Match Report Premier League

အရေးကြီးချိန်မှာ လက်စတာကို အနိုင်ကစားပြီး အကြွေးကြီးကြီးဆပ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီနေ့မှာတော့ ပြီးခဲ့တဲ့ပွဲတွေမှာ ပရိသတ်တွေက ဘူကောင်လို့ ငြိုငြင်ခဲ့ကြတဲ့ ကီပါနေရာမှာ မန်ဒီကို ပြန်ဖမ်းခိုင်းခဲ့ပြီး ခံစစ်မှာတော့ ထူးထူးခြားခြားပဲ ရီးစ်ဂျိမ်းစ်နဲ့ အက်ဇ်ပီလီကွေတာတို့ကို နေရာချင်းပြောင်းလဲပြီး ကစားခိုင်းခဲ့သလို လက်စတာရဲ့ တောင်ပံတွေကို ခံစစ်က အငိုက်မမိစေဖို့ နည်းပြ တူဟယ်လ်တစ်ယောက် ရည်ရွယ်လာပုံရပါတယ်။

ရူဒီဂါ ပြန်လည်ပါဝင်လာခဲ့တဲ့ ခံစစ်က သီယာဂို ဆေးလ်ဗားနဲ့ အတွဲညီခဲ့ပြီး တိုက်စစ်ကလည်း ဖိအားနည်းနည်းနဲ့ ကစားနိုင်ချိန်မှာ ချေးလ်ဝဲလ်ရဲ့ ပုံမှန်ခြေစွမ်းကို မြင်ခဲ့ရပြီး သူ့ရဲ့ ဖြတ်တင်ဘောကို ပွဲချိန် ၄ မိနစ်မှာကတည်းက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သင့်ပေမယ့် ပူလီရှစ်ချ် တိုင်မင်လွဲနေခဲ့တာက ချဲလ်ဆီးတို့ အားမလိုအားမရဖြစ်ခဲ့ရတာပါ။

ချဲလ်ဆီးတို့ ပွဲအစပိုင်းမှာ အခွင့်အရေးသုံးကြိမ်လောက် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ကွင်းလယ်လူ ကွန်တေရဲ့ ကန်ချက်က ပညာသား သိပ်မပါခဲ့တာကြောင့် ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာ တီမို ဗာနာရဲ့ ခြေထောက်ကို တီးလီးမန်းစ်က ပင်နယ်တီဧရိယာထဲမှာ ကန်မိခဲ့ပေမယ့် ဖြစ်တတ်တဲ့ သဘာဝဆိုတဲ့ ပုံစံမျိုးနဲ့ ဒိုင်လူကြီး မိုက်ဒင်းန်က မျက်ကွယ်ပြုသွားခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ လက်စတာခံစစ်ကို Attacking Run တွေနဲ့ ဖြိုခွဲနေတဲ့ ကွန်တေ ယူလာတဲ့ ဘောလုံးကို ဘယ်ခြမ်းက လက်ခံရရှိခဲ့တဲ့ မေဆန်မောင့်က ခင်းပေးခဲ့တာကို တီမို ဗာနာက ဂိုးအဖြစ် ကန်သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘောသတ်မှတ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်လူ ကွန်တေအစား ကိုဗာချစ်နဲ့ လူစားလဲခဲ့ရပြီး ဒဏ်ရာပင်းထန်ပုံမရပေမယ့် အရေးကြီးတဲ့ လာမယ့်ပွဲစဉ်တွေအတွက် နည်းြပတူဟယ်ရဲ့ ဘေးဆီးရန်ကာ လူစားလဲမှုအြဖစ် စိတ်ချရအောင်လုပ်ခဲ့ပုံလည်းပေါ်ပါတယ်။

