Premier League

မန္ခ်က္စတာစီးတီးပရိသတ္ေတြကို အမွာစကားေျပာၾကားလုိက္တဲ့ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးအသင္းရဲ႕နည္းျပ ပက္ ဂြါဒီယိုလာက အသင္းရဲ႕ ဝက္ဘ္ဆုိက္အသစ္ကေန ပရိသတ္ေတြအတြက္ တစ္စုတစ္စည္းတည္း ခ်မွတ္ထားတဲ့ လမ္းညႊန္ခ်က္ေတြကို လုိက္နာစည္းလုံးၾကဖို႔နဲ႔ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳကပ္ေရာဂါကို ေက်ာ္ျဖတ္ႏုိင္ၾကဖို႔ မွာၾကားခဲ့ၿပီး အားလုံးကိုလည္း သတိရေနေၾကာင္း ေျပာၾကားလုိက္ပါတယ္။

ဗီဒီယိုဖိုင္ကေနတစ္ဆင့္ ဂြါဒီယိုလာက သူတုိ႔ေတြအေနနဲ႔ ေဘာလုံးပြဲေတြနဲ႔ ပရိသတ္ေတြကို လြမ္းဆြတ္သတိရေနေၾကာင္းနဲ႔ သူတုိ႔အတြက္ အေကာင္းဆုံး ျပန္လည္ကစားႏုိင္ၾကဖို႔ နည္းျပနဲ႔ ကစားသမားေတြအားလုံး ဆႏၵရွိေနၾကေၾကာင္းဆုိခဲ့ၿပီး က်န္းမာေရးဆုိင္ရာ ညႊန္ၾကားခ်က္ေတြကိုေတာ့ အထူးလုိက္နာဖို႔လည္း တုိက္တြန္းသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ ေဘာလုံးကစားနည္းနဲ႔ ၿပဳိင္ပြဲေတြကို အရမ္းလြမ္းေနပါတယ္။ အရင္ရက္ပုိင္းေတြတုန္းက ပုံမွန္လည္ပတ္ေနခဲ့တဲ့ ဘဝကိုလည္း လြမ္းမိေပမယ့္ လက္ရွိမွာေတာ့ အားလုံးအေနနဲ႔ သိပၸံပညာရွင္ေတြ၊ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြက ညႊန္ၾကားတာေတြကို နားေထာင္ဖို႔နဲ႔ လုိက္နာဖို႔ အခ်ိန္ကို ေရာက္ေနပါၿပီ”လို႔ စပိန္သားနည္းျပႀကီးက ဆုိပါတယ္။

“ခင္ဗ်ားတုိ႔က ကၽြန္ေတာ္တုိ႔ရဲ႕ ေဘာလုံးမိသားစုပါပဲ။ ကၽြန္ေတာ္တုိ႔ေတြအေနနဲ႔ ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားတုိ႔ရဲ႕ အေျခအေနေတြ ပုိေကာင္းဖို႔ လုပ္ေဆာင္ေပးဖို႔ ရွိပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီထက္ ပုိမုိႀကံ့ခိုင္တဲ့ ပုံစံနဲ႔ ျပန္လာခဲ့ပါဦးမယ္။ ပိုေကာင္းတဲ့၊ ပုိၾကင္နာတတ္တဲ့… အင္း နည္းနည္းပုိဝတဲ့ ပုံစံေတြနဲ႔ပါ။ အိမ္ထဲမွာ ေနပါ… ေဘးကင္းေအာင္ေနၾကပါ”လို႔ ဂြါဒီယိုလာက အသင္းရဲ႕ ဝက္ဘ္ဆုိက္ကတစ္ဆင့္ ေျပာၾကားလုိက္ပါတယ္။

ဒီဗီဒီယိုနဲ႔ အစီအစဥ္ကို Cityzens at Home လို႔လည္း အမည္ေပးထားခဲ့ၿပီး တစ္မိနစ္ေက်ာ္ ရွည္လ်ားတဲ့ ဗီဒီယိုမွာ နည္းျပေတြနဲ႔ အမ်ဳိးသားအမ်ဳိးသမီး ကစားသမားေတြရဲ႕ ေန႔စဥ္လုပ္ေဆာင္မွဳေတြ ႏွဳတ္ခြန္းဆက္စကားေတြနဲ႔ အိမ္မွာ ခ်က္ျပဳတ္စားေသာက္ရင္း ႏွစ္သက္တဲ့ ဟင္းလ်ာေတြကိုလည္း ေဖာ္ျပေပးထားေၾကာင္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက် ဂွါဒီယိုလာက အသင်းရဲ့ ဝက်ဘ်ဆိုက်အသစ်ကနေ ပရိသတ်တွေအတွက် တစ်စုတစ်စည်းတည်း ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာစည်းလုံးကြဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကပ်ရောဂါကို ကျော်ဖြတ်နိုင်ကြဖို့ မှာကြားခဲ့ပြီး အားလုံးကိုလည်း သတိရနေကြောင်း ပြောကြားလိုက်ပါတယ်။

ဗီဒီယိုဖိုင်ကနေတစ်ဆင့် ဂွါဒီယိုလာက သူတို့တွေအနေနဲ့ ဘောလုံးပွဲတွေနဲ့ ပရိသတ်တွေကို လွမ်းဆွတ်သတိရနေကြောင်းနဲ့ သူတို့အတွက် အကောင်းဆုံး ပြန်လည်ကစားနိုင်ကြဖို့ နည်းပြနဲ့ ကစားသမားတွေအားလုံး ဆန္ဒရှိနေကြကြောင်းဆိုခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကိုတော့ အထူးလိုက်နာဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဘောလုံးကစားနည်းနဲ့ ပြိုင်ပွဲတွေကို အရမ်းလွမ်းနေပါတယ်။ အရင်ရက်ပိုင်းတွေတုန်းက ပုံမှန်လည်ပတ်နေခဲ့တဲ့ ဘဝကိုလည်း လွမ်းမိပေမယ့် လက်ရှိမှာတော့ အားလုံးအနေနဲ့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေက ညွှန်ကြားတာတွေကို နားထောင်ဖို့နဲ့ လိုက်နာဖို့ အချိန်ကို ရောက်နေပါပြီ”လို့ စပိန်သားနည်းပြကြီးက ဆိုပါတယ်။

“ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ဘောလုံးမိသားစုပါပဲ။ ကျွန်တော်တို့တွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ အခြေအနေတွေ ပိုကောင်းဖို့ လုပ်ဆောင်ပေးဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက် ပိုမိုကြံ့ခိုင်တဲ့ ပုံစံနဲ့ ပြန်လာခဲ့ပါဦးမယ်။ ပိုကောင်းတဲ့၊ ပိုကြင်နာတတ်တဲ့… အင်း နည်းနည်းပိုဝတဲ့ ပုံစံတွေနဲ့ပါ။ အိမ်ထဲမှာ နေပါ… ဘေးကင်းအောင်နေကြပါ”လို့ ဂွါဒီယိုလာက အသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် ပြောကြားလိုက်ပါတယ်။

ဒီဗီဒီယိုနဲ့ အစီအစဉ်ကို Cityzens at Home လို့လည်း အမည်ပေးထားခဲ့ပြီး တစ်မိနစ်ကျော် ရှည်လျားတဲ့ ဗီဒီယိုမှာ နည်းပြတွေနဲ့ အမျိုးသားအမျိုးသမီး ကစားသမားတွေရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေ နှုတ်ခွန်းဆက်စကားတွေနဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ရင်း နှစ်သက်တဲ့ ဟင်းလျာတွေကိုလည်း ဖော်ပြပေးထားကြောင်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.