Premier League

အင်္ဂလန်မှာ ပထမဆုံးစံချိန်သစ်တင်ခဲ့တဲ့ EPLချန်ပီယံ- ကာဆယ် 3:4 မန်စီးတီး ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

တဒါဇင်မှတ်တမ်းရေးထိုးလိုက်ပြန်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံ
ငှက်ကျားတို့ကို ဂိုးပေါင်း ၇ ဂိုးနဲ့ အဝေးကွင်းမှာ ဖြိုချခဲ့တဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ လလယ်ပိုင်းက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ယူခဲ့ရာကနေ စတင်လို့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲဆက် အနိုင်ရထားခဲ့ရာကနေ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း ၁၂ ပွဲဆက် အနိုင်ရတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

၅ ပွဲ ၅ ဂိုးသွင်းပြီး ရေးယက်စ်ခြေရာနင်းခဲ့တဲ့ ဂျိုး ဝီလော့ခ်
အာဆင်နယ်အသင်းကနေ ဒီဇန်နဝါရီမှာ နယူးကာဆယ်ကို အငှားချထားခဲ့တဲ့ တိုက်စစ်မှူး ဂျိုးဝီလော့ခ်ကတော့ သူ့အလုပ်သူလုပ်သွားခဲ့တာကို တွေ့ရပြီး မန်စီးတီးလို အသင်းကြီးနဲ့ပွဲမှာ ကြယ်တပွင့်လို တောက်ပခဲ့သလို သူ့ကြောင်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်အဆုံးသတ်နိုင်ခဲ့ပါတယ်။

ငှက်ကျားတို့အတွက် အငယ်ရွယ်ဆုံးနဲ့ ၂၁ နှစ်သားဟာ နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသွင်းယူသူဖြစ်လာခဲ့တာက ၂၀၀၄ ခုနှစ်က အာဆင်နယ်တိုက်စစ်မှူးဟောင်း ရေးယက်စ်ရဲ့ခြေရာကိုလည်း နင်းသွားခဲ့တာပါ။

အရန်တွေနဲ့ မျက်နှာမလန်းခဲ့တဲ့ ပပ်
ဥရောပထိပ်သီးအသင်းကြီးတွေထဲမှာ အတောင့်တင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ပပ်က ဒီနေ့ပွဲမှာတော့ အရန်တွေကို ဦးစားပေးပွဲထုတ်လာခဲ့တယ်။ ၁၁ နှစ်အတွင်း ပထမဆုံးအသင်းကြီးပွဲထွက်ခွင့်ရခဲ့တဲ့ မန်စီးတီးဂိုးသမားစကော့ ကာဆန်ရဲ့ဖြစ်ရပ်ကလည်း မှတ်မှတ်ရရဖြစ်ခဲ့သလို အဲရစ် ဂါစီယာ၊ နာသန် အကီ၊ ဖယ်ရန် တောရက်စ်တို့နဲ့ တောမရောက် တောင်မရောက် ကစားပုံကလည်း ပပ်ကို စိတ်ဖိစီးစေခဲ့ပြီး မျက်နှာမလန်းစေခဲ့မယ့် အနိုင် ၃ မှတ်ကိုတော့ အိတ်ထဲထည့်သွားခဲ့တာပါ။

တိုက်စစ်မှူးမဲ့ စနစ်သစ်ကို ဖော်ဆောင်နေတာလား
ပပ်ရဲ့အသင်းက ဒီမေးခွန်းမေးရလောက်အောင်အထိ လက်ရှိရာသီရဲ့ ပွဲစဉ်အများစုမှာ အဂွယ်ရိုဒဏ်ရာရပြီးနောက်ပိုင်း ဗဟိုတိုက်စစ်မှူးအဖြစ် ဘယ်သူ့ကိုမှ တိတိပပ မသုံးစွဲတော့တာကို တွေ့ရတယ်။

ဒီဘရိုင်းနား၊ ဘာနတ်ဒို ဆေးလ်ဗားနဲ့ ဂွန်ဒိုးဝမ်တို့ကို FALSE 9 ဆန်ဆန် ကစားစေခဲ့တာက ခပ်များများ အလုပ်ဖြစ်ခဲ့သလို အဂွယ်ရိုအလွန် မန်စီးတီးရဲ့အနာဂတ်မှာ ဈေးကွက်ထဲက ဟာရီကိန်း၊ ဟာလန်းတို့ကို ငြင်းပယ်ပြီး တိုက်စစ်မှူးမဲ့စနစ်သစ်ကို ဖော်ဆောင်နေပြီလားလို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

သန္ဓေမှန်လွန်းတဲ့ ဖယ်ရန် တောရက်စ်
ဗလင်စီယာအသင်းကနေ ပေါင် ၂၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ စပိန်တိုက်စစ်မှူးဟာ ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး မျှော်လင့်ထားတဲ့အတိုင်း ပပ်ကို စိတ်ရွှင်လန်းစေခဲ့တယ်။ ၂၁ နှစ်သားဟာ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး အခွင့်အရေးရတိုင်းမှာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြပြီး သန္ဓေမှန်လွန်းခဲ့တာကို တွေ့ရတယ်။

