Match Report Premier League

ဖူလ်ဟမ်ကို သရေကျပြီး အိမ်ကွင်းမှာ EPL သုံးပွဲဆက် နိုင်ပွဲမရတဲ့ ခေါင်းဆောင်မဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ တိုက်စစ်မှူး ကာဗာနီနဲ့ ဂရင်းဝုဒ်ကို တိုက်စစ်မှာ သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ မက်တော်မီနေး၊ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို လူစုံထုတ်သုံးလာခဲ့သလို ခံစစ်မှာတော့ ဟာရီ မက်ဂွိုင်းယားက ဆက်လက်လွဲချော်ခဲ့ပြီး နှစ်ပွဲဆက် ပေးဂိုးများခဲ့တဲ့ ဟန်ဒါဆန်နေရာမှာတော့ ဒဟေးယား ပြန်လည်ပွဲထွက်လာခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ လူတွေအနေနဲ့ အိမ်ကွင်းပရိသတ် ၁၀၀၀၀ ရှေ့မှာ ကစားခဲ့ရပေမယ့် ကစားကွက်ပုံဖော်မှုနဲ့ အသင်းလိုက်စုစည်းမှုတွေမှာ အားနည်းခဲ့ပြီး
အသင်းခေါင်းဆောင် မက်ဂွိုင်းယား မပါဝင်ချိန်မှာ စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ ဘောလုံးကို နောက်ကနေ Build-up Play နဲ့အတူ Driving လုပ်ဖို့ လူမရှိဘဲဖြစ်နေခဲ့သလို ဒီနေရာကို ဘယ်သူမှ အစားဝင်မယူနိုင်ခဲ့တာကတော့ ယူနိုက်တက်ရဲ့ လာမယ့်ပွဲစဉ်တွေအတွက် စိုးရိမ်စရာလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ အသင်းရဲ့ လက်ရှိကွင်းထဲက အကောင်းဆုံးကစားသမားနှစ်ဦးရဲ့ အတွဲအဖက်ကနေ ယူနိုက်တက်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ဂိုးသမား ဒဟေးယား ပေးလိုက်တဲ့ ဘောလုံးကို ဖာနန်ဒက်စ်က နောက်ပေါက်နဲ့ချပေးခဲ့ရာမှာ အငိုက်မိသွားခဲ့တဲ့ ဖူလ်ဟမ်ခံစစ်ကြားကနေ ပြေးထွက်သွားခဲ့တဲ့ ကာဗာနီက နေရာယူပုံမှားနေတဲ့ ဂိုးသမား အာရီယိုးလားကို အဝေးကနေ ကျော်ကန်ပြီး အလဲထိုးသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ရဲ့ အခွင့်အရေးတွေကို ဂရင်းဝုဒ်နဲ့ ဖာနန်ဒက်စ်တို့ ဖြုန်းတီးပစ်ခဲ့ပြီး ဖူလ်ဟမ်ရဲ့ တန်ပြန်တိုက်စစ်ကနေ ကာဗယ်လ်ယိုရဲ့ ကန်ချက်ကို ဂိုးသမား ဒဟေးယားက ကာကွယ်နိုင်ခဲ့သလို ပထမပိုင်းမပြီးခင်မှာ အိမ်ရှင်တွေအနေနဲ့ လွဲချော်မှုများခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်က လွဲချော်ခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ဝတ်ထားတဲ့ ပေါ်တူဂီသားအနေနဲ့ ပေါ့ဘာနဲ့အတူ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် မနှစ်ကလောက်တောင် ပုံမလာတဲ့ ဂရင်းဝုဒ်ရဲ့ လောကြီးမှုတွေကြောင့် ယူနိုက်တက်တို့ရဲ့ Attacking Link တွေက တော်တော်လေး ပြတ်တောက်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ ဖူလ်ဟမ်တို့ရဲ့ ထိုးဖောက်မှုကို စက္ကန့်ပိုင်းအတွင်း ဒဟေးယား နှစ်ကြိမ်ဆက် ကာကွယ်ခဲ့ရပြီး ဆိုးရွားတဲ့ ခံစစ်ဗဟိုအတွဲရဲ့ နေရာယူပုံတွေကို တွေ့ခဲ့ရသလို ပွဲချိန် ၆၆ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ခက်ခဲတဲ့ အနေအထားက ဖရီးကစ်ကို အာရီယိုးလား ပုတ်ထုတ်သွားခဲ့ပါတယ်။

မက်တော်မီနေးအစား ရက်ရှ်ဖို့ဒ် ဝင်လာခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချမှုပိုင်းမှာတော့ အားနည်းခဲ့သလို ပွဲချိန် ၇၃ မိနစ်မှာလည်း သွေးအေးအေးနဲ့ အဆုံးမသတ်နိုင်တဲ့ ဂရင်းဝုဒ်ကန်ချက် ပိတ်ဆို့ခံရတာကနေ ပြန်ထွက်လာတာကို ဖာနန်ဒက်စ် ထောင်ကန်ပြီး ထပ်ဖြုန်းခဲ့ပါတယ်။

