Premier League

အာဆင်နယ်ကိုရှုံးပြီး လီဗာပူးလ်ကို ခေါင်းဝင်ခွင့်ပေးခဲ့ရတာ မဟာအမှားလို့ တူဟယ်လ်ဝန်ခံ

ပြီးခဲ့တဲ့ ဝက်စ်ဘရွမ်းနဲ့ပွဲက လီဗာပူးလ်ဂိုးသမားအယ်လစ်ဆွန် ဘက်ခါရဲ့ နောက်ကျခေါင်းတိုက်ဂိုးကို ချယ်လ်ဆီးနည်းပြတူဟယ်လ်တယောက် ခေါင်းတခါခါ လည်တခါခါနဲ့ မယုံမကြည်နိုင်ဖြစ်နေတယ်လို့ သိရပြီး ဒါမျိုးဖြစ်ရပ်တွေ တကယ်ရှိသလားဆိုတဲ့အထိ အံ့အားသင့်နေခဲ့ကြောင်း သိရပါတယ်။

လီဗာပူးလ်အနေနဲ့ အဲဒီနိုင်ပွဲနဲ့ အဲဒီသွင်းဂိုးကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာအတွက် အထက်စီးနေရာကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ဘန်လေ၊ ပဲလေ့စ်တို့နဲ့ ကစားရမယ့် လက်ကျန်ပွဲစဥ် ၂ ပွဲကိုသာ ၆ မှတ်အပြည့်ရယူနိုင်ရင် သေချာပေါက် ချန်ပီယံလိဂ်ဝင်ခွင့်သိမ်းပိုက်တော့မှာ ဖြစ်ပါတယ်။

မှန်းထားတာတွေဟာ လွဲနိုင်တယ်ဆိုရင်တောင် ကလော့ပ်ရဲ့အသင်းက လက်စတာနဲ့ ချယ်လ်ဆီးတို့ နှစ်သင်းအားပြိုင်မှုကိုပါ လွဲမှားအောင် လုပ်နိုင်ခဲ့တာဖြစ်ပြီး အန်ဖီးလ်မြေက အနိုင် ၆ မှတ်ဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ဖြစ်လာခဲ့ချိန်မှာ မြေခွေးကြီးတွေနဲ့ လန်ဒန်မြေတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ တသင်းသာ အဆင့် ၄ ဝင်နိုင်တော့မယ့် အခြေအနေကို ဆိုက်လာတာပါ။

ဝက်စ်ဘရွမ်းနဲ့ပွဲမှာ လီဗာပူးလ်ကို ၁ ဂိုးစီသရေနဲ့ ပွဲသိမ်းမယ်လို့ ဝမ်းသာအားရယူဆပြီး ပွဲကိုဆက်မကြည့်ခဲ့ဘူးလို့ ဝန်ခံခဲ့တဲ့ တူဟယ်လ်ဟာ ဘက်ကာရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးအပြီးမှာတော့ ခေါင်းနပန်းကြီးသွားခဲ့ရပြီး လက်စတာကို မဖြစ်မနေ အနိုင်ကစားသွားရဖို့ ဖိအားတန်ချိန်မြင့်သွားခဲ့တာက ပရီးမီးယားလိဂ်ရဲ့ရသလည်း ဖြစ်ခဲ့တာပါ။

“ကျွန်တော် အိမ်ပြန်ရောက်တော့ တီဗွီမှာ လီဗာပူးလ်ပြနေတာ ၁ ဂိုးစီသရေတဲ့ဗျာ။ အိုး မဆိုးပါလားလို့ အေးဆေးပဲနေလိုက်တာပါ။ စိတ်ထဲတော့ ပျော်သွားပေမယ့် ပွဲကို ဆက်မကြည့်ဖြစ်ဘူး။ နောက်တော့ ဖုန်းကို ထုတ်ကြည့်တော့ ပွဲချိန် ၉၅ မိနစ်အထိ သရေပဲဗျာ။ နောက်တမိနစ်နေတော့ ကျွန်တော်မှားသွားပြီဆိုတာကို သိလိုက်ရတာပါ…