လက်စတာရဲ့ ခံစစ်တန်းရှေ့မှာ တီမို ဗာနာအနေနဲ့ အကြိမ်ကြိမ် လွတ်ထွက်နေပေမယ့် သူ့ရဲ့ အဆုံးသတ်ဖို့ ရွေ့လျားပုံတွေနဲ့ နည်းစနစ်ပိုင်းကတော့ စိတ်ပျက်စရာဖြစ်နေခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာ အတွင်းကို ညာခြေနဲ့ခေါက်ပြီး ဘယ်ခြေနဲ့ ပြန်ကန်သင့်တာကို ထောင့်ပိုကျဉ်းတဲ့ဘက် ဆွဲထွက်ပြီး ကန်တာမျိုးကတော့ တိုက်စစ်မှူးတစ်ယောက်အဖို့ ဆိုးရွားလွန်းနေခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ထောင့်ကန်ဘောကနေ တီမို ဗာနာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ခေါင်းအစား လက်နဲ့ ထိခဲ့တာကတော့ စာနာသနားစရာဖြစ်ခဲ့ပြီး သူ့ရဲ့ ကြိုးစားမှုနဲ့မမျှတဲ့ စိတ်ပျက်မှုကို မျက်နှာပေါ် မြင်ခဲ့ရတာက ရှေ့က အလုပ်မဖြစ်ခဲ့တာတွေကို ခွင့်လွှတ်ပေးချင်မိအောင်ကို ဖြစ်ခဲ့ရပါသေးတယ်။

ကျန်တဲ့ ပထမပိုင်းပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်တာမျိုး မရှိခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး လက်စတာနဲ့ နောက်ဆုံးနှစ်ပွဲဆက် တွေ့ဆုံမှုတွေမှာ အနောက်လန်ဒန်သားတွေအနေနဲ့ သုံးဂိုးအထိ ငြင်းပယ်ခံခဲ့ရတာကတော့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး ဝိုင်းဝန်းအော်ဟစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ချဲလ်ဆီးတို့ တောင့်တနေတဲ့ဂိုးက ကိုယ်ထင်ပြခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာ ချေးလ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ရူဒီဂါက လူကြားထဲက အဝေးတိုင်ဘက် ကျလာခဲ့တဲ့ ဘောလုံးကို ကိုယ်လုံးနဲ့ တိုက်သွင်းပြီး စတမ်းဖို့ဒ်ဘရစ်ချ်သားတွေအတွက် ဦးဆောင်မှု စတင်ပေးစွမ်းနိုင်ခဲ့ပါတယ်။

