Premier League Transfer News

စပါးစ်က ထွက်မယ့် ဟာရီကိန်းကြောင့် EPL ရဲ့ ချိန်ခွင်လျှာ ဘယ်လိုပြောင်းလဲသွားမလဲ

တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းကို စွန့်ခွာချင်ပြီလို့ အသိပေးလိုက်ပြီဖြစ်ကြောင်း သိရသလို သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ဆုဖလားတွေဆီ အောင်မြေနင်းနေတဲ့ အသင်းသစ်ကို ပြောင်းရွှေ့လိုနေကြောင်း သတင်းက ဆိုပါတယ်။

လက်ရှိမှာ ဟာရီကန်းအတွက် ယူနိုက်တက်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို စပါးစ်အသင်းက လက်ခံရရှိထားတယ်လို့ သိရပြီး မြောက်လန်ဒန်အသင်းကတော့ အင်္ဂလန်တိုက်စစ်မှူးကို နောက်တရာသီစာ ဆက်ထိန်းထားချင်နေတာပါ။

စပါးစ်ဥက္ကဌ လီဗိုင်းက ၃ နှစ်စာချုပ် ကျန်ရှိနေသေးတဲ့ အသက် ၂၇ နှစ်သားကို လွယ်လွယ်နဲ့ရောင်းထုတ်သွားဖို့ အစီအစဥ်မရှိဘူးလို့ သိရပေမယ့် တဖက်မှာတော့ သိရခက်တဲ့ အသင်းတွင်း ဆုံးဖြတ်ချက်တွေအရ ပေါင်သန်း ၁၅၀ စျေးပေးနိုင်ရင်တော့ သူ့ကို လက်လွှတ်သွားမယ်လို့ သဘောတူထားကြပါတယ်။

လာမယ့်ရာသီမှာ ကိန်းရဲ့အနာဂတ်ကို မန်ချက်စတာမှာ မြင်တွေ့ရမလား၊ လန်ဒန်မြေမှာ မြင်တွေ့ရမလားဆိုတာက စပါးစ်ပရိသတ်တွေ မကြားချင်တဲ့ သတင်းတပုဒ်ဖြစ်လာခဲ့ပြီး ပြိုင်ဘက်အသင်းတွေအတွက်တော့ စိတ်လှုပ်ရှားစရာ အခြေအနေတရပ်က စောင့်ကြိုနေတာပါ။

တကယ်တမ်းမှာတော့ ကိန်းရဲ့အချက်အလက်တွေအရ သူ့ရဲ့ခြေစွမ်းကို တိတိပပသက်သေပြပြီးဖြစ်သလို လက်ရှိမှာ ပရီးမီးယားလိဂ် ၂၂ ဂိုးသွင်းပြီး ၃ ကြိမ်မြောက် ရွှေဖိနပ်ဆုအတွက် အလားအလာအကောင်းဆုံးဖြစ်နေသလို ဂိုးဖန်တီးမှုတွေအရလည်း တိုက်စစ်မှူးတယောက်အနေနဲ့ ထူးခြားနေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။

ဒါကြောင့် စပါးစ်ဥက္ကဌအနေနဲ့ ကိန်းအတွက် ထိုက်တန်တဲ့ တန်ရာတန်ကြေး စျေးကောင်းရမှာသာ ထုတ်ရောင်းသွားမှာဖြစ်ပြီး ကမ်းလှမ်းနိုင်စွမ်းရှိနေတဲ့ အသင်းတွေကတော့ ကိန်းဆာလောင်နေတဲ့ အသင်းလိုက်ဆုဖလားအောင်​မြင်မှုတွေကို အာမခံပေးသွားရဖွယ် ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၁၈ လအတွင်းက စပါးစ်မှာ အချိန်ကုန်ဆုံးနေရတာကို စိတ်ပျက်လာနေတဲ့ ကိန်းဟာ ဒီရာသီမှာ မန်စီးတီးကို အရေးနိမ့်ပြီး ကာရာဘောင်းဖလားကိုလည်း လက်လွှတ်ခဲ့ရလို့ မချင့်မရဲဖြစ်နေတယ်လို့ သိရပြီး သူ့အတွက် မယ်မယ်ရရထူးခြားစေမယ့် အသင်းသစ်ကို ရှာဖွေလိုနေတာကြောင့် လာမယ့်ရာသီမှာ ကိန်းရောက်လာမယ့် ဘယ်အသင်းက ပရီးမီးယားလိဂ်ချိန်ခွင်လျှာကို ပြောင်းလဲသွားစေမလဲလို့ စိတ်ဝင်စားဖို့လည်း ကောင်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းဟာ အသင္းကို စြန္႔ခြာခ်င္ၿပီလို႔ အသိေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသလို သူ႔အေနနဲ႔ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔ ဆုဖလားေတြဆီ ေအာင္ေျမနင္းေနတဲ့ အသင္းသစ္ကို ေျပာင္းေ႐ႊ႕လိုေနေၾကာင္း သတင္းက ဆိုပါတယ္။

