Match Report Premier League

အဝေးကွင်းမှာ ဘရိုက်တန်ကို ၁၀ ယောက်နဲ့ ဦးဆောင်ပြီးမှ ရှုံးခဲ့ရတဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ အဓိက ကစားသမားတွေထဲက ကွင်းလယ်လူ ဒီဘရိုင်းနားနဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အဂွေရိုနဲ့ ဂျေဆူးစ်တို့ကို အနားပေးခဲ့ပြီး ဘရိုက်တန်ရဲ့ AMEX ကွင်းမှာ ထိန်းချုပ်ကစားနိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် မျှော်လင့်တိုင်းမဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲက နည်းပြ ဂွါဒီယိုလာအတွက် ခက်ခဲခဲ့ပါတယ်။

ပွဲချိန် ၂ မိနစ်မှာကတည်းက မာရက်ဇ်ရဲ့ စိတ်ကြိုက်သေချာချိန်ပြီးမှ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်တာဝန် ယူထားတဲ့ ကွင်းလယ်လူ ဂွန်ဒိုးဝမ်က အနီးကပ် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ စီးတီးတို့အတွက် လွယ်ကူတဲ့ပွဲလို့ ထင်ခဲ့ကြပေမယ့် တဖြည်းဖြည်းချင်း ဒါက မှားယွင်းလာခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရယူခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘက်ကို ကန်ဆယ်လိုက နောက်ကနေ ဆွဲလှဲသလိုဖြစ်ခဲ့လို့ ဒိုင်လူကြီး အတ်ထ်ဝဲလ်က တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခဲ့ပြီး ဒီဖြစ်ရပ်မှာ အပြိုင်အဆိုင်ရယူရင်း လဲကျခဲ့တာဖြစ်ပေမယ့် မပြေးသော်လည်း ကန်ရာရှိဆိုသလို လဲချိန်မှာ ပေါ်တူဂီနောက်ခံလူအနေနဲ့ ပြိုင်ဘက်ရဲ့လက်ကို ဆွဲထားမိခဲ့တာက VAR နဲ့ ပြောင်းပြန်လှန်နိုင်ဖို့ မလုံလောက်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက် အဲရစ် ဂါစီယာကို တောရက်စ်နေရာမှာ ထည့်သွင်းခဲ့ရပြီး စီးတီးတို့ စောစောစီးစီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရချိန်မှာ ဘရိုက်တန်တို့ ထင်သလောက် လုပ်ခွင့် မရခဲ့ဘဲ နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ ကွင်းလယ်လူတွေက ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာကို ပြန်ဖို့ သတင်းထွက်နေတဲ့ စပိန်နောက်ခံလူကတော့ ထရော့ဆတ်ကို ထိန်းဖို့ ရုန်းကန်နေခဲ့ရပါတယ်။

အပိုင်လုံးကို ချော်ပြီး ကိုယ့်ခြေထောက်ကိုယ်ကန်မိတဲ့ ဂရော့စ်ကြောင့် စီးတီးတို့ သက်သာခဲ့ရသလို တန်ပြန်တိုက်စစ်တွေက မသပ်ရပ်ဘဲ အိုးနင်းခွက်နင်းဖြစ်နေတဲ့ ဘရိုက်တန်တိုက်စစ်ကြောင့် ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဂွါဒီယိုလာရဲ့ လူတွေ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စီးတီးတို့ရဲ့ အဖွင့်က လှပခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာ ဖိုဒန်က ကိုယ့်ကွင်းဘက်ခြမ်းကနေ ဘန်ဝှိုက်ကို ဖြတ်ကျော်ပြီး တစ်ကိုယ်တော်အစွမ်းနဲ့ ဘရိုက်တန်ဂိုးဧရိယာထဲကို