ဒီလောက်တောင် လွဲချော်နေတဲ့ ယူနိုက်တက်တို့အတွက် အပြစ်ပေးခံရတဲ့ အချိန်ကတော့ မကြာခင်မှာပဲ ရောက်ရှိလာခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ ကွင်းလယ်အဖျက်ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့် လွတ်နေခဲ့တဲ့ နောက်ခံလူ ဘရိုင်ယန်က ကော်ဒိုဗာရိဒ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ်ခေါင်းတိုက်ပြီး ချေပဂိုး ပြန်ယူသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်ဘက်က အာမက် ဂျယ်လိုနဲ့ ဗန်ဒဘိခ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ဖာနန်ဒက်စ်ရဲ့ ကန်ခွင့်တစ်ကြိမ်ကလွဲရင် ဂိုးရလောက်တဲ့ အနေအထားမျိုးမှာ မရှိခဲ့တာကြောင့် အိမ်ကွင်းမှာ တန်းဆင်း ဖူလ်ဟမ်အသင်းကို အနိုင်မယူနိုင်ခဲ့ဘဲ တစ်ဂိုးစီသရေနဲ့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးသွားခဲ့ပါတယ်။

ဒီနေ့ကစားပုံကတော့ ယူရိုပါလိဂ်မှာ ဗီလာရီးရဲလ်နဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်အတွက် အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို မရှိမဖြစ် လိုအပ်နေတာကို ပြသလိုက်တာဖြစ်ပြီး တွမ်ဇီဘီ၊ လင်ဒီလော့ဖ်၊ ဘိုင်လီတို့နဲ့ ရလဒ်ကောင်းတွေကို မယူနိုင်ဘူးလို့ ဆိုရတော့မှာဖြစ်သလို နည်းပြ ဆိုးလ်ရှားအတွက်တော့ ကျယ်လောင်လွန်းတဲ့ သတိပေးခေါင်းလောင်းသံဖြစ်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔ပြဲမွာ တိုက္စစ္မႉး ကာဗာနီနဲ႔ ဂရင္းဝုဒ္ကို တိုက္စစ္မွာ သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ မက္ေတာ္မီေနး၊ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို လူစုံထုတ္သုံးလာခဲ့သလို ခံစစ္မွာေတာ့ ဟာရီ မက္ဂြိဳင္းယားက ဆက္လက္လြဲေခ်ာ္ခဲ့ၿပီး ႏွစ္ပြဲဆက္ ေပးဂိုးမ်ားခဲ့တဲ့ ဟန္ဒါဆန္ေနရာမွာေတာ့ ဒေဟးယား ျပန္လည္ပြဲထြက္လာခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕ လူေတြအေနနဲ႔ အိမ္ကြင္းပရိသတ္ ၁၀၀၀၀ ေရွ႕မွာ ကစားခဲ့ရေပမယ့္ ကစားကြက္ပုံေဖာ္မႈနဲ႔ အသင္းလိုက္စုစည္းမႈေတြမွာ အားနည္းခဲ့ၿပီး
အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား မပါဝင္ခ်ိန္မွာ စိတ္ဓာတ္ျပင္းျပင္းျပျပနဲ႔ ေဘာလုံးကို ေနာက္ကေန Build-up Play နဲ႔အတူ Driving လုပ္ဖို႔ လူမရွိဘဲျဖစ္ေနခဲ့သလို ဒီေနရာကို ဘယ္သူမွ အစားဝင္မယူႏိုင္ခဲ့တာကေတာ့ ယူႏိုက္တက္ရဲ႕ လာမယ့္ပြဲစဥ္ေတြအတြက္ စိုးရိမ္စရာလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ အသင္းရဲ႕ လက္ရွိကြင္းထဲက အေကာင္းဆုံးကစားသမားႏွစ္ဦးရဲ႕ အတြဲအဖက္ကေန ယူႏိုက္တက္တို႔ အဖြင့္ဂိုးရရွိခဲ့ၿပီး ဂိုးသမား ဒေဟးယား ေပးလိုက္တဲ့ ေဘာလုံးကို ဖာနန္ဒက္စ္က ေနာက္ေပါက္နဲ႔ခ်ေပးခဲ့ရာမွာ အငိုက္မိသြားခဲ့တဲ့ ဖူလ္ဟမ္ခံစစ္ၾကားကေန ေျပးထြက္သြားခဲ့တဲ့ ကာဗာနီက ေနရာယူပုံမွားေနတဲ့ ဂိုးသမား အာရီယိုးလားကို အေဝးကေန ေက်ာ္ကန္ၿပီး အလဲထိုးသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ယူႏိုက္တက္တို႔ရဲ႕ အခြင့္အေရးေတြကို ဂရင္းဝုဒ္နဲ႔ ဖာနန္ဒက္စ္တို႔ ျဖဳန္းတီးပစ္ခဲ့ၿပီး ဖူလ္ဟမ္ရဲ႕ တန္ျပန္တိုက္စစ္ကေန ကာဗယ္လ္ယိုရဲ႕ ကန္ခ်က္ကို ဂိုးသမား ဒေဟးယားက ကာကြယ္ႏိုင္ခဲ့သလို ပထမပိုင္းမၿပီးခင္မွာ အိမ္ရွင္ေတြအေနနဲ႔ လြဲေခ်ာ္မႈမ်ားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္က လြဲေခ်ာ္ခဲ့ၿပီး အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ထားတဲ့ ေပၚတူဂီသားအေနနဲ႔ ေပါ့ဘာနဲ႔အတူ ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ မႏွစ္ကေလာက္ေတာင္ ပုံမလာတဲ့ ဂရင္းဝုဒ္ရဲ႕ ေလာႀကီးမႈေတြေၾကာင့္ ယူႏိုက္တက္တို႔ရဲ႕ Attacking Link ေတြက ေတာ္ေတာ္ေလး ျပတ္ေတာက္ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဖူလ္ဟမ္တို႔ရဲ႕ ထိုးေဖာက္မႈကို စကၠန႔္ပိုင္းအတြင္း ဒေဟးယား ႏွစ္ႀကိမ္ဆက္ ကာကြယ္ခဲ့ရၿပီး ဆိုး႐ြားတဲ့ ခံစစ္ဗဟိုအတြဲရဲ႕ ေနရာယူပုံေတြကို ေတြ႕ခဲ့ရသလို ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ခက္ခဲတဲ့ အေနအထားက ဖရီးကစ္ကို အာရီယိုးလား ပုတ္ထုတ္သြားခဲ့ပါတယ္။

