Premier League

ဂိုးသွင်းယူထားတဲ့ ဂိုးသမား ၆ဦးထဲတွင်မှ သြချရလောက်တဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေနဲ့ အယ်လီဆန် အနိုင်ဂိုး

ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ဂိုးသွင်းသူရဲကောင်းဖြစ်ခဲ့တဲ့ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆွန် ဘက်ခါရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးဟာ အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့ပြီး ကလော့ပ်ကို မျက်နှာမပျက်စေခဲ့တဲ့ ကယ်တင်ရှင်နတ်ဘုရားအဖြစ် တင်စားခံနေရတာပါ။

ဒါကြောင့် ဘရာဇီးလ်သားရဲ့ သြချရလောက်တဲ့ စွမ်းဆောင်ရည်နဲ့ မှတ်တမ်းတွေကို လည်ပြန်ကြည့်တဲ့အခါ သူက လီဗာပူးလ်အတွက် ပြိုင်ပွဲအတွင်း ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဂိုးသမားဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ ဆဌမမြောက် ဂိုးသမားလည်း ဖြစ်လာခဲ့တယ်။

ရှမိုက်ကယ်၊ ရော်ဘင်ဆန်နဲ့ တင်မ်ဟောင်းဝက်တို့ပြီးရင် ပရီးမီးယားလိဂ်သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပူးတွဲစွမ်းဆောင်ထားနိုင်တဲ့ စတုတ္ထမြောက် ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သလို ဘက်ခါက ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်ဂိုးသွင်းတဲ့ ဦးဦးဖျားဖျားဂိုးသမားဆိုတဲ့ ပထမဆုံး စံချိန်ရှင်လည်း ဖြစ်သွားခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်တဲ့ ပထမဦးဆုံးဂိုးသမားအဖြစ်လည်း စာရင်းပေါက်သွားခဲ့ချိန်မှာ ရော်နယ်လ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ထက် သာလွန်သွားခဲ့တာက ဂိုးပေါက်တကြိမ်တည့်တိုင်း ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သူအဖြစ် shot conversion rate အကောင်းဆုံးသူဖြစ်လာခဲ့တဲ့ အချက်အလက်ပါ။

ဒါ့အပြင် ထောက်ပြစရာရှိနေတာတခုက ၂၈ နှစ်သားဟာ ဒီရာသီမှာ ဘရူးစတား၊ ဒယ််လီ အလီ၊ ဆီဘာယော့စ်၊ အိုရီဂီတို့ထက် ဂိုးပိုသွင်းသူဖြစ်ခဲ့ပြီး အဝေးဂိုးတဂိုးသာရထားတဲ့ ဟာမီးစ် ရိုဒရီဂွက်ဇ်၊ မာစီယယ်လ်၊ ခိုင်ဟာဗတ်ဇ်၊ လူးကပ်စ် မော်ရာတို့ရဲ့ အဝေးကွင်း ဂိုးအရေအတွက်နဲ့လည်း တူညီသွားခဲ့သလို ဂါရက်သ်ဘေးလ်ရဲ့ အဝေးကွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်ခဲ့တယ်။

လီဗာပူးလ်အတွက် ၁၂၇ ပွဲကစား၊ ၁ ဂိုး သွင်းထားတဲ့ ဘက်ခါက အသင်းအတွက် ၁၈၄ ပွဲကစားတိုင်း ၁ ဂိုးသာရထားတဲ့ ဂျေမီ ကာရေဂါကိုလည်း ထိပ်ပုတ်ခေါင်းပုတ်လုပ်သွားခဲ့တာပါ။ ဒါ့အပြင် ဝီလီယံ၊ မာတီနယ်လီ၊ ဖရက်ဒ်၊ ဗန်ဒဘိခ်၊ သီယာဂို အယ်လ်ကန်တာရာ၊ ဟန်ဒါဆန်တို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးနဲ့လည်း တူညီသွားခဲ့တယ်။

ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ အချက် ၂ ချက်ကတော့ သူ့ရဲ့ခေါင်းတိုက်ဂိုးဟာ လီဗာပူးလ်ကစားသမားဘဝမှာ ပြိုင်ဘက်ဧရိယာထဲ ပထမဆုံးဘောလုံးထိချက်ဖြစ်ခဲ့သလို နောက်တချက်ကတော့ ထရန့် အလက်ဇန်းဒါး အာနိုးလ်ရဲ့ ဖြတ်တင်ပေးပို့မှုကို အဆုံးမသတ်နိုင်သေးတဲ့ မိုဆာလားထက်လည်း ပိုသာလွန်သွားခဲ့တာဖြစ်ကြောင်း အယ်လစ်ဆွန် ဘက်ခါရဲ့ သွင်းဂိုးတဂိုးနောက်ကွယ်က သြချစရာမှတ်တမ်းအချက်အလက်တွေကို တင်ဆက်ပေးလိုက်ပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWWGYI:

ဝက္စ္ဘ႐ြမ္းနဲ႔ပြဲမွာ ဂိုးသြင္းသူရဲေကာင္းျဖစ္ခဲ့တဲ့ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆြန္ ဘက္ခါရဲ႕ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးဟာ အသင္းရဲ႕ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ကို ဆက္လက္ရွင္သန္ေစခဲ့ၿပီး ကေလာ့ပ္ကို မ်က္ႏွာမပ်က္ေစခဲ့တဲ့ ကယ္တင္ရွင္နတ္ဘုရားအျဖစ္ တင္စားခံေနရတာပါ။