ရူဒီဂါရဲ့ ပါဝင်မှုနဲ့ ကစားပုံ၊ ရုန်းအားတွေက ဒီနေ့မှာ ချဲလ်ဆီးတို့ကို သိသိသာသာ အကျိုးပြုခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ တစ်ပွဲလုံး သနားစရာဖြစ်နေခဲ့တဲ့ ဗာနာကို နောက်ကနေ ကန်မိခဲ့တဲ့ ပိုသနားစရာကောင်းတဲ့ ဖိုဖာနာရဲ့ ဧရိယာအတွင်းက အမှားကနေ လက်စတာတို့ ပင်နယ်တီပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကိုတော့ ကန်သွင်းနေကျ ကွင်းလယ်လူ ဂျော်ဂျင်ညိုကပဲ ခုန်တော့ ခုန်ခဲ့ပေမယ့် သိပ်မြင့်မြင့် မခုန်ခဲ့ဘဲ လက်စတာဂိုးသမား ရှမိုက်ကယ်ကို လှုပ်ရှားအောင် စောင့်ခဲ့ပြီးမှ သူ့ရဲ့ ဘယ်ဘက်ကို အသာအယာ မြေလှိမ့်ဘော ကန်သွင်းသွားခဲ့လို့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ချဲလ်ဆီးဂိုးရှေ့မှာ တောက်လျှောက်ရုန်းပြီး ခြိမ်းခြောက်နေခဲ့တဲ့ အီဟန်နာချိုက ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ကိုဗာချစ်ဆီက ဘောလုံးလုယူလာခဲ့တဲ့ အန်ဒီဒီပေးပို့ခဲ့တာကို နိုင်ဂျီးရီးယားတွဲလုံးအနေနဲ့ သီယာဂို ဆေးလ်ဗားနဲ့ ရူဒီဂါတို့ အငိုက်မိသွားချိန်မှာ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေကတော့ ပိုကြမ်းလာခဲ့ပြီး ရှုံးရင် ခံစားသွားရမယ့် လက်စတာနဲ့ နိုင်မှဖြစ်မယ့် ချဲလ်ဆီးတို့ တိုက်ပွဲပြင်းထန်ခဲ့သလို စနစ်တကျ ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ အိမ်ရှင်နဲ့ ဖောင်ဖျက်နေတဲ့ ဧည့်သည်တွေ ရန်ပွဲပါ ကြုံခဲ့ရပြီး နောက်ဆုံးမှာတော့ အိမ်ကွင်းမှာ တူဟယ်လ်နဲ့အဖွဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲအနိုင်ကြောင့် လာမယ့် အက်စတန်ဗီလာနဲ့ အဝေးကွင်းပွဲကို အနိုင်ကန်နိုင်ရင် ချဲလ်ဆီးတို့အတွက် ကိုယ့်သမိုင်းကို ကိုယ်ရေးနိုင်ပြီဖြစ်ပြီး ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘဲ တတိယနေရာကို သိမ်းပိုက်နိုင်မှာဖြစ်တာကြောင့် ပွဲစဉ် ၃၈ နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်တို့အတွက် အားမွေးပြီး ကြိုတင်ပြင်ဆင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔မွာေတာ့ ၿပီးခဲ့တဲ့ပြဲေတြမွာ ပရိသတ္ေတြက ဘူေကာင္လို႔ ၿငိဳျငင္ခဲ့ၾကတဲ့ ကီပါေနရာမွာ မန္ဒီကို ျပန္ဖမ္းခိုင္းခဲ့ၿပီး ခံစစ္မွာေတာ့ ထူးထူးျခားျခားပဲ ရီးစ္ဂ်ိမ္းစ္နဲ႔ အက္ဇ္ပီလီေကြတာတို႔ကို ေနရာခ်င္းေျပာင္းလဲၿပီး ကစားခိုင္းခဲ့သလို လက္စတာရဲ႕ ေတာင္ပံေတြကို ခံစစ္က အငိုက္မမိေစဖို႔ နည္းျပ တူဟယ္လ္တစ္ေယာက္ ရည္႐ြယ္လာပုံရပါတယ္။

႐ူဒီဂါ ျပန္လည္ပါဝင္လာခဲ့တဲ့ ခံစစ္က သီယာဂို ေဆးလ္ဗားနဲ႔ အတြဲညီခဲ့ၿပီး တိုက္စစ္ကလည္း ဖိအားနည္းနည္းနဲ႔ ကစားႏိုင္ခ်ိန္မွာ ေခ်းလ္ဝဲလ္ရဲ႕ ပုံမွန္ေျခစြမ္းကို ျမင္ခဲ့ရၿပီး သူ႔ရဲ႕ ျဖတ္တင္ေဘာကို ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့သင့္ေပမယ့္ ပူလီရွစ္ခ်္ တိုင္မင္လြဲေနခဲ့တာက ခ်ဲလ္ဆီးတို႔ အားမလိုအားမရျဖစ္ခဲ့ရတာပါ။

