Premier League

ေမာ္ရင္ဟိုလက္ထက္မွာ အသင္းႀကီးမွာ ကစားအၿပီး လခ ၁၅ ဆတိုးေတာ့မယ့္ ေနာက္ခံလူ တန္ဂန္ဂါ

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ အရန္ကစားသမားဘဝကေန ပထမအသင္းႀကီးလူစာရင္းကို နည္းျပ ဟုိေဆး ေမာ္ရင္ဟို လက္ထက္မွာ ထုိးေဖာက္ဝင္ေရာက္ႏုိင္ခဲ့အၿပီး ေနာက္ခံလူ ဂ်ာဖက္ တန္ဂန္ဂါအေနနဲ႔ မူလလုပ္ခထက္ ၁၅ ဆ တုိးျမႇင့္ရရွိေတာ့မယ္လုိ႔ သိရပါတယ္။

တစ္ပတ္လုပ္ခ ေပါင္တစ္ေထာင္သာ ရရွိေနတဲ့ ဒီအဂၤလန္ ယူ-၂၀ လက္ေရြးစင္ကို စပါးစ္အသင္းအေနနဲ႔ ေပါင္တစ္ေသာင္းခြဲအထိ တုိးျမႇင့္ေပးသြားဖို႔ ရွိေနၿပီး ဒါဟာ လက္ရွိလခကေန တုိးတက္လာခဲ့မွဳကို ရာခိုင္ႏွဳန္းနဲ႔ ေဖာ္ျပမယ္ဆုိရင္ ၁၅၀၀ ရာခိုင္ႏွဳန္းလည္းျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ အသင္းရဲ႕ ပြဲထြက္လူစာရင္းကို နည္းျပ ေမာ္ရင္ဟိုရဲ႕ အံ့အားသင့္စရာထည့္သြင္းမွဳျဖစ္ခဲ့တဲ့ တန္ဂန္ဂါရဲ႕ ပါဝင္မွဳနဲ႔အတူ ခံစစ္ပုိင္းစြမ္းေဆာင္ရည္လည္း ေကာင္းမြန္ခဲ့ၿပီး ဥေရာပခ်န္ပီယံအသင္းရဲ႕ တုိက္စစ္ကို ေပးဂိုးအနည္းဆုံး အေနအထားနဲ႔သာ ရွဳံးခဲ့ရတာလည္းျဖစ္ပါတယ္။

ခံစစ္မွာ ဗဟိုေနာက္ခံလူအျပင္ အစြန္လူေတြအျဖစ္ ဘယ္ေရာ ညာပါ ကစားႏုိင္တဲ့ တန္ဂန္ဂါဟာ လက္ရွိမွာေတာ့ ဘယ္ေနာက္ခံလူအျဖစ္ ပါဝင္ကစားခြင့္ရေနတာလည္းျဖစ္ၿပီး မန္စီးတီးကို အႏုိင္ရရွိခဲ့တဲ့ ပြဲမွာလည္း Clean Sheet ရရွိႏုိင္ခဲ့သလို သူပါဝင္ကစားခဲ့တဲ့ ၃ ပြဲမွာ ၁ ဂိုးသာ ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

တန္ဂန္ဂါကို လာမယ့္တစ္ပတ္ေလာက္အတြင္းမွာ စာခ်ဳပ္သစ္ ေပးအပ္သြားဖြယ္ရွိေၾကာင္းသိရၿပီး ဒီဘယ္ေနာက္ခံလူအေနနဲ႔ စာခ်ဳပ္သစ္မွာ ဆုေၾကးတခ်ဳိ႕ကိုပါ ထည့္သြင္းေရတြက္မယ္ဆုိရင္ ေပါင္ႏွစ္ေသာင္းနီးပါး ရရွိႏိုင္မွာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ အရန်ကစားသမားဘဝကနေ ပထမအသင်းကြီးလူစာရင်းကို နည်းပြ ဟိုဆေး မော်ရင်ဟို လက်ထက်မှာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့အပြီး နောက်ခံလူ ဂျာဖက် တန်ဂန်ဂါအနေနဲ့ မူလလုပ်ခထက် ၁၅ ဆ တိုးမြှင့်ရရှိတော့မယ်လို့ သိရပါတယ်။

တစ်ပတ်လုပ်ခ ပေါင်တစ်ထောင်သာ ရရှိနေတဲ့ ဒီအင်္ဂလန် ယူ-၂၀ လက်ရွေးစင်ကို စပါးစ်အသင်းအနေနဲ့ ပေါင်တစ်သောင်းခွဲအထိ တိုးမြှင့်ပေးသွားဖို့ ရှိနေပြီး ဒါဟာ လက်ရှိလခကနေ တိုးတက်လာခဲ့မှုကို ရာခိုင်နှုန်းနဲ့ ဖော်ပြမယ်ဆိုရင် ၁၅၀၀ ရာခိုင်နှုန်းလည်းဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်းကို နည်းပြ မော်ရင်ဟိုရဲ့ အံ့အားသင့်စရာထည့်သွင်းမှုဖြစ်ခဲ့တဲ့ တန်ဂန်ဂါရဲ့ ပါဝင်မှုနဲ့အတူ ခံစစ်ပိုင်းစွမ်းဆောင်ရည်လည်း ကောင်းမွန်ခဲ့ပြီး ဥရောပချန်ပီယံအသင်းရဲ့ တိုက်စစ်ကို ပေးဂိုးအနည်းဆုံး အနေအထားနဲ့သာ ရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ခံစစ်မှာ ဗဟိုနောက်ခံလူအပြင် အစွန်လူတွေအဖြစ် ဘယ်ရော ညာပါ ကစားနိုင်တဲ့ တန်ဂန်ဂါဟာ လက်ရှိမှာတော့ ဘယ်နောက်ခံလူအဖြစ် ပါဝင်ကစားခွင့်ရနေတာလည်းဖြစ်ပြီး မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း Clean Sheet ရရှိနိုင်ခဲ့သလို သူပါဝင်ကစားခဲ့တဲ့ ၃ ပွဲမှာ ၁ ဂိုးသာ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

တန်ဂန်ဂါကို လာမယ့်တစ်ပတ်လောက်အတွင်းမှာ စာချုပ်သစ် ပေးအပ်သွားဖွယ်ရှိကြောင်းသိရပြီး ဒီဘယ်နောက်ခံလူအနေနဲ့ စာချုပ်သစ်မှာ ဆုကြေးတချို့ကိုပါ ထည့်သွင်းရေတွက်မယ်ဆိုရင် ပေါင်နှစ်သောင်းနီးပါး ရရှိနိုင်မှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.