Article La Liga Serie A UCL&UEL

မတူညီတဲ့ ၃ သင်းနဲ့ ရာပြည့်ဂိုးမှတ်တိုင်ကို ထူးထူးခြားခြား စိုက်ထူနိုင်ခဲ့တဲ့ ထာဝရရှင်သန်မယ့် ဂိုးသွင်းဧကရာဇ် CR7

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပတန်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ စိတ်မချစရာအနေအထားကို ပိုင်ဆိုင်ထားဆဲဖြစ်ပေမယ့် အသင်းရဲ့အဓိကတိုက်စစ်မှူး GOAT လို့ တင်စားခံထားရတဲ့ ရော်နယ်လ်ဒိုကတော့ ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ကြောင်း သိရပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ဂိုးသွင်းအားဟာ အသင်းကို ကောင်းကျိုးကြီးကြီးမားမားမဖြစ်စေရင်တောင်မှ သူ့အတွက်သူတော့ တကိုယ်ရည်စာ ဆုတံဆိပ်တွေကို ရယူပြီး ဂိုးမှတ်တမ်းတွေကိုပါ ရိုက်ချိုးခဲ့တာကို တွေ့ရတယ်။

ယူနိုက်တက်နဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း အသက် ၃၆ နှစ်အရွယ်မှာ လက်ရှိစီးရီးအေမှာ သွင်းဂိုး ၂၉ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းအတွက်လည်း ၂ ရာသီခွဲကာလအတွင်း ဂိုး ၁၀၀ ပြည့်ခဲ့လို့ မတူညီတဲ့ အသင်း ၃ သင်းနဲ့အတူ ရာပြည့်ဂိုးမှတ်တိုင်ကို ထူးထူးခြားခြား စိုက်ထူနိုင်ခဲ့တာပါ။

ဒါဟာ တသင်းတည်းမှာ ဘဝကိုပုံအပ်ပြီး ကစားနေတဲ့မက်ဆီ မလုပ်ဆောင်ပြနိုင်တဲ့စွမ်းဆောင်ရည်ကို ရော်နယ်လ်ဒိုက လုပ်ပြသွားခဲ့တာဖြစ်ပြီး ဆာဆူအိုလိုနဲ့ပွဲမှာ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့သလို စီးရီးအေဒါဘီမှာ အင်တာမီလန်ကို သွင်းခဲ့တဲ့ သူ့ရဲ့သွင်းဂိုးက ၁၀၁ ဂိုးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒါ့အပြင် ပေါ်တူဂီအသင်းအတွက်လည်း ၁၀၃ ဂိုးသွင်းယူထားတဲ့ ဂိုးမုဆိုးဟာ ယူနိုက်တက်အသင်းအတွက် ၁၁၈ ဂိုး၊ ရီးရဲလ်အသင်းမှာ ဂိုးပေါင်း ၄၅၀ နဲ့ ဂျုဗင်တပ်စ်အသင်းနဲ့အတူ ၁၀၁ ဂိုးသွင်းယူခဲ့လို့ စပို့တင်း လစ္စဘွန်းမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်အပါအဝင် ကစားသမားဘဝမှာ ၇၇၇ ဂိုး သွင်းယူခဲ့တာကြောင့် ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တာပါပြီ။

ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေ ၃ နိုင်ငံလုံးကို ကြီးစိုးခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းဟာ မက်ဆီလိုက် မမီနိုင်တော့မယ့် တခုတည်းသော ပြောင်မြောက်မှုဖြစ်ခဲ့သလို ဘောလုံးလောကရဲ့ မသေဆုံးနိုင်သော အမြုတေတိုက်စစ်မှုးအဖြစ် သမိုင်းကို လှလှပပ ရေးထွင်းခဲ့တာပါ။

ဒါ့အပြင် လက်ရှိစီးရီးအေမှာ ၂၉ ဂိုးသွင်းပြီး နံပါတ် ၁ ဂိုးသွင်းရှင်အဖြစ် အခိုင်အမာရပ်တည်နေတဲ့ သူ့ရဲ့မှတ်တမ်းဟာ လီယွန်နယ် မက်ဆီရဲ့ ဒီရာသီ လာလီဂါသွင်းဂိုးနဲ့ ထပ်တူညီမျှခဲ့တာဖြစ်ပြီး GOAT နှစ်ဦးရဲ့ တဖက်နဲ့တဖက် အားကျမခံ သမိုင်းဝင်ဒဏ္ဍရီဟာ ယုံတမ်း ပါးစပ်ပြောပုံပြင်မဟုတ်တဲ့ လက်ရှိဘောလုံးလောကရဲ့ အလှတခုဖြစ်နေကြောင်းလည်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္စ္အသင္းဟာ လာမယ့္ရာသီမွာ ဥေရာပတန္းဝင္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ စိတ္မခ်စရာအေနအထားကို ပိုင္ဆိုင္ထားဆဲျဖစ္ေပမယ့္ အသင္းရဲ႕အဓိကတိုက္စစ္မႉး GOAT လို႔ တင္စားခံထားရတဲ့ ေရာ္နယ္လ္ဒိုကေတာ့ ေဘာလုံးသမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈ ခုႏွစ္ကတည္းက ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ဂိုးသြင္းအားဟာ အသင္းကို ေကာင္းက်ိဳးႀကီးႀကီးမားမားမျဖစ္ေစရင္ေတာင္မွ သူ႔အတြက္သူေတာ့ တကိုယ္ရည္စာ ဆုတံဆိပ္ေတြကို ရယူၿပီး ဂိုးမွတ္တမ္းေတြကိုပါ ႐ိုက္ခ်ိဳးခဲ့တာကို ေတြ႕ရတယ္။