ဒါေၾကာင့္ ဘရာဇီးလ္သားရဲ႕ ၾသခ်ရေလာက္တဲ့ စြမ္းေဆာင္ရည္နဲ႔ မွတ္တမ္းေတြကို လည္ျပန္ၾကည့္တဲ့အခါ သူက လီဗာပူးလ္အတြက္ ၿပိဳင္ပြဲအတြင္း ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံးဂိုးသမားျဖစ္လာခဲ့သလို ပရီးမီးယားလိဂ္မွာ ဂိုးသြင္းႏိုင္တဲ့ ဆဌမေျမာက္ ဂိုးသမားလည္း ျဖစ္လာခဲ့တယ္။

ရွမိုက္ကယ္၊ ေရာ္ဘင္ဆန္နဲ႔ တင္မ္ေဟာင္းဝက္တို႔ၿပီးရင္ ပရီးမီးယားလိဂ္သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ပူးတြဲစြမ္းေဆာင္ထားႏိုင္တဲ့ စတုတၳေျမာက္ ဂိုးသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့သလို ဘက္ခါက ပရီးမီးယားလိဂ္မွာ ေခါင္းတိုက္ဂိုးသြင္းတဲ့ ဦးဦးဖ်ားဖ်ားဂိုးသမားဆိုတဲ့ ပထမဆုံး စံခ်ိန္ရွင္လည္း ျဖစ္သြားခဲ့တာပါ။

ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးႏိုင္တဲ့ ပထမဦးဆုံးဂိုးသမားအျဖစ္လည္း စာရင္းေပါက္သြားခဲ့ခ်ိန္မွာ ေရာ္နယ္လ္ဒို၊ မက္ဆီနဲ႔ လီဝန္ေဒါစကီးတို႔ထက္ သာလြန္သြားခဲ့တာက ဂိုးေပါက္တႀကိမ္တည့္တိုင္း ဂိုးဝင္ေအာင္ သြင္းယူႏိုင္ခဲ့သူအျဖစ္ shot conversion rate အေကာင္းဆုံးသူျဖစ္လာခဲ့တဲ့ အခ်က္အလက္ပါ။

ဒါ့အျပင္ ေထာက္ျပစရာရွိေနတာတခုက ၂၈ ႏွစ္သားဟာ ဒီရာသီမွာ ဘ႐ူးစတား၊ ဒယ္္လီ အလီ၊ ဆီဘာေယာ့စ္၊ အိုရီဂီတို႔ထက္ ဂိုးပိုသြင္းသူျဖစ္ခဲ့ၿပီး အေဝးဂိုးတဂိုးသာရထားတဲ့ ဟာမီးစ္ ႐ိုဒရီဂြက္ဇ္၊ မာစီယယ္လ္၊ ခိုင္ဟာဗတ္ဇ္၊ လူးကပ္စ္ ေမာ္ရာတို႔ရဲ႕ အေဝးကြင္း ဂိုးအေရအတြက္နဲ႔လည္း တူညီသြားခဲ့သလို ဂါရက္သ္ေဘးလ္ရဲ႕ အေဝးကြင္းဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ခဲ့တယ္။

လီဗာပူးလ္အတြက္ ၁၂၇ ပြဲကစား၊ ၁ ဂိုး သြင္းထားတဲ့ ဘက္ခါက အသင္းအတြက္ ၁၈၄ ပြဲကစားတိုင္း ၁ ဂိုးသာရထားတဲ့ ေဂ်မီ ကာေရဂါကိုလည္း ထိပ္ပုတ္ေခါင္းပုတ္လုပ္သြားခဲ့တာပါ။ ဒါ့အျပင္ ဝီလီယံ၊ မာတီနယ္လီ၊ ဖရက္ဒ္၊ ဗန္ဒဘိခ္၊ သီယာဂို အယ္လ္ကန္တာရာ၊ ဟန္ဒါဆန္တို႔ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္သြင္းဂိုးနဲ႔လည္း တူညီသြားခဲ့တယ္။

ပိုၿပီးအံ့အားသင့္စရာေကာင္းတဲ့ အခ်က္ ၂ ခ်က္ကေတာ့ သူ႔ရဲ႕ေခါင္းတိုက္ဂိုးဟာ လီဗာပူးလ္ကစားသမားဘဝမွာ ၿပိဳင္ဘက္ဧရိယာထဲ ပထမဆုံးေဘာလုံးထိခ်က္ျဖစ္ခဲ့သလို ေနာက္တခ်က္ကေတာ့ ထရန္႔ အလက္ဇန္းဒါး အာႏိုးလ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို အဆုံးမသတ္ႏိုင္ေသးတဲ့ မိုဆာလားထက္လည္း ပိုသာလြန္သြားခဲ့တာျဖစ္ေၾကာင္း အယ္လစ္ဆြန္ ဘက္ခါရဲ႕ သြင္းဂိုးတဂိုးေနာက္ကြယ္က ၾသခ်စရာမွတ္တမ္းအခ်က္အလက္ေတြကို တင္ဆက္ေပးလိုက္ပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.