Premier League Transfer News

18 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကနေ ဘင်ဖီကာအသင်းကို ပြန်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဝါရင့်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ် အနေနဲ့ အသင်းဟောင်းမှာ လက်ရှိရရှိနေတဲ့ လစာထက် တစ်နှစ်ကို ပေါင် ၄ သန်း လျှော့ယူရဖို့ ရှိနေပြီး ပေါ်တူဂီကလပ်ဘက်က တစ်ပတ်ကို ပေါင် ၃၃၀၀၀ နဲ့ ကမ်းလှမ်းထား။

– ပြင်သစ်လီဂူးဝမ်းကလပ် ရင်းနေးအသင်းမှာ ခြေစွမ်းပြနေပြီး ရီးရဲလ်မက်ဒရစ်တို့လို ဥရောပအသင်းကြီးတော်တော်များများရဲ့ ပစ်မှတ် ဖြစ်နေတဲ့ လူငယ်ကြယ်ပွင့် အေဒူယာဒို ကာမာဗင်ဒါအနေနဲ့ အာဆင်နယ်အသင်းဆီ ရောက်ဖို့ အခွင့်အရေး လုံးဝမရှိဘူးလို့ အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်းက ယတိပြတ်ပြောကြား။

– အာဆင်နယ်အသင်းမှာ နည်းပြ အူနိုင်း အမ်မရီနောက်ပိုင်း ကစားခွင့်နဲ့ အနာဂတ် ပျောက်ဆုံးနေခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီ အပေါ် မာဆေးလ်အသင်းရဲ့ စိတ်ဝင်စားမှုက တဖြည်းဖြည်း ပိုမိုလေးနက်လာခဲ့ပြီး ယူရိုပါလိဂ်ကစားခွင့်ရမယ့် အနေအထားမှာ ရရှိမယ့် ဆုကြေးငွေတချို့နဲ့ ခေါ်ယူသွားနိုင်ဖွယ်ရှိနေ။

– တန်းဆင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါအတွက် အာဆင်နယ်အသင်းရဲ့ ယူရိုသန်း ၂၀ (ပေါင် ၁၇.၂ သန်း)တန် ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပြီး ဘလိတ်ဓားတွေအနေနဲ့ သူတို့ နော်ဝေသားအတွက် ယူရိုသန်း ၃၀ ပေါင် (၂၅.၈ သန်း) အလိုရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ရာသီအစ ဖူလ်ဟမ်နဲ့ပွဲနောက်ပိုင်းမှာကတည်းက မှားယွင်းခဲ့တဲ့ ကွင်းလယ်လူ ဝီလီယန်ကို ခေါ်ယူမှုဟာ အသင်းအတွက် ဆိုးရွားတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့သလို လာမယ့်ရာသီမှာ သူ့အတွက် လစာငွေကို လျှော့ချတဲ့အနေနဲ့ အလွတ် ထွက်ခွာခွင့်ကို ပေးလိုက်ဖို့ပဲ ရှိတယ်လို့ ချားလ်စ် ဝပ်ထ်သုံးသပ်။

– ဒေါ့မွန်အသင်းအနေနဲ့ လာမယ့်ရာသီမှာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ ရှိနေပြီး အာဆင်နယ်က အလိုရှိနေတဲ့ ဂျူလီယန် ဘရန့်ဒ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေသလို ဂျာမန်တိုက်စစ်ကစားသမားအတွက် ယူရိုသန်း ၂၀ ရရင် လက်ခံဖွယ်ရှိနေ။

– အာဆင်နယ်အသင်းဟာ နွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်သွားဖို့အတွက် ဘွန်ဒက်စ်လီဂါပစ်မှတ်တွေကို ရှာဖွေနေပြီး လေဗာကူဆင်အသင်းရဲ့ ပီအက်စ်ဂျီအကယ်ဒမီထွက် ပေါင် ၄၅ သန်းတန် တောင်ပံကစားသမား မူဆာ ဒီယာဘီကို ချိတ်ဆက်စုံစမ်းနေ။