“ဆိုတော့ဗျာ အရာရာအားလုံးက စိတ်ဝင်စားဖို့ ကောင်းသွားသလို ကျွန်တော့်အသင်းအတွက်လည်း ပွဲကျပ်သွားခဲ့ပါပြီ။ ဒါပေမယ့် ဘာမဆို ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေပါတယ်။ ကျွန်တော်တို့ လက်ခုပ်ထဲက ရေပါပဲ”

“တယောက်က ကျွန်တော့်ကိုမေးတယ်။ လက်စတာကိုရှုံးခဲ့တဲ့ FA ဖိုင်နယ်က အမှားဖြစ်ခဲ့ပြီလားတဲ့။ မဟုတ်ပါဘူး… အာဆင်နယ်ကို ရှုံးလိုက်တာကမှ တကယ့်အမှားပါ။ လီဗာပူးလ်ကို ခေါင်းထိုးဝင်ခွင့်ပေးလိုက်သလိုဖြစ်ခဲ့တာ ကျွန်တော်တို့ရဲ့အမှားပါ။ ကျွန်တော်တို့ ဒီနေ့ကိုပဲ အာရုံစိုက်ပါမယ်။ တခြားဘယ်အသင်းကိုမှ လှမ်းကြည့်နေတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်တယ်”လို့ ချယ်ဆီးနည်းပြတူဟယ်လ်က တမှတ်အကွာက ဖိအားပေးလါတဲ့ လီဗာပူးလ်ရဲ့ အံ့ဘနန်းဖြစ်ရပ်အပြီးမှာ ချန်ပီယံလိဂ်ဝင်ခွင့်လုပွဲကို မိုင်ကုန်မြှင့်သွားမယ်လို့ ကြွေးကြော်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြမ္းနဲ႔ပြဲက လီဗာပူးလ္ဂိုးသမားအယ္လစ္ဆြန္ ဘက္ခါရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးကို ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္တေယာက္ ေခါင္းတခါခါ လည္တခါခါနဲ႔ မယုံမၾကည္ႏိုင္ျဖစ္ေနတယ္လို႔ သိရၿပီး ဒါမ်ိဳးျဖစ္ရပ္ေတြ တကယ္ရွိသလားဆိုတဲ့အထိ အံ့အားသင့္ေနခဲ့ေၾကာင္း သိရပါတယ္။

လီဗာပူးလ္အေနနဲ႔ အဲဒီႏိုင္ပြဲနဲ႔ အဲဒီသြင္းဂိုးေၾကာင့္ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာစာအတြက္ အထက္စီးေနရာကို ပိုင္ဆိုင္သြားခဲ့တာျဖစ္ၿပီး ဘန္ေလ၊ ပဲေလ့စ္တို႔နဲ႔ ကစားရမယ့္ လက္က်န္ပြဲစဥ္ ၂ ပြဲကိုသာ ၆ မွတ္အျပည့္ရယူႏိုင္ရင္ ေသခ်ာေပါက္ ခ်န္ပီယံလိဂ္ဝင္ခြင့္သိမ္းပိုက္ေတာ့မွာ ျဖစ္ပါတယ္။

မွန္းထားတာေတြဟာ လြဲႏိုင္တယ္ဆိုရင္ေတာင္ ကေလာ့ပ္ရဲ႕အသင္းက လက္စတာနဲ႔ ခ်ယ္လ္ဆီးတို႔ ႏွစ္သင္းအားၿပိဳင္မႈကိုပါ လြဲမွားေအာင္ လုပ္ႏိုင္ခဲ့တာျဖစ္ၿပီး အန္ဖီးလ္ေျမက အႏိုင္ ၆ မွတ္ဟာ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးဖို႔ ျဖစ္လာခဲ့ခ်ိန္မွာ ေျမေခြးႀကီးေတြနဲ႔ လန္ဒန္ေျမတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈဟာ တသင္းသာ အဆင့္ ၄ ဝင္ႏိုင္ေတာ့မယ့္ အေျခအေနကို ဆိုက္လာတာပါ။

