Premier League

15 May ချဲလ်ဆီးအသင်း၏ နောက်ဆုံးရ FA ဖလားဖိုင်နယ် သတင်းများစုစည်းမှု

FA ဖိုင်နယ်ပွဲမကစားခင်မှာ တရားထိုင်ရမယ်လို့ ချယ်လ်ဆီးနည်းပြတူဟယ်လ်က ပြောကြားခဲ့ပြီး စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ဖို့အတွက် ဒီနေ့မနက်မှာ မိနစ် ၂၀ လောက် တရားထိုင်ပြီး ရှုသွင်းရှုထုတ်မှတ်ကာ စိတ်ငြိမ်အောင် ထိန်းသွားမှာဖြစ်ကြောင်းထုတ်ဖော်ခဲ့သလို ဖလားရခဲ့ရင်တော့ အသင်းကို ယမကာသောက်ချိန်ပေးသွားမယ်လို့ဆို။

လက်စတာနဲ့ကစားမယ့် FA ဗိုလ်လုပွဲဟာ တူဟယ်လ်အတွက် ဓားသွားပေါ်လျှောက်ရမယ့်ခရီး ဖြစ်လာလိမ့်မယ်လို့ ပေါလ်မာဆန်သတိပေးခဲ့ပြီး အာဆင်နယ်နဲ့ရှုံးပွဲကလို လူထုတ်ပုံအမှားမျိုး ထပ်မံလုပ်ဆောင်မယ်ဆိုရင်တော့ သေချာပေါက် ကျဆုံးသွားမယ်လို့ အမှာစကားပါးလိုက်။

ဒီနေ့ညကစားမယ့် ဝင်ဘေလေကွင်းက FA ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်း ပွဲထုတ်သင့်တဲ့လူစာရင်းကို ပရိသတ်တွေက ရွေးချယ်ပေးခဲ့ကြပြီး ဒီထဲမှာ ဂိုးသမားမန်ဒီကို ပွဲထွက်စေလိုကြောင်း ဆန္ဒပြုခဲ့သလို ပူလီရှစ်ချ်အစား ခိုင်ဟာဗတ်ဇ်ကို ကစားခိုင်းဖို့ တောင်းဆိုထားပြီး ခံစစ်မှာတော့ ရူဒီဂါ၊ ကွင်းလယ်မှာ ကွန်တေနဲ့ တိုက်စစ်မှာ မောင့်တို့ကို ပရိသတ်တွေအလိုလားဆုံးဖြစ်နေ။

တူဟယ်လ်လက်ထဲက ချယ်လ်ဆီးဟာ လမ်းပတ်နည်းပြခဲ့စဉ်က နဖူးတောက်ပြီး ကန်လို့ရတဲ့အသင်းမျိုး မဟုတ်တော့ဘူးလို့ လက်စတာဗဟိုခံစစ်မှူးဂျွန်နီ အီဗန်စ်က သူ့အသင်းကို သတိပေးသွားခဲ့ပြီး ခံစစ်လုံလွန်းတဲ့ တူဟယ်လ်ရဲ့နည်းဗျူဟာကို ခဲရာခဲဆစ် ချိုးဖျက်ရမှာဖြစ်ကြောင်းပြောကြား။

ဒီနေ့ညပွဲမှာ ဝင်ကစားဖို့ ချယ်လ်ဆီးရဲ့လူအင်အားအဖြစ် ကိုဗာချစ်နဲ့ ခရစ္စတန်ဆန်တို့ ပြန်လည်ကြံ့ခိုင်လာပြီဖြစ်တယ်လို့ နည်းပြတူဟယ်လ်က အတည်ပြုလာခဲ့ပြီး ကွန်တေ သေချာပေါက်ဝင်ကစားနိုင်မယ်လို့ အာမခံခဲ့သလို ကိုဗာချစ်နဲ့ ကွန်တေတို့ ၂ ဦးစလုံးလွဲချော်ခဲ့တဲ့ အာဆင်နယ်ပွဲက အရှုံးမျိုးမဖြစ်စေရဘူးလို့ ကတိပေးသွား။

အာဆင်နယ်ကစားသမားဟောင်းကြီး မာတင် ကီယွန် ဒီနေ့ည FA ဖလားကို အဆုံးအဖြတ်ပေးသွားမယ့် တဦးတည်းသောကြယ်ပွင့်က ချယ်လ်ဆီးအသင်းရဲ့ အန်ဂိုလို ကွန်တေဖြစ်တယ်လို့ အတပ်ဟောသွားခဲ့ပြီး အင်ဂျင်နှစ်လုံးတပ်ထားသလို ကစားနေတဲ့ ပြင်သစ်သားဟာ တိုက်ပွဲတိုင်းကို အောင်နိုင်စေတဲ့ စစ်သူကြီးဖြစ်ကြောင်းချီးကျူး။