– ဂျူဗင်တပ်စ်အသင်းကနေ နွေရာသီမှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းထွက်နေခဲ့ပြီး အမ်းမရိတ်ကို ပြန်ရောက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းနေကြတဲ့ ဂိုးသမား ဗွိုင်ချက် ရှချက်စနီကို အာဆင်နယ်အသင်းမှာ ပြန်မမြင်ချင်ဘူးလို့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ကန့်ကွက်သွားခဲ့။

– အာဆင်နယ်အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ဂိုးသမား ဘန်းဒ် လီနိုက ပယ်ချလိုက်ပြီး သူဟာ ဒီအသင်းနဲ့အတူ အောင်မြင်ချင်တဲ့ ရည်မှန်းချက်ပဲ ရှိတယ်လို့ ပြောကြားလိုက်သလို လာမယ့်နှစ်နှစ်အတွင်း အမ်းမရိတ်ဆီ ချန်ပီယံလိဂ်ဖလားကို ယူဆောင်လာချင်တယ်လို့ ထုတ်ဖော်သွား။

– နောက်ပိုင်းနှစ်တွေမှာ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူနိုင်မှုအပေါ်မှာ လွှမ်းမိုးမှု ကျဆင်းလာတဲ့ အခြေအနေကို အခွင့်ကောင်းယူတဲ့အနေနဲ့ အသင်းငယ်တွေရဲ့ ဈေးကိုင်ခြင်းကို ခံနေရပြီး ဘရိုက်တန်အသင်းက သူတို့ရဲ့ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားအတွက် ပေါင်သန်း ၄၀ နဲ့ ဈေးဖွင့်လှစ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကေန ဘင္ဖီကာအသင္းကို ျပန္ဖို႔ ျပင္ဆင္ေနၿပီျဖစ္တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ ဝါရင့္ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္ အေနနဲ႔ အသင္းေဟာင္းမွာ လက္ရွိရရွိေနတဲ့ လစာထက္ တစ္ႏွစ္ကို ေပါင္ ၄ သန္း ေလွ်ာ့ယူရဖို႔ ရွိေနၿပီး ေပၚတူဂီကလပ္ဘက္က တစ္ပတ္ကို ေပါင္ ၃၃၀၀၀ နဲ႔ ကမ္းလွမ္းထား။

– ျပင္သစ္လီဂူးဝမ္းကလပ္ ရင္းေနးအသင္းမွာ ေျခစြမ္းျပေနၿပီး ရီးရဲလ္မက္ဒရစ္တို႔လို ဥေရာပအသင္းႀကီးေတာ္ေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ ျဖစ္ေနတဲ့ လူငယ္ၾကယ္ပြင့္ ေအဒူယာဒို ကာမာဗင္ဒါအေနနဲ႔ အာဆင္နယ္အသင္းဆီ ေရာက္ဖို႔ အခြင့္အေရး လုံးဝမရွိဘူးလို႔ အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္းက ယတိျပတ္ေျပာၾကား။

– အာဆင္နယ္အသင္းမွာ နည္းျပ အူႏိုင္း အမ္မရီေနာက္ပိုင္း ကစားခြင့္နဲ႔ အနာဂတ္ ေပ်ာက္ဆုံးေနခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီ အေပၚ မာေဆးလ္အသင္းရဲ႕ စိတ္ဝင္စားမႈက တျဖည္းျဖည္း ပိုမိုေလးနက္လာခဲ့ၿပီး ယူ႐ိုပါလိဂ္ကစားခြင့္ရမယ့္ အေနအထားမွာ ရရွိမယ့္ ဆုေၾကးေငြတခ်ိဳ႕နဲ႔ ေခၚယူသြားႏိုင္ဖြယ္ရွိေန။

