Analysis Premier League

မူရင်းကစားပုံကနေ ခွဲထွက်ပြီး ချဲလ်ဆီးကို အနိုင်ယူဖို့ စီးတီးနည်းြပ ပက်ပ်မှာ ဘာတွေကြံနေလဲ

ပြီးခဲ့တဲ့နှစ်တွေက ဥရောပမှာ ချီးကျူးချီးမြှောက်ထိုက်တဲ့ မန်စီးတီးရဲ့ တိုက်စစ်အသားပေး ကစားဟန်က အပြာရောင်ပရိသတ်တွေအပြင် ကမ္ဘာ့ဘောလုံးပရိသတ်တွေကိုပါ ဖျော်ဖြေမှုပေးခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုမှာတော့ ချန်ပီယံလိဂ်မှာ အစစအရာရာကျဆုံးခန်းတွေသာ ကြွင်းကျန်ခဲ့တယ်။

လုပ်သလောက်မဖြစ်ခဲ့ဘူးဆိုတဲ့ အနေအထားမှာ ပပ်က မန်စီးတီးနဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သင်ယူရရှိခဲ့တဲ့ သင်ခန်းစာတွေက ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားခဲ့လို့ ဒီဖလားကို လက်လွှတ်မခံတော့ဖို့ မြေကြီးလက်ခတ်မလွဲ အားထုတ်လာတော့မှာပါ။

ပက်ပ်က ချယ်လ်ဆီးနဲ့ကစားမယ့် UCL ဖိုင်နယ်မှာ မိုနာကို၊ လီဗာပူးလ်၊ စပါးစ်တို့က သင်ကြားပေးခဲ့တဲ့ ပညာတွေအရ ခံစစ်ပိုင်း မလုံမှုကို အသွင်ပြောင်းလဲပြီး နည်းဗျူဟာအရရော ခံစစ်ပိုင်းအရပါ ပြောင်မြောက်အောင် စွမ်းဆောင်သွားဖို့ ဖြစ်လာခဲ့ချိန်မှာ မြွေမြွေချင်းခြေမြင်တတ်တဲ့ တူဟယ်နဲ့ ရင်ဆိုင်ရမှာက စိန်ခေါ်မှုအသစ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။

ပက်ပ်ရဲ့ ဘောလုံးဒဿနက ဘောလုံးကိုင်ထားတဲ့အသင်းက ခံစစ်ကိုပါ စောင့်ရှောက်ပြီးသားဖြစ်တယ်ဆိုတဲ့ အတိတ်ဟောင်းက ခံယူချက်ကနေ ဆန်းသစ်မှုတွေကို ရှာဖွေလာခဲ့တာဖြစ်ပြီး ဘောလုံးမကိုင်ထားတဲ့အသင်းကလည်း ဂိုးသွင်းနိုင်တယ်ဆိုတဲ့ အားသာချက်ကို တန်ပြန်လက်ကိုင်အသုံးပြုလာတာကို တွေ့ရတယ်။

PSG နဲ့ ချန်ပီယံလိဂ်ဆီမီးဒုကျော့မှာ စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှုက သိသိသာသာ အသာစီးရယူမှုကို စွန့်ပစ်ခဲ့ပြီး ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့သလို ဂိုးပိုသွင်းနိုင်ဖို့ အဓိကဆိုတဲ့ မူဝါဒကို ဖော်ဆောင်ခဲ့တာက လျင်မြန်ဖျတ်လတ်တဲ့ ကောင်တာကိုအားပြုကစားနေတဲ့ PSG ကို ဖြုတ်ချဖို့ လုံလောက်ခဲ့တယ်။

တိုက်စစ်မှာ အလုံးအရင်းနဲ့ စစ်မျက်နှာဖွင့်တတ်လွန်းတဲ့ မန်စီးတီးက လက်ရှိမှာ သူတို့ရင်ဆိုင်ရမယ့် တူဟယ်လ်ရဲ့ဟန်အတိုင်း ကျောက်ဆောင်ခံစစ်ကိုပါ သီးခြားလက္ခဏာအနေနဲ့ ပေါင်းစပ်ဖော်ဆောင်လာခဲ့တာကို တွေ့ခဲ့ရတာက ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်လာတဲ့ခရီးမှာ ပေးဂိုး ၄ ဂိုးသာ ရှိခဲ့တာက အားကောင်းတဲ့သက်သေပါ။

ဒါ့အပြင် ပက်ပ်ကို ၂ ကြိမ်ဆက် အလဲထိုးခဲ့တဲ့ ချယ်လ်ဆီးရဲ့ ကွန်တေဦးဆောင်တဲ့ ခံစစ်ပိုင်းအလုပ်ကြိုးစားမှုကို လိုက်မီပါ့မလားဆိုတာက မေးသင့်တဲ့မေးခွန်းတခုဖြစ်လာသလို ချန်ပီယံကို ဆုံးဖြတ်ပေးမယ့်အဖြေလို့လည်း ဆိုနိုင်ခြင်းကနေ PSG ကို အနိုင်ပိုင်းခဲ့တဲ့ ကောင်တာ ၂ ဂိုးကလည်း မန်စီးတီးရဲ့ကစားဟန်ကို အသွင်တမျိုးဆန်းသစ်စေမယ့် နောက်ထပ် သီးခြားလက္ခဏာတခုဖြစ်လာမလား၊ ချန်ပီယံလိဂ်ကို အခွင့်သာခိုက်မှာ အမိအရသိမ်းပိုက်ယူသွားမလားဆိုတာကတော့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ႏွစ္ေတြက ဥေရာပမွာ ခ်ီးက်ဴးခ်ီးေျမႇာက္ထိုက္တဲ့ မန္စီးတီးရဲ႕ တိုက္စစ္အသားေပး ကစားဟန္က အျပာေရာင္ပရိသတ္ေတြအျပင္ ကမာၻ႔ေဘာလုံးပရိသတ္ေတြကိုပါ ေဖ်ာ္ေျဖမႈေပးခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈမွာေတာ့ ခ်န္ပီယံလိဂ္မွာ အစစအရာရာက်ဆုံးခန္းေတြသာ ႂကြင္းက်န္ခဲ့တယ္။

