Ligue1 Premier League

ဂါဘရီယယ္လ္ မာဂါလက္စ္ကို ေခၚယူႏုိင္ဖို႔ အနီးစပ္ဆုံးျဖစ္လာတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ပုိင္းအတြက္ လာမယ့္ရာသီမွာ အားျဖည့္မွဳ တစ္ရပ္အျဖစ္ လိုင္လီအသင္းရဲ႕ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလက္စ္ကို ေခၚယူႏုိင္ဖို႔ အၿပဳိင္စိတ္ဝင္စားေနခဲ့ၾကတဲ့ ပရီးမီးယားလိဂ္အသင္းေတြထက္ ပိုမိုနီးစပ္တဲ့ အေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။

အဲဗာတန္နဲ႔ အာဆင္နယ္အသင္းေတြကပါ စိတ္ဝင္စားေနခဲ့ၾကတဲ့ ဒီဘရာဇီးလ္ေနာက္ခံလူအတြက္ လုိင္လီအသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၃၀ သတ္မွတ္ထားခဲ့ၿပီး ဒီအသင္းေတြရဲ႕ ဦးစားေပးပစ္မွတ္ဟာ ဗဟိုခံစစ္သမားမဟုတ္တာေၾကာင့္သာ ေငြေၾကးသုံးစြဲဖို႔ စုစုေဆာင္းေဆာင္း ရွိထားတဲ့ ခ်ဲလ္ဆီးက လက္ဦးေတာ့မယ့္ အေနအထားမွာ ရွိေနတာပါ။

နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ ဒီႏွစ္ပရီးမီးယားလိဂ္မွာ သူ႕ရဲ႕ခံစစ္ပုိင္းကို အန္တုိနီ ႐ူဒီဂါ၊ အန္းဒရိစ္ ခရစၥတန္ဆန္၊ ကတ္ဇူးမား၊ ဖီကာယုိ တိုမိုရီတုိ႔နဲ႔ စုစည္းတည္ေဆာက္ရာမွာေတာ့ လိုအပ္ခ်က္ေတြ ရွိေနခဲ့ၿပီး သူတုိ႔အတြက္ရဲ႕ တစ္ဦးခ်င္းအမွားေတြကလည္း နာမည္ပ်က္ေနတဲ့ ဂိုးသမားေတြကို ဖိအားဝင္ေစခဲ့ပါတယ္။

ဒါေၾကာင့္ လမ္းပတ္နဲ႔ တာဝန္ရွိသူေတြဟာ အေတြ႕အႀကဳံရွိၿပီး အသက္ငယ္ေသးတဲ့ ခံစစ္သမားတစ္ဦးကို ရွာေဖြခဲ့ရာမွာ သူတုိ႔နဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ႏွစ္ေက်ာ့တုိင္တုိင္ ရင္ဆုိင္ခဲ့ဖူးတဲ့ မာဂါလက္စ္ကို မ်က္စိက်ခဲ့တာျဖစ္ၿပီး လိုင္လီအသင္းက ေတာင္းဆုိတဲ့ ပမာဏအတုိင္း ေပးေခ်သြားဖို႔ ရွိေနလို႔ ေဆြးေႏြးမွဳေတြက ေနာက္ဆုံးအေနအထားကို ေရာက္ရွိဖို႔ နီးစပ္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီပရီးမီးယားလိဂ္မွာ ၃၉ ဂိုးအထိ ေပးထားခဲ့ရတဲ့ ခ်ဲလ္ဆီးေနာက္တန္းဟာ ထိပ္ဆုံးဆယ္သင္းထဲမွာ စပါးစ္နဲ႔ ဘန္ေလတုိ႔ေနာက္ တတိယအမ်ားဆုံးလည္းျဖစ္ေနၿပီး ေဒးဗစ္ လူးဝစ္ဇ္ ထြက္ခြာသြားခဲ့တဲ့ အသင္းရဲ႕ ခံစစ္ပုိင္းကို တာဝန္ရွိသူေတြအေနနဲ႔ ေနာက္ထပ္ ဘရာဇီးလ္သားတစ္ဦးနဲ႔ အစားထိုးဖို႔အခ်ိန္ ေရာက္ရွိလာႏုိင္ဖို႔ နီးစပ္ေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းအတွက် လာမယ့်ရာသီမှာ အားဖြည့်မှု တစ်ရပ်အဖြစ် လိုင်လီအသင်းရဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလက်စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်စိတ်ဝင်စားနေခဲ့ကြတဲ့ ပရီးမီးယားလိဂ်အသင်းတွေထက် ပိုမိုနီးစပ်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

အဲဗာတန်နဲ့ အာဆင်နယ်အသင်းတွေကပါ စိတ်ဝင်စားနေခဲ့ကြတဲ့ ဒီဘရာဇီးလ်နောက်ခံလူအတွက် လိုင်လီအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ သတ်မှတ်ထားခဲ့ပြီး ဒီအသင်းတွေရဲ့ ဦးစားပေးပစ်မှတ်ဟာ ဗဟိုခံစစ်သမားမဟုတ်တာကြောင့်သာ ငွေကြေးသုံးစွဲဖို့ စုစုဆောင်းဆောင်း ရှိထားတဲ့ ချဲလ်ဆီးက လက်ဦးတော့မယ့် အနေအထားမှာ ရှိနေတာပါ။

နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ဒီနှစ်ပရီးမီးယားလိဂ်မှာ သူ့ရဲ့ခံစစ်ပိုင်းကို အန်တိုနီ ရူဒီဂါ၊ အန်းဒရိစ် ခရစ္စတန်ဆန်၊ ကတ်ဇူးမား၊ ဖီကာယို တိုမိုရီတို့နဲ့ စုစည်းတည်ဆောက်ရာမှာတော့ လိုအပ်ချက်တွေ ရှိနေခဲ့ပြီး သူတို့အတွက်ရဲ့ တစ်ဦးချင်းအမှားတွေကလည်း နာမည်ပျက်နေတဲ့ ဂိုးသမားတွေကို ဖိအားဝင်စေခဲ့ပါတယ်။

ဒါကြောင့် လမ်းပတ်နဲ့ တာဝန်ရှိသူတွေဟာ အတွေ့အကြုံရှိပြီး အသက်ငယ်သေးတဲ့ ခံစစ်သမားတစ်ဦးကို ရှာဖွေခဲ့ရာမှာ သူတို့နဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ နှစ်ကျော့တိုင်တိုင် ရင်ဆိုင်ခဲ့ဖူးတဲ့ မာဂါလက်စ်ကို မျက်စိကျခဲ့တာဖြစ်ပြီး လိုင်လီအသင်းက တောင်းဆိုတဲ့ ပမာဏအတိုင်း ပေးချေသွားဖို့ ရှိနေလို့ ဆွေးနွေးမှုတွေက နောက်ဆုံးအနေအထားကို ရောက်ရှိဖို့ နီးစပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ၃၉ ဂိုးအထိ ပေးထားခဲ့ရတဲ့ ချဲလ်ဆီးနောက်တန်းဟာ ထိပ်ဆုံးဆယ်သင်းထဲမှာ စပါးစ်နဲ့ ဘန်လေတို့နောက် တတိယအများဆုံးလည်းဖြစ်နေပြီး ဒေးဗစ် လူးဝစ်ဇ် ထွက်ခွာသွားခဲ့တဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို တာဝန်ရှိသူတွေအနေနဲ့ နောက်ထပ် ဘရာဇီးလ်သားတစ်ဦးနဲ့ အစားထိုးဖို့အချိန် ရောက်ရှိလာနိုင်ဖို့ နီးစပ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.