Analysis Premier League

ဂုဏ်သိက္ခာမြင့်မားတဲ့ PFA လူငယ်အကောင်းဆုံးဆုက ဘယ်သူ့အတွက်လဲ

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၆ ကို စတင်ကစားနေကြပြီဖြစ်ပြီး ရာသီသိမ်းဖို့အတွက် ရလဒ်တွေ ထွက်ပေါ်တဲ့အသင်းတွေက ထွက်ပေါ်နေပြီး တချို့ကတော့ ဥရောပအတွက် ကြိုးစားနေဆဲ ရှိကြချိန်မှာ အားလုံး စိတ်ဝင်စားမယ့် အကြောင်းကတော့ ဒီရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတွေထဲက PFA အကောင်းဆုံး လူငယ်ကစားဆုပဲဖြစ်ပြီး သူတို့ရဲ့ သတ်မှတ်ချက်အရ လူငယ်ဆိုတာ အသက် ၂၄ နှစ်အရွယ်အထိ အကြုံးဝင်ချိန်မှာ တစ်ရာသီစာ စွမ်းဆောင်ရည်တွေအရ ဘယ်ကစားသမားက ရယူသွားနိုင်မလဲဆိုတာနဲ့ အနီးစပ်ဆုံးဖြစ်နိုင်သူတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁။ ဟာဗီ ဘန်းစ်
လက်စတာအသင်းရဲ့ အဓိကတိုက်စစ်ခြိမ်းခြောက်မှုအဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့ အသုံးတော်ခံခဲ့တဲ့ ဘန်းစ်က ဒီရာသီ ၂၅ ပွဲကစားပြီး ၉ ဂိုးသွင်း ၄ ဂိုးဖန်တီးခဲ့သူပါ။ လက်စတာကို ဥရောပအဆင့်အထိ တန်းဝင်စေခဲ့တဲ့ စွမ်းဆောရည်မျိုးဖြစ်တယ်။ ဒဏ်ရာကြောင့် သူမပါဝင်နိုင်တော့တဲ့ ဖေဖော်ဝါရီနောက်ပိုင်းမှာလည်း မြေ​ခွေးကြီးတွေက အဆင့် ၄ တနေရာကို ကြီးစိုးနေဆဲဖြစ်တာကို တွေ့ရတယ်။

၂။ မေဆန်မောင့်
ပြောရရင်တော့ ချယ်လ်ဆီးအကယ်ဒမီရဲ့ အမြင့်ဆုံးအဆင့် ဖြစ်လာခဲ့တံ့ မောင့်က အပြာရောင်လန်ဒန်တို့ဆီမှာ ဇီးယက်ရှ်၊ ဟာဗတ်ဇ်နဲ့ ဗာနာတို့ကို ကျော်ဖြတ်ပြီး ပုံမှန်ပွဲထွက်ခွင့်တနေရာကို တူဟယ်ဆီက တိုက်ယူထားသူဖြစ်တယ်။ ၂၂ နှစ်သားက အသင်းရဲ့ တိုက်စစ်လိုက်ပါမှုမှာရော ကွင်းယ်ကစားပုံမှာပါ အန်ဂိုလို ကွန်တေနည်းတူ တူဟယ်လ်ရဲ့ အားအကိုးရဆုံး ကစားသမားဖြစ်ပြီး ရီးရဲလ်နဲ့ ၂ ကျော့စလုံးမှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းတွေအရ ချယ်လ်ဆီးသာ ချန်ပီယံလိဂ်ချန်ပီယံ ဖြစ်လာစေခဲ့ရင် ချွင်းချက်မရှိ PFA လူငယ်ဆုက သူ့အတွက်ဖြစ်လာမှာပါ။

