Premier League Transfer News

15 May နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျေဒန် ဆန်ချိုအတွက် ရနိုင်သမျှ အချက်အလက်တွေကို စုဆောင်းနေပြီး သူ့ကို ဒေါ့မွန်ဆီကနေ ဘယ်လောက် လျှော့ဈေးနဲ့ ခေါ်ယူနိုင်မလဲဆိုတာကို ကြိုးစားနေသလို ပေါင်သန်း ၅၀ ကျော် ပမာဏနဲ့ ရရှိနိုင်မယ်လို့ မျှော်လင့်နေ။

– ယူနိုက်တက်တို့အတွက် ပွဲတော်တော်များများ ပုံမှန်ကစားခွင့် ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ်ကို ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ တီတီက ပြန်လည်ရွေးချယ်လိုက်ပြီး ၂၀၁၈ ခုနှစ်ကတည်းက ဝေးကွာနေတဲ့ နိုင်ငံ့ကိုယ်စားပြုခွင့်ကို အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုကောင်းနဲ့အတူ ရယူနိုင်ခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လာမယ့်နွေရာသီ အားဖြည့်မှုတစ်ရပ်အဖြစ် ရှုမြင်ထားတဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပေါ်တောရက်စ်အနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ တွေ့ဆုံနေမှုမှာ ခြေစွမ်းပြသပြီး ခေါ်ယူဖို့ ထိုက်တန်ကြောင်း ပြသနိုင်မှာလား၊ ဒါမှမဟုတ် ပရိသတ်တွေအတွက် နာကျင်စရာတွေ ပေးမှာလား စိတ်ဝင်စားစရာဖြစ်လာနေ။

– အိုးလ်ထရက်ဖို့ဒ်မှာ လာမယ့် အင်္ဂါနေ့ညမှာ ကစားရမယ့် ဖူလ်ဟမ်နဲ့ပွဲစဉ်ကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ တက်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ဗြိတိန်အစိုးရရဲ့ ကန့်သတ်ချက်တွေကို ဖြေလျော့မှုအရ လူဦးရေ တစ်သောင်းကို ကွင်းထဲ ဝင်ရောက်ခွင့်ပြုဖွယ်ရှိနေ။

– ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို နယူးကာဆယ်လ်ယူနိုက်တက်နည်းပြ စတိဗ် ဘရုစ်က ရရှိသွားခဲ့တဲ့အပေါ် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက လက်မခံနိုင်ဘဲဖြစ်နေကြပြီး အိုလီဂန်နာ ဆိုးလ်ရှားအတွက် ရသင့်တဲ့ဆုကို ဓားပြတိုက်ခံခဲ့ရတယ်လို့ ပေါက်ကွဲနေကြ။

– နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုလက်ထက်တုန်းက အက်ဒ် ဝုဒ်ဝဒ်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ပေါ်တူဂီသားကြီးက ငြင်းပယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ခံစစ်မှူး ရာဖေးလ် ဗာရွန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး နွေရာသီမှာ စပိန်ကလပ်ဘက်က အလိုရှိနေတဲ့ ပေါင်သန်း ၆၀ ထက် လျော့နည်းပြီး ရရှိနိုင်ဖို့ပဲ ကြိုးစားရဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ရဲ့ ဧပြီလတစ်လတာ အကောင်းဆုံးကစားသမားဆုနဲ့ အလှပဆုံးသွင်းဂိုးဆုတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ရဲ့ အိုးလ်ထရက်ဖို့ဒ် အနာဂတ်က ပြန်လည်စဉ်းစားစရာဖြစ်နေခဲ့ပေမယ့် ရောင်းချမယ်ဆိုရင်လည်း လက်ရှိခြေစွမ်းအရ ပြောင်းရွှေ့ကြေး ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း သိရ။

– ဖူလ်ဟမ်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ လက်စတာနဲ့ လီဗာပူးလ်ပွဲစဉ်တွေကို ဆက်တိုက်ကစားထားတဲ့ အဲရစ် ဘိုင်လီကို အိတ်ဇယ်လ် တွမ်ဇီဘီနဲ့ အစားထိုး အနားပေးသွားဖွယ်ရှိပြီး မက်တော်မီနေးရဲ့ နေရာမှာလည်း မာတစ်ချ်ကို ပွဲထွက်ခိုင်းဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီ အစီအစဉ်ဖြစ်တဲ့ ကွင်းလယ်အဖျက်ကစားသမားကောင်းတစ်ဦး ခေါ်ယူရေးမှာ ကစားသမား ငါးဦးအထိ ပစ်မှတ်ထားနေပြီး ဒက်ကလန် ရိုက်စ်(ဝက်စ်ဟမ်း)၊ အိဗ်စ် ဘီဆူးမား(ဘရိုက်တန်)၊ အေဒူယာဒို ကာမာဗင်ဂါ(ရင်းနေး)၊ ဝီလ်ဖရီးဒ် အန်ဒီဒီ(လက်စတာ)နဲ့ ဇမ်ဘို အန်ဂီးဆာ(ဖူလ်ဟမ်)တို့ကို စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳအတြက္ ရႏိုင္သမွ် အခ်က္အလက္ေတြကို စုေဆာင္းေနၿပီး သူ႔ကို ေဒါ့မြန္ဆီကေန ဘယ္ေလာက္ ေလွ်ာ့ေဈးနဲ႔ ေခၚယူႏိုင္မလဲဆိုတာကို ႀကိဳးစားေနသလို ေပါင္သန္း ၅၀ ေက်ာ္ ပမာဏနဲ႔ ရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ေန။