ဝင်ရောက်လာခဲ့ပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ် ကာကွယ်ပုံ နောက်ကျခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမယ့် ပွဲရဲ့ အလှည့်အပြောင်းကတော့ မိနစ် ၅၀ မှာ ရောက်ရှိလာခဲ့ပြီး ဂျာခန်ဘက်ရှ်အစား ဝင်လာတဲ့ လယ်လာနာကြောင့် ပိုကောင်းလာတဲ့ ဘရိုက်တန်ကွင်းလယ် Pressing ကြောင့် ရိုဒရီ လူပေးမှားခဲ့တာကို ရယူသွားခဲ့တဲ့ ထရော့ဆတ်က တစ်ကိုယ်တော်အစွမ်းနဲ့ စီးတီး နောက်ခံလူ ၅ ဦးကို ဖြတ်ကျော်ပြီးမှ ဂိုးသမား အီဒါဆန်နဲ့ အနီးကပ်ကနေ အပြင်းကန်သွင်းယူပြီး ချေပဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးပေးလိုက်ရလို့ စီးတီးတို့ ဂွန်ဒိုးဝမ်ကို ဖာနန်ဒင်ညိုနဲ့လဲပြီး ထိန်းကစားဖို့ ပြင်ဆင်လာခဲ့ပေမယ့် စိတ်ဓာတ်တက်ကြွသွားတဲ့ ဘရိုက်တန်ရဲ့ ဖိကစားလာတာကြောင့် ခံစစ်က တော်တော်လေး ပျာနေခဲ့သလို အဲရစ် ဂါစီယာ လက်ထိခဲ့တာက ဒိုင်လူကြီးက ပင်နယ်တီ ပေးချင်ရင် လုံလောက်ခဲ့ပေမယ့် သက်ညှာသွားခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဘရိုက်တန်တို့ သရေကျစေမယ့်ဂိုးကို ပြန်သွင်းယူသွားနိုင်ခဲ့ပြီး ညာခြမ်းကနေ ကွင်းလယ်လူ ဂရော့စ်က ဖြတ်တင်ပေးတဲ့ ဘောလုံးကို ထောင့်ကန်ဘောကနေ နောက်ပြန်မဆင်းရသေးတဲ့ နောက်ခံလူ ဝက်ဘ်စတာက ဂိုးသမား အီဒါဆန်ရဲ့ ညာဘက် အောက်ထောင့်ထဲကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ မာရက်ဇ်ရဲ့ ဖရီးကစ်ကို ဂိုးသမား ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ဂိုးဧရိယာထဲကို နောက်ကျခံပြီး အလစ်အငိုက် ဝင်လာခဲ့တဲ့ ဘယ်နောက်ခံလူ ဒန်ဘန်းက ပထမကန်ချက်ကို ခြေအနုတ်အသိမ်းမှားပြီး ခပ်ပျော့ပျော့ ကန်မိခဲ့ပေမယ့် အီဒါဆန်နဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို စီးတီးနောက်ခံလူတွေ ပြန်မဖျက်နိုင်ခင် ညာခြေနဲ့ ထပ်ကန်သွင်းခဲ့လို့ ဘရိုက်တန်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာနာဒို ဆေးလ်ဗားအစား ဂျေဆူးစ်ကို ထည့်သွင်းခဲ့ပေမယ့် ဂိုးရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဘရိုက်တန်ရဲ့ နောက်တန်းနဲ့ ကွင်းလယ်ကလည်း ဂိုးပြန်မပေးရအောင် ကာကွယ်ပြီး အနိုင်ထိန်းကစားသွားခဲ့တာမို့ ပွဲအပြီးမှာ အိမ်ရှင်တွေဆီ တစ်ယောက်လျော့ မန်စီးတီးတို့ သုံးဂိုး-နှစ်ဂိုးနဲ့ လက်မြှောက်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပန်းဝင်ပုံတွေကတော့ ဆက်တိုက်ကစားရတဲ့ ပွဲတွေနဲ့အတူ တော်တော်လေး ဆိုးရွားနေတာကို တွေ့ရပြီး စီးတီးတို့အနေနဲ့ ခပ်စောစော သက်လုံမကုန်ခင်မှာ ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ အမှတ်တွေကို ရယူထားနိုင်ခဲ့တာကို ကျေးဇူးတင်ရမှာဖြစ်ပြီး ဂွါဒီယိုလာအတွက်တော့ ချန်ပီယံလိဂ်ဖိုင်နယ်အတွက် ပြင်ဆင်မှုမှာ ဖြေရှင်းစရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ အဓိက ကစားသမားေတြထဲက ကြင္းလယ္လူ ဒီဘ႐ိုင္းနားနဲ႔ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တို႔ကို အနားေပးခဲ့ၿပီး ဘ႐ိုက္တန္ရဲ႕ AMEX ကြင္းမွာ ထိန္းခ်ဳပ္ကစားႏိုင္ဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ ေမွ်ာ္လင့္တိုင္းမျဖစ္ခဲ့တဲ့ ပြဲတစ္ပြဲက နည္းျပ ဂြါဒီယိုလာအတြက္ ခက္ခဲခဲ့ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက မာရက္ဇ္ရဲ႕ စိတ္ႀကိဳက္ေသခ်ာခ်ိန္ၿပီးမွ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္တာဝန္ ယူထားတဲ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္က အနီးကပ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ စီးတီးတို႔အတြက္ လြယ္ကူတဲ့ပြဲလို႔ ထင္ခဲ့ၾကေပမယ့္ တျဖည္းျဖည္းခ်င္း ဒါက မွားယြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရယူခဲ့တဲ့ ဘ႐ိုက္တန္တိုက္စစ္မႉး ဝဲလ္ဘက္ကို ကန္ဆယ္လိုက ေနာက္ကေန ဆြဲလွဲသလိုျဖစ္ခဲ့လို႔ ဒိုင္လူႀကီး အတ္ထ္ဝဲလ္က တိုက္႐ိုက္အနီနဲ႔ ထုတ္ပယ္ခဲ့ၿပီး ဒီျဖစ္ရပ္မွာ အၿပိဳင္အဆိုင္ရယူရင္း လဲက်ခဲ့တာျဖစ္ေပမယ့္ မေျပးေသာ္လည္း ကန္ရာရွိဆိုသလို လဲခ်ိန္မွာ ေပၚတူဂီေနာက္ခံလူအေနနဲ႔ ၿပိဳင္ဘက္ရဲ႕လက္ကို ဆြဲထားမိခဲ့တာက VAR နဲ႔ ေျပာင္းျပန္လွန္ႏိုင္ဖို႔ မလုံေလာက္ခဲ့တာျဖစ္ပါတယ္။

ဒီအတြက္ အဲရစ္ ဂါစီယာကို ေတာရက္စ္ေနရာမွာ ထည့္သြင္းခဲ့ရၿပီး စီးတီးတို႔ ေစာေစာစီးစီး တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရခ်ိန္မွာ ဘ႐ိုက္တန္တို႔ ထင္သေလာက္ လုပ္ခြင့္ မရခဲ့ဘဲ နည္းစနစ္ပိုင္း ေကာင္းမြန္တဲ့ ကြင္းလယ္လူေတြက ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ ဘာစီလိုနာကို ျပန္ဖို႔ သတင္းထြက္ေနတဲ့ စပိန္ေနာက္ခံလူကေတာ့ ထေရာ့ဆတ္ကို ထိန္းဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

အပိုင္လုံးကို ေခ်ာ္ၿပီး ကိုယ့္ေျခေထာက္ကိုယ္ကန္မိတဲ့ ဂေရာ့စ္ေၾကာင့္ စီးတီးတို႔ သက္သာခဲ့ရသလို တန္ျပန္တိုက္စစ္ေတြက မသပ္ရပ္ဘဲ အိုးနင္းခြက္နင္းျဖစ္ေနတဲ့ ဘ႐ိုက္တန္တိုက္စစ္ေၾကာင့္ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဂြါဒီယိုလာရဲ႕ လူေတြ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း စီးတီးတို႔ရဲ႕ အဖြင့္က လွပခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ ဖိုဒန္က ကိုယ့္ကြင္းဘက္ျခမ္းကေန ဘန္ဝႈိက္ကို ျဖတ္ေက်ာ္ၿပီး တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဘ႐ိုက္တန္ဂိုးဧရိယာထဲကို ဝင္ေရာက္လာခဲ့ၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္ ကာကြယ္ပုံ ေနာက္က်ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒါေပမယ့္ ပြဲရဲ႕ အလွည့္အေျပာင္းကေတာ့ မိနစ္ ၅၀ မွာ ေရာက္ရွိလာခဲ့ၿပီး ဂ်ာခန္ဘက္ရွ္အစား ဝင္လာတဲ့ လယ္လာနာေၾကာင့္ ပိုေကာင္းလာတဲ့ ဘ႐ိုက္တန္ကြင္းလယ္ Pressing ေၾကာင့္ ႐ိုဒရီ လူေပးမွားခဲ့တာကို ရယူသြားခဲ့တဲ့ ထေရာ့ဆတ္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ စီးတီး ေနာက္ခံလူ ၅ ဦးကို ျဖတ္ေက်ာ္ၿပီးမွ ဂိုးသမား အီဒါဆန္နဲ႔ အနီးကပ္ကေန အျပင္းကန္သြင္းယူၿပီး ေခ်ပဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးေပးလိုက္ရလို႔ စီးတီးတို႔ ဂြန္ဒိုးဝမ္ကို ဖာနန္ဒင္ညိဳနဲ႔လဲၿပီး ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ စိတ္ဓာတ္တက္ႂကြသြားတဲ့ ဘ႐ိုက္တန္ရဲ႕ ဖိကစားလာတာေၾကာင့္ ခံစစ္က ေတာ္ေတာ္ေလး ပ်ာေနခဲ့သလို အဲရစ္ ဂါစီယာ လက္ထိခဲ့တာက ဒိုင္လူႀကီးက ပင္နယ္တီ ေပးခ်င္ရင္ လုံေလာက္ခဲ့ေပမယ့္ သက္ညႇာသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ သေရက်ေစမယ့္ဂိုးကို ျပန္သြင္းယူသြားႏိုင္ခဲ့ၿပီး ညာျခမ္းကေန ကြင္းလယ္လူ ဂေရာ့စ္က ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ေထာင့္ကန္ေဘာကေန ေနာက္ျပန္မဆင္းရေသးတဲ့ ေနာက္ခံလူ ဝက္ဘ္စတာက ဂိုးသမား အီဒါဆန္ရဲ႕ ညာဘက္ ေအာက္ေထာင့္ထဲကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ မာရက္ဇ္ရဲ႕ ဖရီးကစ္ကို ဂိုးသမား ဆန္းခ်က္ဇ္ ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဂိုးဧရိယာထဲကို ေနာက္က်ခံၿပီး အလစ္အငိုက္ ဝင္လာခဲ့တဲ့ ဘယ္ေနာက္ခံလူ ဒန္ဘန္းက ပထမကန္ခ်က္ကို ေျခအႏုတ္အသိမ္းမွားၿပီး ခပ္ေပ်ာ့ေပ်ာ့ ကန္မိခဲ့ေပမယ့္ အီဒါဆန္နဲ႔ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို စီးတီးေနာက္ခံလူေတြ ျပန္မဖ်က္ႏိုင္ခင္ ညာေျခနဲ႔ ထပ္ကန္သြင္းခဲ့လို႔ ဘ႐ိုက္တန္တို႔ အႏိုင္ဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာနာဒို ေဆးလ္ဗားအစား ေဂ်ဆူးစ္ကို ထည့္သြင္းခဲ့ေပမယ့္ ဂိုးရေအာင္ေတာ့ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ ဘ႐ိုက္တန္ရဲ႕ ေနာက္တန္းနဲ႔ ကြင္းလယ္ကလည္း ဂိုးျပန္မေပးရေအာင္ ကာကြယ္ၿပီး အႏိုင္ထိန္းကစားသြားခဲ့တာမို႔ ပြဲအၿပီးမွာ အိမ္ရွင္ေတြဆီ တစ္ေယာက္ေလ်ာ့ မန္စီးတီးတို႔ သုံးဂိုး-ႏွစ္ဂိုးနဲ႔ လက္ေျမႇာက္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ပန္းဝင္ပုံေတြကေတာ့ ဆက္တိုက္ကစားရတဲ့ ပြဲေတြနဲ႔အတူ ေတာ္ေတာ္ေလး ဆိုး႐ြားေနတာကို ေတြ႕ရၿပီး စီးတီးတို႔အေနနဲ႔ ခပ္ေစာေစာ သက္လုံမကုန္ခင္မွာ ခ်န္ပီယံျဖစ္ဖို႔ လုံေလာက္တဲ့ အမွတ္ေတြကို ရယူထားႏိုင္ခဲ့တာကို ေက်းဇူးတင္ရမွာျဖစ္ၿပီး ဂြါဒီယိုလာအတြက္ေတာ့ ခ်န္ပီယံလိဂ္ဖိုင္နယ္အတြက္ ျပင္ဆင္မႈမွာ ေျဖရွင္းစရာ ျပႆနာေတြနဲ႔ ရင္ဆိုင္ရဦးမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.