ပိုင်ဆိုင်မှုဘုရင်
ဒီနေ့မှာ နိုင်ပွဲကို အရယူသွားတဲ့ မန်စီးတီးက ပြိုင်ပွဲစုံ နောက်ဆုံးအဝေးကွင်း ၂၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို တင်ချိတ်ခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအရလည်း ၈၂.၃ ရာခိုင်နှုန်းအထိ ရှိခဲ့တာက အံ့သြသင့်စရာလို့လည်း သတ်မှတ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်က ဘောလုံးပိုင်ဆိုင်မှု ၈၃ ရာနှုန်းအထိ ရှိခဲ့တဲ့ ဆွမ်ဆီးအသင်းပြီးရင် ဒုတိယနေရာကနေ ရပ်တည်သွားခဲ့တာပါ။

လျှော့တွက်ရင်တော့ ခံစားသွားရမယ်လို့ သတိပေးလိုက်တဲ့ ပပ်
ဒီပွဲအပြီးမှာ ပပ်က ၅ နှစ်ကြာ တည်ဆောက်လာခဲ့တဲ့ သူ့အသင်းရဲ့ကစားဟန်နဲ့ စုစည်းမှုအကြောင်း ကြွားလုံးထုတ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို မရရှိသေးခြင်းဟာ လူတွေရဲ့ အထင်သေးကဲ့ရဲ့စရာဖြစ်နေလို့ ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံမှုနဲ့အတူ စိတ်အားတက်ကြွနေတဲ့ မန်စီးတီးကို လာမယ့်ချန်ပီယံလိဂ်ဖိုင်နယ်မှာ လျှော့တွက်မိရင်တော့ ခံစားသွားရမယ်လို့ ရိသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တဒါဇင္မွတ္တမ္းေရးထိုးလိုက္ျပန္တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံ
ငွက္က်ားတို႔ကို ဂိုးေပါင္း ၇ ဂိုးနဲ႔ အေဝးကြင္းမွာ ၿဖိဳခ်ခဲ့တဲ့ လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ လလယ္ပိုင္းက အိုးထရက္ဖို႔ဒ္မွာ ယူႏိုက္တက္ကို အႏိုင္ယူခဲ့ရာကေန စတင္လို႔ ပရီးမီးယားလိဂ္ အေဝးကြင္း ၁၁ ပြဲဆက္ အႏိုင္ရထားခဲ့ရာကေန ဒီေန႔မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေဝးကြင္း ၁၂ ပြဲဆက္ အႏိုင္ရတဲ့ ပထမဆုံးအသင္းျဖစ္လာခဲ့ပါတယ္။

၅ ပြဲ ၅ ဂိုးသြင္းၿပီး ေရးယက္စ္ေျခရာနင္းခဲ့တဲ့ ဂ်ိဳး ဝီေလာ့ခ္
အာဆင္နယ္အသင္းကေန ဒီဇန္နဝါရီမွာ နယူးကာဆယ္ကို အငွားခ်ထားခဲ့တဲ့ တိုက္စစ္မႉး ဂ်ိဳးဝီေလာ့ခ္ကေတာ့ သူ႔အလုပ္သူလုပ္သြားခဲ့တာကို ေတြ႕ရၿပီး မန္စီးတီးလို အသင္းႀကီးနဲ႔ပြဲမွာ ၾကယ္တပြင့္လို ေတာက္ပခဲ့သလို သူ႔ေၾကာင္ရတဲ့ ပင္နယ္တီကို ကိုယ္တိုင္အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ငွက္က်ားတို႔အတြက္ အငယ္႐ြယ္ဆုံးနဲ႔ ၂၁ ႏွစ္သားဟာ ေနာက္ဆုံး ၅ ပြဲမွာ ၅ ဂိုးသြင္းယူသူျဖစ္လာခဲ့တာက ၂၀၀၄ ခုႏွစ္က အာဆင္နယ္တိုက္စစ္မႉးေဟာင္း ေရးယက္စ္ရဲ႕ေျခရာကိုလည္း နင္းသြားခဲ့တာပါ။

