Premier League Serie A

ေပါင္ ၁၅ သန္းထက္ ေလွ်ာ့မေရာင္းဘူးလို႔ စေမာလင္းအတြက္ ႐ိုးမားကို သတိေပးလုိက္တဲ့ မန္ယူ

ၿပီးခဲ့တဲ့ ေႏြရာသီက အငွားနဲ႔ ေျပာင္းေရႊ႕ကစားခဲ့ၿပီးေနာက္မွာ စီးရီးေအနဲ႔ အံဝင္ၿပီး ေျခစြမ္းျပသေနတဲ့ ေနာက္ခံလူ ခရစၥ စေမာလင္းအတြက္ ေပါင္ ၁၅ သန္းထက္ ေလွ်ာ့ၿပီး စဥ္းစားမွာ မဟုတ္ေၾကာင္း ေခၚယူဖို႔ ကမ္းလွမ္းေနတဲ့ ႐ိုးမားကို မန္ခ်က္စတာယူႏုိက္အသင္းက သတိေပးလုိက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတဲ့ အသက္ ၃၀ အရြယ္ ေနာက္ခံလူအတြက္ ဒီသတ္မွတ္ေဈးကိုေတာ့ ႐ိုးမားတုိ႔အေနနဲ႔ အနည္းငယ္စဥ္းစားဖြယ္ရွိၿပီး အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္မဝင္ရင္ ေခၚယူဖို႔ ခက္ခဲမွာလည္းျဖစ္ပါတယ္။

မြန္ခ်ီကို ဆက္ခံခဲ့တဲ့ ႐ိုးမားအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဂ်န္လူကာ ပက္ထရာခီကေတာ့ စေမာလင္းအေနနဲ႔ ႐ိုးမားအသင္းကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆုိရင္ေတာ့ အေကာင္းဆုံးျဖစ္ေၾကာင္းနဲ႔ သူ႕ကို ေရာမမွာ ျမင္ေတြ႕ခ်င္းေၾကာင္း ထုတ္ေဖာ္ေျပာၾကားသြားပါတယ္။

“သူ႕ကို ေခၚယူဖို႔ အခြင့္အေရးရွိပါတယ္။ ကစားသမားရဲ႕ ေရြးခ်ယ္မွဳကို ေလးစားရမွာျဖစ္ၿပီး သူ႕ကို အၿပီးသတ္ေခၚယူႏုိင္ခဲ့ရင္ေတာ့ အေကာင္းဆုံးပါပဲ။ ကၽြန္ေတာ္တုိ႔အေနနဲ႔ စေမာလင္းကို ေလာေလာဆယ္ ရရွိထားႏုိင္လုိ႔ ေပ်ာ္ရႊင္ေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြလည္း ရွိတာေၾကာင့္ သူ႕အတြက္ သေဘာတူညီမွဳရႏုိင္တယ္လုိ႔ ခံစားမိေနပါတယ္”လို႔ ပက္ထရာခီက ဆုိပါတယ္။

ေရာမေျမမွာ ေျခစြမ္းျပသထားႏုိင္ၿပီး အသင္းအတြက္ ဒီရာသီမွာ ပြဲတုိင္းနီးပါး ပါဝင္ကစားေပးထားတဲ့ အဂၤလန္သားနဲ႔ မန္ယူတုိ႔အၾကား ၂၀၂၂ အထိ စာခ်ဳပ္ရွိေနၿပီး ဒါကို တစ္ႏွစ္တာတုိးျမႇင့္ႏုိင္တဲ့ အခြင့္အေရးလည္းရွိေနတာေၾကာင့္ ႐ိုးမားတုိ႔အေနနဲ႔ ေဈးဆစ္လုိ႔ေတာ့ လြယ္ကူမွာမဟုတ္ဘူးလို႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ နွေရာသီက အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက်မှာ စီးရီးအေနဲ့ အံဝင်ပြီး ခြေစွမ်းပြသနေတဲ့ နောက်ခံလူ ခရစ္စ စမောလင်းအတွက် ပေါင် ၁၅ သန်းထက် လျှော့ပြီး စဉ်းစားမှာ မဟုတ်ကြောင်း ခေါ်ယူဖို့ ကမ်းလှမ်းနေတဲ့ ရိုးမားကို မန်ချက်စတာယူနိုက်အသင်းက သတိပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အသက် ၃၀ အရွယ် နောက်ခံလူအတွက် ဒီသတ်မှတ်ဈေးကိုတော့ ရိုးမားတို့အနေနဲ့ အနည်းငယ်စဉ်းစားဖွယ်ရှိပြီး အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်မဝင်ရင် ခေါ်ယူဖို့ ခက်ခဲမှာလည်းဖြစ်ပါတယ်။

မွန်ချီကို ဆက်ခံခဲ့တဲ့ ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာ ဂျန်လူကာ ပက်ထရာခီကတော့ စမောလင်းအနေနဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ကြောင်းနဲ့ သူ့ကို ရောမမှာ မြင်တွေ့ချင်းကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။

“သူ့ကို ခေါ်ယူဖို့ အခွင့်အရေးရှိပါတယ်။ ကစားသမားရဲ့ ရွေးချယ်မှုကို လေးစားရမှာဖြစ်ပြီး သူ့ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့အနေနဲ့ စမောလင်းကို လောလောဆယ် ရရှိထားနိုင်လို့ ပျော်ရွှင်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆက်ဆံရေးကောင်းတွေလည်း ရှိတာကြောင့် သူ့အတွက် သဘောတူညီမှုရနိုင်တယ်လို့ ခံစားမိနေပါတယ်”လို့ ပက်ထရာခီက ဆိုပါတယ်။

ရောမမြေမှာ ခြေစွမ်းပြသထားနိုင်ပြီး အသင်းအတွက် ဒီရာသီမှာ ပွဲတိုင်းနီးပါး ပါဝင်ကစားပေးထားတဲ့ အင်္ဂလန်သားနဲ့ မန်ယူတို့အကြား ၂၀၂၂ အထိ စာချုပ်ရှိနေပြီး ဒါကို တစ်နှစ်တာတိုးမြှင့်နိုင်တဲ့ အခွင့်အရေးလည်းရှိနေတာကြောင့် ရိုးမားတို့အနေနဲ့ ဈေးဆစ်လို့တော့ လွယ်ကူမှာမဟုတ်ဘူးလို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.