လက္ရွိမွာ ဟာရီကန္းအတြက္ ယူႏိုက္တက္၊ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ ကမ္းလွမ္းမႈေတြကို စပါးစ္အသင္းက လက္ခံရရွိထားတယ္လို႔ သိရၿပီး ေျမာက္လန္ဒန္အသင္းကေတာ့ အဂၤလန္တိုက္စစ္မႉးကို ေနာက္တရာသီစာ ဆက္ထိန္းထားခ်င္ေနတာပါ။

စပါးစ္ဥကၠဌ လီဗိုင္းက ၃ ႏွစ္စာခ်ဳပ္ က်န္ရွိေနေသးတဲ့ အသက္ ၂၇ ႏွစ္သားကို လြယ္လြယ္နဲ႔ေရာင္းထုတ္သြားဖို႔ အစီအစဥ္မရွိဘူးလို႔ သိရေပမယ့္ တဖက္မွာေတာ့ သိရခက္တဲ့ အသင္းတြင္း ဆုံးျဖတ္ခ်က္ေတြအရ ေပါင္သန္း ၁၅၀ ေစ်းေပးႏိုင္ရင္ေတာ့ သူ႔ကို လက္လႊတ္သြားမယ္လို႔ သေဘာတူထားၾကပါတယ္။

လာမယ့္ရာသီမွာ ကိန္းရဲ႕အနာဂတ္ကို မန္ခ်က္စတာမွာ ျမင္ေတြ႕ရမလား၊ လန္ဒန္ေျမမွာ ျမင္ေတြ႕ရမလားဆိုတာက စပါးစ္ပရိသတ္ေတြ မၾကားခ်င္တဲ့ သတင္းတပုဒ္ျဖစ္လာခဲ့ၿပီး ၿပိဳင္ဘက္အသင္းေတြအတြက္ေတာ့ စိတ္လႈပ္ရွားစရာ အေျခအေနတရပ္က ေစာင့္ႀကိဳေနတာပါ။

တကယ္တမ္းမွာေတာ့ ကိန္းရဲ႕အခ်က္အလက္ေတြအရ သူ႔ရဲ႕ေျခစြမ္းကို တိတိပပသက္ေသျပၿပီးျဖစ္သလို လက္ရွိမွာ ပရီးမီးယားလိဂ္ ၂၂ ဂိုးသြင္းၿပီး ၃ ႀကိမ္ေျမာက္ ေ႐ႊဖိနပ္ဆုအတြက္ အလားအလာအေကာင္းဆုံးျဖစ္ေနသလို ဂိုးဖန္တီးမႈေတြအရလည္း တိုက္စစ္မႉးတေယာက္အေနနဲ႔ ထူးျခားေနၿပီး ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးက ဦးေဆာင္ေနတာပါ။

ဒါေၾကာင့္ စပါးစ္ဥကၠဌအေနနဲ႔ ကိန္းအတြက္ ထိုက္တန္တဲ့ တန္ရာတန္ေၾကး ေစ်းေကာင္းရမွာသာ ထုတ္ေရာင္းသြားမွာျဖစ္ၿပီး ကမ္းလွမ္းႏိုင္စြမ္းရွိေနတဲ့ အသင္းေတြကေတာ့ ကိန္းဆာေလာင္ေနတဲ့ အသင္းလိုက္ဆုဖလားေအာင္​ျမင္မႈေတြကို အာမခံေပးသြားရဖြယ္ ရွိေနပါတယ္။

လြန္ခဲ့တဲ့ ၁၈ လအတြင္းက စပါးစ္မွာ အခ်ိန္ကုန္ဆုံးေနရတာကို စိတ္ပ်က္လာေနတဲ့ ကိန္းဟာ ဒီရာသီမွာ မန္စီးတီးကို အေရးနိမ့္ၿပီး ကာရာေဘာင္းဖလားကိုလည္း လက္လႊတ္ခဲ့ရလို႔ မခ်င့္မရဲျဖစ္ေနတယ္လို႔ သိရၿပီး သူ႔အတြက္ မယ္မယ္ရရထူးျခားေစမယ့္ အသင္းသစ္ကို ရွာေဖြလိုေနတာေၾကာင့္ လာမယ့္ရာသီမွာ ကိန္းေရာက္လာမယ့္ ဘယ္အသင္းက ပရီးမီးယားလိဂ္ခ်ိန္ခြင္လွ်ာကို ေျပာင္းလဲသြားေစမလဲလို႔ စိတ္ဝင္စားဖို႔လည္း ေကာင္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.