အရန္ေတြနဲ႔ မ်က္ႏွာမလန္းခဲ့တဲ့ ပပ္
ဥေရာပထိပ္သီးအသင္းႀကီးေတြထဲမွာ အေတာင့္တင္းဆုံးလူစာရင္းကို ပိုင္ဆိုင္ထားတဲ့ ပပ္က ဒီေန႔ပြဲမွာေတာ့ အရန္ေတြကို ဦးစားေပးပြဲထုတ္လာခဲ့တယ္။ ၁၁ ႏွစ္အတြင္း ပထမဆုံးအသင္းႀကီးပြဲထြက္ခြင့္ရခဲ့တဲ့ မန္စီးတီးဂိုးသမားစေကာ့ ကာဆန္ရဲ႕ျဖစ္ရပ္ကလည္း မွတ္မွတ္ရရျဖစ္ခဲ့သလို အဲရစ္ ဂါစီယာ၊ နာသန္ အကီ၊ ဖယ္ရန္ ေတာရက္စ္တို႔နဲ႔ ေတာမေရာက္ ေတာင္မေရာက္ ကစားပုံကလည္း ပပ္ကို စိတ္ဖိစီးေစခဲ့ၿပီး မ်က္ႏွာမလန္းေစခဲ့မယ့္ အႏိုင္ ၃ မွတ္ကိုေတာ့ အိတ္ထဲထည့္သြားခဲ့တာပါ။

တိုက္စစ္မႉးမဲ့ စနစ္သစ္ကို ေဖာ္ေဆာင္ေနတာလား
ပပ္ရဲ႕အသင္းက ဒီေမးခြန္းေမးရေလာက္ေအာင္အထိ လက္ရွိရာသီရဲ႕ ပြဲစဥ္အမ်ားစုမွာ အဂြယ္႐ိုဒဏ္ရာရၿပီးေနာက္ပိုင္း ဗဟိုတိုက္စစ္မႉးအျဖစ္ ဘယ္သူ႔ကိုမွ တိတိပပ မသုံးစြဲေတာ့တာကို ေတြ႕ရတယ္။

ဒီဘ႐ိုင္းနား၊ ဘာနတ္ဒို ေဆးလ္ဗားနဲ႔ ဂြန္ဒိုးဝမ္တို႔ကို FALSE 9 ဆန္ဆန္ ကစားေစခဲ့တာက ခပ္မ်ားမ်ား အလုပ္ျဖစ္ခဲ့သလို အဂြယ္႐ိုအလြန္ မန္စီးတီးရဲ႕အနာဂတ္မွာ ေဈးကြက္ထဲက ဟာရီကိန္း၊ ဟာလန္းတို႔ကို ျငင္းပယ္ၿပီး တိုက္စစ္မႉးမဲ့စနစ္သစ္ကို ေဖာ္ေဆာင္ေနၿပီလားလို႔ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

သေႏၶမွန္လြန္းတဲ့ ဖယ္ရန္ ေတာရက္စ္
ဗလင္စီယာအသင္းကေန ေပါင္ ၂၁ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ စပိန္တိုက္စစ္မႉးဟာ ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္း ပပ္ကို စိတ္႐ႊင္လန္းေစခဲ့တယ္။ ၂၁ ႏွစ္သားဟာ ကစားသမားဘဝ ပထမဆုံးအႀကိမ္အျဖစ္ ဟက္ထရစ္သြင္းယူခဲ့တာျဖစ္ၿပီး အခြင့္အေရးရတိုင္းမွာ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပၿပီး သေႏၶမွန္လြန္းခဲ့တာကို ေတြ႕ရတယ္။

ပိုင္ဆိုင္မႈဘုရင္
ဒီေန႔မွာ ႏိုင္ပြဲကို အရယူသြားတဲ့ မန္စီးတီးက ၿပိဳင္ပြဲစုံ ေနာက္ဆုံးအေဝးကြင္း ၂၃ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကို တင္ခ်ိတ္ခဲ့တာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈအရလည္း ၈၂.၃ ရာခိုင္ႏႈန္းအထိ ရွိခဲ့တာက အံ့ၾသသင့္စရာလို႔လည္း သတ္မွတ္ခံခဲ့ရၿပီး ၂၀၁၈ ခုႏွစ္က ေဘာလုံးပိုင္ဆိုင္မႈ ၈၃ ရာႏႈန္းအထိ ရွိခဲ့တဲ့ ဆြမ္ဆီးအသင္းၿပီးရင္ ဒုတိယေနရာကေန ရပ္တည္သြားခဲ့တာပါ။

ေလွ်ာ့တြက္ရင္ေတာ့ ခံစားသြားရမယ္လို႔ သတိေပးလိုက္တဲ့ ပပ္
ဒီပြဲအၿပီးမွာ ပပ္က ၅ ႏွစ္ၾကာ တည္ေဆာက္လာခဲ့တဲ့ သူ႔အသင္းရဲ႕ကစားဟန္နဲ႔ စုစည္းမႈအေၾကာင္း ႂကြားလုံးထုတ္သြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားကို မရရွိေသးျခင္းဟာ လူေတြရဲ႕ အထင္ေသးကဲ့ရဲ႕စရာျဖစ္ေနလို႔ ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံမႈနဲ႔အတူ စိတ္အားတက္ႂကြေနတဲ့ မန္စီးတီးကို လာမယ့္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ေလွ်ာ့တြက္မိရင္ေတာ့ ခံစားသြားရမယ္လို႔ ရိသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.