– ယူႏိုက္တက္တို႔အတြက္ ပြဲေတာ္ေတာ္မ်ားမ်ား ပုံမွန္ကစားခြင့္ ရွိလာခဲ့တဲ့ ကြင္းလယ္လူ ဖရက္ဒ္ကို ဘရာဇီးလ္လက္ေ႐ြးစင္အသင္းနည္းျပ တီတီက ျပန္လည္ေ႐ြးခ်ယ္လိုက္ၿပီး ၂၀၁၈ ခုႏွစ္ကတည္းက ေဝးကြာေနတဲ့ ႏိုင္ငံ့ကိုယ္စားျပဳခြင့္ကို အသင္းရဲ႕ အမွတ္ေပးဇယားရပ္တည္မႈေကာင္းနဲ႔အတူ ရယူႏိုင္ခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လာမယ့္ေႏြရာသီ အားျဖည့္မႈတစ္ရပ္အျဖစ္ ရႈျမင္ထားတဲ့ ဗီလာရီးရဲလ္ေနာက္ခံလူ ေပၚေတာရက္စ္အေနနဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ ေတြ႕ဆုံေနမႈမွာ ေျခစြမ္းျပသၿပီး ေခၚယူဖို႔ ထိုက္တန္ေၾကာင္း ျပသႏိုင္မွာလား၊ ဒါမွမဟုတ္ ပရိသတ္ေတြအတြက္ နာက်င္စရာေတြ ေပးမွာလား စိတ္ဝင္စားစရာျဖစ္လာေန။

– အိုးလ္ထရက္ဖို႔ဒ္မွာ လာမယ့္ အဂၤါေန႔ညမွာ ကစားရမယ့္ ဖူလ္ဟမ္နဲ႔ပြဲစဥ္ကို မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ တက္ေရာက္ၾကည့္ရႈခြင့္ရမွာျဖစ္ၿပီး ၿဗိတိန္အစိုးရရဲ႕ ကန႔္သတ္ခ်က္ေတြကို ေျဖေလ်ာ့မႈအရ လူဦးေရ တစ္ေသာင္းကို ကြင္းထဲ ဝင္ေရာက္ခြင့္ျပဳဖြယ္ရွိေန။

– ဧၿပီလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးနည္းျပဆုကို နယူးကာဆယ္လ္ယူႏိုက္တက္နည္းျပ စတိဗ္ ဘ႐ုစ္က ရရွိသြားခဲ့တဲ့အေပၚ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက လက္မခံႏိုင္ဘဲျဖစ္ေနၾကၿပီး အိုလီဂန္နာ ဆိုးလ္ရွားအတြက္ ရသင့္တဲ့ဆုကို ဓားျပတိုက္ခံခဲ့ရတယ္လို႔ ေပါက္ကြဲေနၾက။

– နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳလက္ထက္တုန္းက အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ ပစ္မွတ္ျဖစ္ခဲ့ၿပီး ေပၚတူဂီသားႀကီးက ျငင္းပယ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ေႏြရာသီမွာ စပိန္ကလပ္ဘက္က အလိုရွိေနတဲ့ ေပါင္သန္း ၆၀ ထက္ ေလ်ာ့နည္းၿပီး ရရွိႏိုင္ဖို႔ပဲ ႀကိဳးစားရဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ရဲ႕ ဧၿပီလတစ္လတာ အေကာင္းဆုံးကစားသမားဆုနဲ႔ အလွပဆုံးသြင္းဂိုးဆုေတြကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ အနာဂတ္က ျပန္လည္စဥ္းစားစရာျဖစ္ေနခဲ့ေပမယ့္ ေရာင္းခ်မယ္ဆိုရင္လည္း လက္ရွိေျခစြမ္းအရ ေျပာင္းေ႐ႊ႕ေၾကး ပိုမိုရရွိႏိုင္မွာျဖစ္ေၾကာင္း သိရ။

– ဖူလ္ဟမ္နဲ႔ အိမ္ကြင္းမွာ ရင္ဆိုင္ရမယ့္ ပြဲစဥ္အတြက္ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ လက္စတာနဲ႔ လီဗာပူးလ္ပြဲစဥ္ေတြကို ဆက္တိုက္ကစားထားတဲ့ အဲရစ္ ဘိုင္လီကို အိတ္ဇယ္လ္ တြမ္ဇီဘီနဲ႔ အစားထိုး အနားေပးသြားဖြယ္ရွိၿပီး မက္ေတာ္မီေနးရဲ႕ ေနရာမွာလည္း မာတစ္ခ်္ကို ပြဲထြက္ခိုင္းဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေႏြရာသီ အစီအစဥ္ျဖစ္တဲ့ ကြင္းလယ္အဖ်က္ကစားသမားေကာင္းတစ္ဦး ေခၚယူေရးမွာ ကစားသမား ငါးဦးအထိ ပစ္မွတ္ထားေနၿပီး ဒက္ကလန္ ႐ိုက္စ္(ဝက္စ္ဟမ္း)၊ အိဗ္စ္ ဘီဆူးမား(ဘ႐ိုက္တန္)၊ ေအဒူယာဒို ကာမာဗင္ဂါ(ရင္းေနး)၊ ဝီလ္ဖရီးဒ္ အန္ဒီဒီ(လက္စတာ)နဲ႔ ဇမ္ဘို အန္ဂီးဆာ(ဖူလ္ဟမ္)တို႔ကို ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.