ပွဲကြီးတွေမှတိုးတဲ့ ဟာကင်းမ် ဇီးယက်ရှ်နဲ့ ဗာနာအတွဲကို ဝင်ဘလေညမှာ မဖြစ်မနေမြင်လိုတယ်လို့ တူဟယ်လ်တိုက်တွန်းခံထားရပြီး ရွေးချယ်စရာလူစာရင်းထဲမှာ တိုက်စစ်အတွက် အတော်လေးအကျပ်ရိုက်ဖို့ရှိနေပေမယ့် နည်းပြအတွက်တော့ ကြိုတင်ဆုံးဖြတ်ပြီးသား လူထုတ်ပုံကိုသာ အခိုင်အမာပွဲထွက်လာမှာဖြစ်။

လက်စတာနည်းပြရော့ဂျားစ်ဟာ ၂၀၁၈ ခုနှစ်က လေယာဉ်ပျက်ကျမှုကြောင့် ဆုံးပါးသွားခဲ့တဲ့ အသင်းပိုင်ရှင်ဟောင်း Vichai Srivaddhanaprabha အတွက်ရည်စူးပြီး FA ဖလားကို ကိုင်မြှောက်သွားဖို့ ဆန္ဒပြင်းပြနေတာဖြစ်ကြောင်း သိရသလို သူ့ရဲ့ဝိဉာဉ်ဟာ ဒီနေ့အထိ လက်စတာနဲ့အသင်းနဲ့အတူရှိနေတယ်လို့ ပြောကြားခဲ့။

ဒီနေ့ညပွဲမှာ လက်စတာအသင်းဟာ ချယ်လ်ဆီးကို တန်ပြန်တိုက်စစ်ကနေတဆင့် ကောင်းကောင်းကြီးဒုက္ခပေးမယ်လို့ ဂျာမိန်း ဂျီးနပ်စ်က ပြောကြားသွားခဲ့သလို လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ခံစစ် ၂ ဦးဖြစ်တဲ့ အန်ဂိုလို ကွန်တေနဲ့ အန်ဒီဒီတို့ရဲ့ တိုက်ပွဲက အထူးတလည် စောင့်ကြည့်ချင်စရာကောင်းနေကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

FA ဖိုင္နယ္ပြဲမကစားခင္မွာ တရားထိုင္ရမယ္လို႔ ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္က ေျပာၾကားခဲ့ၿပီး စိတ္လႈပ္ရွားမႈကို ေျဖေဖ်ာက္ဖို႔အတြက္ ဒီေန႔မနက္မွာ မိနစ္ ၂၀ ေလာက္ တရားထိုင္ၿပီး ရႈသြင္းရႈထုတ္မွတ္ကာ စိတ္ၿငိမ္ေအာင္ ထိန္းသြားမွာျဖစ္ေၾကာင္းထုတ္ေဖာ္ခဲ့သလို ဖလားရခဲ့ရင္ေတာ့ အသင္းကို ယမကာေသာက္ခ်ိန္ေပးသြားမယ္လို႔ဆို။

လက္စတာနဲ႔ကစားမယ့္ FA ဗိုလ္လုပြဲဟာ တူဟယ္လ္အတြက္ ဓားသြားေပၚေလွ်ာက္ရမယ့္ခရီး ျဖစ္လာလိမ့္မယ္လို႔ ေပါလ္မာဆန္သတိေပးခဲ့ၿပီး အာဆင္နယ္နဲ႔ရႈံးပြဲကလို လူထုတ္ပုံအမွားမ်ိဳး ထပ္မံလုပ္ေဆာင္မယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ က်ဆုံးသြားမယ္လို႔ အမွာစကားပါးလိုက္။

ဒီေန႔ညကစားမယ့္ ဝင္ေဘေလကြင္းက FA ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးအသင္း ပြဲထုတ္သင့္တဲ့လူစာရင္းကို ပရိသတ္ေတြက ေ႐ြးခ်ယ္ေပးခဲ့ၾကၿပီး ဒီထဲမွာ ဂိုးသမားမန္ဒီကို ပြဲထြက္ေစလိုေၾကာင္း ဆႏၵျပဳခဲ့သလို ပူလီရွစ္ခ်္အစား ခိုင္ဟာဗတ္ဇ္ကို ကစားခိုင္းဖို႔ ေတာင္းဆိုထားၿပီး ခံစစ္မွာေတာ့ ႐ူဒီဂါ၊ ကြင္းလယ္မွာ ကြန္ေတနဲ႔ တိုက္စစ္မွာ ေမာင့္တို႔ကို ပရိသတ္ေတြအလိုလားဆုံးျဖစ္ေန။