၃။ မားကပ်စ် ရက်ရှ်ဖို့ဒ်
၂၃ နှစ်သား ပရီးမီးယားလိဂ် ဂိုး ၅ဝ ပြည့်မြောက်ခဲ့သလို ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲ ၅၀ ကျော်ကစားပြီး ဂိုး ၂၀ သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားတာက ဗာဒီနဲ့ စံချိန်တူနေတာကို တွေ့ရတယ်။ မန်ချက်စတာယူနိုက်တက်မှာ အထောင်တိုက်စစ်မှူးအဖြစ်သာမက စွယ်စုံရ ကစားသမားအဖြစ် တာဝန်အရပ်ရပ်ကို ယူထားနိုင်တာကလည်း ဆိုးလ်ရှားရဲ့ ကိုးစားစရာအချက်တခုဖြစ်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အရန်ခုံကနေထပြီး လိုက်ပ်ဇစ်ကို ဟက်ထရစ်သွင်းယူခဲ့တဲ့ စွမ်းဆောင်ရည်က အသိအမှတ်ပြုရမှာပါ။

၄။ ဖီးလ် ဖိုဒန်
မန်စီးတီးရဲ့ Homegrown စစ်စစ် အကယ်ဒမီထွက် လူငယ်ကွင်းလယ်လူဖြစ်သလို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနာဂတ်သစ်အဖြစ် မျှော်မှန်းခံထားရတဲ့ ဖိုဒန်က အရွယ်နဲ့မမျှအောင်ကို အသက် ၂၀ အရွယ်မှာ ပရီးမီးယားလိဂ်ဖလား ၃ လုံးဆွတ်ခူးထားသူပါ။ လက်ရှိမှာ မန်စီးတီးရဲ့ ဖလား ၃ လုံးအိပ်မက်အတွက် ​ခြေတလှမ်းအလိုကို ရောက်ရှိနေသလို ဂွါဒီယိုလာ လိုချင်သလို နည်းစနစ်ပိုင်းကျေညက်ပြီး နိုင်ပွဲဆာလောင်မွတ်သိပ်မှုက အထင်းသား မြင်ရစေပြီး ချယ်လ်ဆီးက မောင့်ကိို ကျော်ဖြတ်ရင်း ချန်ပီယံလိဂ်သရဖူဆောင်းခဲ့မယ်ဆိုရင်တော့ အငြင်းပွားဖွယ်ရာမရှိ ဒီဆုက သူ့အတွက်ဖြစ်လာမှာပါ။

၅။ ရူဘင် ဒီယက်စ်
အသင်းသစ်မှာ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ ပေါ်တူဂီခံစစ်မှူးရဲ့ ပြောင်မြောက်မှုက တိုက်စစ်ထက်သလောက် ခံစစ်ပေါက်လွန်းပါတယ်ဆိုတဲ့ တသင်းလုံးရဲ့ အားနည်ချက်ကို အပြည့်အဝ ကွက်လပ်ဖြည့်သွားခဲ့သလို စီးတီးတို့ကို ဖလား ၂ လုံးအထိ ဆွတ်ခူးစေခဲ့ပြီးဖြစ်တယ်။ ပရီးမီးယားလိဂ်နဲ့ လွယ်လင့်တကူ အံဝင်သွားခဲ့တဲ့ ပေါ်တူဂီသားဟာ ကြံ့ခိုင်မှုအသားပေးတဲ့ အင်္ဂလန်မှာ ရုန်းကန်ရမှုအစဥ်အလာတွေနဲ့ ကင်းလွတ်ခဲ့ပြီး ပွဲထွက်ကစားခဲ့တဲ့ ပွဲ ၃၀ မှာ ၅၀ ရာနှုန်းနီးပါးအထိ Clean Sheet ရယူခဲ့ခြင်းနဲ့အတူ ရာသီကုန်မှာ ဖလား ၃ လုံးသိမ်းနိုင်ခဲ့မယ်ဆိုရင် PFA တနှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုက သူမှတပါး အခြားမရှိပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၃၆ ကို စတင္ကစားေနၾကၿပီျဖစ္ၿပီး ရာသီသိမ္းဖို႔အတြက္ ရလဒ္ေတြ ထြက္ေပၚတဲ့အသင္းေတြက ထြက္ေပၚေနၿပီး တခ်ိဳ႕ကေတာ့ ဥေရာပအတြက္ ႀကိဳးစားေနဆဲ ရွိၾကခ်ိန္မွာ အားလုံး စိတ္ဝင္စားမယ့္ အေၾကာင္းကေတာ့ ဒီရက္ပိုင္းအတြင္းမွာ ထြက္ေပၚလာခဲ့ပါတယ္။

