကို ရယူနိုင်ခဲ့သလို ယူရိုပါကွန်ဖရင့်လိဂ်အတွက် အိပ်မက်မက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အဝေးကွင်းဝတ်စုံသစ်နဲ့ ပွဲထွက်လာတဲ့ အာဆင်နယ်တို့အနေနဲ့ သွက်လက်ချောမွေ့တဲ့ တိုက်စစ်ကစားဟန်အစား သတိကြီးကြီးထားတဲ့ ကစားဟန်နဲ့ပဲ ရင်ဆိုင်ခဲ့ရာမှာ အိမ်ကွင်းအားနဲ့ ကစားတဲ့ ပဲလေ့စ်နဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာတို့ကြောင့် ပထမပိုင်းမှာ ပရိသတ်တွေ ဒေါသထွက်စရာလည်းဖြစ်နေခဲ့ပါတယ်။

ဘယ်ခြမ်းက ဇာဟာအနေနဲ့ အာဆင်နယ်နောက်တန်းကို မကြာခဏ ဒုက္ခပေးနေခဲ့ပေမယ့် အပိုင်အခွင့်အရေးမဖြစ်တာနဲ့ ဂိုးသမား လီနို အမှားအယွင်းမရှိ ဆုံးဖြတ်ကာကွယ်သွားနိုင်တာတွေက ပဲလေ့စ်တို့အတွက် ကံဆိုးခဲ့ပြီး ဂန်းနားတွေရဲ့ နောက်တန်းကတော့ သိပ်ပြီး ခုခံကာကွယ်ပုံ မကောင်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ ရှလု(ပ်)ရဲ့ ကန်ချက်ကို လီနို ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ၃၅ မိနစ်မှာတော့ ပဲလေ့စ်ရဲ့ ညာခြမ်းခံစစ်ကို ဆာကာနဲ့အတူ နှစ်ယောက်သား အရူးလုပ်ပြီး ဖောက်ထွက်လာတဲ့ တီယာနီက ချိုးပေးခဲ့တာကို ပေပေက အနီးကပ် ကန်သွင်းပြီး အာဆင်နယ်တို့ကို ဦးဆောင်စေခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ ဒီရလဒ်ကို ထိန်းပြီး ခံစစ်ကစားဖို့ ကြိုးစားခဲ့တဲ့ မြောက်လန်ဒန်သားတွေကို ဘန်တီကီက အမြင့်ဘောတွေကနေ မကြာခဏ ခြိမ်းခြောက်နေခဲ့သလို ဇာဟာရဲ့ အလှုပ်နဲ့ တောင်းဆန်းရဲ့ ပေးပို့မှုတွေက ပဲလေ့စ်တို့ရဲ့ အင်အားပြသမှုလည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ အာဆင်နယ်ဂိုးရှေ့ ဘယ်ခြမ်းမှာ ရရှိတဲ့ ဖရီးကစ်ကို တောင်းဆန်းက လှလှပပ ဝေ့ဝိုက်ကန်တင်ပေးခဲ့ရာမှာ ခံစစ် သမားတွေအတွက် ဖျက်ထုတ်ဖို့ ခက်ခဲခဲ့သလို တိုက်စစ်သမားတွေအတွက် စိတ်ကြိုက်ပုံစံနဲ့ ဧရိယာထဲကို ရောက်ရှိလာခဲ့ပြီး ဒါကို ဘန်တီကီက ဒိုက်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းယူသွားခဲ့လို့ ပဲလေ့စ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရလို့ ခံစားရခက်သွားတဲ့ အာတီတာအနေနဲ့ ဖန်တီးမှုတွေ ပိုမိုပြုလုပ်နိုင်ဖို့ တောင်ပံကစားသမား ဆာကာအစား ကွင်းလယ်လူ အော်ဒီဂွါဒ်ကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ဟိုးလ်ဒင်းရဲ့ ခပ်ပါးပါးဆွဲရုံနဲ့ လဲကျသွားခဲ့တဲ့ ဇာဟာရဲ့ ပင်နယ်တီတောင်းမှုကိုတော့ ဒိုင်လူကြီးက ပယ်ချသွားခဲ့ပါတယ်။