ဝက္စ္ဘ႐ြမ္းနဲ႔ပြဲမွာ လီဗာပူးလ္ကို ၁ ဂိုးစီသေရနဲ႔ ပြဲသိမ္းမယ္လို႔ ဝမ္းသာအားရယူဆၿပီး ပြဲကိုဆက္မၾကည့္ခဲ့ဘူးလို႔ ဝန္ခံခဲ့တဲ့ တူဟယ္လ္ဟာ ဘက္ကာရဲ႕ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးအၿပီးမွာေတာ့ ေခါင္းနပန္းႀကီးသြားခဲ့ရၿပီး လက္စတာကို မျဖစ္မေန အႏိုင္ကစားသြားရဖို႔ ဖိအားတန္ခ်ိန္ျမင့္သြားခဲ့တာက ပရီးမီးယားလိဂ္ရဲ႕ရသလည္း ျဖစ္ခဲ့တာပါ။

“ကြၽန္ေတာ္ အိမ္ျပန္ေရာက္ေတာ့ တီဗြီမွာ လီဗာပူးလ္ျပေနတာ ၁ ဂိုးစီသေရတဲ့ဗ်ာ။ အိုး မဆိုးပါလားလို႔ ေအးေဆးပဲေနလိုက္တာပါ။ စိတ္ထဲေတာ့ ေပ်ာ္သြားေပမယ့္ ပြဲကို ဆက္မၾကည့္ျဖစ္ဘူး။ ေနာက္ေတာ့ ဖုန္းကို ထုတ္ၾကည့္ေတာ့ ပြဲခ်ိန္ ၉၅ မိနစ္အထိ သေရပဲဗ်ာ။ ေနာက္တမိနစ္ေနေတာ့ ကြၽန္ေတာ္မွားသြားၿပီဆိုတာကို သိလိုက္ရတာပါ…

“ဆိုေတာ့ဗ်ာ အရာရာအားလုံးက စိတ္ဝင္စားဖို႔ ေကာင္းသြားသလို ကြၽန္ေတာ့္အသင္းအတြက္လည္း ပြဲက်ပ္သြားခဲ့ပါၿပီ။ ဒါေပမယ့္ ဘာမဆို ကြၽန္ေတာ္တို႔လက္ထဲမွာပဲ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ လက္ခုပ္ထဲက ေရပါပဲ”

“တေယာက္က ကြၽန္ေတာ့္ကိုေမးတယ္။ လက္စတာကိုရႈံးခဲ့တဲ့ FA ဖိုင္နယ္က အမွားျဖစ္ခဲ့ၿပီလားတဲ့။ မဟုတ္ပါဘူး… အာဆင္နယ္ကို ရႈံးလိုက္တာကမွ တကယ့္အမွားပါ။ လီဗာပူးလ္ကို ေခါင္းထိုးဝင္ခြင့္ေပးလိုက္သလိုျဖစ္ခဲ့တာ ကြၽန္ေတာ္တို႔ရဲ႕အမွားပါ။ ကြၽန္ေတာ္တို႔ ဒီေန႔ကိုပဲ အာ႐ုံစိုက္ပါမယ္။ တျခားဘယ္အသင္းကိုမွ လွမ္းၾကည့္ေနေတာ့မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးႏိုင္တယ္”လို႔ ခ်ယ္ဆီးနည္းျပတူဟယ္လ္က တမွတ္အကြာက ဖိအားေပးလါတဲ့ လီဗာပူးလ္ရဲ႕ အံ့ဘနန္းျဖစ္ရပ္အၿပီးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္လုပြဲကို မိုင္ကုန္ျမႇင့္သြားမယ္လို႔ ေႂကြးေၾကာ္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.