ဒါကေတာ့ ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံးဆုေတြထဲက PFA အေကာင္းဆုံး လူငယ္ကစားဆုပဲျဖစ္ၿပီး သူတို႔ရဲ႕ သတ္မွတ္ခ်က္အရ လူငယ္ဆိုတာ အသက္ ၂၄ ႏွစ္အ႐ြယ္အထိ အႀကဳံးဝင္ခ်ိန္မွာ တစ္ရာသီစာ စြမ္းေဆာင္ရည္ေတြအရ ဘယ္ကစားသမားက ရယူသြားႏိုင္မလဲဆိုတာနဲ႔ အနီးစပ္ဆုံးျဖစ္ႏိုင္သူေတြကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၁။ ဟာဗီ ဘန္းစ္
လက္စတာအသင္းရဲ႕ အဓိကတိုက္စစ္ၿခိမ္းေျခာက္မႈအျဖစ္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အသုံးေတာ္ခံခဲ့တဲ့ ဘန္းစ္က ဒီရာသီ ၂၅ ပြဲကစားၿပီး ၉ ဂိုးသြင္း ၄ ဂိုးဖန္တီးခဲ့သူပါ။ လက္စတာကို ဥေရာပအဆင့္အထိ တန္းဝင္ေစခဲ့တဲ့ စြမ္းေဆာရည္မ်ိဳးျဖစ္တယ္။ ဒဏ္ရာေၾကာင့္ သူမပါဝင္ႏိုင္ေတာ့တဲ့ ေဖေဖာ္ဝါရီေနာက္ပိုင္းမွာလည္း ေျမ​ေခြးႀကီးေတြက အဆင့္ ၄ တေနရာကို ႀကီးစိုးေနဆဲျဖစ္တာကို ေတြ႕ရတယ္။

၂။ ေမဆန္ေမာင့္
ေျပာရရင္ေတာ့ ခ်ယ္လ္ဆီးအကယ္ဒမီရဲ႕ အျမင့္ဆုံးအဆင့္ ျဖစ္လာခဲ့တံ့ ေမာင့္က အျပာေရာင္လန္ဒန္တို႔ဆီမွာ ဇီးယက္ရွ္၊ ဟာဗတ္ဇ္နဲ႔ ဗာနာတို႔ကို ေက်ာ္ျဖတ္ၿပီး ပုံမွန္ပြဲထြက္ခြင့္တေနရာကို တူဟယ္ဆီက တိုက္ယူထားသူျဖစ္တယ္။ ၂၂ ႏွစ္သားက အသင္းရဲ႕ တိုက္စစ္လိုက္ပါမႈမွာေရာ ကြင္းယ္ကစားပုံမွာပါ အန္ဂိုလို ကြန္ေတနည္းတူ တူဟယ္လ္ရဲ႕ အားအကိုးရဆုံး ကစားသမားျဖစ္ၿပီး ရီးရဲလ္နဲ႔ ၂ ေက်ာ့စလုံးမွာ ျပသခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းေတြအရ ခ်ယ္လ္ဆီးသာ ခ်န္ပီယံလိဂ္ခ်န္ပီယံ ျဖစ္လာေစခဲ့ရင္ ခြၽင္းခ်က္မရွိ PFA လူငယ္ဆုက သူ႔အတြက္ျဖစ္လာမွာပါ။