အာဆင်နယ်ဗဟိုခံစစ်အတွဲကတော့ ဘန်တီကီကို ကောင်းကောင်းမနိုင်ခဲ့ပေမယ့် ရာသီကုန်ရင် အသင်းက ထွက်တော့မယ့် ရွိုင်းဟော့ဆန်ရဲ့ မယုံနိုင်စရာ ဆုံးဖြတ်ချက်အဖြစ် သူ့ကို လဲထုတ်သွားခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ဇာဟာရဲ့ လိမ်လှည့်ဒိုက်ဗင်ထိုးမှုတွေကလွဲလို့ ပဲလေ့စ်တို့ အလုပ် မဖြစ်နိုင်တော့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အာဆင်နယ်တို့ရဲ့ လူစားလဲမှုတွေ အလုပ်ဖြစ်ခဲ့ပြီး အော်ဒီဂွါဒ်က ပဲလေ့စ်နောက်တန်းပေါ်က ကျော်ချပေးလိုက်တဲ့ စက်ဝိုင်းခြမ်းပုံ ပေးပို့မှုကို အချိန်ကိုက် ပြေးဝင်သွားခဲ့တဲ့ မာတီနယ်လီက ဂိုးသမား ဂွိုက်တာရှေ့က ဖြတ်ကျော်ရယူပြီး အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။

ဒီဂိုးကို ချေပနိုင်ဖို့ ပဲလေ့စ်တို့ ကြိုးစားခဲ့ပေမယ့် မိနစ်ပိုင်းအတွင်း အလုပ်မဖြစ်တော့ချိန်မှာ သူတို့တွေအနေနဲ့ အာရုံစိုက်မှု လျော့ကျလာခဲ့ပြီး နာကျင်အချိန်ပို ၅ မိနစ်မှာတော့ လက်ပစ်ဘောကနေ ကျလာတဲ့ ဘောလုံးကို အဖွင့်ဂိုးရှင် ပေပေကပဲ တစ်ဖက်ခံစစ်မှူး ၄ ယောက်ကြားကနေ ဆွဲထွက်ပြီး ဂိုးသမားနဲ့အတွေ့မှာ သွေးအေးအေးနဲ့ အဆုံးသတ်ခဲ့လို့ အာဆင်နယ်တို့ တတိယဂိုးနဲ့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီနေ့မှာ ကစားတဲ့ ပေပေရဲ့ ခြေစွမ်းကတော့ ရာသီအစကတည်းက ဒီလိုကစားနိုင်ခဲ့ရင်လို့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ မချိတင်ကဲ ဖြစ်ရနိုင်ပေမယ့် နိုင်ပွဲနဲ့အတူ ဝင်ငွေထပ်ရနိုင်မယ့် အဆင့် ၇ ပေါက်မဲ ကွန်ဖရင့်လိဂ်ကို မျှော်မှန်းနိုင်ခဲ့တာက စိတ်သက်သာစရာဖြစ်ခဲ့သလို အနည်းဆုံးအနေနဲ့ ရာသီကုန်မှာ ရုန်းပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ရလဒ်အတွက်တော့ ကျေနပ်နိုင်ကြမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို လန္ဒန္ဒါဘီမွာ မေမွ်ာ္လင့္ဘဲ အႏိုင္ရရွိခဲ့ၿပီး ပြဲၿပီးခါနီးသြင္းဂိုးေတြက သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္မဲ့ အေနအထားကေန အတိုင္းအတာတစ္ခုအထိ ျပန္လည္ရွင္သန္ခြင့္ကို ရယူႏိုင္ခဲ့သလို ယူ႐ိုပါကြန္ဖရင့္လိဂ္အတြက္ အိပ္မက္မက္ႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

