La Liga Premier League Transfer News

မက်ဆီကို ခေါ်ယူနိုင်ဖို့ ဘယ်လို ကမ်းလှမ်းမှုတွေနဲ့ အားသာချက်တွေ မန်စီးတီး ရရှိထားပြီလဲ

လက်ရှိပရီးမီးယားလိဂ်ရဲ့ ပူပူနွေးနွေး ချန်ပီယံဖြစ်ထားတဲ့ မန်ချက်စတာစီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာ အပူတပြင်း လိုချင်နေတဲ့ မက်ဆီကို အခွန်အခ မပါဝင်ဘဲ တပတ် ပေါင် ၅ သိန်းပေးနိုင်ရင် စာချုပ်ချုပ်ခေါ်ယူနိုင်ပြီလို့ အကြောင်းကြားခံထားရကြောင်း သိရှိထားရပါတယ်။

ဒီနွေမှာ ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးပြီဖြစ်တဲ့ အာဂျင်တိုင်းသားဟာ စာချုပ်သစ်ချုပ်ဆိုဖို့ တွေဝေနေဆဲဖြစ်ပြီး လက်ရှိမှာ လာလီဂါဖလားကိုလည်း လက်လွှတ်လိုက်ရပြီမို့ အနာဂတ်ရေရေရာရာရှိတဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သူ့ရဲ့ဖခင်ကိုယ်တိုင်က လမ်းကြောင်းပေးလါတာဖြစ်ပါတယ်။

မက်ဆီဟာ နူးကမ့်မြေက ၁၇ နှစ်ကြာသံယောဇဥ်ကို အဆုံးသတ်မှာဖြစ်ပြီး သူ့ကို အခွန်အခမပါဝင်ဘဲ တနှစ်ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းနိုင်ရင် မန်စီးတီးအတွက် လမ်းပွင့်လာပြီလို့ ဆိုရမှာဖြစ်သလို ပက်ပ်အသည်းအသန် လိုချင်နေတဲ့ တပည့်ဟောင်းရဲ့ ဆန္ဒကလည်း ဆရာဟောင်းဖြစ်သူနဲ့သာ ပြန်လည်ပူးပေါင်းချင်နေတာပါ။

ဘာစီလိုနာဥက္ကဌလာပေါ့တာက မက်ဆီကို အသင်းမှာဆက်နေဖို့ ဆွဲဆောင်စည်းရုံးမှုတွေ ပြုလုပ်နေပေမယ့် တဖက်မှာလည်း အနာဂတ်ကြယ်ပွင့် ဖြစ်လာမယ့် အာလင်း ဟာလန်းကို ငွေပုံပေးပြီး ခေါ်ယူဖို့ အာရုံစိုက်နေတာကြောင့် မက်ဆီရဲ့ ကုန်ကျစရိတ်ကို တတ်နိုင်တဲ့ မန်စီးတီးနဲ့ အပြောင်းအရွှေ့ဟာ မဖြစ်လာနိုင်စရာမရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစား၊ ၃၇ ဂိုးသွင်းယူထားတဲ့ မက်ဆီဟာ အသက် ၃၃ နှစ်အရွယ်နဲ့ အနာဂတ်အလွန်မှာတော့ သမိုင်းလှလှရေးထိုးပြီး ကစားသမားဘဝနေဝင်ချိန်ကို ဖန်တီးဖို့ ပြင်ဆင်နေတာဖြစ်သလို သူဟာ ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံး ကစားသမားအဖြစ်သာ စည်းရုံးနိုင်မယ်ဆိုရင်တော့ အီတီဟတ်ကွင်းကို ပြောင်းလိုနေပါတယ်။

ပက်ပ် ဂွါဒီယိုလာနဲ့လက်တွဲညီခဲ့ပြီး ဘာစီလိုနာအသင်း အမြင့်ပျံခဲ့တဲ့ နှစ်ကာလတွေမှာ အလုပ်တွဲလုပ်ခဲ့တဲ့ ဆုဖလားအောင်မြင်မှုကို မန်စီးတီးမှာ တကျော့ပြန် ဖန်တီးဖို့ရှိနေချိန်မှာ အသက်အရွယ်ရ ကစားသမားတွေကို စောစောစီးစီး ကန်ထုတ်လေ့ရှိတဲ့ ဘာစီလိုနာကို မက်ဆီကလည်း လက်ဦးမှုရယူပြီး အနိုင်နဲ့ပိုင်း ကျောခိုင်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။

Express သတင်းရဲ့အဆိုအရ ကတ်တလန်အသင်းဟာ မက်ဆီတင်မကဘဲ အမ်တီတီ၊ ကော်တင်ညို၊ ဘရိတ်သ်ဝိတ်နဲ့ ဒန်ဘီလီတို့ကို ရှင်းထုတ်ပြီး ဟာလန်းကို သိမ်းပိုက်ဖို့ ကြံစည်နေတာကြောင့် ငွေကို ရေလိုသုံးနိုင်တဲ့ မန်စီးတီးနဲ့ မက်ဆီတို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းဟာ ဒီနှစ်မှာတင် အကောင်အထည်ဖော်နိုင်တော့မလားလို့ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်သွားရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္ရွိပရီးမီးယားလိဂ္ရဲ႕ ပူပူေႏြးေႏြး ခ်န္ပီယံျဖစ္ထားတဲ့ မန္ခ်က္စတာစီးတီးအသင္းဟာ နည္းျပ ဂြာဒီယိုလာ အပူတျပင္း လိုခ်င္ေနတဲ့ မက္ဆီကို အခြန္အခ မပါဝင္ဘဲ တပတ္ ေပါင္ ၅ သိန္းေပးႏိုင္ရင္ စာခ်ဳပ္ခ်ဳပ္ေခၚယူႏိုင္ၿပီလို႔ အေၾကာင္းၾကားခံထားရေၾကာင္း သိရွိထားရပါတယ္။