၃။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္
၂၃ ႏွစ္သား ပရီးမီးယားလိဂ္ ဂိုး ၅ဝ ျပည့္ေျမာက္ခဲ့သလို ဒီရာသီမွာ ယူႏိုက္တက္အတြက္ ပြဲ ၅၀ ေက်ာ္ကစားၿပီး ဂိုး ၂၀ သြင္းယူထားၿပီး ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ထားတာက ဗာဒီနဲ႔ စံခ်ိန္တူေနတာကို ေတြ႕ရတယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ အေထာင္တိုက္စစ္မႉးအျဖစ္သာမက စြယ္စုံရ ကစားသမားအျဖစ္ တာဝန္အရပ္ရပ္ကို ယူထားႏိုင္တာကလည္း ဆိုးလ္ရွားရဲ႕ ကိုးစားစရာအခ်က္တခုျဖစ္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း အရန္ခုံကေနထၿပီး လိုက္ပ္ဇစ္ကို ဟက္ထရစ္သြင္းယူခဲ့တဲ့ စြမ္းေဆာင္ရည္က အသိအမွတ္ျပဳရမွာပါ။

၄။ ဖီးလ္ ဖိုဒန္
မန္စီးတီးရဲ႕ Homegrown စစ္စစ္ အကယ္ဒမီထြက္ လူငယ္ကြင္းလယ္လူျဖစ္သလို အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ အနာဂတ္သစ္အျဖစ္ ေမွ်ာ္မွန္းခံထားရတဲ့ ဖိုဒန္က အ႐ြယ္နဲ႔မမွ်ေအာင္ကို အသက္ ၂၀ အ႐ြယ္မွာ ပရီးမီးယားလိဂ္ဖလား ၃ လုံးဆြတ္ခူးထားသူပါ။ လက္ရွိမွာ မန္စီးတီးရဲ႕ ဖလား ၃ လုံးအိပ္မက္အတြက္ ​ေျခတလွမ္းအလိုကို ေရာက္ရွိေနသလို ဂြါဒီယိုလာ လိုခ်င္သလို နည္းစနစ္ပိုင္းေက်ညက္ၿပီး ႏိုင္ပြဲဆာေလာင္မြတ္သိပ္မႈက အထင္းသား ျမင္ရေစၿပီး ခ်ယ္လ္ဆီးက ေမာင့္ကိို ေက်ာ္ျဖတ္ရင္း ခ်န္ပီယံလိဂ္သရဖူေဆာင္းခဲ့မယ္ဆိုရင္ေတာ့ အျငင္းပြားဖြယ္ရာမရွိ ဒီဆုက သူ႔အတြက္ျဖစ္လာမွာပါ။

၅။ ႐ူဘင္ ဒီယက္စ္
အသင္းသစ္မွာ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္းဆိုသလိုပဲ ေပၚတူဂီခံစစ္မႉးရဲ႕ ေျပာင္ေျမာက္မႈက တိုက္စစ္ထက္သေလာက္ ခံစစ္ေပါက္လြန္းပါတယ္ဆိုတဲ့ တသင္းလုံးရဲ႕ အားနည္ခ်က္ကို အျပည့္အဝ ကြက္လပ္ျဖည့္သြားခဲ့သလို စီးတီးတို႔ကို ဖလား ၂ လုံးအထိ ဆြတ္ခူးေစခဲ့ၿပီးျဖစ္တယ္။ ပရီးမီးယားလိဂ္နဲ႔ လြယ္လင့္တကူ အံဝင္သြားခဲ့တဲ့ ေပၚတူဂီသားဟာ ႀကံ့ခိုင္မႈအသားေပးတဲ့ အဂၤလန္မွာ ႐ုန္းကန္ရမႈအစဥ္အလာေတြနဲ႔ ကင္းလြတ္ခဲ့ၿပီး ပြဲထြက္ကစားခဲ့တဲ့ ပြဲ ၃၀ မွာ ၅၀ ရာႏႈန္းနီးပါးအထိ Clean Sheet ရယူခဲ့ျခင္းနဲ႔အတူ ရာသီကုန္မွာ ဖလား ၃ လုံးသိမ္းႏိုင္ခဲ့မယ္ဆိုရင္ PFA တႏွစ္တာအေကာင္းဆုံး လူငယ္ကစားသမားဆုက သူမွတပါး အျခားမရွိပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.