အေဝးကြင္းဝတ္စုံသစ္နဲ႔ ပြဲထြက္လာတဲ့ အာဆင္နယ္တို႔အေနနဲ႔ သြက္လက္ေခ်ာေမြ႕တဲ့ တိုက္စစ္ကစားဟန္အစား သတိႀကီးႀကီးထားတဲ့ ကစားဟန္နဲ႔ပဲ ရင္ဆိုင္ခဲ့ရာမွာ အိမ္ကြင္းအားနဲ႔ ကစားတဲ့ ပဲေလ့စ္နဲ႔ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာတို႔ေၾကာင့္ ပထမပိုင္းမွာ ပရိသတ္ေတြ ေဒါသထြက္စရာလည္းျဖစ္ေနခဲ့ပါတယ္။

ဘယ္ျခမ္းက ဇာဟာအေနနဲ႔ အာဆင္နယ္ေနာက္တန္းကို မၾကာခဏ ဒုကၡေပးေနခဲ့ေပမယ့္ အပိုင္အခြင့္အေရးမျဖစ္တာနဲ႔ ဂိုးသမား လီႏို အမွားအယြင္းမရွိ ဆုံးျဖတ္ကာကြယ္သြားႏိုင္တာေတြက ပဲေလ့စ္တို႔အတြက္ ကံဆိုးခဲ့ၿပီး ဂန္းနားေတြရဲ႕ ေနာက္တန္းကေတာ့ သိပ္ၿပီး ခုခံကာကြယ္ပုံ မေကာင္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ရွလု(ပ္)ရဲ႕ ကန္ခ်က္ကို လီႏို ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ၃၅ မိနစ္မွာေတာ့ ပဲေလ့စ္ရဲ႕ ညာျခမ္းခံစစ္ကို ဆာကာနဲ႔အတူ ႏွစ္ေယာက္သား အ႐ူးလုပ္ၿပီး ေဖာက္ထြက္လာတဲ့ တီယာနီက ခ်ိဳးေပးခဲ့တာကို ေပေပက အနီးကပ္ ကန္သြင္းၿပီး အာဆင္နယ္တို႔ကို ဦးေဆာင္ေစခဲ့ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာ ဒီရလဒ္ကို ထိန္းၿပီး ခံစစ္ကစားဖို႔ ႀကိဳးစားခဲ့တဲ့ ေျမာက္လန္ဒန္သားေတြကို ဘန္တီကီက အျမင့္ေဘာေတြကေန မၾကာခဏ ၿခိမ္းေျခာက္ေနခဲ့သလို ဇာဟာရဲ႕ အလႈပ္နဲ႔ ေတာင္းဆန္းရဲ႕ ေပးပို႔မႈေတြက ပဲေလ့စ္တို႔ရဲ႕ အင္အားျပသမႈလည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အာဆင္နယ္ဂိုးေရွ႕ ဘယ္ျခမ္းမွာ ရရွိတဲ့ ဖရီးကစ္ကို ေတာင္းဆန္းက လွလွပပ ေဝ့ဝိုက္ကန္တင္ေပးခဲ့ရာမွာ ခံစစ္ သမားေတြအတြက္ ဖ်က္ထုတ္ဖို႔ ခက္ခဲခဲ့သလို တိုက္စစ္သမားေတြအတြက္ စိတ္ႀကိဳက္ပုံစံနဲ႔ ဧရိယာထဲကို ေရာက္ရွိလာခဲ့ၿပီး ဒါကို ဘန္တီကီက ဒိုက္ဗင္ထိုးၿပီး ေခါင္းတိုက္သြင္းယူသြားခဲ့လို႔ ပဲေလ့စ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရလို႔ ခံစားရခက္သြားတဲ့ အာတီတာအေနနဲ႔ ဖန္တီးမႈေတြ ပိုမိုျပဳလုပ္ႏိုင္ဖို႔ ေတာင္ပံကစားသမား ဆာကာအစား ကြင္းလယ္လူ ေအာ္ဒီဂြါဒ္ကို ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဟိုးလ္ဒင္းရဲ႕ ခပ္ပါးပါးဆြဲ႐ုံနဲ႔ လဲက်သြားခဲ့တဲ့ ဇာဟာရဲ႕ ပင္နယ္တီေတာင္းမႈကိုေတာ့ ဒိုင္လူႀကီးက ပယ္ခ်သြားခဲ့ပါတယ္။