တူဟယ္လ္လက္ထဲက ခ်ယ္လ္ဆီးဟာ လမ္းပတ္နည္းျပခဲ့စဥ္က နဖူးေတာက္ၿပီး ကန္လို႔ရတဲ့အသင္းမ်ိဳး မဟုတ္ေတာ့ဘူးလို႔ လက္စတာဗဟိုခံစစ္မႉးဂြၽန္နီ အီဗန္စ္က သူ႔အသင္းကို သတိေပးသြားခဲ့ၿပီး ခံစစ္လုံလြန္းတဲ့ တူဟယ္လ္ရဲ႕နည္းဗ်ဴဟာကို ခဲရာခဲဆစ္ ခ်ိဳးဖ်က္ရမွာျဖစ္ေၾကာင္းေျပာၾကား။

ဒီေန႔ညပြဲမွာ ဝင္ကစားဖို႔ ခ်ယ္လ္ဆီးရဲ႕လူအင္အားအျဖစ္ ကိုဗာခ်စ္နဲ႔ ခရစၥတန္ဆန္တို႔ ျပန္လည္ႀကံ့ခိုင္လာၿပီျဖစ္တယ္လို႔ နည္းျပတူဟယ္လ္က အတည္ျပဳလာခဲ့ၿပီး ကြန္ေတ ေသခ်ာေပါက္ဝင္ကစားႏိုင္မယ္လို႔ အာမခံခဲ့သလို ကိုဗာခ်စ္နဲ႔ ကြန္ေတတို႔ ၂ ဦးစလုံးလြဲေခ်ာ္ခဲ့တဲ့ အာဆင္နယ္ပြဲက အရႈံးမ်ိဳးမျဖစ္ေစရဘူးလို႔ ကတိေပးသြား။

အာဆင္နယ္ကစားသမားေဟာင္းႀကီး မာတင္ ကီယြန္ ဒီေန႔ည FA ဖလားကို အဆုံးအျဖတ္ေပးသြားမယ့္ တဦးတည္းေသာၾကယ္ပြင့္က ခ်ယ္လ္ဆီးအသင္းရဲ႕ အန္ဂိုလို ကြန္ေတျဖစ္တယ္လို႔ အတပ္ေဟာသြားခဲ့ၿပီး အင္ဂ်င္ႏွစ္လုံးတပ္ထားသလို ကစားေနတဲ့ ျပင္သစ္သားဟာ တိုက္ပြဲတိုင္းကို ေအာင္ႏိုင္ေစတဲ့ စစ္သူႀကီးျဖစ္ေၾကာင္းခ်ီးက်ဴး။

ပြဲႀကီးေတြမွတိုးတဲ့ ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ဗာနာအတြဲကို ဝင္ဘေလညမွာ မျဖစ္မေနျမင္လိုတယ္လို႔ တူဟယ္လ္တိုက္တြန္းခံထားရၿပီး ေ႐ြးခ်ယ္စရာလူစာရင္းထဲမွာ တိုက္စစ္အတြက္ အေတာ္ေလးအက်ပ္႐ိုက္ဖို႔ရွိေနေပမယ့္ နည္းျပအတြက္ေတာ့ ႀကိဳတင္ဆုံးျဖတ္ၿပီးသား လူထုတ္ပုံကိုသာ အခိုင္အမာပြဲထြက္လာမွာျဖစ္။

လက္စတာနည္းျပေရာ့ဂ်ားစ္ဟာ ၂၀၁၈ ခုႏွစ္က ေလယာဥ္ပ်က္က်မႈေၾကာင့္ ဆုံးပါးသြားခဲ့တဲ့ အသင္းပိုင္ရွင္ေဟာင္း Vichai Srivaddhanaprabha အတြက္ရည္စူးၿပီး FA ဖလားကို ကိုင္ေျမႇာက္သြားဖို႔ ဆႏၵျပင္းျပေနတာျဖစ္ေၾကာင္း သိရသလို သူ႔ရဲ႕ဝိဉာဥ္ဟာ ဒီေန႔အထိ လက္စတာနဲ႔အသင္းနဲ႔အတူရွိေနတယ္လို႔ ေျပာၾကားခဲ့။

ဒီေန႔ညပြဲမွာ လက္စတာအသင္းဟာ ခ်ယ္လ္ဆီးကို တန္ျပန္တိုက္စစ္ကေနတဆင့္ ေကာင္းေကာင္းႀကီးဒုကၡေပးမယ္လို႔ ဂ်ာမိန္း ဂ်ီးနပ္စ္က ေျပာၾကားသြားခဲ့သလို လက္ရွိပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကြင္းလယ္ခံစစ္ ၂ ဦးျဖစ္တဲ့ အန္ဂိုလို ကြန္ေတနဲ႔ အန္ဒီဒီတို႔ရဲ႕ တိုက္ပြဲက အထူးတလည္ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနေၾကာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.