– တန္းဆင္း ရွက္ဖီးလ္ဒ္ယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ ဆန္ဒါ ဘာဂါအတြက္ အာဆင္နယ္အသင္းရဲ႕ ယူ႐ိုသန္း ၂၀ (ေပါင္ ၁၇.၂ သန္း)တန္ ကမ္းလွမ္းမႈက ပယ္ခ်ခံခဲ့ရၿပီး ဘလိတ္ဓားေတြအေနနဲ႔ သူတို႔ ေနာ္ေဝသားအတြက္ ယူ႐ိုသန္း ၃၀ ေပါင္ (၂၅.၈ သန္း) အလိုရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ရာသီအစ ဖူလ္ဟမ္နဲ႔ပြဲေနာက္ပိုင္းမွာကတည္းက မွားယြင္းခဲ့တဲ့ ကြင္းလယ္လူ ဝီလီယန္ကို ေခၚယူမႈဟာ အသင္းအတြက္ ဆိုး႐ြားတဲ့ အေျခအေနတစ္ခုျဖစ္ခဲ့သလို လာမယ့္ရာသီမွာ သူ႔အတြက္ လစာေငြကို ေလွ်ာ့ခ်တဲ့အေနနဲ႔ အလြတ္ ထြက္ခြာခြင့္ကို ေပးလိုက္ဖို႔ပဲ ရွိတယ္လို႔ ခ်ားလ္စ္ ဝပ္ထ္သုံးသပ္။

– ေဒါ့မြန္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို အေျပာင္းအလဲလုပ္ဖို႔ ရွိေနၿပီး အာဆင္နယ္က အလိုရွိေနတဲ့ ဂ်ဴလီယန္ ဘရန႔္ဒ္ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနသလို ဂ်ာမန္တိုက္စစ္ကစားသမားအတြက္ ယူ႐ိုသန္း ၂၀ ရရင္ လက္ခံဖြယ္ရွိေန။

– အာဆင္နယ္အသင္းဟာ ေႏြရာသီမွာ တိုက္စစ္ပိုင္းကို အားျဖည့္သြားဖို႔အတြက္ ဘြန္ဒက္စ္လီဂါပစ္မွတ္ေတြကို ရွာေဖြေနၿပီး ေလဗာကူဆင္အသင္းရဲ႕ ပီအက္စ္ဂ်ီအကယ္ဒမီထြက္ ေပါင္ ၄၅ သန္းတန္ ေတာင္ပံကစားသမား မူဆာ ဒီယာဘီကို ခ်ိတ္ဆက္စုံစမ္းေန။

– ဂ်ဴဗင္တပ္စ္အသင္းကေန ေႏြရာသီမွာ ထြက္ခြာဖြယ္ရွိေနတယ္လို႔ သတင္းထြက္ေနခဲ့ၿပီး အမ္းမရိတ္ကို ျပန္ေရာက္ႏိုင္ေျခရွိတယ္လို႔ ခန႔္မွန္းေနၾကတဲ့ ဂိုးသမား ဗြိဳင္ခ်က္ ရွခ်က္စနီကို အာဆင္နယ္အသင္းမွာ ျပန္မျမင္ခ်င္ဘူးလို႔ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က ကန႔္ကြက္သြားခဲ့။

– အာဆင္နယ္အသင္းကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြကို ဂိုးသမား ဘန္းဒ္ လီႏိုက ပယ္ခ်လိုက္ၿပီး သူဟာ ဒီအသင္းနဲ႔အတူ ေအာင္ျမင္ခ်င္တဲ့ ရည္မွန္းခ်က္ပဲ ရွိတယ္လို႔ ေျပာၾကားလိုက္သလို လာမယ့္ႏွစ္ႏွစ္အတြင္း အမ္းမရိတ္ဆီ ခ်န္ပီယံလိဂ္ဖလားကို ယူေဆာင္လာခ်င္တယ္လို႔ ထုတ္ေဖာ္သြား။

– ေနာက္ပိုင္းႏွစ္ေတြမွာ အာဆင္နယ္အသင္းရဲ႕ ကစားသမားေတြကို ေခၚယူႏိုင္မႈအေပၚမွာ လႊမ္းမိုးမႈ က်ဆင္းလာတဲ့ အေျခအေနကို အခြင့္ေကာင္းယူတဲ့အေနနဲ႔ အသင္းငယ္ေတြရဲ႕ ေဈးကိုင္ျခင္းကို ခံေနရၿပီး ဘ႐ိုက္တန္အသင္းက သူတို႔ရဲ႕ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားအတြက္ ေပါင္သန္း ၄၀ နဲ႔ ေဈးဖြင့္လွစ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.