ယူႏိုက္တက္နဲ႔ ရီးရဲလ္တိုက္စစ္မႉးေဟာင္း အသက္ ၃၆ ႏွစ္အ႐ြယ္မွာ လက္ရွိစီးရီးေအမွာ သြင္းဂိုး ၂၉ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္လည္း ၂ ရာသီခြဲကာလအတြင္း ဂိုး ၁၀၀ ျပည့္ခဲ့လို႔ မတူညီတဲ့ အသင္း ၃ သင္းနဲ႔အတူ ရာျပည့္ဂိုးမွတ္တိုင္ကို ထူးထူးျခားျခား စိုက္ထူႏိုင္ခဲ့တာပါ။

ဒါဟာ တသင္းတည္းမွာ ဘဝကိုပုံအပ္ၿပီး ကစားေနတဲ့မက္ဆီ မလုပ္ေဆာင္ျပႏိုင္တဲ့စြမ္းေဆာင္ရည္ကို ေရာ္နယ္လ္ဒိုက လုပ္ျပသြားခဲ့တာျဖစ္ၿပီး ဆာဆူအိုလိုနဲ႔ပြဲမွာ ဂိုး ၁၀၀ ျပည့္ေျမာက္ခဲ့သလို စီးရီးေအဒါဘီမွာ အင္တာမီလန္ကို သြင္းခဲ့တဲ့ သူ႔ရဲ႕သြင္းဂိုးက ၁၀၁ ဂိုးေျမာက္အျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။

ဒါ့အျပင္ ေပၚတူဂီအသင္းအတြက္လည္း ၁၀၃ ဂိုးသြင္းယူထားတဲ့ ဂိုးမုဆိုးဟာ ယူႏိုက္တက္အသင္းအတြက္ ၁၁၈ ဂိုး၊ ရီးရဲလ္အသင္းမွာ ဂိုးေပါင္း ၄၅၀ နဲ႔ ဂ်ဳဗင္တပ္စ္အသင္းနဲ႔အတူ ၁၀၁ ဂိုးသြင္းယူခဲ့လို႔ စပို႔တင္း လစၥဘြန္းမွာ သြင္းယူခဲ့တဲ့ ဂိုးအေရအတြက္အပါအဝင္ ကစားသမားဘဝမွာ ၇၇၇ ဂိုး သြင္းယူခဲ့တာေၾကာင့္ ေဘာလုံးသမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့တာပါၿပီ။

ပရီးမီးယားလိဂ္၊ လာလီဂါနဲ႔ စီးရီးေအ ၃ ႏိုင္ငံလုံးကို ႀကီးစိုးခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ဂိုးသြင္းမွတ္တမ္းဟာ မက္ဆီလိုက္ မမီႏိုင္ေတာ့မယ့္ တခုတည္းေသာ ေျပာင္ေျမာက္မႈျဖစ္ခဲ့သလို ေဘာလုံးေလာကရဲ႕ မေသဆုံးႏိုင္ေသာ အျမဳေတတိုက္စစ္မႈးအျဖစ္ သမိုင္းကို လွလွပပ ေရးထြင္းခဲ့တာပါ။

ဒါ့အျပင္ လက္ရွိစီးရီးေအမွာ ၂၉ ဂိုးသြင္းၿပီး နံပါတ္ ၁ ဂိုးသြင္းရွင္အျဖစ္ အခိုင္အမာရပ္တည္ေနတဲ့ သူ႔ရဲ႕မွတ္တမ္းဟာ လီယြန္နယ္ မက္ဆီရဲ႕ ဒီရာသီ လာလီဂါသြင္းဂိုးနဲ႔ ထပ္တူညီမွ်ခဲ့တာျဖစ္ၿပီး GOAT ႏွစ္ဦးရဲ႕ တဖက္နဲ႔တဖက္ အားက်မခံ သမိုင္းဝင္ဒ႑ရီဟာ ယုံတမ္း ပါးစပ္ေျပာပုံျပင္မဟုတ္တဲ့ လက္ရွိေဘာလုံးေလာကရဲ႕ အလွတခုျဖစ္ေနေၾကာင္းလည္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.