ခ်ဲလ္ဆီးတို႔ ပြဲအစပိုင္းမွာ အခြင့္အေရးသုံးႀကိမ္ေလာက္ ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့သလို ကြင္းလယ္လူ ကြန္ေတရဲ႕ ကန္ခ်က္က ပညာသား သိပ္မပါခဲ့တာေၾကာင့္ ရွမိုက္ကယ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၈ မိနစ္မွာ တီမို ဗာနာရဲ႕ ေျခေထာက္ကို တီးလီးမန္းစ္က ပင္နယ္တီဧရိယာထဲမွာ ကန္မိခဲ့ေပမယ့္ ျဖစ္တတ္တဲ့ သဘာဝဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဒိုင္လူႀကီး မိုက္ဒင္းန္က မ်က္ကြယ္ျပဳသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ လက္စတာခံစစ္ကို Attacking Run ေတြနဲ႔ ၿဖိဳခြဲေနတဲ့ ကြန္ေတ ယူလာတဲ့ ေဘာလုံးကို ဘယ္ျခမ္းက လက္ခံရရွိခဲ့တဲ့ ေမဆန္ေမာင့္က ခင္းေပးခဲ့တာကို တီမို ဗာနာက ဂိုးအျဖစ္ ကန္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာသတ္မွတ္ခံခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဒဏ္ရာရရွိသြားခဲ့တဲ့ ကြင္းလယ္လူ ကြန္ေတအစား ကိုဗာခ်စ္နဲ႔ လူစားလဲခဲ့ရၿပီး ဒဏ္ရာပင္းထန္ပုံမရေပမယ့္ အေရးႀကီးတဲ့ လာမယ့္ပြဲစဥ္ေတြအတြက္ နည္းျပတူဟယ္ရဲ႕ ေဘးဆီးရန္ကာ လူစားလဲမႈျအဖစ္ စိတ္ခ်ရေအာင္လုပ္ခဲ့ပုံလည္းေပၚပါတယ္။

လက္စတာရဲ႕ ခံစစ္တန္းေရွ႕မွာ တီမို ဗာနာအေနနဲ႔ အႀကိမ္ႀကိမ္ လြတ္ထြက္ေနေပမယ့္ သူ႔ရဲ႕ အဆုံးသတ္ဖို႔ ေ႐ြ႕လ်ားပုံေတြနဲ႔ နည္းစနစ္ပိုင္းကေတာ့ စိတ္ပ်က္စရာျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၃၃ မိနစ္မွာ အတြင္းကို ညာေျခနဲ႔ေခါက္ၿပီး ဘယ္ေျခနဲ႔ ျပန္ကန္သင့္တာကို ေထာင့္ပိုက်ဥ္းတဲ့ဘက္ ဆြဲထြက္ၿပီး ကန္တာမ်ိဳးကေတာ့ တိုက္စစ္မႉးတစ္ေယာက္အဖို႔ ဆိုး႐ြားလြန္းေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ ေထာင့္ကန္ေဘာကေန တီမို ဗာနာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေခါင္းအစား လက္နဲ႔ ထိခဲ့တာကေတာ့ စာနာသနားစရာျဖစ္ခဲ့ၿပီး သူ႔ရဲ႕ ႀကိဳးစားမႈနဲ႔မမွ်တဲ့ စိတ္ပ်က္မႈကို မ်က္ႏွာေပၚ ျမင္ခဲ့ရတာက ေရွ႕က အလုပ္မျဖစ္ခဲ့တာေတြကို ခြင့္လႊတ္ေပးခ်င္မိေအာင္ကို ျဖစ္ခဲ့ရပါေသးတယ္။

က်န္တဲ့ ပထမပိုင္းပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ႏိုင္တာမ်ိဳး မရွိခဲ့တာေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး လက္စတာနဲ႔ ေနာက္ဆုံးႏွစ္ပြဲဆက္ ေတြ႕ဆုံမႈေတြမွာ အေနာက္လန္ဒန္သားေတြအေနနဲ႔ သုံးဂိုးအထိ ျငင္းပယ္ခံခဲ့ရတာကေတာ့ ပရိသတ္ေတြကို ေဒါသထြက္ေစခဲ့ၿပီး ဝိုင္းဝန္းေအာ္ဟစ္ခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ခ်ဲလ္ဆီးတို႔ ေတာင့္တေနတဲ့ဂိုးက ကိုယ္ထင္ျပခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ ေခ်းလ္ဝဲလ္ရဲ႕ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ႐ူဒီဂါက လူၾကားထဲက အေဝးတိုင္ဘက္ က်လာခဲ့တဲ့ ေဘာလုံးကို ကိုယ္လုံးနဲ႔ တိုက္သြင္းၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္သားေတြအတြက္ ဦးေဆာင္မႈ စတင္ေပးစြမ္းႏိုင္ခဲ့ပါတယ္။