လုပ္သေလာက္မျဖစ္ခဲ့ဘူးဆိုတဲ့ အေနအထားမွာ ပပ္က မန္စီးတီးနဲ႔ လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္း သင္ယူရရွိခဲ့တဲ့ သင္ခန္းစာေတြက ဒီႏွစ္မွာေတာ့ ထူးျခားစြာနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္သြားခဲ့လို႔ ဒီဖလားကို လက္လႊတ္မခံေတာ့ဖို႔ ေျမႀကီးလက္ခတ္မလြဲ အားထုတ္လာေတာ့မွာပါ။

ပက္ပ္က ခ်ယ္လ္ဆီးနဲ႔ကစားမယ့္ UCL ဖိုင္နယ္မွာ မိုနာကို၊ လီဗာပူးလ္၊ စပါးစ္တို႔က သင္ၾကားေပးခဲ့တဲ့ ပညာေတြအရ ခံစစ္ပိုင္း မလုံမႈကို အသြင္ေျပာင္းလဲၿပီး နည္းဗ်ဴဟာအရေရာ ခံစစ္ပိုင္းအရပါ ေျပာင္ေျမာက္ေအာင္ စြမ္းေဆာင္သြားဖို႔ ျဖစ္လာခဲ့ခ်ိန္မွာ ေႁမြေႁမြခ်င္းေျချမင္တတ္တဲ့ တူဟယ္နဲ႔ ရင္ဆိုင္ရမွာက စိန္ေခၚမႈအသစ္လို႔ မွတ္ခ်က္ျပဳႏိုင္ပါတယ္။

ပက္ပ္ရဲ႕ ေဘာလုံးဒႆနက ေဘာလုံးကိုင္ထားတဲ့အသင္းက ခံစစ္ကိုပါ ေစာင့္ေရွာက္ၿပီးသားျဖစ္တယ္ဆိုတဲ့ အတိတ္ေဟာင္းက ခံယူခ်က္ကေန ဆန္းသစ္မႈေတြကို ရွာေဖြလာခဲ့တာျဖစ္ၿပီး ေဘာလုံးမကိုင္ထားတဲ့အသင္းကလည္း ဂိုးသြင္းႏိုင္တယ္ဆိုတဲ့ အားသာခ်က္ကို တန္ျပန္လက္ကိုင္အသုံးျပဳလာတာကို ေတြ႕ရတယ္။

PSG နဲ႔ ခ်န္ပီယံလိဂ္ဆီမီးဒုေက်ာ့မွာ စီးတီးရဲ႕ ေဘာလုံးပိုင္ဆိုင္မႈက သိသိသာသာ အသာစီးရယူမႈကို စြန္႔ပစ္ခဲ့ၿပီး ၄၄ ရာခိုင္ႏႈန္းသာ ရွိခဲ့သလို ဂိုးပိုသြင္းႏိုင္ဖို႔ အဓိကဆိုတဲ့ မူဝါဒကို ေဖာ္ေဆာင္ခဲ့တာက လ်င္ျမန္ဖ်တ္လတ္တဲ့ ေကာင္တာကိုအားျပဳကစားေနတဲ့ PSG ကို ျဖဳတ္ခ်ဖို႔ လုံေလာက္ခဲ့တယ္။

တိုက္စစ္မွာ အလုံးအရင္းနဲ႔ စစ္မ်က္ႏွာဖြင့္တတ္လြန္းတဲ့ မန္စီးတီးက လက္ရွိမွာ သူတို႔ရင္ဆိုင္ရမယ့္ တူဟယ္လ္ရဲ႕ဟန္အတိုင္း ေက်ာက္ေဆာင္ခံစစ္ကိုပါ သီးျခားလကၡဏာအေနနဲ႔ ေပါင္းစပ္ေဖာ္ေဆာင္လာခဲ့တာကို ေတြ႕ခဲ့ရတာက ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ ေရာက္လာတဲ့ခရီးမွာ ေပးဂိုး ၄ ဂိုးသာ ရွိခဲ့တာက အားေကာင္းတဲ့သက္ေသပါ။

ဒါ့အျပင္ ပက္ပ္ကို ၂ ႀကိမ္ဆက္ အလဲထိုးခဲ့တဲ့ ခ်ယ္လ္ဆီးရဲ႕ ကြန္ေတဦးေဆာင္တဲ့ ခံစစ္ပိုင္းအလုပ္ႀကိဳးစားမႈကို လိုက္မီပါ့မလားဆိုတာက ေမးသင့္တဲ့ေမးခြန္းတခုျဖစ္လာသလို ခ်န္ပီယံကို ဆုံးျဖတ္ေပးမယ့္အေျဖလို႔လည္း ဆိုႏိုင္ျခင္းကေန PSG ကို အႏိုင္ပိုင္းခဲ့တဲ့ ေကာင္တာ ၂ ဂိုးကလည္း မန္စီးတီးရဲ႕ကစားဟန္ကို အသြင္တမ်ိဳးဆန္းသစ္ေစမယ့္ ေနာက္ထပ္ သီးျခားလကၡဏာတခုျဖစ္လာမလား၊ ခ်န္ပီယံလိဂ္ကို အခြင့္သာခိုက္မွာ အမိအရသိမ္းပိုက္ယူသြားမလားဆိုတာကေတာ့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z