မက္ေတာ္မီေနးအစား ရက္ရွ္ဖို႔ဒ္ ဝင္လာခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးခ်မႈပိုင္းမွာေတာ့ အားနည္းခဲ့သလို ပြဲခ်ိန္ ၇၃ မိနစ္မွာလည္း ေသြးေအးေအးနဲ႔ အဆုံးမသတ္ႏိုင္တဲ့ ဂရင္းဝုဒ္ကန္ခ်က္ ပိတ္ဆို႔ခံရတာကေန ျပန္ထြက္လာတာကို ဖာနန္ဒက္စ္ ေထာင္ကန္ၿပီး ထပ္ျဖဳန္းခဲ့ပါတယ္။

ဒီေလာက္ေတာင္ လြဲေခ်ာ္ေနတဲ့ ယူႏိုက္တက္တို႔အတြက္ အျပစ္ေပးခံရတဲ့ အခ်ိန္ကေတာ့ မၾကာခင္မွာပဲ ေရာက္ရွိလာခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ကြင္းလယ္အဖ်က္ကစားသမားေတြရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ လြတ္ေနခဲ့တဲ့ ေနာက္ခံလူ ဘ႐ိုင္ယန္က ေကာ္ဒိုဗာရိဒ္ရဲ႕ ျဖတ္တင္ေဘာကို အနီးကပ္ေခါင္းတိုက္ၿပီး ေခ်ပဂိုး ျပန္ယူသြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္ဘက္က အာမက္ ဂ်ယ္လိုနဲ႔ ဗန္ဒဘိခ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ဖာနန္ဒက္စ္ရဲ႕ ကန္ခြင့္တစ္ႀကိမ္ကလြဲရင္ ဂိုးရေလာက္တဲ့ အေနအထားမ်ိဳးမွာ မရွိခဲ့တာေၾကာင့္ အိမ္ကြင္းမွာ တန္းဆင္း ဖူလ္ဟမ္အသင္းကို အႏိုင္မယူႏိုင္ခဲ့ဘဲ တစ္ဂိုးစီသေရနဲ႔ သုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးသြားခဲ့ပါတယ္။

ဒီေန႔ကစားပုံကေတာ့ ယူ႐ိုပါလိဂ္မွာ ဗီလာရီးရဲလ္နဲ႔ ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္အတြက္ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကို မရွိမျဖစ္ လိုအပ္ေနတာကို ျပသလိုက္တာျဖစ္ၿပီး တြမ္ဇီဘီ၊ လင္ဒီေလာ့ဖ္၊ ဘိုင္လီတို႔နဲ႔ ရလဒ္ေကာင္းေတြကို မယူႏိုင္ဘူးလို႔ ဆိုရေတာ့မွာျဖစ္သလို နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ က်ယ္ေလာင္လြန္းတဲ့ သတိေပးေခါင္းေလာင္းသံျဖစ္ခဲ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.