အာဆင္နယ္ဗဟိုခံစစ္အတြဲကေတာ့ ဘန္တီကီကို ေကာင္းေကာင္းမႏိုင္ခဲ့ေပမယ့္ ရာသီကုန္ရင္ အသင္းက ထြက္ေတာ့မယ့္ ႐ြိဳင္းေဟာ့ဆန္ရဲ႕ မယုံႏိုင္စရာ ဆုံးျဖတ္ခ်က္အျဖစ္ သူ႔ကို လဲထုတ္သြားခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ဇာဟာရဲ႕ လိမ္လွည့္ဒိုက္ဗင္ထိုးမႈေတြကလြဲလို႔ ပဲေလ့စ္တို႔ အလုပ္ မျဖစ္ႏိုင္ေတာ့တာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ရဲ႕ လူစားလဲမႈေတြ အလုပ္ျဖစ္ခဲ့ၿပီး ေအာ္ဒီဂြါဒ္က ပဲေလ့စ္ေနာက္တန္းေပၚက ေက်ာ္ခ်ေပးလိုက္တဲ့ စက္ဝိုင္းျခမ္းပုံ ေပးပို႔မႈကို အခ်ိန္ကိုက္ ေျပးဝင္သြားခဲ့တဲ့ မာတီနယ္လီက ဂိုးသမား ဂြိဳက္တာေရွ႕က ျဖတ္ေက်ာ္ရယူၿပီး အနီးကပ္ပိတ္သြင္းႏိုင္ခဲ့လို႔ အႏိုင္ဂိုးရရွိခဲ့ပါတယ္။

ဒီဂိုးကို ေခ်ပႏိုင္ဖို႔ ပဲေလ့စ္တို႔ ႀကိဳးစားခဲ့ေပမယ့္ မိနစ္ပိုင္းအတြင္း အလုပ္မျဖစ္ေတာ့ခ်ိန္မွာ သူတို႔ေတြအေနနဲ႔ အာ႐ုံစိုက္မႈ ေလ်ာ့က်လာခဲ့ၿပီး နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန က်လာတဲ့ ေဘာလုံးကို အဖြင့္ဂိုးရွင္ ေပေပကပဲ တစ္ဖက္ခံစစ္မႉး ၄ ေယာက္ၾကားကေန ဆြဲထြက္ၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ေသြးေအးေအးနဲ႔ အဆုံးသတ္ခဲ့လို႔ အာဆင္နယ္တို႔ တတိယဂိုးနဲ႔ ျပတ္ျပတ္သားသား ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီေန႔မွာ ကစားတဲ့ ေပေပရဲ႕ ေျခစြမ္းကေတာ့ ရာသီအစကတည္းက ဒီလိုကစားႏိုင္ခဲ့ရင္လို႔ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ မခ်ိတင္ကဲ ျဖစ္ရႏိုင္ေပမယ့္ ႏိုင္ပြဲနဲ႔အတူ ဝင္ေငြထပ္ရႏိုင္မယ့္ အဆင့္ ၇ ေပါက္မဲ ကြန္ဖရင့္လိဂ္ကို ေမွ်ာ္မွန္းႏိုင္ခဲ့တာက စိတ္သက္သာစရာျဖစ္ခဲ့သလို အနည္းဆုံးအေနနဲ႔ ရာသီကုန္မွာ ႐ုန္းၿပီး ပရီးမီးယားလိဂ္ ၄ ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ ရလဒ္အတြက္ေတာ့ ေက်နပ္ႏိုင္ၾကမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.