ဒီေႏြမွာ ဘာစီလိုနာနဲ႔ စာခ်ဳပ္ကုန္ဆုံးၿပီျဖစ္တဲ့ အာဂ်င္တိုင္းသားဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေတြေဝေနဆဲျဖစ္ၿပီး လက္ရွိမွာ လာလီဂါဖလားကိုလည္း လက္လႊတ္လိုက္ရၿပီမို႔ အနာဂတ္ေရေရရာရာရွိတဲ့ မန္စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ သူ႔ရဲ႕ဖခင္ကိုယ္တိုင္က လမ္းေၾကာင္းေပးလါတာျဖစ္ပါတယ္။

မက္ဆီဟာ ႏူးကမ့္ေျမက ၁၇ ႏွစ္ၾကာသံေယာဇဥ္ကို အဆုံးသတ္မွာျဖစ္ၿပီး သူ႔ကို အခြန္အခမပါဝင္ဘဲ တႏွစ္ေပါင္ ၂၅ သန္းနဲ႔ ကမ္းလွမ္းႏိုင္ရင္ မန္စီးတီးအတြက္ လမ္းပြင့္လာၿပီလို႔ ဆိုရမွာျဖစ္သလို ပက္ပ္အသည္းအသန္ လိုခ်င္ေနတဲ့ တပည့္ေဟာင္းရဲ႕ ဆႏၵကလည္း ဆရာေဟာင္းျဖစ္သူနဲ႔သာ ျပန္လည္ပူးေပါင္းခ်င္ေနတာပါ။

ဘာစီလိုနာဥကၠဌလာေပါ့တာက မက္ဆီကို အသင္းမွာဆက္ေနဖို႔ ဆြဲေဆာင္စည္း႐ုံးမႈေတြ ျပဳလုပ္ေနေပမယ့္ တဖက္မွာလည္း အနာဂတ္ၾကယ္ပြင့္ ျဖစ္လာမယ့္ အာလင္း ဟာလန္းကို ေငြပုံေပးၿပီး ေခၚယူဖို႔ အာ႐ုံစိုက္ေနတာေၾကာင့္ မက္ဆီရဲ႕ ကုန္က်စရိတ္ကို တတ္ႏိုင္တဲ့ မန္စီးတီးနဲ႔ အေျပာင္းအေ႐ႊ႕ဟာ မျဖစ္လာႏိုင္စရာမရွိဘူးလို႔ ခန္႔မွန္းထားၾကပါတယ္။

လက္ရွိရာသီမွာ ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစုံ ၄၆ ပြဲကစား၊ ၃၇ ဂိုးသြင္းယူထားတဲ့ မက္ဆီဟာ အသက္ ၃၃ ႏွစ္အ႐ြယ္နဲ႔ အနာဂတ္အလြန္မွာေတာ့ သမိုင္းလွလွေရးထိုးၿပီး ကစားသမားဘဝေနဝင္ခ်ိန္ကို ဖန္တီးဖို႔ ျပင္ဆင္ေနတာျဖစ္သလို သူဟာ ပရီးမီးယားလိဂ္ရဲ႕ လစာအျမင့္ဆုံး ကစားသမားအျဖစ္သာ စည္း႐ုံးႏိုင္မယ္ဆိုရင္ေတာ့ အီတီဟတ္ကြင္းကို ေျပာင္းလိုေနပါတယ္။

ပက္ပ္ ဂြါဒီယိုလာနဲ႔လက္တြဲညီခဲ့ၿပီး ဘာစီလိုနာအသင္း အျမင့္ပ်ံခဲ့တဲ့ ႏွစ္ကာလေတြမွာ အလုပ္တြဲလုပ္ခဲ့တဲ့ ဆုဖလားေအာင္ျမင္မႈကို မန္စီးတီးမွာ တေက်ာ့ျပန္ ဖန္တီးဖို႔ရွိေနခ်ိန္မွာ အသက္အ႐ြယ္ရ ကစားသမားေတြကို ေစာေစာစီးစီး ကန္ထုတ္ေလ့ရွိတဲ့ ဘာစီလိုနာကို မက္ဆီကလည္း လက္ဦးမႈရယူၿပီး အႏိုင္နဲ႔ပိုင္း ေက်ာခိုင္းသြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Express သတင္းရဲ႕အဆိုအရ ကတ္တလန္အသင္းဟာ မက္ဆီတင္မကဘဲ အမ္တီတီ၊ ေကာ္တင္ညိဳ၊ ဘရိတ္သ္ဝိတ္နဲ႔ ဒန္ဘီလီတို႔ကို ရွင္းထုတ္ၿပီး ဟာလန္းကို သိမ္းပိုက္ဖို႔ ႀကံစည္ေနတာေၾကာင့္ ေငြကို ေရလိုသုံးႏိုင္တဲ့ မန္စီးတီးနဲ႔ မက္ဆီတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းဟာ ဒီႏွစ္မွာတင္ အေကာင္အထည္ေဖာ္ႏိုင္ေတာ့မလားလို႔ စိတ္ဝင္တစား ဆက္လက္ေစာင့္ၾကည့္သြားရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.