႐ူဒီဂါရဲ႕ ပါဝင္မႈနဲ႔ ကစားပုံ၊ ႐ုန္းအားေတြက ဒီေန႔မွာ ခ်ဲလ္ဆီးတို႔ကို သိသိသာသာ အက်ိဳးျပဳခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ တစ္ပြဲလုံး သနားစရာျဖစ္ေနခဲ့တဲ့ ဗာနာကို ေနာက္ကေန ကန္မိခဲ့တဲ့ ပိုသနားစရာေကာင္းတဲ့ ဖိုဖာနာရဲ႕ ဧရိယာအတြင္းက အမွားကေန လက္စတာတို႔ ပင္နယ္တီေပးခဲ့ရပါတယ္။

ဒီပင္နယ္တီကိုေတာ့ ကန္သြင္းေနက် ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကပဲ ခုန္ေတာ့ ခုန္ခဲ့ေပမယ့္ သိပ္ျမင့္ျမင့္ မခုန္ခဲ့ဘဲ လက္စတာဂိုးသမား ရွမိုက္ကယ္ကို လႈပ္ရွားေအာင္ ေစာင့္ခဲ့ၿပီးမွ သူ႔ရဲ႕ ဘယ္ဘက္ကို အသာအယာ ေျမလွိမ့္ေဘာ ကန္သြင္းသြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးဂိုးေရွ႕မွာ ေတာက္ေလွ်ာက္႐ုန္းၿပီး ၿခိမ္းေျခာက္ေနခဲ့တဲ့ အီဟန္နာခ်ိဳက ေခ်ပဂိုး ျပန္သြင္းႏိုင္ခဲ့ၿပီး ကိုဗာခ်စ္ဆီက ေဘာလုံးလုယူလာခဲ့တဲ့ အန္ဒီဒီေပးပို႔ခဲ့တာကို ႏိုင္ဂ်ီးရီးယားတြဲလုံးအေနနဲ႔ သီယာဂို ေဆးလ္ဗားနဲ႔ ႐ူဒီဂါတို႔ အငိုက္မိသြားခ်ိန္မွာ သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြကေတာ့ ပိုၾကမ္းလာခဲ့ၿပီး ရႈံးရင္ ခံစားသြားရမယ့္ လက္စတာနဲ႔ ႏိုင္မွျဖစ္မယ့္ ခ်ဲလ္ဆီးတို႔ တိုက္ပြဲျပင္းထန္ခဲ့သလို စနစ္တက် ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့တဲ့ အိမ္ရွင္နဲ႔ ေဖာင္ဖ်က္ေနတဲ့ ဧည့္သည္ေတြ ရန္ပြဲပါ ႀကဳံခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ အိမ္ကြင္းမွာ တူဟယ္လ္နဲ႔အဖြဲ႕ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ လာမယ့္ အက္စတန္ဗီလာနဲ႔ အေဝးကြင္းပြဲကို အႏိုင္ကန္ႏိုင္ရင္ ခ်ဲလ္ဆီးတို႔အတြက္ ကိုယ့္သမိုင္းကို ကိုယ္ေရးႏိုင္ၿပီျဖစ္ၿပီး ဘယ္သူ႔မ်က္ႏွာမွ ၾကည့္စရာမလိုေတာ့ဘဲ တတိယေနရာကို သိမ္းပိုက္ႏိုင္မွာျဖစ္တာေၾကာင့္ ပြဲစဥ္ ၃၈ နဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္တို႔အတြက္ အားေမြးၿပီး ႀကိဳတင္ျပင္ဆင္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.