La Liga Premier League

ရွာက်ီရီကို လာမယ့္ရာသီမွာ ေရာင္းထုတ္သြားဖို႔ ရွိေနတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဆြစ္ဇာလန္ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကို လာမယ့္ရာသီမွာ ေရာင္းထုတ္သြားဖို႔ ရွိေနၿပီး ဒါဟာ အသင္းအတြက္ေရာ ကစားသမားအတြက္ပါ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္လိမ့္မယ္လုိ႔ အားလုံးက ယုံၾကည္ေနၾကပါတယ္။

ေတာင္ပံကစားသမားတစ္ဦးအျဖစ္ ဘယ္ညာေတာင္ပံေတြမွာ ေကာင္းေကာင္းကစားႏုိင္တဲ့ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကို လီဗာပူးလ္အသင္းဟာ စတုတ္စီးတီးကေန ေပါင္ ၁၃ သန္းနဲ႔ ေခၚယူထားခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ ပုံရိပ္၊ ႏုိင္ငံတကာ ကစားသမားဘဝအရေတာ့ ဒါဟာ ေတာ္ေတာ္ေလးကို ေဈးေပါေပါနဲ႔ ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အသက္ ၂၈ ႏွစ္အရြယ္ ကစားသမားအေနနဲ႔ လီဗာပူးလ္မွာေတာ့ ဒဏ္ရာေတြရဲ႕ ႏွိပ္စက္မွဳကိုပါ ႀကဳံေတြ႕ခဲ့ရလို႔ ဆာဒီယို မာေနးနဲ႔ မိုဟာမက္ ဆာလားတုိ႔ရဲ႕ ေတာင္ပံေတြကို မၿခိမ္းေျခာက္ႏိုင္႐ုံမက အရန္အျဖစ္ပါ ကစားသမားခုံတန္းမွာ ရွိမေနႏိုင္ခဲ့တဲ့ ကာလေတြက ၾကာျမင္ခဲ့ၿပီး လက္ရွိမွာ သူ႕ေရွ႕က ဒီေဗာ့ ေအာ္ရီဂီ၊ တာကူမာ မီနာမီႏိုနဲ႔ တျခားေတာင္ပံကစားႏုိင္တဲ့သူေတြက ပိတ္ဆုိ႔ေနၿပီလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ရွာက်ီရီကို သူတုိ႔ေခၚခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးရဲ႕ ႏွစ္ဆေက်ာ္ျဖစ္တဲ့ ေပါင္ ၂၈ သန္း ရရွိရင္ ေရာင္းထုတ္သြားမယ္လို႔ ဆိုထားၿပီး စပိန္ကလပ္ ဆီဗီလာအသင္းကေတာ့ ေခၚယူခ်င္တဲ့ အသင္းေတြထဲမွာ ပုံရိပ္အျမင့္မားဆုံးအျဖစ္ ေရွ႕ဆုံးက ေရပန္းစားေနတယ္လုိ႔ ဆုိပါတယ္။

ႏွစ္ရာသီအတြင္းမွာ ပြဲ ၄၀ သာ ကစားရေသးၿပီး လီဗာပူးလ္အသင္းနဲ႔ ဆုဖလားေတြ ရယူရမွာလည္း အေရးပါတဲ့ အခန္းက႑ နည္းခဲ့တဲ့ ရွာက်ီရီဟာ ဒီရာသီမွာလည္း စုစုေပါင္း ၂၅၆ မိနစ္သာ ကစားရေသးတဲ့အတြက္ လက္ေရြးစင္ဘဝကို ထိခိုက္လာမွာလည္း စိုးရိမ္ေနရၿပီး ပရိသတ္ေတြ ကေတာ့ ဒဏ္ရာမ်ားျပားတဲ့ ကစားသမားကို ႏွစ္ၿခဳိက္ျခင္း မရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ဆွစ်ဇာလန်တောင်ပံကစားသမား ချာဒန် ရှာကျီရီကို လာမယ့်ရာသီမှာ ရောင်းထုတ်သွားဖို့ ရှိနေပြီး ဒါဟာ အသင်းအတွက်ရော ကစားသမားအတွက်ပါ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လိမ့်မယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။

တောင်ပံကစားသမားတစ်ဦးအဖြစ် ဘယ်ညာတောင်ပံတွေမှာ ကောင်းကောင်းကစားနိုင်တဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားကို လီဗာပူးလ်အသင်းဟာ စတုတ်စီးတီးကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး သူ့ရဲ့ ပုံရိပ်၊ နိုင်ငံတကာ ကစားသမားဘဝအရတော့ ဒါဟာ တော်တော်လေးကို ဈေးပေါပေါနဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၈ နှစ်အရွယ် ကစားသမားအနေနဲ့ လီဗာပူးလ်မှာတော့ ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကိုပါ ကြုံတွေ့ခဲ့ရလို့ ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ရဲ့ တောင်ပံတွေကို မခြိမ်းခြောက်နိုင်ရုံမက အရန်အဖြစ်ပါ ကစားသမားခုံတန်းမှာ ရှိမနေနိုင်ခဲ့တဲ့ ကာလတွေက ကြာမြင်ခဲ့ပြီး လက်ရှိမှာ သူ့ရှေ့က ဒီဗော့ အော်ရီဂီ၊ တာကူမာ မီနာမီနိုနဲ့ တခြားတောင်ပံကစားနိုင်တဲ့သူတွေက ပိတ်ဆို့နေပြီလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ရှာကျီရီကို သူတို့ခေါ်ခဲ့တဲ့ ပြောင်းရွှေ့ကြေးရဲ့ နှစ်ဆကျော်ဖြစ်တဲ့ ပေါင် ၂၈ သန်း ရရှိရင် ရောင်းထုတ်သွားမယ်လို့ ဆိုထားပြီး စပိန်ကလပ် ဆီဗီလာအသင်းကတော့ ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပုံရိပ်အမြင့်မားဆုံးအဖြစ် ရှေ့ဆုံးက ရေပန်းစားနေတယ်လို့ ဆိုပါတယ်။

နှစ်ရာသီအတွင်းမှာ ပွဲ ၄၀ သာ ကစားရသေးပြီး လီဗာပူးလ်အသင်းနဲ့ ဆုဖလားတွေ ရယူရမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍ နည်းခဲ့တဲ့ ရှာကျီရီဟာ ဒီရာသီမှာလည်း စုစုပေါင်း ၂၅၆ မိနစ်သာ ကစားရသေးတဲ့အတွက် လက်ရွေးစင်ဘဝကို ထိခိုက်လာမှာလည်း စိုးရိမ်နေရပြီး ပရိသတ်တွေ ကတော့ ဒဏ်ရာများပြားတဲ့ ကစားသမားကို နှစ်ခြိုက်ခြင်း မရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.